Chapter (124)- မော်တော်ကား ပြတင်းပေါက်မှန်

1.3K 212 3
                                    

Chapter (124)- မော်တော်ကား ပြတင်းပေါက်မှန်  

လီထယ် နဲ့ တခြားလူသုံးယောက်က ယန်ဖေးတို့ သုံးယောက် အိမ်ခေါင်မိုးပေါ်ကနေ ဆင်းလာတာကိုတွေ့တော့  သိလိုစိတ်ဖြင့် မေးခဲ့သည်။
"ဘာဖြစ်သွားသေးလဲ? ဘယ်လို ဖြေရှင်းလိုက်လဲ။ သူတို့ ထွက်သွားဖို့ ဆန္ဒရှိလား"

ကျန်းရီ က မျက်လုံးပြူးပြီး ယန်ဖေး ဘက်ကို လှည့်ပြီး ပြောလိုက်သည်။
 "မင်း အပေါ်ထပ်လဟာပြင်ကိ တက်တဲ့  တံခါးကို ခဏပိတ်ထားရလိမ့်မယ်"

ယန်ဖေး က ခေါင်းခါလိုက်ပြီး "ခေါင်မိုး လဟာပြင်မှာ   ပြဿနာရှိရင် လူတွေက လာပြင်ရလိမ့်မယ်။ သော့ခတ်ထားရင် သူတို့တက်ဖို့အတွက် အကြိမ်တိုင်း ငါတို့ တံခါးဖွင့်ပေးရလိမ့်မယ်။ ဒီတိုက်ခန်းမှာ နေထိုင်တဲ့ လူတွေအားလုံးက ခေါင်းမိုးထပ် လဟာပြင်ကို သွားဖို့ အခွင့်ရေးရှိတယ်လေ။"

"တစ်ယောက်ယောက်က အပေါ်ထပ်က အောက်ကိုဆင်းလာပြီး တခုခု  ခိုးသွားရင် ဘယ်လိုလုပ်မလဲ" ရွှီမိန် အနည်းငယ် စိတ်ပူသွားသည်။

အဖွဲ့သားတွေက  ကူကယ်ရာမဲ့ ကြည့်နေသည်၊ အိမ်ခေါင်မိုးပေါ်တွင် နေထိုင်လိုသည့်သူများ၏ ခံစားချက်ကို သူတို့ နားလည်နိုင်သည်။ ဒါပေမယ့် အခြားလူတွေကို သနားစာနာမှုနဲ့ ယှဉ်ရင် သူတို့ဟာ သူတို့ရဲ့ နေအိမ်တွေကို ကာကွယ်ဖို့၊ အရေးကြီးသည်။ သူတို့ အိမ်ကို အန္တရာယ် ဖြစ်လာနိုင်မယ့်အရာကို  ချန်မထားနိုင်ဘူး။

ယန်ဖေး က "ငါ့မှာ နည်းလမ်းရှိတယ်၊ အဲဒီလူတွေ ထွက်သွားတဲ့အခါ ငါတို့ အပေါ်က လဟာပြင်ကို စောင့်ကြည့်ဖို့ နည်းလမ်းရှိတယ်"

သူသည် စူးစမ်းလိုသော အကြည့်ကို ပြုံးရုံသာ တုန့်ပြန်ပြီး ရှင်းပြခြင်းမရှိပေ။

တစ်နာရီခန့်အကြာတွင် ယန်ဖေးသည် အိမ်ခေါင်မိုးပေါ်ကို တက်လာခဲ့သည်။  သေချာတာကတော့ အဲဒီလူတွေနဲ့ အိမ်နီးနားချင်းတွေ ပျောက်သွားလေပြီ။  သူသည် သတ္တုဘောလုံးငယ်ကို ထုတ်ကာ သူ၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ တခဏချင်းမှာပဲ ဘောလုံးဟာ ကြီးမားပြီး ပါးလွှာတဲ့ ပိုက်ကြီး ဖြစ်သွားပြီး အိမ်ခေါင်မိုးတခုလုံးကို ခြုံလွှမ်းကာ  ပျံ့နှံ့သွားခဲ့သည်။

သူသည် သတ္တုကွက်ကို  ပိုးချည်လို ယက်လုပ်ထားပြီး အလင်း နှင့် လေ ကောင်းစွာဝင်နိုင်သည်။  အိမ်ခေါင်မိုးပေါ်တွင် ငွေရောင် ပိုက်ကွန်များ ရှိနေသဖြင့် လူများ သွားလာ၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ ဒါပေမယ့် ပိုက်ကွန်ကို နံရံမှာ ချိတ်ထားပြီး တုန်ခါမှုကနေတစ်ဆင့် ခေါင်မိုးပေါ်က လှုပ်ရှားမှုမှန်သမျှကို ယန်ဖေး က တွေ့ရှိနိုင်တယ်။

ဒါက ယန်ဖေးရဲ့ ခေါင်မိုးပေါ်က အခြေအနေကို အလွယ်တကူ သိအောင်လုပ်သည့် နည်းဖြစ်သည်။  ။ ရံဖန်ရံခါ အိမ်ခေါင်မိုးပေါ်ကို တိုက်ခန်းမှ နေထိုင်သူ တစ်စုံတစ်ယောက်တက်လာတာက  ပြဿနာ မဟုတ်သော်လည်း ညနက်သန်းခေါင်တွင် တစ်စုံတစ်ခုက ထိုနေရာကို တက်ကာ  လာထိပါက  ထိုသူကို စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။

တံခါးကို ပိတ်ပြီး အိမ်ခေါင်မိုးပေါ် ဘယ်သူ့ကိုမှ ခွင့်မပြုတာက   လက်တွေ့မကျပေ။  အဆောက်အဦးထဲမှာ တခြားလူတွေ ရှိသေးတယ်။ အထပ်တစ်ခုစီတွင် တိုက်ခန်း လေးခန်းပါပြီး  အဆောက်အအုံတစ်ခုစီတွင် ဝင်ပေါက်ငါးပေါက်ရှိသည်။

ဒီကိစ္စကို စီစဉ်ပြီးတာနဲ့ အဖွဲ့သားတွေက သက်ပြင်းချလိုက်မိသည်။  တစ်ချို့က မနက်အစောကြီး ထိုလူတွေ ရောက်လာတာကို ကျေးဇူးတင်နေကြသည်။ ခါတိုင်းလိုသာဆိုလျှင် အိမ်တွင်  အိမ်တွင် အမျိုးသမီး နှစ်ယောက်သာ ကောက်ပဲသီးနှံများကို စိုက်ပျိုးဖို့ ကျန်ရစ်နေကြသည်၊ အပေါ်ထပ်က အရှုပ်အထွေးတွေကို သတိမထားမိပဲ အလုပ်ကပြန်လာတဲ့လူကို စောင့်နေရမယ်ဆိုရင်  ထိုလူတွေက အတည်တကျ ခင်းကျင်းနေထိုင်ပြီးပင်ဖြစ်သွားလိမ့်မယ်။

ဒီကိစ္စကို ဖြေရှင်းပြီးနောက် စုန့်လင်းလင်း က သက်ပြင်းချပြီး ပြောခဲ့သည်။

"မြို့ရဲ့တစ်ဖက်ခြမ်းမှာ ဥပဒေက ပိုကောင်းတယ်လို့ ကြားပေမယ့် ကျွန်မတို့ မရွှေ့နိုင်ဘူး..."

သူမက 'မြို့သစ်' ဟုခေါ်တွင်သော စခန်းများအနီးတွင် တည်ဆောက်ထားသော ဧရိယာအသစ်ကို ရည်ညွှန်းပြီး မူလက ထိုနေရာက  ပန်းခင်းတစ်ခုဖြစ်သည်။ အဆောက်အဦအများစုမှာ ခုနစ်ထပ်မြင့်သည်။ အဆောက်အဦးများသည် အလွန်ကျယ်ဝန်းခြင်းမရှိသော်လည်း အခြေစိုက်စခန်းမှ  စွမ်းအားရှင်များက ထိုနေရာရဲ့ လုံခြုံရေးအတွက် တာဝန်ယူထားသောကြောင့်  အခြားနေရာများထက် အခြေနေ ပိုကောင်းမွန်သည်။

ထိုနေရာတွင် နေထိုင်သော အချို့သော  အာဏာရှိ အရေးပါသည့် အုပ်ချုပ်ရေးပိုင်း စစ်ဘက်ဆိုင်ရာမှ လူပုဂ္ဂိုလ်တွေက လုံခြုံရေးအတွက် စွမ်းအားရှင်အဖွဲ့ကို   အထူးငှားရမ်းထားသည်။ ထိုနေရာတွင် နေထိုင်ဖို့ အိမ်ငှားခလည်း ပေးရတယ် (ဒါပေမယ့် အပြင်က လူတွေ နေသည့် အိမ်ထက် ပိုသက်သာသည်)။

ယေဘူယျအားဖြင့်၊ ထိုမြို့သစ်ဧရိယာသည် စွမ်းအားရှင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးမင်းများ နေထိုင်ရန်   ဖွင့်ထားသော်လည်း လစဉ်  အမြူတေ နှင့် အမှတ်များစွာပေးဆောင်ရမည့်အပြင် တစ်စုံတစ်ဦးမှ သူတို့အတွက် ထောက်ခံချက်မပေးပါက သာမန်လူတစ်ဦးက ထိုအထဲ  ဝင်၍မရပေ။

မြို့သစ်သည် စွမ်းအားရှင်များအတွက် နတ်ပြည်တစ်ခုဟု ယူဆနိုင်သည်၊ ဒါက စွမ်းအားရှင်များနှင့် သာမန်လူများအကြား အထင်ရှားဆုံးကွာခြားချက်ပင်ဖြစ်သည်။

သို့သော်လည်း လိုအပ်ချက်များစွာကြောင့် စွမ်းအားရှင်တိုင်းက ထိုနေရာတွင် နေထိုင်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် အသင်းတစ်သင်း၏ အမြဲတမ်းအဖွဲ့ဝင် မဟုတ်သူများက ထိုနေရာကို ခြေချလို့ပင် မရနိုင်ပေ။
 
ယခုအချိန်တွင် စွမ်းအားရှင်အချို့မှလွဲ၍ စွမ်းအားရှင်တိုင်းက အားကောင်းသည့်အဖွဲ့နှင့် လက်တွဲလျက်ရှိ နေကြပြီး ထိုနေရာတွင် နေထိုင်လျက်ရှိသည်။ သူတို့ချစ်ရသူအတွက် ငွေမပေးနိုင်သူများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ   ပြင်ပတွင်နေထိုင်လိုသူများမှ လွဲ၍ ပါဝါစွမ်းအားရှင် အများစုသည် မြို့သစ်ကို ပြောင်းရွှေ့နေထိုင်ကြသည်။

တကယ်တော့၊ ရပ်ကွက်တည်ထောင်စဉ်အစောပိုင်းတွင်၊ အခြေစိုက်စခန်းသည် လူသိများသော စွမ်းအားရှင်များအားလုံးကို ထိုနေရာကို နေလိုက နေနိုင်ကြောင်း စာတိုပေးပို့ခဲ့သည်။ ယန်ဖေး သည်လည်း မက်ဆေ့ချ်ကို လက်ခံ ရရှိခဲ့သော်လည်း သူတို့ အိုတာ့ခု အသင်းတစ်ဝက်တွင် ပုံမှန်လူများ ပါဝင်ပြီး သူတို့က အပေါင်းသင်းကို ချန်ထားပြီး ပြောင်းရွှေ့ရန် မစဉ်းစားခဲ့ကြပေ။

လော်ရွှင့် က စုန့်လင်းလင်း ရဲ့ စကားကိုကြားတော့  ရယ်မောလိုက်သည်။

 "ကျွန်တော်တို့ဆီမှာလည်း ကောင်းတာတွေ အများကြီး ရှိပါတယ်၊ မင်းရုတ်တရက် ပြောင်းသွားရင် မင်းကို တခြားအဖွဲ့တွေက ပစ်မှတ်ထားနိုင်တယ်"

စုန့်လင်းလင်း က သူမလက်ကို အလျင်အမြန် ဝှေ့ယမ်းပြီးပြောခဲ့သည်။

 "ကျွန်မ ပြောနေတာက အဲ့ဒီမှာလုံခြုံရေးကောင်းတာကို ဆိုလိုတာပါ။ ဒါကလွဲရင် အဲ့ဒီနေရာက    အိမ်တွေက လှောင်အိမ်လိုပါပဲ၊ တစ်ခန်းက စတုရန်းမီတာ 30 ပဲရှိတယ်။ကျွန်မတို့ တိုက်ခန်းလို နေရာ အကျယ်ကြီး မရှိဘူး!"

ထိုနေရာမှ တိုက်ခန်းများကကျဉ်းလွန်းသဖြင့် အသင်းအချို့က ထိုမြို့သစ်တိုက်ခန်းတွင် နေထိုင်ဖို့ ငြင်းဆန်နေခြင်းဖြစ်သည်။ ဟုတ်တာပေါ့... ရွှေ့ရလွယ်တာတောင် လော်ရွှင့် က ထိုနေရာကို မသွားချင်ဘူး။ အခု သူတို့ရဲ့ လက်ရှိအခြေအနေ ဘယ်လောက်ကောင်းလဲ။ ဘယ်လောက်အဆင်ပြေလဲ? နေအိမ်ကို ပြန်လည်မွမ်းမံပြင်ဆင်ထားနိုင်သလို လယ်ယာစိုက်ပျိုးခြင်းကိုလည်း လွတ်လပ်စွာ လုပ်နေနိုင်တယ်လေ။ ဒါတွေကို စွန့်လွှတ်ဖို့က တကယ် ခက်ခဲလှသည်။

ဒီနေ့က သူတို့၏အဖွဲ့ဝင်အများစုအတွက် နောက်ဆုံးအားလပ်ရက်ဖြစ်သည်။ ထို့ကြောင့် အခြားမည်သည့်အရာမှ လုပ်စရာ မရှိကြောင်း သေချာသွားတော့ လူတိုင်းသည် အိမ်သို့ပြန်သွားကာ အေးချမ်းစွာ အနားယူလိုက်ကြသည်။

ညနေပိုင်းတွင် လော်ရွှင့် သည် သေချာ ပြင်ဆင်ထားသော ဌက်အူများနှင့် ဆားရည်စိမ်ထားသည့် အသားများကို အဖွဲ့သားများအား ဖြန့်ဝေပေးခဲ့သည်။

အသားများကို ဆားရည်ထဲတွင် ဆက်လက်စိမ်ထားနိုင်သလို သိမ်းဆည်းရန်အတွက် ထုတ်ယူ သွားနိုင်သည်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဆားစိမ်အသားကို အလွန်အကျွံမစားဘူးဆိုရင်တော့ အဆင်ပြေသည်။ အသားဆားငန်ကို အသုံးမပြုမီ တစ်ရက်အလိုမှာ အေးခဲပြီး ချက်စားတာက အကောင်းဆုံးပါပဲ။

လော်ရွှင့် က သူနဲ့ ယန်ဖေး ၏ဝေစုကို အိမ်သို့သယ်သွားပြီး ဆားရည်ထဲ ဆက်နှပ်ထားသည်။   မစားမီ အရသာ အနည်းငယ်ထပ်ထည့်နိုင်သည်။   ဒီရက်ပိုင်း သူ့အိမ်မှာ သူတို့စားဖို့ အသားတွေ လုံလုံလောက်လောက်ရှိတော့ သူတို့ရဲ့ အသားစားချင်တဲ့ ဆန္ဒတွေကို ထိန်းနိုင်လာခဲ့သည်။

နှစ်ယောက်သား ရေမချိုးခင် မိုးလင်းတဲ့အထိ ကောင်းကောင်းအိပ်ပြီး အလုပ်ကို သတင်းပို့သည်။ ထို့နောက်  ပစ္စည်းတွေဝယ်ပြီး ပြန်ယူလာသည်။

သူတို့နှစ်ဦး၏ အိတ်ထဲတွင်  အမြူတေအများအပြားပါရှိသည်။   သူတို့၏အဖွဲ့ဝင်တွေ မသုံးသည့် အမြူတေကို အခြားလိုအပ်သည့် အမြူတေနဲ့ လဲလှယ်ရန်အပြင်ကားမှန် ဝယ်ဖို့လည်း အရေးကြီးနေသည်။

သူတို့နှစ်ဦးသည် ပြတင်းပေါက်နေရာကို သတ္တု ပြတင်းပေါက်အဖြစ် ပြောင်းလဲကာ စခန်းထဲသို့ ဝင်သွားကြသည်။ ကားပြတင်းပေါက်က  သတ္တုအကန့်များ မပါရှိပဲ  လုံး၀ အလုံပိတ်ထားသည်။  အဟလေးပင် မရှိလို့ ဘယ်သူမှ ကားကို ဖွင့်လို့မဖြစ်နိုင်ပေ။

 စုရပ်ကိုရောက်တော့ သူတို့ကားကို ထားကာ အလုပ်မှ ထရပ်ကားဖြင့် အလုပ်ခွင်ကို ထွက်လာကြသည်။  အားလပ်ရက်မတိုင်မှီတွင် သူတို့အားလုံး လုပ်ငန်းအဆင့်တစ်ခုပြီးမြောက်ခဲ့သည်- အပြင်နံရံရှိ သတ္တုဆူးများကို ပြုပြင်ခဲ့သည်။ တံတားများတည်ဆောက်ရန် ပြန်လည်ရောက်ရှိလာသည့် အဖွဲ့နှင့်အတူ လုပ်စရာကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

သတ္တုစွမ်းအားရှင်  လေးဦးသည် လေထုထဲမှ သတ္တုများကို ပေါင်းထည့်ခြင်း၊ ပေါင်းစပ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့အတွက် တာဝန်ရှိသည်။ အဆင့်သုံးသို့ အဆင့်မြှင့်ပြီးနောက်၊ လူတိုင်း၏ လုပ်နိုင်စွမ်းက ယန်ဖေး နှင့် မယှဉ်နိုင်ပေမယ့် အတော်လေးကို မြန်ဆန်လာကြသည်။

သို့သော် ယန်ဖေး တစ်ယောက်ရှိပါက ကျန်လူများအတွက် အခြေစိုက်စခန်းအုတ်မြစ်တွင် သတ္တုထည့်ရန် ပြဿနာလုံးဝ မရှိတော့ပေ။

တစ်နေကုန် အလုပ်ရှုပ်ပြီးနောက် နှစ်ယောက်သား လဲလှယ်သည့်ကောင်တာကို  တန်းတန်းမတ်မတ် မောင်းသွားကြသည်။ လော်ရွှင့် က ဈေးနှုန်းစာရင်းကို ကြည့်ကာ အလန့်တကြားပြောလိုက်သည်။

"ဒီလောက်ဈေးကြီးလား?!"

ထိုကောင်တာမှ ဝန်ထမ်းများသည် တည်ငြိမ်သောမျက်နှာဖြင့် လှုပ်ရှားမှုမရှိသည့်လေသံဖြင့် ဖြေခဲ့သည်။
 "ဒါက ပေါက်ဈေးပဲ"

လော်ရွှင့် ၏အမူအရာက ရှုံ့မဲသွားပြီး စာရင်းကို ယန်ဖေး အား ပြလိုက်သည်။ အသေးဆုံး ဖန်ချပ်ကိုပင် ပထမအဆင့် အမြူတေ ၁၀ လုံးနဲ့ ရောင်းမယ် - ဒါက ဓားပြတိုက်နေတာ မဟုတ်ဘူးလား။

  ပိုကြီးသည့် မှန်ချပ်ကို အနည်းဆုံး  အမြူတေ 20 ရှိသည်။ ကားရှေ့မှန်ကို လိုချင်လျှင် တစ်ချပ်ကို အမြူတေ ၅၀ ပေးဖို့လိုသည်။ ပိုကြီးတဲ့ကားတွေက ပိုဈေးကြီးတယ်၊ အနိမ့်ဆုံး အမြူတေ 80 နဲ့ တစ်စီး စာလုံးအတွက် မှန်တပ်မည်ဆိုပါက အမြူတေ  နှစ်ရာလောက် ကုန်ကျနိုင်သည်။

ဒီဈေးနှုန်းနဲ့ဆိုရင် သာမန် အသင်းတွေက  ပြတင်းပေါက်မှန်တစ်ချပ်ပင် မဝယ်နိုင်လောက်ပေ။
   
"မဝယ်ဘူးလား? မဝယ်ရင် ဖယ်ပေးပါ။ အနောက်မှာ စောင့်နေတဲ့ လူတစ်စုရှိတယ်။"

ဝန်ထမ်းတွေက စိတ်မရှည်တဲ့ မျက်နှာနဲ့ ပြောခဲ့သည်။

"...ကား အရှေ့မှန် နှစ်ချပ်၊ ပြီးရင် ဘေးပြတင်းပေါက်မှန် ခြောက်ခု ဝယ်မယ်။"

 လော်ရွှင့် သည် အသက်ပြင်းပြင်းရှူပြီး အံကြိတ်ကာ ပြောလိုက်သည်။ သူ့ပုံစံက ဈေးကြီးလွန်းလို့ အတော့်ကို ရင်နာနေပုံပေါ်သည်။

ဝန်ထမ်းတွေ အံ့သြသွားတယ် – အင်အား အကြီးဆုံးအဖွဲ့တွေတောင် မှန်တစ်ချပ်ကို ဝယ်ဖို့ ချီတုံချတုံဖြစ်နေသေးသည်။

ယန်ဖေး က လော်ရွှင့် ကို ဆွဲခေါ်ကာ ပြောခဲ့သည်။  

"မဝယ်ခင် ငါ ဖုန်းပြောကြည့်လိုက်ဦးမယ်။"

လော်ရွှင့် က အံ့အားသင့်သွားပြီး မေးခဲ့သည်။
"ဖုန်းခေါ်မလို့လား? ခင်ဗျား ဘယ်သူ့ကိုခေါ်မလို့လဲ"

သူက ယန်ဖေး ရဲ့အဖေကို ဖုန်းခေါ်ဖို့ တွေးနေတာတော့မဟုတ်လောက်ဘူး မလား။

ယန်ဖေး သည် လော်ရွှင့် ၏ ဖုန်းကို ယူကာ  နာမည်တစ်ခုကို ညွှန်ပြလိုက်သည်။

 "သူ့ကို ဖုန်းဆက်လိုက်မယ်... ဒီကိစ္စတွေအတွက် သူ့မှာ လုပ်ပိုင်ခွင့်ရှိလား မသိဘူး "

လော်ရွှင့် သည် နာမည်ကိုမြင်ပြီးနောက် မျက်နှာညှိုးငယ်သွားသည်... ကပ္ပတိန် ကောင်း က ဆိုလာပြားတွေဝယ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့သူ မဟုတ်ဘူးလား။

ဖုန်းပြောပြီးတာနဲ့ ကပ္ပတိန်  ဝမ် မလာပေမယ့် 20% လျှော့ဈေးနဲ့  ကားမှန်တွေကို ရခဲ့သည်။   အမြူတေ လဲလှယ်မှုတွင် အထူးကျွမ်းကျင်သော တစ်စုံတစ်ဦးကို ရှာဖွေတွေ့ရှိရန်လည်း ကူညီပေးခဲ့သည်..။  

ပြောရမယ်ဆိုရင် ထိုလူရဲ့  စကားတချို့က လော်ရွှင့် နဲ့ အဖွဲ့ကို တကယ်ပဲ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ကားမှန်လျှော့ဈေးရရုံသာမက အမြူတေ လဲလှယ်ဖို့ အဆက်သွယ်ရခဲ့သည်။   ရေ၊ မီး နှင့် မြေ စွမ်းအား အမြူတေက အခြေစိုက်စခန်းတွင် လူသုံးအများဆုံး အမြူတေဖြစ်သော်လည်း   ယန်ဖေးလိုအပ်သည့် သတ္တုစွမ်းအားအမြူတေကဲ့သို့ အရာက နှစ်ဆ၊ သုံးဆ ပေးကာ လဲရသည်။   ရှောင်ရန် လိုအပ်သော သဲစွမ်းအား အမြူတေကိုလည်း လိုက်ရှာကြည့်ရသေးသည်။

  ရှာရလွယ်သောကြောင့် မီး၊ ရေ သို့မဟုတ် လေစွမ်းအားအမြူတေကို အဆင့်သုံး ကို အဓိက ရှာဖွေလဲလှယ်ခဲ့သည်။ ယန်ဖေးအတွက်လိုအပ်သည့် အမြူတေကို  ကပ္ပတိန် ကောင်း ၏ အသင်းတွင် ဝင်လုပ်နေသည့်အတွက် လုံလောက်အောင် ရထားလေပြီ။ ဒါပေမယ့်  ရှောင်ရန် အတွက် သဲစွမ်းအား အမြူတေ အမြောက်အများ မတွေ့ရသေးပေ။

ပစ္စည်းရပြီးနောက် နှုတ်ဆက်ပြီးနောက် ကားမှန်ကို လဲလှယ်ရန် ပြင်ဆင်ခဲ့ကြသည်။ ဖန်ချပ်ကို လိုအပ်သည့် ပုံစံရအောင် ဖြတ်တောက်ရတာ အခက်ခဲဆုံး  ဒုက္ခပါပဲ။ ကမ္ဘာပျက်ကပ် တွင် စက်ရုံများ ရှိသော်လည်း မှန်ဖြတ်ရန် လိုအပ်သည့် ပစ္စည်းများ မရှိပေ။

ဟုတ်ပါတယ်၊ စက်ကိရိယာတွေနဲ့ အလုပ်သမားတွေရှိပေမယ့် အဲဒီအတွက် မြှုပ်နှံထားဖို့ အခြေစိုက်စခန်းစွမ်းအင်နဲ့ အရင်းအမြစ်တွေ လုံလောက်မှု မရှိသေးပေ။

မြို့ထဲက နေရာတိုင်းတွင် လိုအပ်သောပစ္စည်းများကို ရှာဖွေနိုင်သည်၊ လိုအပ်လာပါက အဖွဲ့များသည် အပြင်ထွက်၍ စုဆောင်းနိုင်သည်။ လောလောဆယ်တော့ မှန်ချပ်ထုတ်လုပ်မှု မလိုအပ်တော့တဲ့အတွက် ဒီအလုပ်တွေကို ဘေးဖယ်ထားလိုက်ရသည်။   

မှန်ချပ်ကို သူတို့နှစ်ဦးပြန်ယူလာသောအခါ လော်ရွှင့် သည် ရှုံ့မဲ့နေဆဲဖြစ်သည်။

  "၂၀% ရာခိုင်နှုန်း လျှော့ဈေးရတာတောင် အမြူတေ  ၄၀ ကျော်ကုန်ကျနေသေးတယ်၊ အရင်က အပြင်ထွက်တိုင်း ဒီလို ကားမှန်တွေက  လမ်းပေါ်မှာ ပြန့်ကျဲနေတယ်လေ၊ အဲဒီတုန်းက ကားမှန်က ဒီလောက် တန်ဖိုးကြီးလာမယ်မှန်းသိရင် ကျွန်တော်တို့ ကောက်ခဲ့ပါတယ်   "

သူ့အရင်ဘဝတုန်းက ကားမှန်မပါသော ကားဖြင့် သွားလာမစ်ရှင်လုပ်နေသည့် အဖွဲ့အချို့ကို သူ မြင်ခဲ့ဖူးသည်။ ထိုလူတွေက မှန်ချပ် အစားထိုးမထည့်တာက မထူးဆန်းတော့ပေ။ မှန်ချပ်ကာ ဒီလောက်တောင် ဈေးကြီးနေခဲ့တာကိုး.... အရင်ဘဝက သူ့မှာ ကားတစ်စီးတောင် မပိုင်ခဲ့ဖူးတော့ ကားမှန်က ဒီလောက်ဈေးကြီးတာကို သူမသိခဲ့ပေ။

ယန်ဖေး က ရယ်မောလိုက်ပြီး သတ္တုပုံစံကို ပြောင်းပြီး ဖန်ချပ်ကို ဘောင်ကွပ်လိုက်သည်။ ဝယ်လာသည့် မှန်ချပ်က သူတို့ကားနှင့် ကွက်တိမကျပေ။ ဒါကို ရအောင် ဖြတ်တောက်ကာ ဘောင်ကွပ်ပြီး အဆင်ပြေအောင် လုပ်လိုက်သည်။

 ရောင်ပြန်ကိရိယာအတွက်... အရွယ်တူ ဖန်ခွက်အပိုင်းအစများကို ရှာဖွေတွေ့ရှိသရွေ့ ယန်ဖေး သည် သူ့လက်များကို ဝှေ့ယမ်းကာ တစ်ဒါဇင်လောက် ဖန်တီးနိုင်သည် ။ နောက်တစ်ခါ အပြင်ထွက်ရင်  လိုအပ်တာကို ရှာရမယ်။

ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေသော်လည်း လော်ရွှင့် သည် ဤအရာများကို  စုဆောင်းကာ ဈေးကြီးကြီးဖြင့် တင်ရောင်းနိုင်ရန် နောက်ထပ်တခါ ပြန်လည်မွေးဖွားရန် ဆန္ဒမရှိတော့ပေ။ သူ၏ ပြန်လည် မွေးဖွားလာခြင်းသည် ရိုးရိုးသားသားပြောရလျှင် မတော်တဆမှုတစ်ခုဖြစ်ပြီး   ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားခြင်းသည် တကယ်ပင် ပင်ပန်းရလိမ့်မည်။

ဘာကြောင့်လဲဆိုတော့   သူကလွဲပြီး သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းများနှင့် ဆွေမျိုးများပင်လျှင် တူညီသော အမှတ်တရများနှင့် အတွေ့အကြုံများ ရှိမည်မဟုတ်ပေ။ တစ်ဖန်ပြန်လည်မွေးဖွားခဲ့ရင်တောင်မှ ကိုယ်နဲ့  ရင်းနှီးသောချစ်သူသည် သူစိမ်းတစ်ယောက်ဖြစ်လာနိုင်သည်- ဘာကြောင့်လဲဆိုတော့  သူတို့နှစ်ဦးက မတူညီသောအခြေအနေတွေနဲ့ ပြန်လည် ဆုံနိုင်သောကြောင့်ဖြစ်သည်။

ဤဘဝတွင် သူ့အတွက် အကောင်းဆုံး လက်ဆောင်ကို ပြောင်းလဲနိုင်ခဲ့ပြီး တကယ့်ဆုလာဘ်ဖြစ်သည့် ယန်ဖေး နှင့်လည်း တွေ့ဆုံခဲ့သည်။

ညနေတိုင်း အိမ်ပြန်ရောက်သောအခါ လီထယ် သည် နောက်ဆုံး သူသိခဲ့ရသည့် အတင်းအဖျင်းကို သယ်ဆောင်လာသည်။ သူတို့ရဲ့ တိုက်ခန်း အိမ်ခေါင်မိုးပေါ် ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးပမ်းတဲ့ အုပ်စုက အဲဒီနေရာက ထွက်သွားပြီး လမ်းရဲ့ အဆုံးနားကို ရောက်သွားခဲ့သည်။ ထိုတိုက်ခန်း 16 လွှာတွင် နေထိုင်သူများသည်လည်း တံခါးကို ခေတ္တပိတ်ထားသောကြောင့် အပြင်လူများ မဝင်နိုင်ခဲ့ပေ။

"ရွှီမိန် က ပြောတယ်။ တခြား အဆောက်အဦးတွေ အကုန်လုံးက ငါတို့ကို လိုက်ရှာနေတယ်တဲ့"

လီထယ် သည် ပျော်ရွှင်သောအမူအရာဖြင့် ဌက်သားတစ်တုံးကို စားရင်းပြောခဲ့သည်။

"သူတို့ ဘာလိုချင်တာလဲ"

လော်ရွှင့် နှင့် ယန်ဖေး တို့သည် အပြင်ထွက်စဉ် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် မက်ဆေ့ချ် မရရှိခဲ့သဖြင့် ထိုအချက်က  ကြီးကြီးမားမားကိစ္စမဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။ ကျန်းရီ နှင့် ရွှီမိန် တို့က ဒါကို သူတို့ဖာသာ ဖြေရှင်းခဲ့ဟန်တူသည်။

ကျန်းရီ က သူ့ကုလားထိုင်ကို မှီပြီး သမ် ပျင်းရိစွာပြောခဲ့သည်။

 "တိုက်ခန်း ခေါင်မိုးထပ် လဟာပြင်က ဒီလောက်ကျယ်တဲ့ ဧရိယာကြီးရှိတယ်ဆိုတာ မနေ့က အောက်ထပ်အလွှာမှာနေထိုင်တဲ့သူတွေ သိလိုက်ကြပြီး အိမ်ခေါင်မိုးပေါ်မှာ ဟင်းသီးဟင်းရွက်နဲ့ စားစရာတွေ စိုက်ချင်နေကြတယ်။ တကယ်လို့ အဲ့လို စိုက်ပျိုးလို့ ငါတို့ အိမ်တွေထဲကိုရေစိမ့်ကျရင် ဘယ်လိုလုပ်မလဲလို့  ငါ သူတို့ကိုမေးလိုက်တယ်-"

ရွှီမိန် က ခေါင်းညိတ်ပြီး ဆက်ပြောခဲ့သည်။
 "ဒီကိစ္စကို ဆွေးနွေးထားပေမယ့် အိမ်ခေါင်မိုးပေါ်က အပင်စိုက်တာက ရေစိမ့်မယ့် ဒုက္ခရှိတယ်ဆိုတာ  လူတွေသိတယ်။ အခု စစ်တပ်က ဆိုလာပြားတွေကို အရောင်းမြှင့်တင်နေတာ မဟုတ်ဘူးလား။ သူများတွေလည်း ကျွန်မတို့လို ဆိုလာကနေ လျှပ်စစ်ရယူပြီး စိုက်ချင်နေတယ်။ ဒါပေမယ့် တစ်ယောက်က စပြီးစိုက်ရင် ကျန်တဲ့သူတွေလည်း လုပ်ချင်လာပြီး ရန်ဖြစ်ကုန်လိမ့်မယ်"

ယခုအခါတွင်၊ လော်ရွှင့် ကဲ့သို့ပင် လူအများအပြားသည် လျှပ်စစ်မီးရရှိရန် နံရံတွင် ဆိုလာပြားများ ချိတ်ဆွဲထားကြသည်။ သို့သော် တိုက်နံရံတစ်ခုစီသည် မတူညီသောအချိန်နှင့် ရာသီများအတွင်း အလင်းပမာဏအမျိုးမျိုးကို လက်ခံရရှိမည်ဖြစ်သည်။ အောက်ထပ်ကိုရောက်လေ အခြား အဆောက်အုံများက နေရောင်ကို ကာထားမည်ဖြစ်သဖြင့် တိုက်ခေါင်မိုးလဟာပြင်က ဆိုလာတပ်ဖို့ အကောင်းဆုံးဖြစ်နေသည်။

လော်ရွှင့် က ထိုသတင်းကိုကြားတော့ တွေးတွေးဆဆဖြင့်ပြောလိုက်သည်။

 "ဒီလိုကိစ္စမျိုးက ထိန်းသိမ်းဖို့ အရမ်းခက်ခဲပြီး သူခိုးတွေ အလွယ်တကူ ပစ်မှတ်ဖြစ်သွားနိုင်တယ်။ ငါတို့ အိမ်မှာ ကောက်ပဲသီးနှံတွေကို ကောင်းကောင်းစိုက်နိုင်တယ်ဆိုတာ ဆိုလာပြားတွေကို ဂရုစိုက် ကာကွယ်ထားနိုင်လို့လေ။"

အိမ်တွေမှာ စားစရာနေရာတွေ၊ ဟင်းသီးဟင်းရွက်နေရာတွေ  အပြင်ဘက်နံရံများကို ဆိုလာပြားများဖြင့် ဖုံးအုပ်ထားသောကြောင့် လုံလောက်သော စွမ်းအင်ကို ရရှိခဲ့သည်။ တကယ်လို့ သူတို့သာ ဆိုလာပြားကို အကာရံများဖြင့် သေချာလုံခြုံအောင် မလုပ်ထားနိုင်ရင် အခုလို စိုက်ပျိုးနိုင်မည် မဟုတ်ပေ။

ထို့နောက် လော်ရွှင့် သည် လူတိုင်းကို မယုံနိုင်လောက်အောင် ရင်နာရလောက်သည့် ဖန်ချပ်ဈေးကို ပြောပြလိုက်တော့ အားလုံး အံ့သြသွားကြသည်။

 " ယန်ဖေး ပေါ်မလာခင်မှာ ငါတို့က ပြတင်းပေါက်မှန်ကို သတ္တုအလွှာနဲ့ ဖုံးအုပ်ထားခဲ့ရတယ်၊ ငါတို့ အောက်ကို ဆင်းသွားပြီး အလုပ်သွားချိန်တိုင် ငါတို့ရဲ့ မှန်ပြတင်းတွေ ထပ်ကွဲသွားမှာ စိုးရိမ်နေရတယ်။ မစ်ရှင်တစ်ခုသွားတဲ့အခါ သတ္တုအချို့နဲ့ ခိုင်ခံ့အောင်ကြိုးစားပြီး ကွဲလွယ်တဲ့မှန်ချပ်ကို ကာကွယ်ခဲ့ရတယ်။"  

"အိုး...အခု ငါတို့  ယန်ဖေး ကို တကယ်ကျေးဇူးတင်သွားမိပြီ"
 မှန်ချပ် ဈေးနှုန်းကြောင့် လူတိုင်း လန့်ဖျပ်သွားကြပေမယ့်  ယန်ဖေးက တိတ်တဆိတ် ရယ်မောကာ ကားဘော်ဒီ ပြုပြင်မှုက  မှန်ထက် များစွာ ကုန်ကျကြောင်း ရှင်းမပြတော့ပေ။

သူတို့အဖွဲ့ထဲတွင် သတ္တုစွမ်းအားရှင်  ယန်ဖေး ရှိခြင်းကြောင့်မဟုတ်ပါက၊ မော်တော်ကား ပြုပြင်သည့် အဖြစ်က အားလုံးကို သွေးပွက်ပွက်အန်ရအောင် ကုန်ကျစရိတ် များလောက်သည်။

အောက်တိုဘာလကိုရောက်တော့  ဆောင်းဦးရာသီတွင် ဖူးပွင့်သည့် အပင် တချို့ ရှိလာသည်။  အပင်တွေက စိမ်းနေသေးသော်လည်း  အချိန်ကြာလာသည်နှင့်အမျှ အရွက်ကြွေကျမည့် ပုံစံ ပေါ်လာသည်။

ထိုနောက် စစ်တပ်မှ သတင်းကောင်း ပျံ့နှံ့သွားကာ စပါးရိတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

အခြေစိုက်စခန်းတွင် ဓာတ်ဆီရှားပါးလာသောကြောင့် လယ်မြေများကို စက်ဖြင့် ကောက်ရိတ်ရန်အတွက် အဆင်မပြေဖြစ်လာသည်။ ဝန်ထမ်းတွေ ပေါများနေတာကြောင့် စစ်တပ်က စစ်တန်းလျားတစ်ခုလုံးကို စပါးရိတ်ခိုင်းရန်  ဆုံးဖြတ်ခဲ့ပါတယ်။

အခြေစိုက်စခန်း၏ စိုက်ခင်းမှ ထွက်ရှိသည့်  ရိက္ခာက အခြေစိုက်စခန်းရှိလူတိုင်းအတွက် ဆန် သို့မဟုတ် ဂျုံ အလုံအလောက်ထောက်ပံ့ပေးနိုင်ပုံရသောကြောင့် ရိတ်သိမ်းရန် ဘာမှ သိပ်ပြောစရာမလိုလိုက်ပေ။

သို့သော် ထိုကိစ္စသည် သတ္တု အဖွဲ့နှင့် မသက်ဆိုင်ပါ - သူတို့က အဓိကပရောဂျက်ကို အပြီးသတ်ရန် အချိန်ပိုလုပ်ခဲ့သည်။ အခုလည်း စခန်းရဲ့ အရှေ့တံခါးကို ပြုပြင်မရသေးသည့်တိုင်  နောက်ထပ် အလုပ်သုံးခုက အသင့် စောင့်နေတယ်။ အချိန်ပိုမဆင်းလျှင် အလုပ်ပြီးနိုင်ချေ မရှိပေ။

စပါး အကုန်မရိတ်ရသေးသော်လည်း ပထမဆုံး ရိတ်သိမ်းပြီးသည့် အသီးအနှံကို မြည်းစမ်းကြည့်သော ပထမဆုံးသူများထဲတွင် သူတို့အဖွဲ့ ပါဝင်သည်။ စစ်တပ်က သိုလှောင်ထားသည့် စပါးအများစုကို စားသုံးပြီးပြီ။ စမ်းသပ်စစ်ဆေးပြီးနောက် အထက်လူကြီးများသည် ဆန်ဟောင်းများကို ဆန်အသစ်ဖြင့် အစားထိုးချက်ပြုတ်ကျွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

***-***

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now