Chapter (69) - အလှလေးကို ကယ်တင်တဲ့ သူရဲကောင်း
အခုမှ အိမ်ပြန်လာသူတွေက သူတို့ နေအိမ်ဆီကို ဖြည်းဖြည်းချင်း ဦးတည်သွားကြပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ညကို ဖြတ်သန်ပြီးနောက် အိမ်ပြန်လာချိန် သူတို့ အိမ် ချိုးဖောက်ဝင်ရောက်ပြီး အခိုးခံထားရမယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။
ထိုလူတွေက စခန်းအပြင်ဘက်မှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး စွမ်းအားတမျိုးမျိုးကို ပိုင်ဆိုင်သူများဖြစ်ကြသည်။သူတို့ အိမ်က ဖောက်ထွင်းခံရသည်ကို တွေ့တော့ လက်တုန့်ပြန်ဖို့ အော်ဟစ်နေကြသည်။
လော်ရွှင့်နဲ့ယန်ဖေးလိုပဲ ဒီမြင်ကွင်းကို ကြည့်နေသူတချို့ရှိခဲ့သည်။ လောဘ ကြောင့် အိမ်နီးချင်းတွေရဲ့ အခန်းကို ဖောက်ဝင်ပြီး ခိုးယူသူတွေက ထိုနေရာကနေ ခိုးရာပါ ပစ္စည်းများကို ယူပြီးနောက် အမြန် ထွက်ခွာသွားကြလေပြီ။ ရုတ်တရက် စင်္ကြံဆီမှ ဆူညံသံများ ထွက်ပေါ်လာလို့ သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တံခါးဆီသို့ လျှောက်သွားကြသည်။
စင်္ကြံအလယ်မှ ထွက်ပေါ်လာသော အသံမှာ အမျိုးသားများရဲ့ ဟိန်းဟောက်သံ၊ အမျိုးသမီးများ၏ အော်ဟစ်သံတွေဖြစ်သည်။ လော်ရွှင့် နှင့် ယန်ဖေး တို့သည် လှေကားဘက် မှ ကျယ်လောင်သည့် အသံများ ကြားလို့ ထွက်လာကြသည်။ စင်္ကြံထဲမှာ စွမ်းအားကို သုံးနေတာလား။ အဆောက်အဦးပြိုကျမှာကို မကြောက်ကြဘူးလား။
လော်ရွှင့်ရဲ့မျက်နှာ တင်းမာလာပြီး စင်္ကြံများထဲတွင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် သူတို့၏ စွမ်းအားရှင်များဖြစ်သော ယန်ဖေး နှင့် အိမ်နီးချင်း ကျန်းရီ ကို လုံးဝ မေ့သွားခဲ့သည်။ သူသည် လှေကားဆီသို့ ချီတုံချတုံ ခြေလှမ်းများ လှမ်းလိုက်သည်။ အောက်ထပ်မှ တိုက်ပွဲသံများ ထွက်ပေါ်လာပြီး မကြာမီတွင် လူအများအပြား အရိုက်ခံရသလို ထပ်ခါတလဲလဲ အော်ဟစ်ခဲ့ကြသည်။ လူတစ်ယောက်က တောင်းပန်ပြီး တစ်ဖက်က ဆူပူကြိမ်းမောင်းပြီး တခြားသူကို ဖမ်းဆွဲပြီး တံခါးကို ပိတ်လိုက်တယ်။ အဖြစ်အပျက်က ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သည် ။ ထိုလူသည် သူတို့၏စွမ်းရည်ကို အသုံးမပြုတော့ ကြောင်းကြားပြီးနောက် အိမ်ပြန်ခဲ့ကြသည်။
"ဖုတ်ကောင်တွေ အခြေစိုက်စခန်းမှာ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
လီထယ် သည် နံရံထူကြီးက ပိတ်ထားတဲ့ တံခါးကို လှမ်းကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ထူးဆန်းသော အနက်ရောင်၊ အနီနှင့် အစိမ်းရင့်ရောင် ခြောက်နေသော အရည်များစွာ ရှိနေသည်။ ဘယ်သူကမှ သန့်ရှင်းရေးမလုပ်ကြသလို ဘယ်သူမှ ဒါတွေကို ဂရုမစိုက်ဘူး။ ဟန်လိက သူ့ပုခုံးကို ပုတ်လိုက်သည်။
"ကံကောင်းတာက ငါတို့ အားလုံး အလုပ်တန်းလျားထဲမှာဘဲ ရှိနေလို့၊ မဟုတ်ရင် အပြန်လမ်းမှာ တစ်ခုခုကြုံခဲ့ရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။"
"လော်ရွှင့် နဲ့ ယန်ဖေး မနေ့က နေ့လည် အိမ်ပြန်လာလောက်တယ် မဟုတ်လား? သူတို့ တစ်ခုခုဖြစ်သွားနိုင်မလား?" ဟော်ချန်ခွန်း သည် ရုတ်တရက် သတိရလာသည်။
"သူတို့ပြန်ရောက်တဲ့အချိန်လောက်ပဲဖြစ်နိုင်တယ်..." ဝူရှင်း က စိုးရိမ်တကြီးနဲ့ ခေါင်းညိတ်လိုက်သည်။
ကျန်းရီ ပြုံးလိုက်သည်။ "စိတ်ချပါ၊ သူတို့ ဘာမှဖြစ်မလာဘူး"
ယန်ဖေး ၏စွမ်းအားဖြင့် လော်ရွှင့် ကို မည်သူက လက်ညိုးနဲ့တောင် ထိနိုင်မှာလဲ။
"ဟုတ်တယ် သူတို့ အဆင်ပြေလောက်တယ် !"
ဝမ်သော် သည် ကျန်းရီ ပြောသမျှကို ခြွင်းချက်မရှိ ထောက်ခံသည် - နောက်မှ ကျန်းရီ သူ့ကို ကြိမ်းမောင်းတော့မှ သူက နူတ်ပိတ်ကာ နောက်ပြန်ဆုတ်သွားမည်ဖြစ်သည်။ ကျန်းရီ သည် ပျင်းရိငြီးငွေ့လာသောကြောင့် အတွင်းသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
"ဘာကိစ္စရှိလို့လဲ..."
လူတစ်စုဝင်လာသောအခါတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းပြီ၊ ဒီလို ကပ်ဘေးကာလမှ အခြေနေတင်းမာမှုတွေ မြင့်တက်လာပြီးနောက်၊ ရန်ဖြစ်နိုင်ခြေပိုများလာတာက အံ့သြစရာမဟုတ်ပါ၊ ဒါပေမယ့် ဒီနေရာက မြင်ကွင်းက သွေးဆာလွန်းလှသည်။ အဆောက်အဦအောက်ခြေမှာ မှန်ကွဲတွေ အများကြီးတွေ့လိုက်ရတယ်... မနေ့က ဖုတ်ကောင်တွေဖြစ်ပွားပြီးနောက်ပိုင်း ပုံမှန်မဟုတ်တဲ့ ပြတင်းပေါက်တွေကို ချိုးဖျက်ကာ ဖောက်ထွင်းကြတာက အထူးအဆန်းတော့ မဟုတ်ဘူး။
သို့သော် ရုတ်တရက် ပျံတက်သွားသော မီးလုံးကြီးကတော့ ပုံမှန်မဟုတ်ပေ။ ကံကောင်းထောက်မစွာ ကျန်းရီ သည် လေစွမ်းအားဖြင့် သူတို့ကို မီးမလောင်သွားတာ ဖြစ်သည်။ စွမ်းအားကို အသုံးချပြီးတိုက်ရတဲ့အထိ ရန်ပွဲက ပြင်းထန်နေသည်။ ရှေ့မလှမ်းမကမ်းတွင် လူနှစ်ဦး ထိပ်တိုက်တွေ့ကြရာ ခေါင်းဆောင်တစ်ဦးမှာ မီးစွမ်းအားရှင်ဖြစ်ပြီး တဖက်လူက လျှပ်စီးစွမ်းအားရှင်းဖြစ်သည်။ လူအုပ်စုနှစ်စုသည် ရန်ဖြစ်နေကြပြီး လမ်းပေါ်ရှိလူများကို လျစ်လျူရှုကာ မီးလုံးများလေထံ လွင့်ပျံနေသည်။
ဒါပေမယ့် ကျန်းရီ ဟာ သူ့ရဲ့ ပြင်းထန်တဲ့ စွမ်းအားကို ကာဖို့ ခိုင်မာသည့် လေတံတိုင်းကို ဖန်တီးလိုက်တာကြောင့် သူတို့နှစ်ယောက်ကို အနည်းငယ် ငြိမ်သက်သွားစေပါတယ်။ မီးစွမ်းအားရှင်ဖြစ်သူက ကျန်းရီ ကို အေးစက်စွာ ငေးမောကာ သူ့အဖော်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ အခြားလျှပ်စစ်အသုံးပြုသူသည် စိတ်ဝင်တစားကြည့်ကာ မျက်မှန်ကို ပင့်တင်ပြီး လက်ကိုမြှောက်ကာ ပြုံးပြလိုက်သည်။
လီထယ် နှင့် အခြားသူများသည် ထိုလူများကို သတိဖြင့်ကြည့်ကာ ကျန်းရီ ထံသို့ ချဉ်းကပ်လာကြသည်။ ကျန်းရီ ရဲ့ အကာအကွယ်ကို လိုက်ရှာရတဲ့ အကြောင်းရင်းက အဲဒီလူတွေက သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားမှာကို စိုးရိမ်ကြတယ်။
ဟုတ်တယ်၊ လီထယ် နဲ့ တခြားသူတွေဟာ အသင်းဖော်တွေကို စုဆောင်းလိုတဲ့ ဦးနှောက်ချောင်နေသူ တချို့ကို ရံဖန်ရံခါ ကြုံတွေ့ခဲ့ရတယ်။ ဝမ်သော် နှင့် ကျန်းရီ ဆက်ဆံရေးမပြေလည်ခင်က ကျန်းရီ ၏ အသွင်အပြင်နဲ့ သူ့ရဲ့ အလွန်အစွမ်းထက်သော စွမ်းရည်ရှိမှန်း သိသော်လည်း အခြားသူများ၏ အကာအကွယ်ဗီဇကို လှုံ့ဆော်ပေးသည်။
ဒါပေမယ့် အခုချိန်မှာတော့ ဝမ်သော် နဲ့ ကျန်းရီ တို့ဟာ အတူရှိနေကြတော့ သူတို့အစ်ကိုရဲ့ ချစ်ရတဲ့သူကို ကာကွယ်ဖို့ ခံစားချက်တွေ တိုးလာခဲ့ပါတယ်။ ကျန်းရီကို တည့်တည့်ကြည့်ကာ ထိကပါးရိကပါး လုပ်ချင်သည့် ထိုလူဆိုးများကို ရပ်တန့်ရန် သူတို့၏ အသွေးအသားကို စွန့်ကာ ထို စွမ်းအားရှင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ သူတို့ မတွန့်ဆုတ်ခဲ့ပေ။သို့သော် ထို လူအုပ်စုသည် စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ထင်ရှားသည်။ ကျောင်းသားတွေက သူတို့ကို တားဖို့ နည်းလမ်းမရှိဘူး - သူတို့က ပြန်လည် မတိုက်နိုင်လို့ပဲဖြစ်တယ်။
ဝူချန်ခွန်း က သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး သူ့မျက်လုံးတွေထဲ အမှောင်ရိပ်တွေ ထင်နေပေမယ့် ကျန်းရီ ကို ခေါ်လိုက်ချိန်မှာတော့ သူ့မျက်နှာက ပြုံးနေခဲ့တယ်။
"မင်္ဂလာပါ၊ ကျွန်တော်က Chaos အဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့က အခြေစိုက်စခန်းအပြင်ဘက်မှာ ထောက်ပံ့ရေးပစ္စည်းများရှာဖွေရန် အဖွဲ့ဝင်တွေကို စုဆောင်းနေတယ်။ မင်း ပါဝင်ဖို့ စိတ်ဝင်စားလား။ မင်းရဲ့စွမ်းရည်က အားကောင်းတယ်၊ ငါ မြင်ဖူးသမျှထဲမှာ အပြင်းထန်ဆုံးလေစွမ်းအားရှင်ပဲ။ ကျွန်တော်တို့ အဖွဲ့က စွမ်းအားရှင်တွေရဲ့ အရည်အချင်းများ တိုးမြင့်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်။ မင်း ပါချင်ရင် မင်းကို ကျွန်တော်တို့ အဖွဲ့ရဲ့ ဒုခေါင်းဆောင် ရာထူးပေးလို့ရတယ်။ အစွမ်းထက်တဲ့စွမ်းအားရှင် သူများအတွက် ကျွန်တော်တို့ အဖွဲ့က အခွင့်ထူး အများကြီး ပေးဖို့ ရှိတယ်။ မင်း စိတ်ဝင်စား သလား။"
ကျန်းရီ သည် မျက်ခုံးပင့်ကာ သူ့မျက်လုံးများက ရွှင်မြူးရိပ်တွေ ထင်ဟပ်လာပေမယ့် ဝမ်သော် ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်လာပြီး ကျန်းရီ ၏ ရှေ့သို့ ပိတ်ရပ်ကာ ထိုလူကို ပြောခဲ့သည်။
"ငါတို့အဖွဲ့ရှိနေပြီသား! ကျန်းရီက မင်းတို့နဲ့မလိုက်နိုင်ဘူး!"
ဝူချန်ခွန်း သည် ဝမ်သော် ကို တစ်ချက်လေးပင် မကြည့်ဘဲ ကျန်းရီ နှင့် စကားပြောနေသည်။
"ကျွန်တော်တို့က ပဉ္စမအဆောက် အအုံ ၃- အခန်း နံပါတ် ၄၀၃ မှာ နေတယ်။ မင်း စိတ်ဝင်စားရင် လာကြည့်ပါ။"
ဝူချန်ခွန်းက ပြောပြီးသည်နှင့် လီထယ် နှင့် အခြားသူများကို အမှိုက်လိုပဲ သဘောထားကာ အကြည့်တချက်ပင် မစွန့်ကြဲပဲ သူ့အဖွဲ့နှင့်အတူ ပဉ္စမမြောက် အဆောက်အဦဆီသို့ ဦးတည်သွားခဲ့သည်။
ဝမ်သော် ၏ နှုတ်ခမ်းများက ဝူချန်ခွန်းရဲ့ လုပ်ရပ်ကြောင့် ဒေါသထွက်ကာ တုန်ယင်လာသည်။ ကျန်းရီ က အရမ်းသန်မာတယ်ဆိုတာ သူ သိပေမယ့် သူတို့နှစ်ယောက်အတူရှိတဲ့အခါ ဒီအချက်တွေကို ထည့်မတွက်ထားဘူး။ သို့သော် သူတို့အခြေစိုက်စခန်းမှ ထွက်ခွာခဲ့သည့် နောက်ဆုံးအကြိမ်တုန်းက လီထယ် တို့ရဲ့ အိုတာ့ခု အဖွဲ့ဆိုတာ ကျန်းရီ ဘယ်လိုမှ စိတ်မဝင်စားနိုင်တဲ့ အကျိုးအမြတ်မရှိသည့် အဖွဲ့ဖြစ်နေသည်...
"ငါ့ အသင်းအဖွဲ့ ရှိပြီးသား ဟုတ်လား? ဘယ်အချိန်ကတည်းက ငါက အသင်းထဲ ပါသွားတာလဲ"
ကျန်းရီရဲ့ အသံထဲတွင် သာမာန်စကားလို ခပ်ပေါ့ပေါ့ နှင့် ပျင်းရိသော အငွေ့အသက်များ ပါရှိသည်။ လီထယ် က အာရုံပြန်စိုက်ပြီး ကျန်းရီကို သေချာ ရှင်းပြလိုက်တယ်။
"အိုး! အခြေစိုက်စခန်းမှ ငါတို့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ ငါတို့ ငါးယောက်နဲ့ လော်ရွှင့် ရဲ့ ဇနီးမောင်နှံတို့က ...အိုတာ့ခု အဖွဲ့ကို ဖွဲ့ခဲ့တယ်.."
နာမည်ပြောလိုက်တဲ့အခါ လီထယ်က ရှက်ရွံ့သွားသလို ခံစားလိုက်ရတယ်။ အခြားလုူတွေရဲ့ အဖွဲ့အမည်တွေက 'Chaos' တွေဖြစ်ကာ လူတွေရဲ့ စိတ်အာရုံကို ပိုလို့ လွှမ်းမိုးထားနိုင်တယ် မဟုတ်လား။ ဒါပေမယ့် သူတို့ရဲ့ 'Otaku - အိုတာ့ခု' ဟာ မတူညီတဲ့ ခံစားချက်တစ်ခု ရှိနေစေခဲ့တယ်...
(Chaos - ရှေးဦးနတ်ဘုရားအမည်၊ Otaku - အိမ်တွင်းပုန်း)
ကျန်းရီ က သူ့မေးစေ့ကို ကိုင်ထားပြီး ထိတ်လန့်ခြောက်ခြားနေသော လူငါးဦးဆီသို့ ဦးတည်ကာ ခေါင်းညိတ်လိုက်သည်။
"Otaku လား...ကောင်းသားပဲ။ အဆင်ပြေတယ်။"
သူက ဒီလောက်ပဲ ပြောပြီး ဆက်လျှောက်လာခဲ့သည်။
ငါးယောက်အုပ်စုက ကျန်းရီရဲ့စကားကြောင့် မယုံနိုင်အောင်ဖြစ်ကာ အေးခဲသွားပြီး တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျန်းရီ က ထိုနာမည်ကို သဘောကျနေတာလား။ အသင်းဝင်ဖို့ မကန့်ကွက်ဘူးလား? အဲဒါ ကောင်းတယ်! ယခုအခါ Otaku အဖွဲ့တွင် တိုက်ခိုက်ရေးသမား လော်ရွှင့် နှင့်အတူ အစွမ်းထက်သော စွမ်းအားရှင် နှစ်ဦးရှိသည်။
အဲဒီအခါမှာ အိမ်ပြန်ရောက်တာနဲ့ နေ့တိုင်း လေ့ကျင့်ခန်းစလုပ်ရမည် ဖြစ်သည်။ သူတို့က အရမ်းအားနည်းရင် အန္တရာယ်ဖြစ်နိုင်တယ်။ စခန်းထဲမှာပဲ သူတို့က အေးအေးဆေးဆေး အခြေချနေထိုင်ခဲ့ကြလို့ ပြင်ပကမ္ဘာ၏ ကြောက်မက်ဖွယ်ရာ တိုက်ပွဲများကို မေ့ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ လေ့ကျင့်မှုကို စမှ ရတော့မည်။
သူတို့ တိုက်ခန်းရဲ့ လှေကားထစ်တွေပေါ်တက်လိုက်တာနဲ့ အနီးနား ပတ်ဝန်းကျင်က အခြေအနေတွေက အရင်ကထက် အများကြီး ပိုဆိုးလာတယ်။ အိမ်အပြန်လမ်းတွင်၊ ဖုတ်ကောင် အားလုံးကိုသတ်ပြီးသောအခါ စစ်တပ်မှ လာရောက် စစ်ဆေးချိန်မှာ အချင်းချင်း ရန်ဖြစ်နေကြသော လူအများအပြားကို မြေပြင်ပေါ်တွင် လူးလဲနေကြသည်ကို တွေ့ခဲ့ရသည်။ လူတိုင်း လုံခြုံနေချိန်မှာ ဒီလိုမျိုး ဘာကြောင့် ရန်ဖြစ်နေတာလဲ။ မိသားစုလုံခြုံရေးနှင့် ငြိမ်းချမ်းသောဘဝသို့ အမြန်ဆုံးပြန်ရအောင် လုပ်ရမယ့်အစား၊ လူများသည် အခြား လူမရှိသည့် အိမ်များကို ဖောက်ဝင်ကာ ခိုးယူရန် လာခဲ့ကြသည်မှာ ထင်ရှားသည်။
ယန်ဖေး သည် သတ္တုဖြင့် ပတ်လည်ကာရံထားသော သူတို့၏ အိမ်အကြောင်းကို တွေးကာ ထိတ်လန့်တုန်လှုပ်နေသော လူငယ်ငါးဦးသည် လျှို့ဝှက်စွာ သက်ပြင်းချ လိုက်သည်။ တကယ်လို့များ သူတို့အိမ်မှာ ဖောက်ထွင်းဝင်ရောက်လုယက်ခံရတာကို အိမ်ပြန်အလာမှာ တွေ့ခဲ့ရင် သူတို့လည်း ဒီလူတွေလို ဒေါသဖြစ်လိမ့်မယ်...
ကျန်းရီ ကတော့ ဒီလိုကိစ္စမျိုး ကြုံဖူးသူဖြစ်လို့ အခြားလူတွေလို တုံ့ပြန်ခြင်း မရှိခဲ့ပါ။ ယနေ့ခေတ် ကမ္ဘာကြီးတွင်၊ ကိုယ်စုဆောင်းထားသည့် ပိုင်ဆိုင်မှုကို လုံခြုံအောင်မပြုလုပ်နိုင်ဘူးဆိုရင် သူတို့ဖာသာ အပြစ်တင်ရုံပဲပေါ့။ သူတို့ ကိုယ်ပိုင်ပစ္စည်းတွေကို စောင့်ကြည့်ဖို့ အရည်အချင်းမရှိဘူးလား။
သူတို့ အဖွဲ့သားတွေရဲ့ အိမ်မှာ ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း အိမ်မြန်မြန် ပြန်နိုင်လေလေ ပိုစိတ်ချရလေဖြစ်သည်။သူတို့ ၁၀ လွှာကို အမြန်တက်လာပြီး ချိန်မှာ စင်္ကြံမှာ အသံတွေ ကြားလိုက်ရတယ်။ ဟန်လိက တုန်တုန်ယင်ယင်နှင့် သူ့အဖော်များကို ပြန်ကြည့်သည်။
တခြားလူတွေကလည်း တစ်ယောက်ကို တစ်ယောက်ကြည့်နေကာ ကြားလိုက်ရသည့် အသံက ရန်ဖြစ်နေကြသံဆိုတာ သိလိုက်ရသည်။ ထိုလူတွေက စင်္ကြံထဲမှာ ရန်ဖြစ်နေပုံရတယ်။ ဘာတွေဖြစ်နေတာလဲ? အဲ့လူတွေရဲ့ အိမ်က ဖောက်ဝင်ခံရလို့ ရန်ဖြစ်နေတာလား ! သူတို့စိတ်ထဲမှာ အတွေးတွေပွားနေချိန် အသံကြားရသည့် 14 ထပ်ကို အမြန်တက်လိုက်ကြတယ်။
"...ဒါ၊ ဒါ..." ဟော်ချန်ခွန်း က စကားထစ်ကာ အသံတိုးသွားသည်။
လီထယ် နှင့် အခြားသူ၏ မျက်နှာအမူအရာမှာ အနီရောင်နှင့် အစိမ်းရောင် ဖြစ်သွားသည်။ ဒီလူငယ်တွေက အိပ်ဆောင်ထဲမှာ နိုင်ငံခြား အချစ်ဇာတ်ကားတွေကို တိတ်တဆိတ် ကြည့်လေ့ရှိပေမယ့် အခု မြင်လိုက်ရသည့် မြင်ကွင်းကတော့ သူတို့ကို ဒေါသအကြီးကျယ်ထွက်သွားစေသည်။
ကျန်းရီ သည် မျက်ခုံးပင့်ကာ ရွှင်မြူးစွာ ဦးဆောင်ကာ ထိုအလွှာရဲ့စင်္ကြန်ကို တက်လာခဲ့သည်။ ဝမ်သော် က သူ့ကို တားချင်ပေမယ့် 15 လွှာကို မကျော်ဘဲ အိမ်ပြန်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိရလိုက်တယ်။ ထို့ကြောင့် ဘုရင်မကြီးက မမြင်သင့်သောအရာကို မမြင်ရအောင် သူက ရှေ့သို့ အလျင်အမြန်သွားလိုက်သည်။
လီထယ် နှင့် အခြားသူများလည်း အလျင်အမြန် လိုက်လာကြသည်။ AV ကားတွေကိုတောင် သူတို့ကြည့်ခဲ့သေးတာပဲ။ ဒီမြင်ကွင်းကို မြင်ဖို့ ဘာကြောင့် သူတို့ ကြောက်နေမှာလဲ။ ပြီးတော့ အသံပဲကြားရသေးတယ်မဟုတ်လား။
15 လွှာရဲ့ လှေကားထစ်ထိပ်သို့ရောက်သောအခါ သူတို့ အတွေးသည် လုံးဝပြိုကျသွားသည်။ 1502 အိမ်ခန်းရဲ့ တံခါးသည် ကျယ်ပြောစွာပွင့်နေပြီး အမျိုးသမီးတစ်ဦး၏ ပတ်ပတ်လည်တွင် အပေါ်ပိုင်း ဗလာဖြစ်နေသည့် အမျိုးသားများစွာ ဝန်းရံထားကြသည်။ ကျန်နှစ်ယောက်သည် နောက်ပြောင်ရယ်မောရင်း အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ကို ကိုင်ထားကြသည်။ အခန်း 1503 ထဲတွင် ခုနှစ်တွင် ယောက်ျားများ၏ ရယ်မောသံနှင့် လက်ခုပ်သံများနှင့်အတူ အမျိုးသမီးတစ်ဦး၏ ကျယ်လောင်စွာ အော်ဟစ်သံလည်း ထွက်ပေါ်လာသည်။
"ဒီကြက်မက ဟော့တယ်ကွ... သူ့တင်ပါးတွေ ဘယ်လိုလှုပ်ခါနေလဲ ကြည့်စမ်း"
1503 တွင် တစ်စုံတစ်ယောက်က အရွှန်းဖောက်ခဲ့သည်။
"ဘာပဲဖြစ်ဖြစ် မြန်မြန်လုပ်တော့။ ငါ သည်းမခံနိုင်တော့ဘူး..."
"ဟိုဘက်အခန်းမှာ နောက်တစ်ယောက် မရှိဘူးလား။ ဟိုကိုသွား။"
"ဒါမျိုးဆို ကြိုက်တယ်..."
ဆန့်ကျင်ဘက်အခန်းတံခါးမှ လူတစ်ဦး၏အသံသည် စင်္ကြံတွင် ပဲ့တင်ထပ်နေ သည်။
"ပြေးမလို့လား? မင်း ပြေးကြည့်လေ... ဘယ်လို အရိုက်ခံရမယ်ဆိုတာ သိသွားမယ်။ မင်းက ဒီလူအိုကြီးကို ကောင်းကောင်းပြုစုပေးစမ်း..မဟုတ်ရင် မင်းကို ဝိုင်းလုပ်ဖို့ အပြင်က ကောင်တွေကို ငါ ခွင့်ပြုပေးလိုက်မယ် ။"
အခန်း 1502 မှာရှိတဲ့ အမျိုးသားများသည် အမျိုးသမီး၏ ရင်ဘတ်ကို အုပ်နယ်ကာ အူလှိုက် သည်းလှိုက် ရယ်မောနေကြသည်။
"မင်း ပြေးချင်တာလား။ ပြေးစမ်း...မင်းက မီးစွမ်းအားရှင်ဖြစ်တယ်ဆိုရင်တောင် မင်းရဲ့ အဖွဲ့သားတွေ ကိုယ်တိုင် မင်းကို ငါတို့ စိတ်တိုင်းကျ လုပ်ဖို့ ပေးထားပြီးသားဆိုတာ မင်းသိလား"
လီထယ် နှင့် အဖွဲ့သားတွေက ထိုစကားကို ကြားတော့ ပထမ တုန်လှုပ်သွားပြီး လက်များ တုန်လာသည်။ မကောင်းသော ရည်ရွယ်ချက်ရှိသူများရှေ့တွင် အမျိုးသမီးသည် အော်ဟစ်အကူအညီ တောင်းရန် မဖြစ်နိုင်သော်လည်း နာကျင်ငိုကြွေးနေသံကို သူတို့ အုပ်စု ရှင်းရှင်းလင်းလင်း ကြားနေရသည်။
မီးစွမ်းအားရှင် အမျိုးသမီးတစ်ဦးသည် ၁၅ လွှာတွင် နေထိုင်ခဲ့ပြီး အခြားသော လှပသော အမျိုးသမီး ကောလိပ်ကျောင်းသူ အနည်းငယ်လည်း ရှိသည်။ ဒီအကြောင်း အရာတွေကို အဖွဲ့က သိထားပြီးသားဖြစ်ပေမယ့် သူတို့နဲ့ မခင်မင်သေးပေ။ သူတို့က ထိုမိန်းကလေး တွေကို ရံဖန်ရံခါတွေ့ဖူးသော်လည်း သတိထားကာ စောင့်ကြည့်နေကြ သည်။. ကပ်ဆိုးကာလတွင် လူမှုရေးစည်းမျဉ်း ပြိုကျပျက်စီး ကုန်ပြီးနောက်၊ သူတို့ နေထိုင်သည့် အဆောက်အဦးအောက်ထပ်မှာ ဒီလိုအဖြစ်မျိုး ဖြစ်လာမယ်လို့ ဘယ်သူကမှ စိတ်ကူးပင် မယဉ်ဖူးကြပေ။
တက္ကသိုလ်ကျောင်းသားအုပ်စုက ဒေါသနှင့် ပြည့်နှက်နေပြီး မျက်လုံးများ နီရဲလာကြသည်။ လီထယ် နှင့် အခြားသူများသည် ကျောပိုးအိတ်အတွင်း ထည့်ထားသော ပိုက်များကို ဆွဲထုတ်လိုက်ကြသည်။
"သူမကို လွှတ်လိုက်!"
ဟော်ချန်ခွန်း သည် ယုံကြည်မှုအပြည့်ရှိစွာဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ အမျိုးသမီးပတ်ဝန်းကျင်ရှိ အမျိုးသားများကို ကြောက်လန့် သွားစေခဲ့သည်။
ထိုအဖွဲ့သည် လန့်ဖျပ်သွားသော်လည်း ကျောင်းသားလူငယ် အနည်းငယ်ကို သူတို့၏ မျက်လုံးထဲ မထည့်ထားကြပေ။ သူတို့သည် ဒီအလွှာက နေထိုင်သူတွေဖြစ်ပြီး လီတိနှင့် အခြားသူများကို လှေကားတွင် ရံဖန်ရံခါ ကြုံတွေ့ခဲ့ဖူးသည်။ သူတို့သည် အပေါ်ထပ်တွင် နေထိုင်ကြပြီး ၁၆ လွှာက လူတွေက စွမ်းအားကြီးကြပေမယ့် အခု သူတို့အုပ်စုထဲ စွမ်းအားရှင် ရှိနေလို့ 16 လွှာက လူတွေကို မကြောက်ပေ။
"မင်းတို့ ဘာလုပ်နေတာလဲ...ဟမ်! အခု ဘာဖြစ်နေတာလဲဆိုတာ သိလို့လား"
လက်မောင်းတွင် တက်တူးထိုးထားသည့် အမျိုးသားတစ်ဦး ဒေါသတကြီး ထွက်လာကာ ပြောခဲ့သည်။
"ဘာပဲဖြစ်ဖြစ် မင်းတို့ အမျိုးသမီးတွေကို ဒီလိုလုပ်လို့မရဘူး!"
လီထယ် သည် သူ့လက်ထဲတွင် သံတိုင်ကို တင်းတင်းဆုပ်ထားကာ ပြောလိုက်သည်။
"အိုး?" ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ခဲထားသော အခြားလူက တစ်ဖက်ခန်းအဝတွင် ရပ်ကာ ရယ်မောလိုက်သည်။
"သူတို့ လူဆိုးဂိုဏ်းက ငါတို့အိမ်တံခါးကို ဖောက်ထွင်းပြီး ငါ့အိမ်ကို လုယက်တာကို ငါတို့ မစ်ရှင်တစ်ခုပြီးလို့ ပြန်လာချိန်မှာ တွေ့ခဲ့တယ်။ သူမလည်း ပစ္စည်းတွေ နေရာပြောင်းနေတယ်... မင်းတို့သာဆိုရင် ဒီလိုဖြစ်တာကို သည်းခံနိုင်မလား"
ထိုလူက လီထယ် နှင့် အခြားသူများကို မျက်စောင်းထိုးကာ ပြုံးရင်း ပြောလိုက်သည်။ ထိုစကားကို ကြားတော့ ကျောင်းသားအုပ်စုသည် အေးခဲသွားသည်။ ဒီလိုမျိုးဖြစ်မယ်လို့ သူတို့ မမျှော်လင့်ထားသော်လည်း...ဆက်ပြောလိုက်သေးသည်။
"ဒါဆိုလည်း မင်းတို့က အမျိုးသမီးတွေကို ဒီလိုလုပ်လို့မရဘူး။ မင်းပစ္စည်းတွေပြန်ယူရုံနဲ့မလုံလောက်ဘူးလား"
အပြင်ကလူအများစုက သူခိုးတွေကို ရိုက်နှက်ခဲ့ကြတာကို သူက မေ့သွားကြတယ်၊ ဒီတော့ အခုလည်း အဲ့လိုဖြစ်သင့်တယ် မဟုတ်လား။ အမျိုးသမီးဘေးမှာ ရပ်နေတဲ့ အမျိုးသားက ရင်ဘတ်ကိုကော့ကာ ပြုံးရင်း ပြောခဲ့သည်။
"သူ့ခင်ပွန်းက ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးအောင် လုပ်မိလို့ သူမကို လျော်ကြေးအဖြစ် ငါတို့အဖွဲကကို ပေးခဲ့တယ်၊ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။"
"ဟုတ်တယ်၊ မင်းမိန်းမလည်း မိန်းမ တစ်ယောက်ကို မတွေ့တာကြာပြီမို့လား၊ မင်းပျော်ပါးချငလို့ အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက် လာလုပ်နေ တာလား "
လီထယ် နှင့် အဖွဲ့ ၏ မျက်နှာများသည် ထိုအဖွဲ့ရဲ့ ရိုင်းစိုင်းတဲ့ လှောင်ပြောင်မှုကြောင့် တစ်ဖန် စိမ်းလန်းလာသည်။
"မင်းဆီက ခိုးယူတာ ယောက်ျားဆိုရင် မင်းတို့က ဘာကြောင့် အမျိုးသမီးကို လက်တုန့်ပြန်ရမှာလဲ။ ခိုးတာက သူမ မှ မဟုတ်ပဲ "
ဒီစကားတွေက ယုတ္တိမရှိပေမယ့် လီထယ် ရဲ့ ဒေါသထွက်နေတဲ့ စိတ်က ဒါတွေကို ဂရုမစိုက်တော့ပေ။
"မင်းက ငါတို့ရဲ့ ပျော်ရွှင်မှုကို လုချင်တာလား"
နောက်လူက နောက်ပြောင်တယ်။
"မင်း မနာလိုဖြစ်မယ်ဆိုလည်း ဖြစ်လောက်ပါတယ်။ မင်း ပျော်ပါးချင်ရင် စားစရာတစ်ခုခု ယူလာပါ။ ခေါက်ဆွဲ 5 ထုပ်ဆိုရင် ဒီမိန်းမနဲ့ တစ်ကြိမ် ပျော်ပါးခွင့်ပြုမယ်၊ ဒါဟာ ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုပဲ!"
"ဟုတ်တယ်၊ ဒီကောင်မလေးက တခြားသူတွေထက် သန်မာတယ်။ ငါတို့ သူ့ကို ရောင်းစားနေရင် ငါ့ပစ္စည်းတွေကို ပြန်ရဖို့ စခန်းအပြင်ထွက်ပြီး အသဲအသန်ရှာဖို့ မလိုတော့ဘူး"
"မှန်တယ် မှန်တယ်! ဒါက အကြံဉာဏ်ကောင်းပဲ!"
လီထယ် နှင့် အခြားသူများက ထိုစကားကြောင့် တုန်လှုပ်သွားကြသည်။ ဒီလို အရှက်မဲ့သူတွေဟာ တကယ်ကို အံ့သြစရာကောင်းပေမယ့် သူတို့ရဲ့ အပြုအမူက ဆိုးရွားပေမယ့် တစ်ဖက်လူက သူတို့ရဲ့ ပစ္စည်းတွေကို ခိုးယူခဲ့လို့ ခုလို လုပ်ဖို့ တရားဝင် အကြောင်းပြချက်တစ်ခု ရှိနေတာဖြစ်တယ်။ လျော်ကြေးတောင်းတဲ့အခါ ဒီအမျိုးသမီး အုပ်စုက မပေးနိုင်လောက်ဘူး။ ဒါပေမယ့် သူ့အဖော်က လုပ်ခဲ့တာအတွက် အမျိုးသမီး က ဘာကြောင့် ပေးဆပ်ရမှာလဲ။ သူမတို့က ချစ်သူတွေဖြစ်ခဲ့ရင်တောင် သူ့ရည်းစားက သစ္စာဖောက်သွားတာဖြစ်လို့ သူမက ဘာကြောင့် တာဝန်ယူရမှာလဲ ။ရည်းစားဖြစ်သူက ဘေးအိမ်က အခန်းထဲကို ဖောက်ထွင်းဝင်ရောက်စဉ် အမျိုးသမီးက ဘာတွေလုပ်ခဲ့လဲ ဆိုတာကို မသိပေမယ့် ယောက်ျားက တစ်ယောက်တည်း ထွက်ပြေးသွား ကတည်းက သူမက ခံရသူ ဆိုတာ ထင်ရှားပါတယ်။
လီထယ် နှင့် အခြားသူများ လက်ထဲတွင် သံမဏိပိုက်များကို ညှစ်ထားသည်ကို မြင်လိုက်ရသောအခါ တက်တူးထိုးထားသော အမျိုးသားသည် သူ့ကြွက်သားများကို ဆန့်ထုတ်ကာ ဝူရှင်း နှင့် ဝမ်သော်ဆီကို ရေဗုံးဖြင့် တည့်တည့်ပစ်လိုက်သည်။
"မင်းတို့လည်း သူများ ပစ္စည်းတွေကို ခိုးပြီး ထွက်ပြေးချင်တာလား! ဒါဆိုရင် သူမတို့လိုပဲ မင်းတို့ ကံကြမ္မာက အတူတူပဲ..."
"ဝေါ...ဝေါ...ဝေါ "
ထိုအမျိုးသား ပြောလိုက်ချိန်မှာ 15 လွှာရဲ့ စင်္ကြံမှာ လေဝဲတွေက ပေါ်လာပြီး သူ့လက်ကို ဖြတ်လိုက်ချိန် ကျန်းရီ ရဲ့ မျက်လုံးတွေဟာ အပြာရောင်ဖျော့ဖျော့ အလင်းရောင်တွေနဲ့ ပြည့်နှက်နေတယ်။ သေးငယ်သော လေဆင်နှာမောင်းအုပ်စု တစ်စုသည် သူ့ဘေးတွင် စုစည်းကာ ပထမလူနှစ်ဦးကို သုံးလေးလှမ်းမျှ နောက်ပြန်လှည့်အောင် ခြောက် လွှတ်လိုက်သည်။
လီထယ် နှင့် အခြားသူများသည် အေးခဲသွားပြီး မသိစိတ်က ဘုရင်မကြီး ကျန်းရီ ကို သူတို့ အုပ်စုကြား ဖြတ်သန်းသွားခွင့်ပေးလိုက်သည်။
"ဒီအမှိုက်ကောင်တွေ...မင်းတို့ကို နောက်တစ်ခါတွေ့ရင် ဒီအဆောက်အဦးထဲ ကနေ ငရဲကို တခါတည်း ရောက်အောင် ပို့ပေးလိုက်မယ်.."
ကျန်းရီ သည် ယောက်ျား၏အောက်ပိုင်းဗလာကျင်းနေသော ခန္ဓာကိုယ်ကို ရေခဲတုံးလို အေးစက်စက် ် ကြည့်ပြီး ရယ်မောလိုက်သည်။
"ဒါမှ မဟုတ် ငါ့ရဲ့လေဓါးနဲ့ မင်းတို့ဟာကို ဖြတ်ဖို့ ငါ ကူညီပေးမယ်။"
ထိုလူအုပ်စုသည် အေးခဲသွားကာ နောက်ကျောမှ အမျိုးသားအချို့က ရှေ့ထွက်လာသည်။ သူတို့အဖွဲ့မှာလည်း စွမ်းအားရှင် အများအပြားရှိခဲ့ပါတယ်။ တိုက်ခိုက်နိုင်စွမ်း မရှိတဲ့ လေအားစွမ်းအားရှင်က ဘာကြောင့် သူတို့ကို လာခြိမ်းခြောက်ရဲ နေတာလဲ။
အိမ်ခန်း 1503 ရဲ့ တံခါးနားက အဝတ်စား ဖရိုဖရဲ ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ထွက်လာပြီး သူ့လက်ဖဝါးမှာ ခရမ်းရောင် လျှပ်စစ်ဘောလုံးလေး တစ်ခု ပေါ်လာတယ်။
"မင်းကိုယ်ကို ဘယ်သူလို့ထင်နေလို့ ဒီလောက်ကြီးကျယ်တဲ့လေသံနဲ့ ပြောနေတာလဲ။ မင်းက ဘာကောင်လဲ .."
လေဆင်နှာမောင်းငယ်က ရုတ်တရက် ပြန့်နှံ့သွားပြီး လေသည် ချွန်ထက်သော ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားရုံသာမက 15 လွှာ စင်္ကြံလမ်းကို သွေးစွန်းအောင် လုပ်ပစ်လိုက်သည်။
"အား!"
"ရပ်၊ ရပ်..."
"ကူညီကြပါဦး!"
"ဘော့စ် ငါတို့ မှားသွားပါတယ်...ခွင့်လွှတ်ပေးပါ......"
အော်ဟစ်ငိုကြွေးသံက အခန်းထဲက မထွက်သေးတဲ့လူတွေကို ထိတ်လန့်သွားစေ တယ်။
နီမြန်းသောသွေးများကို မြင်လိုက်ရသဖြင့် ကျန်းရီ ၏ သွေးဆာသည့် စိတ်က ပိုတိုးလာကာ သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရ ဖြစ်လာစေသောကြောင့် သူ၏ ညုတုတု အပြုံးသည် ပို၍ မက်မောစရာ ကောင်းလာခဲ့သည်။ နောက်ထပ် ဓါးသွားများက ထိုလူစုရဲ့ အသားကို လှီးဖြတ်ပြီး အရိုးစု၊ အရွတ်များ၊ သွေးကြောများသာ ကျန်နေစေတော့သည် ။
*ဖတ်*
ထိုစဉ် လက်တစ်ဖက်က သူ့ပုခုံးပေါ် ရုတ်တရက် ရောက်လာခဲ့သည်။ ကျန်းရီ က လူသတ်တဲ့အမူအရာနဲ့ ပြန်ကြည့်လိုက်သည်။ ဒီအချိန်မှာ သူ့ကို ဘယ်သူက တားရဲတာလဲ။
ကျန်းရီ၏တိုက်ခိုက်မှုကို မာကျောသောသတ္တုပြားတစ်ခုဖြင့် ပိတ်ဆို့လိုက် သောအခါ *ချွင်... ဆိုသည့် အသံများထွက်လာသည်။ သူ့ကို တားလိုက်သူက ယန်ဖေး ပါ။
*********-----*
VOCÊ ESTÁ LENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies