Chapter (29) - ဟော့ပေါ့ စားခြင်း
"ဟုတ်တယ်... ငါ ဆုံးဖြတ်ပြီးပြီ။"
ရယ်လိုက်ပြီး ယန်ဖေးက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"ဘာကိုလဲ?" လော်ရွှင့် က စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေသည်။
နေ့တစ်ဝက်လောက် ရလာသည့် အရာတွေကို ရွှေ့ပြီး သေလုမျောပါးပင်ပန်းစွာ ပြန်လာခဲ့တယ်။ သူ ခုတော့ ရေချိုးပြီး အိပ်ချင်နေပြီ ။ ယန်ဖေး ပြောနေသည်ကို သူ နားမလည်ပါ။ ဘာကြောင့် ရုတ်တရက် ယန်ဖေးက ဒေါသတွေ ပျောက်သွားတာလဲ။
သူ့မျက်လုံးများသည် ယန်ဖေး၏မျက်နှာကို အလိုအလျောက် မော့ကြည့်ကာ သူ့မျက်လုံးများကို ရှောင်ကာ နှုတ်ခမ်းပေါ်တွင် အဆုံးသတ်လိုက်သည်။ ယန်ဖေး ၏ နှုတ်ခမ်းများသည် စွဲမက်ဖွယ်လှပကာ သဘာဝအတိုင်း နီမြန်းနေသည်။
သူ့နှုတ်ခမ်းတွေက အရမ်းနူးညံ့မယ်ဆိုတာ သေချာလောက်သည်။
လော်ရွှင်သည် အတွေးလွန်နေရာမှ လက်ရှိအခြေနေကို အာရုံစူးစိုက်မှုရစေရန် ခေါင်းကို အပြင်းအထန် ခါလိုက်သည်။ တစ်စုံတစ်ခုကို မေးရန် ကြိုးစားလိုက်သောအခါ ယန်ဖေးသည် လော်ရွှင်၏နားရွက်နားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်းတစ်ယောက်တည်း နောက်တခါ အပြင်ထွက်ဝံ့ရင်ထွက်ကြည့်လိုက်... မင်းရဲ့တံခါးကို ငါဖြိုဖျက်ပစ်လိုက်မယ်"
... သတ္တုပါဝါတွေကို ဘယ်အရာမှ မတားဆီးနိုင်ပေ။ တကယ်လို့ သူက တံခါးကို ဖျက်ပစ်ရင် အဲ့ဒါ ဖြုန်းတီးတာပဲ မဟုတ်လား။
ဒါဆို သူဘာလုပ်နေတာလဲ။
လော်ရွှင်၏ ဦးခေါင်းသည် ရွှံ့ဗွက်ထဲရောက်သွားသလို ဗလာဖြစ်နေဆဲဖြစ်ပြီး ထိုကဲ့သို့ ရင်းနှီးလွန်းသော အနေထားဖြင့် ရပ်နေသဖြင့် သူက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာတစ်ပြင်လုံး နီရဲနေသည်။ ပုံမှန်လူ့ဘောင်လောက ဇာတ်သိမ်းပြီးနောက် သူက ကွေးလာခဲ့ပေမယ့် အရင်ဘဝက အခြားသူများနှင့် ရောထွေးမနေချင်သလို မသန့်ရှင်းသော ကြေးစားများနှင့် အိပ်ရန်အတွက် အမြူတေကို အခကြေးငွေအဖြစ် အသုံးမချချင်ခဲ့ပေ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies