Chapter 47 - အိမ်နီးချင်းအသစ်

4.5K 856 26
                                    

Chapter 47 - အိမ်နီးချင်းအသစ်



အိပ်ရာထ၊ ရေချိုး၊ အဝတ်လဲပြီးနောက် ယန်ဖေး က လော်ရွှင့် နဲ့ ဒီကိစ္စကို စောစောဖြေရှင်းသင့်တယ်လို့ ထင်တယ်။ လော်ရွှင့် က အရေပါး (အရှက်ကြီးတတ်သူ) ဖြစ်ပေမယ့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို အကြမ်းဖျင်းအားဖြင့် ခုလို ဖော်ပြလိုက်ပြီးတဲ့နောက် ယန်ဖေးရဲ့ အပြုမူတချို့ကို လော်ရွှင့် ငြင်းဆိုမည်မဟုတ်ပေ။ နမ်းခြင်း၊ ထိတွေ့ခြင်း၊ လက်ချင်းချိတ်ခြင်း... အတိုချုပ်ပြောရလျှင် ရင်းနှီးသည့် ကိုယ်ချင်းထိစပ်မှု တချို့ကို ဆိုးဆိုးရွားရွား တုံ့ပြန်မှာ မဟုတ်ပေ။ လက်ကို နည်းနည်းလေး ဆုပ်ကိုင်ထား ဒါမှမဟုတ် ဖျတ်ခနဲ နမ်းတာကို လော်ရွှင့်ရဲ့ စိတ်ထဲမထားဘူး။

ထို့ကြောင့် ယန်ဖေး ရဲ့စိတ်ထဲ မတည်မငြိမ်ဖြစ်နေသည်။ သူ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ရရင် အသားစားလို့ ရနိုင်လောက်မလား ။ ဒါက အမြန်ဆုံး စားရမယ်ဆိုရင် အကောင်းဆုံးပေါ့။ မနေ့ညက သူတို့နှစ်ယောက်ကြားမှာ အရမ်းကောင်းတဲ့ လေထုလေးတစ်ခု ရှိခဲ့တာပဲ။

လော်ရွှင့် သည် နံနက်စာစားပြီးနောက် 1601 ၏ အိမ်ခန်း တံခါးကိုလာခေါက်ကာ ကျောင်းသားများကိုခေါ်နေစဉ် တစ်စုံတစ်ယောက်သည် သူ့ရဲ့ တင်ပါးကို စိုက်ကြည့်နေသည်ကို သူ မသိလိုက်ပေ။

"အိမ်နီးနားချင်းအသစ်တွေ ရောက်လာရင် အလွယ်တကူ ဝင်နိုင်ဖို့ စင်္ကြန်ကို ပိတ်ဆို့ထားတဲ့ စတီးပြားရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီ။ လူတွေက စင်္ကြံမှာ ရှိတဲ့ အရာတွေကို မထိမှာတော့ သေချာလောက်ပါတယ်။"

"ကောင်းပြီ၊ အဲ့ဒါ သိပ်တော့ ကိစ္စမရှိဘူး"

"လော်ရွှင့် စိတ်ချပါ၊ ငါတို့မှာ စင်္ကြံကို ရှင်းဖို့ လူအလုံအလောက်ရှိပါတယ်"

စင်္ကြံမှာ ပစ္စည်းတွေ အများကြီးရှိပေမယ့် ပစ္စည်းအားလုံးက အကြီးစားတွေဖြစ်လို့ ခိုးချင်တဲ့သူတွေက လူမမြင်အောင် မခိုင်းနိုင်ပေ။

ယန်ဖေး သည် စတီးပြားကြီးသုံးချပ်ကို ဖယ်လိုက်ပြီး နံရံတစ်ခုတွင် ခေတ္တ စုစည်းထားသည်။ နောက်မှ သူတို့ကို နေရာပြန်ချရမယ်။ ဒီနေရာကို ဘယ်သူ ပြောင်းလာသလဲဆိုတာပေါ်မူတည်ပြီး တံခါး အပိတ်တပ်ဆင်ဖို့ကို သူ ဆုံးဖြတ်မည်ဖြစ်သည်။ ယန်ဖေး သည် သူတို့၏အိမ်တံခါးများနှင့် ပြတင်းပေါက်များကို ဖောက်ထွင်းဝင်ရောက်ခြင်း မပြုစေဖို့ အားဖြည့်ပေးနိုင်သည် - လော်ရွှင့် သည် အလွန်အတွေ့အကြုံရှိပြီး နှစ်ယောက်သား အိမ်ကို ပြန်လည် ပြင်ဆင်ဖို့ကို ဆွေးနွေးကြမည်ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now