Chapter (40) _ကိုလူချောရဲ့ ရေချိုးပြီးစ အလှ
ယန်ဖေး သည် လိုအပ်သည်ကို စုဆောင်းရန် စခန်းအပြင်ဘက်ကို ထွက်တဲ့အခါ နေရာများစွာသို့ ရောက်ခဲ့ပြီး အရာများစွာကို ယူဆောင်လာခဲ့သော်လည်း နေ့တစ်နေ့သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သလိုခံစားရပေမယ့် စခန်းထဲကို ပြန်ရောက်ချိန်မှာ အချိန်ကုန်တာ နှေးကွေးသည်ဟု ခံစားရသည်။
အခြေစိုက်စခန်းကို အရင်ရောက်လာပြီး အလုပ်တာဝန်အတည်တကျပေးခံရသူများနှင့် နောက်ထပ်ရောက်လာသူများကို တွဲပြီးတာဝန်ချမပေးပေ။ အခု အခြေစိုက်စခန်းမှာ လူသစ်တွေ ထပ်ရောက်လာလို့ စခန်းကို ထပ်မံ တိုးချဲ့ပြီးတံတိုင်းအသစ်တွေကို ထပ်ဆောက်ရသည်။ လူသစ်တွေက တံတိုင်းတည်ဆောက်ရေးတွေမှာ ထပ်မံလုပ်ဆောင်နေရကြောင်း လော်ရွှင့် တို့အဖွဲ့ မနေ့က စခန်းကို ပြန်လာတဲ့လမ်းမှာ ကြားသိခဲ့ရသည်။
အဖွဲ့တစ်ဖွဲ့က နောက်က ဖုတ်ကောင်အများအပြားကို ဆွဲဆောင်ခဲ့မိပြီး အခြေစိုက်စခန်းကို အသက်ရှင်လျက်ရောက်လာ ခဲ့သည်။ သူတို့နောက်က ပါလာတဲ့ ဖုတ်ကောင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လူတွေကို ချက်ချင်းစေလွှတ်ဖို့ လိုနေတယ်။
ကံမကောင်းစွာဖြင့် ယခု သူတို့က စခန်းကို ပြန်ရောက်စဖြစ်လို့ အခြားလူသစ်များနှင့်အတူ စောင့်ဆိုင်းရသည့် ဧရိယာတွင် ဖုတ်ကောင်ပိုးကူးစက်မခံရကြောင်းသေချာဖို့ စောင့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပေ။ စောင့်ဆိုင်းနေသည့်နေရာမှ လူများမှာ ဒဏ်ရာမရှိသော မူလအခြေစိုက်စခန်းမှအဖွဲ့ဝင်များဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အခြားခြံဝင်းတစ်ခုတွင် ရှိနေသည်။
အကြီးဆုံး ဝင်းကို မကြာသေးမီကမှ ပြင်ပလူများ ထိုင်စောင့်ရာ နေရာအဖြစ် သတ်မှတ်ခဲ့သည်။ စခန်းအုပ်ချုပ်ရေးအဖွဲ့က ဖုတ်ကောင်ပိုးကူးစက်ခံရသည့် ဘယ်သူ့ကိုမှ မဖမ်းမိသေးဘူး။
အခြေစိုက်စခန်း တပ်သားများသည် လော်ရွှင့် ထက်စောပြီး လုပ်ဆောင်ခဲ့ကြသော်လည်း လော်ရွှင့် ၏အဖွဲ့နှင့် နှိုင်းယှဉ်ပါက ပို၍ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ရှာဖွေရန် လိုအပ်သော်လည်း လူဦးရေမှာ နေရာအများအပြားတွင် ပျံ့နှံ့နေကြသည်။ လော်ရွှင့် နှင့်အဖွဲက A-city ၏အစွန်အဖျားတွင် နေခဲ့သည်- ပို၍ဝေးလံသောဒေသများမှ သူများကို သူတို့ ဘယ်လို စစ်ဆေးရမလဲ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies