Chapter (131) _ နှင်းထူထပ်ခြင်း

976 151 4
                                    

Chapter (131) _ နှင်းထူထပ်ခြင်း

အိမ်ပြုပြင်တာက အရမ်း ရိုးရှင်းပြီး လျှပ်စစ်မီးနှင့် ရေပိုက်ကို စင်္ကြံတွင် စိုက်ခင်းများစိုက်လို့ရစေရန် တပ်ဆင်တာဖြစ်လို့ မခက်ခဲပေ။ တကယ်က ပျိုးပင်များ စိုက်ရတာက တကယ့်ကိုအချိန်ကုန်လှသည်။ သတင်းကောင်းကတော့ စစ်တပ်က စားဖိုဆောင်မှာ အရွက်စိမ်းစိမ်းတွေ လိုနေသရွှေ့ သူတို့ အသီးရွက် မရောင်းရမည်ကို စိုးရိမ်စရာမလိုဘူး။ ဒါ့အပြင် ဟင်းသီး ဟင်းရွက်ဝယ်ဖို့ ကြိုးစားနေတဲ့ တခြားအဖွဲ့တွေလည်းရှိလို့ ဝယ်သူကို ရှာမတွေ့မှာကို စိတ်ပူစရာ မလိုပေ။

  တတိယနေ့နံနက်တွင် လော်ရွှင့် သည် သီးနှံများ   ပို့ဆောင်ရန် Canteen သို့သွားခဲ့သည်။

အသီးရွက်လိုချင်သူများက တစ်ဖွဲ့တည်းမဟုတ်ပေ။ ထိုလူများက    အရမ်းယဉ်ကျေးကြပေမယ့်  လော်ရွှင့် နှင့် ယန်ဖေး တို့က ယဉ်ကျေးစွာပြောမနေပဲ လိုရင်းသာပြောကာ   ဆက်သွယ်ရန် အသေးစိတ်အချက် အလက်များကို ချန်ထားကာ ထွက်ခဲ့ကြသည်။

ကံကောင်းထောက်မစွာနဲ့ ထိုလူတွေက စစ်တပ်နဲ့ ချိတ်ဆက်ကာ အလုပ်လုပ်နေသူ မဟုတ်သဖြင့်    မရှုပ်ဝံ့ကြပေ။

သူတို့နှစ်ဦးသည် သူတို့၏ စစ်တပ်က အလုပ်ကို မလာခင် လုပ်နေကြ ဟင်းသီးဟင်းရွက်များ ရောင်းချ ကြသည်။ ကင်တင်းမှ တာဝန်ခံက ကပ္ပတိန်လီမဟုတ်သော်လည်း စားသောက်ခန်းထဲတွင် လူများစွာရှိသဖြင့် သတင်းအချက်လက် ရောင်းဝယ်ကြတာက ပုံမှန်ပဲဖြစ်သည်။  ဒီတစ်ခါ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အချိန်မှာ စစ်သားတစ်ယောက်က တခြားအဖွဲ့ရဲ့ အချက်အလက်နဲ့ ဆက်သွယ်ရမယ့် ကတ်တွေကို စုစည်းကာ ဘေးကနေ တိတ်တဆိတ် ဖြတ်သွားခဲ့သေးသည်။

အိမ်မှာစိုက်ထားတဲ့ အသီးအနှံတွေ စတင်စိုက်ပျိုးချိန်မှ  ရိတ်သိမ်းချိန်အထိ ရက်ပေါင်း 20 ကြာသည်။ ဒါကြောင့် သူတို့ အသီးရွက်တွေ ရရင် စခန်းကို အဓိကရောင်းဖို့အတွက် ဖယ်ထားဖို့ လိုသည်။  ပုံမှန် ဝယ်ယူသူများသည် စစ်ဘက်ဆိုင်ရာစားသောက်ဆိုင်ဖြစ်သည်။ ရေရှည်ပူးပေါင်းဆောင်ရွက်မှုဖြင့် အပိုဝင်ငွေရှာရန် အခြားနေရာများကိုရောင်းနိုင်ပေမယ့်  ထိုလူတွေကို ပုံမှန်ရောင်းရဖို့ မျှော်လင့်ချက် အနည်းငယ်သာရှိသည်။

ရာသီဥတုက နေ့ဘက်ဆို ပိုအေးလာခဲ့ပြီး  မြောက်ပြန်လေက ညဘက်မှာ ပိုမို တိုက်ခတ်လာသည်။ သူတို့နေထိုင်သည့်  အထပ်နှစ်ထပ်ရှိ အပူပေးကိရိယာအားလုံးကို အသုံးပြုထားရသည်။ အိမ်ခန်း နံပါတ် 1604 တွင် အပူပေးစနစ်ကိုဖွင့်ထားလို့ နေရတာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

အခြေစိုက်စခန်းအားဖြင့် သစ်သား၊ ကျောက်မီးသွေး၊ အရက်၊ ဓာတ်ငွေ့နှင့် အခြားလောင်စာများ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ အခြေစိုက်စခန်း၏ တရားဝင် လဲလှယ်သည့် ကောင်တာများတွင်ပင်   ဈေးနှုန်းများ တဖြည်းဖြည်း တိုးလာသည်။

ဆောင်းဦးရာသီတွင် Otaku အဖွဲ့သည် စပါးရိုးတံများကို အခြောက်လှန်းထားသည်။ ထိုအရာများသည် အကောင်းဆုံး လောင်စာမဟုတ်သော်လည်း ချက်ပြုတ်ရန်အတွက် မီးစမွှေးဖို့ လုပ်နိုင်သည်။   လော်ရွှင့် နှင့် အဖွဲ့သည် ရာသီဥတု   မအေးမီကပင် ကျောက်မီးသွေး၊ ထင်းစသည့် လောင်စာကို စုဆောင်းဖို့ အခွင့်အရေးရခဲ့သည်။ သူတို့က ချက်ပြုတ်ရန် လျှပ်စစ်မီး ပိုသုံးကြသောကြောင့် ဆောင်းရာသီကို ဖြတ်သန်းရသည်မှာ ပြဿနာမရှိပေ။

"အခုအချိန်အထိတော့ အဖွဲ့ ခုနစ်ဖွဲ့က အသီးရွက်ဝယ်ဖို့ ဆက်သွယ်ထားတယ်။"

လော်ရွှင့် သည် သူ့လက်ထဲတွင် ကမ်းလှမ်းခဲ့သည့် အသင်းများ၏ ကဒ် အမြောက်အများကို ကိုင်ဆောင်ထားပြီး အားလုံးက သူတို့ အဖွဲ့ထံက အစားအသောက်ဝယ်ရန် စိတ်ဝင်စားနေကြ သည့်လူတွေဆီက ဖြစ်သည်။

အဖွဲ့ဝင်အားလုံးက လော်ရွှင့် ကို ဒီအရောင်းဝယ် ကိစ္စကို လုံးဝ အပ်နှင်းထားတယ်ဆိုတာ ရှင်းပါတယ် -  

ယန်ဖေး က နားထောင်ပြီး လော်ရွှင့် ကို တာဝန်ပေးဖို့ ရွေးချယ်ဖို့ ပိုကောင်းမယ်ထင်တယ်။ အသီးအရွက် စိုက်ပျိုးခြင်းက လူတိုင်းကို အမြတ်အစွန်း ရနိုင်သော်လည်း ဘယ်အသင်းက သက်တမ်း မည်မျှကြာမည်ကို မသိနိုင်ပေ။ လော်ရွှင့်က ထိုအဖွဲ့သက်တမ်းကို အခြားသူများထက် ပိုသိနားလည်သည်။

"ဒီမိသားစုနှစ်စုက အမြင့်ဆုံးလေလံဈေးတွေပေးထားရှိတယ်။" လော်ရွှင့် က ဆက်ပြောခဲ့သည်။

 "သူတို့အကြောင်း အရင်က မကြားဖူးပေမယ့် မကြာသေးခင်ကက ခေါင်းဆောင်တွေ ပြောင်းသွားတယ်လို့ ကြားတယ်။ အဲဒါတွေကို ငါတို့ကြားဖူးပေမယ့် ဒီအသင်းတွေက ရေရှည်မှာ အလုပ်မဖြစ်မှာကို စိုးရိမ်ရတယ်..."

လော်ရွှင့်က  သက်ပြင်းချပြီး တခြားသူတွေကို ကြည့်ရင်း ပြောလိုက်သည်။

 "ဒီဈေးတွေက အရမ်းနည်းပြီး သူတို့ရဲ့ သဘောထားကို ကြည့်ပါဦး... လက်အောက်ငယ်သား တစ်ယောက်ကိုပဲ စကားပြောဖို့ လွှတ်လိုက်တာဆိုတော့ ငါ သူတို့ကို ကျော်ချလိုက်မယ်။ နောက်ဆုံးတော့ ဒါတွေက..."

လော်ရွှင့် သည် ရေရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်သည့် နှစ်ခုကို နောက်ဆုံးတွေ့ရှိခဲ့သည်။ သူက ယန်ဖေး နဲ့ ဆွေးနွေးဖို့ လှည့်ပြီး မေးလိုက်သည်။

"မင်းဘယ်လိုထင်လဲ။ ငါတို့ ဘယ်သူ့ကို ရွေးရမှာလဲ"

ယန်ဖေး က ကတ်စုတွေကို ကောက်ကိုင်လိုက်ပြီး လော်ရွှင့် ကို ပြုံးပြပြီး နာမည်တွေကို ကြည့်လိုက်တယ်။
"သူတို့က အစာစားချင်လို့ ဈေးအများတုံးပေးတဲံ နှစ်ယောက်စလုံးကို ဆက်သွယ်လိုက်ပါ။  သူတို့အဖွဲ့ကို တစ်ဝက်လောက်နဲ့ ရောင်းပြီး ကျန်တဲ့ အသီးရွက်တွေကို စခန်းတွေဆီ ပို့ပေးလိုက်မယ်။"

"  ကောင်းသားပဲ!" လော်ရွှင့် က သက်ပြင်းတစ်ချက်ချလိုက်သည်။ စင်္ကြံရှိ အစိမ်းရောင် အရွက်များ သည် နှစ်ရက်အတွင်း ရင့်လာလိမ့်မည် ။

မရိတ်သိမ်းမီပင် ထွက်ရှိမည့် အလေးချိန်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ အဖွဲ့တစ်ဖွဲ့က အားလုံးကို မဝယ်ရင် ကျန်တာကို သူတို့ အသီးရွက်များကို ဝယ်မည့် ဖောက်သည် အမြဲရှိနေမှာဖြစ်သည်။

ရောင်းချဖို့ သူတို့ ဖုန်းကို ခေါ်လိုက်သည်။  လော်ရွှင့် က ရောင်းမယ့် ပမာဏကို သတင်းပို့ပြီးနောက်မှာ အဖွဲ့တစ်ဖွဲ့က လုံလောက်တယ်လို့ ပြောခဲ့ပြီး ကျန်တစ်ဖွဲ့က ဖြစ်နိုင်ရင် ပိုလိုချင်တယ်လို့ ဆိုတယ်။

စွမ်းအားရှင်အသင်းအား ရောင်းချမည့် ဟင်းသီးဟင်းရွက်များကို စင်္ကြံတွင် စိုက်ပျိုးခဲ့သည်။ အခြား အခန်းများတွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ၏ တစ်စိတ်တစ်ပိုင်းကို နေ့စဉ် စားသုံးရန်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းကို အခြေစိုက်စခန်းမှ စားသောက်ခန်းမသို့ ရောင်းချ မည်ဖြစ်သည်။

ကန်တင်းသို့ရောင်းချသော ဟင်းသီးဟင်းရွက်များသည် အများဈေးဖြင့်ယူလျှင် တစ်ပေါင်လျှင် အမြူတေ ၄ လုံးဖြစ်သည်။ သူတို့က 10 ပေါင်ထက် မကျော်လွန်ပါက ဈေးနှုန်းသည် 6  အမြူတေ ဖြစ်လာသည်။ အဖွဲ့နှစ်ဖွဲ့ကိုလည်း ရောင်းချလိုက်သည့်ဈေးက  တစ်ပေါင်ကို ၁၀  အမြူတေရှိတယ်၊ ဒါပေါ့၊ ဒါက ဆောင်းရာသီမှာ အသီးအရွက်တွေရဲ့ ဈေးနှုန်းပဲလေ။ ရာသီဥတု ကောင်းမွန်ပါက ခန့်မှန်းဈေးထက် ထက်ဝက် လျှော့ချနိုင်လိမ့်မည်ဖြစ်သည်။

နောက်တစ်နေ့နံနက်တွင် အိုတာ့ကု အဖွဲ့သည် စပါးရိတ်ရန် စောစောထကာ ဟင်းသီး ဟင်းရွက်များ အားလုံးကို ခူးဆွတ်ထုပ်ပိုးပြီး စားသောက်ရန် အခန်းသို့ ပို့ရန်လုပ်ရသည်။

15 လွှာက သံတံခါးကနေ အပြင်ကို ထွက်လာသောအခါ တုန်တုန်ယင်ယင်ဖြစ်ကုန်ကြသည်။ အပြင်မှာ အရမ်းအေးနေသည်။

"ရာသီဥတုက တိမ်ထူနေတာ၊ နှင်းတွေကျနေတဲ့ပုံပဲ"
သူတို့က မီးခိုးရောင်ကောင်းကင်ကြီးကို လှမ်းကြည့်ကာ တုန်လှုပ်သွားကြသည်။ နှင်းကျမယ့်ရက် အလုပ်သွားရမည့် အလုပ်အကြောင်းစဉ်းစားကာ ရင်လေးသွားကြသည်။

"ပုံကန်ဆို ဆောင်းဦးပေါက်ရာသီ မဟုတ်သေးဘူး အခု ဆောင်းတွင်းဖြစ်သင့်တယ် မဟုတ်လား"

"ဟုတ်တယ်၊ ဆောင်းရာသီက ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက စခဲ့တာ။"

ဝူရှင်း  သည် ဟန်လိ ၏ စကားများကို မျက်စောင်းထိုးကာ လှည့်ကြည့်လိုက်သည်။
 "မင်းမှာ ပြက္ခဒိန်ကို ကြည့်ဖို့ အချိန်ရှိသေးတာလား"

ဟန်လိ က မျက်လုံးလေးမှိတ်တုတ်မှိတ်တုတ်လုပ်ကာ ပြောလိုက်သည်။
 "  ငါ့ဖုန်းထဲက ရက်စွဲကို ကြည့်လိုက်တာလေ"  

လော်ရွှင့် သည် ကုန်ပစ္စည်းများ လွှဲပြောင်းပေးရန် သတ်မှတ်ထားသော နေရာသို့ ကားမောင်းသွားပြီးနောက် အလုပ်ရှိရာ ဆက် သွားခဲ့သည်။ သူတို့နှစ်ယောက် ကားပေါ်က ဆင်းလိုက်သောအခါ လော်ရွှင့် သည် အဝတ်ဖြင့်ဖုံးထားသော အိတ်နှစ်လုံးကို ထုတ်ယူလိုက်သည်- တကယ်တော့ ဒီအင်္ကျီတွေဝတ်ဖို့ မအေးလွန်းတဲ့ နေ့တွေဆိုမလိုပေမယ့်  ဒီနေ့လို ရာသီဥတုဆိုးသည့်ရက်တွင်တော့ ဝတ်ရတော့မည်။

"ဒီမှာ အားလုံးစုံပြီလား? မြန်မြန်သွားရအောင်၊ ဒီနေ့ နှင်း မိုးရွာလိမ်မ့်မယ်။"
ကပ္ပတိန် ကောင်း က သူတို့နှစ်ယောက် လာနေတာကို မြင်ပြီး အားလုံးကို ဘတ်စ်ကားပေါ် မခေါ်ခင် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

" ကပ္ပတိန်....  နှင်းကျရင် ဘာဖြစ်မလဲ။ အလုပ်ရပ်လိုက်မလား?"
စစ်သားတစ်ယောက်က ပါးစပ်က အခိုးအငွေ့တွေကို မှုတ်ထုတ်ကာ မေးလိုက်သည်။

"အထက်လူကြီးတွေက အလုပ်ရပ်ဖို့ မပြောဘူး၊ ငါတို့ အလုပ်ရှုပ်နေရမယ့် သဘောရှိတယ်။ ကံကောင်းထောက်မစွာနဲ့  တံတားပြီးခါနီးမှာ အပြင်ဘက်နံရံတွေပေါ်မှာ အလုပ်လုပ်လို့ရသေးတယ်။"
ကပ္ပတိန် ကောင်း သည် ပခုံးတွန့်ပြကာ   ဆောက်လုပ်ရေးအတွက် လေနှင့်မိုးကို သတ္တိရှိရှိ ရင်ဆိုင်ကာ အလုပ်ဖို့ ပြောလိုက်သည်။

ထိုအရာများကို သူတို့လို စွမ်းအားရှင်များက မဖန်တီးနိုင်ခဲ့ပါက အပူချိန်များကျဆင်းလာသည်နှင့်အမျှ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ တွေးလို့ပင် မရနိုင်ပေ။

သူတို့က လိုရာခရီးသို့ မောင်းသွားကာ မနေ့က လုပ်လက်စ အလုပ်ကို ဆက်လုပ်သည် - သတ္တုကို သန့်စင်လိုက်တိုင်း၊ နံရံသည် ကျုံ့လာပြီး သတ္တုအသစ် ထပ်ထည့်ရန် လိုအပ်သည်။ အစပိုင်းမှာတော့ အသင်းက သိပ်ပြဿနာရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တော့ တံတိုင်းကို ပြန်လည်တည်ဆောက်ရ သလို ဒီအလုပ်က  လုံးဝမလွယ်ဘူး!

အလုပ်စလုပ်ကြပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်ကနေ မိုးနှင်းတွေ ကျလာတယ်။

'မိုးနှင့် နှင်း' ဖြစ်ရသည့် အကြောင်းရင်းမှာ အမှုန်အမွှားများကဲ့သို့ လျင်မြန်စွာ ကျဆင်းလာသော်လည်း နှင်းတွေက အစိုင်အခဲများဖြစ်ပြီး လူများကို အသံမည်ကာ ထိမှန်သောကြောင့် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် အလုပ်လုပ်နေသူတွေက ထုတ်ပြောလာကြသည်။
  "ဒါက ဘယ်လိုမိုးနှင်းတွေကျနေလဲ? သူတို့က ဆန်စေ့နဲ့တူတယ်!"

လော်ရွှင့် သည် ကြည်လင်ကာ ဖောက်ထွင်းမြင်နိုင်သော ဒိုင်းကို ကိုင်ထားပြီး လက်တစ်ဖက်တွင် ထီးတစ်လက်ကို ကိုင်ထားသည်။ ဒါက   ရေစိုခံပြီး နှင်းဒဏ်လည်း ခံနိုင်တယ်။ လေပြင်းမတိုက်သေးသရွေ့ လူနှစ်ယောက်ကို ကာကွယ်နိုင်သည်။

ကပ္ပတိန် ကောင်း ကလည်း လူတွေကို ကားပေါ်ကနေ ထီးတွေယူဖို့ အမြန်ခေါ်လိုက်ပြီး  ခဏအကြာတွင် နံရံပေါ်တွင် ထီးတန်းတစ်ခု ပေါ်လာသည်။

နေ့ခင်းဘက်မှာတော့ ရေခဲစေ့တွေက ပိုကြီးလာပြီး မကြာခင်မှာ နှင်းတွေ ပိုမိုထူထပ်စွာကျလာတယ်။

အခြေစိုက်စခန်းရဲ့ တံတိုင်းပေါ်ကနေ  မတ်တပ်ရပ်ကာကြည့်လိုက်စဉ် စခန်းတစ်ခုလုံး အဖြူရောင် နှင်းပြင်ကြီးကို တွေ့လိုက်ရကာ  မြင်မြင်သမျှ အရာအားလုံးသည် အဖြူရောင်ဖြင့် ဖုံးလွှမ်းသွား  တော့သည်။

တံတားနောက်ဆုံးအပိုင်းကို ပြီးအောင်လုပ်ဖို့ သူတို့အဖွဲ့က တွန်းအားပေးလုပ်ပြီးတဲ့ နောက်မှာတော့ အဖွဲ့သားတွေက ကားပေါ်ပြန်တက်ပြီး စခန်းတွေဆီ ပြန်မောင်းလာကြရတော့တယ်။

သူတို့ အိမ်ပြန်ရောက်သောအခါ၊ ရွှီမိန် သည် အပူပေးစက်ကို မြှင့်လိုက်ပြီး အတွင်းဘက်ရှိ ဟင်းသီးဟင်းရွက်များကို အအေးဒဏ်မခံရစေရန် အပူရှိန်ကို မြှင့်တင်ပေးသည်။ လှေကားထစ် 10 ကျော် တက်လာကတည်းက အနွေးဓါတ်ကို ခံစားလိုက်ရသည်။

"အလျင်စလိုမလုပ်နဲ့!"
လော်ရွှင့် သည် ပါပီ ၏ ခေါင်းနှင့် တိုးခံလိုက်ရသည်။  သူသည် အလွှာများစွာကို ဝတ်ဆင်ထားပြီး အတွန်းခံရပြီးနောက် ပက်လက် လဲကျလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာ ယန်ဖေး သည် သူ့နောက်တွင် ရှိနေခဲ့သည်။

လော်ရွှင့် သည် စိတ်အားထက်သန်လှသော ခွေးကလေး၏ ခေါင်းကို ပုတ်ရင်း ရေရွတ်လိုက်သည်။
"မင်းက အရင်ကထက် ပိုသန်မာလာတယ်။"

ရွှီမိန် က ပြုံးပြီး နှစ်ယောက်လုံးကို အိမ်ထဲသို့ လွှတ်လိုက်သည်။

"အခန်းအားလုံးမှာ အပူချိန်ကို နည်းနည်းမြှင့်ထားတယ်။ အဝတ်အစားလဲပြီး အပူချိန်ကို စစ်ဆေးပေးပါဦး။"

"ကောင်းပြီ၊ အရင်တက်ရအောင်။"

လော်ရွှင့် က သူ့ခွေးလေးကို ဖမ်းဆွဲပြီး သူတို့စုံတွဲနဲ့ အိမ်မွေးတိရစ္ဆာန်က အပေါ်ထပ်ကို တက်သွားတယ်။

ရွှီမိန် နှင့် စုန့်လင်းလင်း တို့က သာမိုမီတာနှင့် ရေပိုက်များကို ချိန်ညှိရန် လုံလောက်သော ဖန်လုံ အိမ်အတွေ့အကြုံရှိနေပြီ။ လေပြင်း မတိုက်တဲ့အတွက် အပေါက်တွေမဖြစ်လို့  ပြဿနာမရှိပါဘူး။

အခန်းများကို စစ်ဆေးပြီးနောက် လော်ရွှင့် က ပြဿနာမရှိဟု ဆိုသည်။ သူက မနက်ခင်း ဟင်းသီးဟင်းရွက်ရောင်းတာကို သတိရပြီး ဒီနေ့ ဝင်ငွေကို ထုတ်ပေးလိုက်တယ်။

ဒါက အပိုငွေဖြစ်ပြီး အသင်းရန်ပုံငွေအတွက် အနည်းငယ်ကို ဖယ်ထားပြီး ကျန်အပိုင်းကို အညီအမျှ ခွဲဝေပေးခဲ့သည်။ လီထယ် နဲ့ အခြားလူများ ပြန်မလာခင်အထိ သူတို့ စောင့်ဆိုင်းနေကြသည်။

နှင်းတွေက ပိုပိုပြင်းထန်လာပြီး စောစောက ပိုမှောင်လာတယ်။ လော်ရွှင့် သည် ဌက်သားပြုတ်ကို အပူပေးရန်အတွက် ပြင်ဆင်နေချိန် သူ့လက်ကိုင်ဖုန်း ရုတ်တရက် မြည်လာသည်။

"ဒါက လီထယ် ရဲ့နံပါတ်ပဲ" လော်ရွှင့် က သူ့လက်ဖက်ရည်ပူပူကို ခွက်ချလိုက်ပြီး "လီထယ်လား?"

"အစ်ကိုလော်လား..."
 လီထယ်အသံက သိပ်မရှင်ပေ။ တစ်ဖက်မှာ  တခြားအသံတွေ အများကြီးရှိပုံရတယ်။

 "ဒီည နှင်းတွေက အရမ်းကြီးနေတယ်၊ ဝမ်သော်လည်း ကျန်းရီ တစ်ယောက်တည်း ထွက်လာမှာကို စိုးရိမ်လို့ ဆေးရုံကို အတူတူသွားကြိုကြမလို့"

"ကောင်းပါပြီ။" လော်ရွှင့် က ယန်ဖေး နဲ့ တခြားသူတွေကို ကြည့်ပြီး ပြောလိုက်သည်။

"လူတိုင်း စွပ်ပြုတ်တွေ မျှဝေပေးဖို့ ငါတို့ စီစဉ်နေတယ်၊ ပြန်လာရင် မင်းတို့ စားနိုင်မယ်ထင်တယ်"

"ကောင်းပါပြီ! ကျန်းရီ ကို ခေါ်ပြီးရင် မကြာခင် ကျွန်တော်တို့ပြန်လာတဲ့အခါ အကို့ကို စာတိုပို့မယ်!"

ချက်ပြုတ်နည်းကို လူတိုင်း သင်ယူဖူးကြသော်လည်း လော်ရွှင့် နှင့် အမျိုးသမီးများကသာ  အရသာအရှိဆုံး အစားအစာများ ချက်တိုင်သည်။ ကျောင်းသားတွေက အစားအသောက်ကောင်းကောင်း လိုချင်ရင် အားလုံး အတူတူစားခွင့်ရတဲ့အချိန်ထိ စောင့်ကြရသည်။

လီထယ် ၏ အသံသည် တက်ကြွစွာနဲ့ အလွန်ကျယ်လောင်စွာ ထွက်လာသဖြင့် ရွှီမိန် ကလှမ်း ပြောလိုက်သည်။

 "ဒါဆို ငါတို့ အရင်ပြင်ထားလိုက်မယ်"

"အတူတူလုပ်ရအောင်။"
 လော်ရွှင့် သည် ထ၍ မီးဖိုခန်းထဲသို့ ဝင်သွားသည် ။ ယန်ဖေး က ထပြီး ရေခဲသေတ္တာထဲက ဌက်တစ်ပိုင်းကို ယူလိုက်တယ်။

ဌက်သား၊ မုန်လာဥ၊ အာလူး၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ခရမ်းသီးခြောက်၊ ပဲ၊ ရွှေဖရုံသီး၊ မှိုနှင့် ဆန်... အိုးကို မီးဖိုပေါ်တွင် ချက်ပြုတ်ပြီးနောက် မိုက်ခရိုဝေ့ဖ်အတွက် ကာထားသော ကွန်တိန်နာတစ်ခုထဲသို့ ထည့်ပါ။ လီထယ် နှင့် အခြားလူများ အိမ်ပြန်ရောက်သည်နှင့်အမျှ မွှေးပျံ့သော အစားသောက် ရနံ့က လေထဲတွင် ပျံ့နှံ့နေသည်။

"အချိန်တန်ရင် ကျွန်တော်တို့ ဟင်းအိုးထဲ ဂေါ်ဖီထုပ်ကို ထည့်လိုက်မယ်" လော်ရွှင့် သည် စားပွဲအလယ်ရှိ အိုးကို ညွှန်ပြသည်။

 "အခု အရင် အဝတ်အစားလဲကြဦး။ ပြီးမှ ထမင်းစားကြမယ်"

"ကောင်းပြီ။"

"အဝတ်လဲရမှာလား? အရင်စားရအောင်!"

"ငါတို့ အေးခဲ သေတော့မယ်လို့ ထင်ခဲ့တာ။ လမ်းတွေက အခု နှင်းတွေ ပိတ်နေပြီး အသုံးမဝင်တော့ဘူး။"

"နှင်းတွေ  ထူနေပြီလား"
လော်ရွှင့် သည် ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်သည်။ သူတို့ အပေါ်ထပ်မှာဆိုတော့ အပြင်မှာ နှင်းဘယ်လောက်ကျနေတယ်ဆိုတာ မပြောနိုင်ဘူး။

"တော်တော်လေးနက်တယ်! ပေါင်ကို ရောက်နေပြီ!" လီထယ် က စားပွဲတွင် ဝင်ထိုင်နေရင်း ပြောလိုက်သည် ။

ဟော်ချန်ခွန်း က အနံ့ခံပြီး ငါးအချို့ကို သူ့တူနဲ့ ညှပ်ယူလိုက်ပြီး ပြောလိုက်သည်။
"မနက်ဖြန် အလုပ်ဆင်းဖို့ မိုးရေခံ ဖိနပ်တွေ ဝတ်မှ အဆင်ပြေလိမ့်မယ်"

လော်ရွှင့် က ခေါင်းခါပြီး ပြောလိုက်သည်။

"တင်းကျပ်တဲ့ ဖိနပ်တွေ ဝတ်ပြီး ဘောင်းဘီအောက်စကို   အထဲမှာ ထည့်ထားလိုက်မယ်။ အပြင်မှာ နှင်းတွေကျနေတဲ့ မိုးရေခံဖိနပ်စီးရင် အအေးဒဏ်ကြောင့် နှင်းကိုက်ခံရနိုင်တယ်။"

အပြင်မှာ နှင်းတွေအကြောင်း လူတိုင်းပြောနေကြချိန်မှာ ကျန်းရီ ရဲ့ တူတွေက ပွက်ပွက်ဆူနေသည့် ဟင်းအိုးထဲက ဟင်းကို ဆက်တိုက်ဆယ်ယူစားကာ အခြားလူတွေ ပြောဆိုနေသည်ကို လျစ်လျူရှုထားသည်။

ကျန်းရီ တတိယအကြိမ် ညှပ်ယူစား ပြီးနောက် စားပွဲပေါ်ရှိလူတိုင်း သူ သိမ်းကျုံးစားနေတာကို သတိပြုမိပြီး သူတို့လည်း ဟင်းရည်ပန်းကန်များကို ကောက်ကိုင်ကာ  ဇွန်းများနှင့် ပန်းကန်များ ရွေ့လျားကုန်သည်။

ထမင်းစားပြီးနောက် အိုးထဲတွင် အစာတစ်ဖတ်ပင် မကျန်တော့ပေ။  စုန့်လင်းလင်း က ပြုံးပြီး ကျေနပ်စွာ ပြောလိုက်သည်။

"အိုး..... အိုးအောက်ခြေမှာ ဘာမှမကျန်တော့လို့  ပန်းကန်ဆေးတဲ့အချိန် အများကြီး သက်သာလိမ့်မယ်"

ဗိုက်ကို ဖွဖွပွတ်ကာ ဇိမ်ခံနေပြီး  ဘယ်သူက မလှုပ်ရှားချင်ကြတော့ပေ။

ရှောင်ရန် သာလျှင် ပါပီ နှင့် စတော်ဘယ်ရီပန်းကန်ကို မျှစားကာ မျက်တောင်ခတ်နေလေသည်။

စတော်ဘယ်ရီပင်များသည် မကြာသေးမီက ရင့်လာခဲ့ပြီး လူတိုင်း၏ဆောင်းရာသီအစားအစာတွင် ဗီတာမင်များ ဖြည့်ပေးနိုင်မယ့်  အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ အခြားအစားအစာများနှင့် နှိုင်းယှဉ်ပါက ရှောင်ရန် နှင့် ခွေးကလေးက  ချိုသောအသီးကို နှစ်သက်ကြသည်။

အရွယ်ရောက်ပြီး သူများပင်လျှင် အသီးအနှံများကို အရင်စားလေ့ရှိကြသော်လည်း ယနေ့... ထမင်းစားပြီးမှသာ  စားချင်ကြသည်။

"မနက်ဖြန်အတွက် ထမင်း ပြင်ရဦးမယ်..."

ဟော်ချန်ခွန်း သည် လောလောဆယ် ဗိုက်ပြည့်နေသော်လည်း  မနက်ဖြန် နေ့လည်စာအတွက် စဉ်းစားနေသေးသည်။

"ပါဝင်ပစ္စည်းတွေရှိသေးတယ်၊ ငါတို့ မင်းတို့အားလုံးအတွက် တစ်အိုးတည်ထားပေးမယ်။"

ရွှီမိန် ရဲ့စကားကိုကြားတော့ လီထယ် က ကျေးဇူးတင်ကြောင်းပြောကာ ပြုံးပြလိုက်သည်။

တကယ်တော့ လော်ရွှင့် နဲ့ ယန်ဖေး တို့ဟာ အဆိုးဆုံးနေ့လည်စာဖြစ်တဲ့ သတု္တ အဖွဲ့ နဲ့ စားခဲ့ရပြီး အိမ်ရောက်တော့ 'ထူးမြတ်တဲ့' ထမင်းကို စားခဲ့တယ်... အရသာက ရှင်းပြနေစရာတောင် မလိုအောင်ပါပဲ။

နောက်နေ့မနက်မှာတော့ လော်ရွှင့် က ကုလားကာကိုဖွင့်လိုက်ပြီး ပြောလိုက်သည်။

"ဖန်ပြတင်းပေါ်မှာ နှင်းခဲတွေ ကပ်နေတယ်!"

အတွင်းနဲ့ အပြင် အပူချိန် ကွာခြားမှုကြောင့် အပြင်ဘက် ပြတင်းတွင် နှင်းပွင့်များကပ်နေသည်။ သူ၏အရင်ဘဝတွင် ဆောင်းရာသီကို သူ မည်သို့ရှင်သန်ခဲ့သည်ကို ပြန်စဉ်းစားနေသည်။

လော်ရွှင့် က လေးလေးနက်နက် ပြန်တွေးကြည့်တော့ သူ့မှာ ဆောင်းရာသီ ကုတ်အင်္ကျီ မရှိဘူး၊ အေးတဲ့ ရာသီဥတုကို တွန်းလှန်ဖို့ သူ့အဝတ်အစားကြားမှာ စာရွက်တွေ စက္ကူတွေ ထည့်ထားခဲ့ရသည် ။ ကံကောင်းထောက်မစွာ၊ သူ မီးမွေးဖို့ ဆန္ဒမရှိခဲ့ဘူး ။ မဟုတ်ရင် မြေအောက်ခန်းတစ်ခုလုံး မီးပွားတွေဖြင့်  လောင်ကျွမ်းသွားလိမ့်မယ်။

"နှင်းတွေက နက်နဲပုံရတယ်။"
ယန်ဖေး သည် အိမ်ဘေးရှိ ခေါင်မိုးကို ကြည့်ကာ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

 "ကြည့်စမ်း၊ အဲဒီ အဆောက်အဦးရဲ့ တစ်ဝက်ကျော်လောက်တောင် နှင်းတွေ ဖုံးလွှမ်းနေတယ်"

"ဟုတ်တယ် ယောက်ျားလေး အရပ်လောက်မြင့်တယ်" လော်ရွှင့် က ရှုံ့မဲ့သွားသည်။
 
အရင်ဆောင်းရာသီတုန်းက အိမ်မှာပဲ နေခဲ့ရတယ်။ အပြင်ထွက်ရင်  နှင်းတွေအရည်ပျော်အောင် စောင့်တယ်၊   မထွက်ခင်မှာ အပေါက်ဝမှာ နှင်းကို ရှင်းဖို့ကြိုးစားရတယ်။ သူက နှင်းထုရဲ့ အမြင့်အတိအကျ ကို မတိုင်းတာနိုင်ပေမယ့် တံခါးပိတ်ထားတဲ့ နေရာထိရောက်တာ သေချာသည်။  နှစ်တိုင်း ဆောင်းရာသီက ပိုကြောက်စရာကောင်းတယ်။

"နေဦး....၊ ဒီနေ့ အလုပ်ရှိသေးလား" လော်ရွှင့် မတ်တပ်ရပ်လိုက်ပြီး ယန်ဖေး ကို ကြည့်လိုက်သည်။

ယန်ဖေး လည်း မျက်ခုံးပင့်လိုက်သည်...အဲဒါက ပြဿနာပဲ။

"လော်ရွှင့် ၊ အိမ်ခေါင်မိုးမှာ နှင်းတွေအရမ်းကျလို့ ပြဿနာရှိမှာလား။"

လီထယ်  လင်မယားနှစ်ယောက် အောက်ထပ်ဆင်းလာသောအခါ မေးလိုက်သည်။

ချစ်သူနှစ်ယောက်တွေက အကြည့်ချင်းဖလှယ်ကြပြီး ယန်ဖေး ကပြောလိုက်သည်။

 "ဒါကိုဖြေရှင်းဖို့ အိမ်ခေါင်မိုးပေါ်က သတ္တုကွက်ကို ငါသုံးလိုက်မယ်"

အမိုးတစ်ခုလုံးကို သတ္တုဖြင့် ဖုံးအုပ်ထားလိုက်သည်။ နှင်းဖယ်ထုတ်ရန်အတွက် သတ္တုကွက်ကိုလည်း သုံးနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ နံရံများပေါ်တွင် ချိတ်ဆွဲထားသော ဆိုလာပြားများပေါ်ရှိ သတ္တုများကို နှင်းများကို ဖယ်ရှားရန်အတွက်လည်း ထိန်းချုပ်နိုင်သည်။

ခေါင်မိုးက တုန်ခါနေပုံရပြီး၊ အနီးနားရှိ အဆောက်အအုံများသည် တစ်ပတ်စာလောက်ရှိသည့် နှင်းများ ပုံလာခဲ့သည်။

လီထယ် နှင့် အခြားသူများသည် ရာသီဥတုဆိုးရွားနေချိန်တွင် အိမ်ကနေ အလုပ်လုပ်ရန်အတွက် သူတို့၏ အထက်လူကြီးများကို ဆက်သွယ်ခဲ့သည်။

နှင်းတွေ ထူထပ်နေတော့ ရုတ်တရတ် ဘယ်သူက ဒီအတွက် မပြင်ဆင်ထားမိဘူး။ စခန်းက တပ်ဖွဲ့တွေတောင် စစ်ဆင်ရေးတွေ ခေတ္တရပ်ခဲ့တယ်။

7:30 မတိုင်ခင်မှာ အထက်လူကြီးထံမှ သတင်းရပြီး ကျောင်းသားငါးယောက်က အလုပ်မသွားရတော့ဘူး။ ကျန်းရီ၊ ယန်ဖေး နှင့် လော်ရွှင့် တို့က သူတို့၏အလုပ်ရှိရာကို ဆက်ဆက်သွားကာ လုပ်ဆောင်ရ မည် ဖြစ်သည်။

ကျန်းရီ သည် ဆေးရုံတွင်အလုပ်လုပ်ပြီး နှင်းကိုက်ပြီး အေးခဲနေသော လူအနည်းငယ်ရှိကာ အနားယူရန် အချိန်မရှိပေ။ ပြီးတော့ တံတိုင်းကြီး... က အခြေစိုက်စခန်းအတွက် အရေးကြီးတဲ့ အလုပ်လို့ ပြောလို့ရပြီး သူတို့ အလုပ်ကို နှောင့်နှေးအောင် မလုပ်နိုင်ပေ။

သို့သော် လူနှစ်ယောက် ကားမောင်းသွားနိုင်ပြီး နှင်းထုကို ဖြည်းညှင်းစွာသာ ဖြတ်သန်းနိုင်ခဲ့သည်။

ကျန်းရီ နဲ့အတူ သူတို့သုံးယောက်ဟာ ခါးမြှုပ်အောင် ထူထပ်တဲ့ နှင်းတွေကို ဖြတ်ကျော်ပြီး သူတို့ရဲ့ ဦးတည်ရာကို လျှောက်သွားခဲ့ကြသည်။

  သူတို့ရောက်တဲ့အခါမှာတော့ ကားက မမောင်းနိုင်တော့လို့  ကပ္ပတိန်  ကောင်း က နံရံကို ခြေလျင်တက်ခိုင်းရတော့တယ်။

" ကပ္ပတိန် ... ကျွန်တော်တို့ အဝေးပြေးလမ်းကို သုံးလို့ရမလား" သတ္တုစွမ်းအားရှင် တစ်ဦးက လက်ကို မြှောက်ကာ မေးသည်။

"  ဒါ ငါ ပြောချင်တာပဲ!" ကပ္ပတိန် ကောင်း ၏ မျက်နှာသည် နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။ "တံတားကို သွားရမယ်!"

ယနေ့အခြေအနေမှာ သူက သူ့ အသင်းကို ဖိအားပေးရန် ကြိုးစားနေသူ တစ်ဦးဖြစ်နေပြီး အထက်အရာရှိ တွေနဲ့ ဆက်ဆံရေး တင်းမာနေသည်။ တစ်စုံတစ်ယောက်သည် သတ္တုအဖွဲ့ကို ဆွဲထုတ်ချင်နေသည်၊ မဟုတ်ပါက နှင်းများထူထပ်သောနေ့တွင် အပြင်ထွက်ကာ လုပ်ရန်  တွန်းအားပေးမည်မဟုတ်ပါ။ ဒါက ခေါင်းဆောင်တွေကြား အပေးအယူလုပ်တားတာ သေချာတယ်။  ဒါပေမယ့် သူ့လူတွေက အအေးဒဏ်ကို အံတုကာ လုပ်နိုင်ပါ့မလား။

မပြီးသေးသော တံတားပေါ်တွင် လမ်းလျှောက်ရသည်မှာ စိတ်ဝင်စားစရာပင်။ သတ္တုသည် ပေါ့ပါးပြီး မြေကြီးစွမ်းအားရှင် များက သူတို့ အပိုင်းကို စတင်လိုက်သောကြောင့် စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှု တစ်ခု ရှိခဲ့သည်။

ကံကောင်းစွာဖြင့်၊ သူတို့အဖွဲ့တွင် သတ္တုစွမ်းအားရှင် များရှိခဲ့သည်။ တံတားပေါ်ရောက်သောအခါတွင် စွမ်းအားရှင်များသည် တည်ငြိမ်မှုကို မစိုးရိမ်ဘဲ နှင်းများကို ဖယ်နေကြသည်။ သတ္တုသည် အနည်းငယ် ချောသော်လည်း အလယ်ဗဟိုကနေ ဖြည်းညှင်းစွာ လျှောက်နေသရွေ့ ပြဿနာမရှိပေ။

"ဒီနေ့ မြေကြီးသမားတွေ အလုပ်မရှိဘူးလား"
 ယန်ဖေး က ကပ္ပတိန် ကောင်း ကို တိုးတိုးေမေးလိုက်သည်။ တံတားမှာ တခြားလူကို မတွေ့ရပေ။

*********-***********

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Donde viven las historias. Descúbrelo ahora