Chapter( 136) - နှင်းများ၏အကူညီ

1.1K 172 1
                                    


Chapter( 136) - နှင်းများ၏အကူညီ



"ဒီလက်နက်က အရမ်းပြင်းတယ်!"

"တစ်ခါတည်းကို ကန်ထွက်လာနိုင်ပြီး  ဖုတ်ကောင်ရဲ့ဦးခေါင်းကို တည့်တည့်ထိုးဖောက်လိုက်တာပဲ။"

"အိုးမိုင်ဂေါ့! ဒီဒူးလေးအသစ်ရဲ့ ထိရောက်မှုက သေနတ်တစ်လက်လောက် နီးပါးပဲ!"

လီထယ် နှင့် အခြားသူတို့က သူတို့၏ အသစ်ပြင်ဆင်ထားသော လက်နက်များကို စမ်းသုံးနေချိန်တွင် ကျန်လူများက ဝိုင်းကြည့်နေသည်။

လော်ရွှင့် ၏အကြံပြုချက်အရ ယန်ဖေးက ဒူးလေးရဲ့ ပြင်းအား၊ ကိုင်ဆောင်ရမယ့် အရွယ်စား။ မြှားတံ အတိုရှည်ကို ညှိလိုက်ကာ တာဝေးရောက်နိုင်အားကို တိုးမြှင့်လိုက်သည်။   မြှားများကို ပိုမိုအဖျက်စွမ်းအားကြီးစေရန် ပြုလုပ်ခဲ့ပေမယ့် အေးခဲနေသည့်း ရာသီဥတုကြောင့် မြှားအများစုထဲတွင် တိုက်စားနိုင်သငည့် မှိုဖျော်ရည်မပါဝင်ခဲ့ပေ။

စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက်၊ မြှားတွေက မှိုဖျော်ရည်မပါပေမယ့်  ပုံမှန် ဖုတ်ကောင်များကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်လာခဲ့သည်။

လော်ရွှင့် သည်   ခြေသံများကြားရပြီး ပြတင်းပေါက်မှ လှမ်းကြည့်သည်။ မြေပြင်ပေါ်ရှိ ဖုတ်ကောင်ရုပ်အလောင်းတချို့ကို မြင်လိုက်ရတော့ သူက ရယ်မောပြီး ပြောလိုက်သည် ။
 "တွေ့လား။ ဒီလို ဖုတ်ကောင်မျိုးက တိုက်ရတာ မခက်ဘူးမဟုတ်လား"

ဟော်ချန်ခွန်း က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး "အာ! အဲ့ဒီအရာက ကြောက်စရာပဲ!"

 အခု သူတို့ ဖုန်ကောင်အုပ်ကြီး ဝိုင်းရံခံနေရတာ မဟုတ်ပေ။  အေးခဲနေသောအပူချိန်ဖြင့် တုန့်နှေးနေသည့် ဖုတ်ကောင်များကို တိုက်ရတာ တကယ်စိတ်ချမ်းသာဖို့ကောင်းလှသည်။   အကယ်၍သာ နွေရာသီဖြစ်လျှင် ထိုဖုတ်ကောင်များသည် တိုက်ပွဲနှင့်ခပ်ဝေးဝေးမှ ကျောက်တုံးကြီးများ၊ အုတ်ခဲများ၊ ဖြင့်  ပစ်ပေါက်ကြလိမ့်မည်။  အဝေးမှ အုတ်ခဲတွေက အရှိန်ပြင်းပြင်းနဲ့ နံရံကို မှန်လာခြင်းကာ လူတွေကို ခြောက်လှန့်ဖို့ လုံလောက်နေပြီ။

ဖုန်ကောင်များက လူသားများဝင်နေသည့် သတ္တု 'ဥ' ဟာ ကိုင်တွယ်ရမလွယ်မှန်း သိလာပြီးနောက်   သူတို့က   ငုံ့ကာ အနီးနားရှိ အရာဝတ္ထုများကို ကောက်ယူကာ ပြင်းထန်စွာ လှမ်းပစ်တော့သည်။
 
အများစုမှာ နှင်းခဲတွေနဲ့ ပစ်တာ ဖြစ်ပြီး တစ်ခါတစ်ရံတွင် နှင်းထဲတွင် အုတ်ခဲများ၊ သစ်သားပုပ်များကဲ့သို့သော အရာများပါဝင်သည်။  

  လော်ရွှင့် က လူတိုင်းကို နောက်ဆုတ်ခိုင်းလိုက်ကာ  ယန်ဖေး သည် ပြတင်းပေါက်ရှေ့တွင် သတ္တုကိုယ်ထည် တစ်ခုကို စိုက်ထူလိုက်သည်။ ဖုတ်ကောင်များ၏အော်ဟစ်သံများကို နားထောင်ရင်း အပြင်ဘက်နံရံသည် ချောမွေ့ကာ မာကျောပြီး ပြုပြင်စရာ မလိုတော့သည့်အတွက် အားလုံးက ရင်ထဲကနေ တိတ်တဆိတ် ကျေးဇူးတင်သွားကြသည်။ ဖုတ်ကောင်တွေ ပစ်သည့် ကျောက်တုံးဒဏ်ကို သူတို့ ခံနေရရင်တောင် ဖုတ်ကောင်တွေက အနှေးနဲ့ အမြန် ထောင်ချောက်ထဲကို လျှောကျပြီး မှိုဖျော်ရည်ကြောင့် ပုပ်သွားလိမ့်မယ်။

"မင်းမှာ သူတို့ကိုသတ်ဖို့ နည်းလမ်းရှိလား"
 ရွှီမိန် က အပြင်ဘက်မှ ဖုတ်ကောင် အော်ဟစ်သံကို နားထောင်ရင်း အနည်းငယ် စိတ်ပူသွားသည်။

လော်ရွှင့် က ပြုံးပြီး "စိတ်မပူပါနဲ့၊ သူတို့ကို လွှတ်ပေးလိုက်ပါ"

တစ်ဖက်သားရဲ့ အံ့အားသင့်နေတဲ့အမူအရာတွေကို မြင်လိုက်ရတော့ လော်ရွှင့် က    ပြောလိုက်သည်။
"သူတို့ ပတ်ဝန်းကျင်က အမှိုက်တွေအားလုံးကို ငါတို့ဆီ ပစ်ချပြီးရင် ဘာဖြစ်နိုင်မလဲ"

အဖွဲ့သားများက သူ့ကို စိတ် ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ရုတ်တရက် ယန်ဖေး က ရယ်ပြီး ပိတ်ထားတဲ့ ပြတင်းပေါက်ဘက်ကို လှည့်လိုက်သည်။

 "ဖုတ်ကောင်တွေ ပိုများလာလေလေ ငါတို့ အမြူတေကို ပိုစုဆောင်းနိင်လေပဲ။"

"အိုး?" ကျန်တဲ့သူတွေက သူတို့ရဲ့ အဓိပ္ပါယ်ကို နားမလည်ကြဘူး။

ကျန်းရီ က မျက်လုံးပြူးပြီး ဝမ်သော် ရဲ့နောက်စေ့ကို ပုတ်လိုက်သည်။
   "ဖုတ်ကောင်တွေကို အဝေးကနေ ပစ်ချလိုက်ပါ။"

ဖုတ်ကောင်များသည် ဉာဏ်ရည်မမီသော်လည်း အဆင့်မြင့်လာသောအခါတွင် သူတို့၏ အားသာချက်များနှင့် စွမ်းရည်များကို ကောင်းစွာသိ လာကြသည်။ ဥပမာအားဖြင့်၊ သူတို့တွင် စွမ်းအား မရှိပါက၊ သူသည် ပစ်မှတ်ကို အမီလိုက်ရန် သို့မဟုတ် 'အစားအစာ' ကိုဖမ်းရန် အတားအဆီးများကို ဖျက်ဆီးရန် နည်းလမ်းရှာလိမ့်မည်။

ဒါပေမယ့် အဆင့် 2 အထက်ရှိတဲ့ ဖုတ်ကောင်တစ်ယောက်က သူတို့ရဲ့ စွမ်းအားတွေကို တိုက်ခိုက်ဖို့ အသုံးပြုလိမ့်မည်။  ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းသည့် ဖုတ်ကောင်များသည် သူတို့ ရည်မှန်းချက်ကို အောင်မြင်ဖို့ သူတို့၏ စွမ်းအားများကို အသုံးပြုမယ့်  နည်းလမ်းကို သေချာပေါက် ရှာတွေ့မည်ဖြစ်သည်။ ဖုတ်ကောင်များက အဝေးတွင် ရပ်နေပြီး ပစ်ခတ်မှုများ ရှိနေသည်။ အချို့သော ဖုတ်ကောင်များသည် စွန်ရဲကဲ့သို့ ပျံသန်းကာ သူတို့နေသည့် နေရာပေါ်ကို လျှောကျမည့်နည်းကို သင်ယူခဲ့ကြသည်၊ သူတို့၏ ပစ်မှတ်များသည် လူသားများဖြစ်သည်။

အိုတာ့ခုအဖွဲ့သည် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ထွက်လာတိုင်း စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်သူများသည် ထောင်ချောက်များနှင့် မီးထဲသို့ တည့်တည့်ဝင်သွားသည့် ဖုတ်ကောင်များ မဟုတ်ပဲ   ဖုတ်ကောင်များကို မီးရှို့ရန်အတွက် ထောင်ချောက်များကို မီးတောက်ဖြင့် ပစ်လိုက်သည်နှင့် မီးစွမ်းအား ဖုတ်ကောင်က   မီးတောက်များကို ဖြတ်ကျော်ကာ သူတို့ရှိနေသည့်နေရာကို ရောက်ရန် ကြိုးစားခြင်းဖြစ်သည်။

အော်ဟစ်သံနှင့်အတူ အခြားဖုတ်ကောင်များသည် အမိုးခုံးကိုထိကန်ကာ သူ၏ပါးစပ်မှ မီးတောက်များကို မှုတ်ထုတ်ရင်း ထောင်ချောက်ထဲသို့ လျှောကျသွားသည်။ ကံကောင်းစွာနဲ့ ယခုအသုတ် ဖုတ်ကောင် အားလုံး ထောင်ချောက်ထဲကျပြီး တာဝန်ပြီးဆုံးသွားပြီ!  

ယန်ဖေး သည် ခဏအကြာတွင် သတ္တုအမိုးကို အားဖြည့်ပြီး ပြုပြင်လိုက်သည်။ စုန့်လင်းလင်း သည် မှိုဖျော်ရည်ကို ထိန်းချုပ်ပြီး ဖုတ်ကောင်များ ဆွေးမြည့်စေရန် တိုက်စားနေချိန်တွင် မီးခိုးများ ပေါက်ထွက်ကာ ထောင်ချောက်များထဲသို့ ဆက်လက်ကျဲကျသွားခဲ့သည်။

ဖုတ်ကောင်ကြီးများသည် အရာဝတ္ထုများကို အိုတာ့ခု အဖွဲ့ဆီသို့ မမောမပန်း လွှင့်ပစ်နေကြသည်။ လော်ရွှင့် သည် ထောင်ချောက်များထဲတွင် အမှိုက်များ ပြည့်နေမည်ကို စိုးရိမ်နေသည်။ ရွှီမိန် သည် အမြင့် သုံးမီတာရှိ  သူတို့ ပတ်လည်ရှိ နှင်းအားလုံးကို အရည်ပျော်စေရန် သူမ၏ မီးတောက်များကို အဝေးကနေ လှမ်းပစ်လိုက်သည်။    ရှောင်ရန် သည် အမှိုက်အတုံးများကို သဲအဖြစ် ပြောင်းလဲပစ်လိုက်သည်။

စွမ်းအားများ အဆင့်သုံးအထိ တိုးလာပြီးနောက်၊ သူတို့၏ ခံနိုင်ရည်နှင့် တိုက်ခိုက်နိုင်စွမ်းက ပိုမြင့်မားလာသည်။

ပတ်ဝန်းကျင်က အမှိုက်တွေ ရှင်းသွားတဲ့အခါ ကျန်သည့် ဖုတ်ကောင်များကို သူတို့ ဖမ်းလိုက်ကြသည်။

ညအချိန်ကို ဖြတ်သန်းပြီးနောက်တွင် ဖုတ်ကောင်များကို ထပ်မံ မီးရှို့ရပြန်သည်။ အနီရောင် မီးတောက်ကြီးက သူတို့ အိုတာ့ခု အဖွဲ့၏ ယာယီခြေရင်းတစ်ဝိုက်တွင် ကခုန်နေသည်။ ကျန်းရီ သည် သူတို့ စခန်းဧရိယာအား လေဝင်လေထွက်ကောင်းစေရန်နှင့် အပြင်ဘက်တွင် မီးမလောင်စေရန် အောက်ဆီဂျင်ကို ထောက်ပံ့ပေးနေခဲ့သည်။

အပြင်ဘက်မှ ရံဖန်ရံခါ ဖုတ်ကောင်များထံက ထွက်လာသော အသံများကို ကြားနေရစဉ်  လော်ရွှင့် နှင့် အဖွဲ့သည် နေ့လယ်စာပြင်ဆင်ရန် ပါဝင်ပစ္စည်းများကို ထုတ်ရင်း စကားပြောရင်း ရယ်မောနေသည်။

"အခု  စခန်းက အပြင်ထွက်တဲ့ လူအရေအတွက်ကို ကန့်သတ်မထားသေးဘူးဆိုတော့ ငါတို့ ဖုတ်ကောင် အမဲလိုက်ဖို့ မကြာမကြာ ထွက်သင့်တယ်  "
 လော်ရွှင့် က ကျန်းရီ နဲ့ ရွှီမိန် ကို ပြောလိုက်တယ်။

လီထယ် နှင့် အခြားသူများသည်  ် အလုပ်သွားရန် လိုအပ်ပြီး   တစ်လလျှင် တစ်ကြိမ်သာ ထွက်လာနိုင်သည်။

ယနေ့ခေတ်အခြေအနေအရ - ဖုတ်ကောင်များ အနည်းငယ်ကျဆင်းခြင်းသည် ထွက်လာသည့် လူအရေအတွက်ကို လျော့ကျသွားစေခဲ့သည်။ အဖွဲ့က အမြူတေ သုံးစွဲမှုကို လုံလောက်စေဖို့ လူတိုင်း နောက်ထပ်အကြိမ်အနည်းငယ် ထွက်လာဖို့ လိုအပ်မည်ဖြစ်သည်။

"ငါတော့ ပြဿနာမရှိဘူး။" ကျန်းရီ သည် မျက်ခုံးပင့်ကာ နောက်ထပ် ခရီးများထွက်ရန် မကန့်ကွက်ပေ။

ရွှီမိန် နှင့် စုန့်လင်းလင်း က ခေါင်းညိတ်ပြီး "ကျွန်မတို့လည်း ကိစ္စမရှိပါဘူး၊ ဒါပေမယ့်... ကျွန်မတို့ လစဉ် ရက်အနည်းငယ် အနားယူဖို့ လိုလိမ့်မယ်..."

ထိုစကားများပြောနေစဉ် အမျိုးသမီးနှစ်ယောက်၏ မျက်နှာများသည် နီမြန်းနေပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ ကျန်းရီ က လက်ကို ဝှေ့ယမ်းရင်း လော်ရွှင့် က ဘယ်လိုမှ အမူယာမပြောင်းပေ။
  "နေ့တိုင်း အပြင်ထွက်စရာမလိုဘူး၊  အပြင်မထွက်တဲ့ရက် အိမ်မှာပဲနေပြီး ဟင်းသီးဟင်းရွက်စိုက်လို့ ရတယ်။"

လော်ရွှင့် က  ရယ်မောလိုက်ပြီး "ကိစ္စမရှိပါဘူး၊ လကုန်မှ ခါတိုင်းလို ခရီးတွေအပြင်၊ သိပ်အများကြီးမဟုတ်ပဲ နောက်ထပ်တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ ထွက်ဖြစ်ရုံပါ"

အမျိုးသမီးများ လစဉ် ကရုစိုက်ရမယ့် ရာသီစက်ဝန်း အချိန်လည်း ရှိသေးသည်။ ရာသီလာနေချိန်တွင်    သူတို့က ဖုတ်ကောင်များကို ဆွဲဆောင်တဲ့ ပစ်မှတ်များ ဖြစ်လာနိုင်သည်။  ဖုတ်ကောင်၏နှာခေါင်းကို လျှော့မတွက်နဲ့၊ အမျိုးသမီးတစ်ဦးသည် ဓမ္မတာလာချိန်တွင် စခန်းအပြင်ဘက်တွင် ရှိနေပါက၊   ဖုတ်ကောင်များလည်း ရှိနေမည်ဖြစ်သည်။

နံနက်ပိုင်းအထိ သူတို့ ရှို့ထားသည့် ထောင်ချောက်ထဲက မီးတောက်လောင်နေဆဲဖြစ်သည်။ အနားရှိ အရပ် ၃ မီတာရှိသော ဖုတ်ကောင်များသည် ပုံမှန်အရွယ်အစားရှိသည့် ဖုတ်ကောင်များကို  ဖြတ်ကျော် သွားခဲ့သည်။

ကြီးမားကျယ်ပြန့်သော ရေခဲနှင့် နှင်းထုထဲ မြှုပ်ထားသည့် သတ္တုဒိုင်းသည် ဖုတ်ကောင်များကို ရင်ဆိုင်ပြီးနောက် ကြံ့ခိုင်မှု ပိုလာသည်။

လော်ရွှင့် သည် တံခါးဝတွင် ရပ်ကာ အဝေးက တစ်စုံတစ်ခုကို ကြည့်နေစဉ်တွင် အိုတာ့ခု အဖွဲ့သည်  အမြူတေကို စတင်စုဆောင်းခဲ့သည်။

ယန်ဖေးသည် နံရံများနှင့် ထောင်ချောက်များကို ထိန်းချုပ်ပြီးနောက် ဖြတ်လျှောက်သွားခဲ့သည်။ "ဘာဖြစ်လို့လဲ?"

"ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အဖြေရှာဖို့ ကြိုးစားနေတာ..."

 လော်ရွှင့် သည် မြေပြင်ပေါ်ရှိ နှင်းများကို အပြန်ပြန်အလှန်လှန်ကြည့်ရင်း စဉ်းစားနေမိသည်။

"ကျန်းရီ လာပြီးတော့ နှင်းတွေကို မှုတ်ထုတ်ခိုင်းလိုက်ပါလား။" ယန်ဖေး က သူ့စိတ်ကူးကို ပြောပြလိုက်သည်။

"အင်း... လိုချင်တဲ့ ရလဒ်ရလောက်ပါရဲ့!"

 လော်ရွှင့် သည် စုန့်လင်းလင်း ကို ခေါ်လိုက်သည်။

"ရေစက်လေးတွေ ဘယ်လောက်သေးသေးလေး လုပ်လို့ရလဲ"

"ရေစက်သေးသေးလား?"

 စုန့်လင်းလင်း သည် သာမာန်အရွယ်အစား အစက်အပြောက်တစ်ခုပြုလုပ်ရန် လက်ချောင်းကို မြှောက်ထားစဉ် သူမ၏ခေါင်းထက်တွင် မေးခွန်းအမှတ်အသားတစ်ခုရှိနေသလိုပင်။

"ပိုသေးလိုက်ဦး...၊ ဖြစ်နိုင်ရင် နှင်းပွင့်အရွယ်လောက် သေးစေချင်တယ်!"

စုန့်လင်းလင်း သည် ရေမြှားများ၏ အမြန်နှုန်းကို မြှင့်တင်ရန် လေ့ကျင့်ခဲ့သော်လည်း သေးငယ်သော အမှုန်အမွှားများကို ပြုလုပ်ရန် မကြိုးစားခဲ့ဖူးပေ။

စမ်းသပ်ပြီးနောက် စုန့်လင်းလင်း သည် အမှုန်အမွှားလေးများ ဖန်တီးနိုင်သော်လည်း သူတို့က နှင်းပွင့်များမဟုတ်ဘဲ အစေ့အဆန်များအဖြစ် အေးခဲသွားသည်။ အက်ကွဲကြောင်းများနှင့် ပုံမမှန်သော ပုံသဏ္ဍာန်များလည်း ရှိသော်လည်း သူမ ဖန်တီးထားသည့် ရေခဲစက်လေးများသည် နှင်းပွင့်များနှင့် အတော်လေးကို ကွာခြားနေသေးသည်။    သူတို့က ကျန်းရီကို နှင်းတွေပေါ်မှာ လေ မှုတ်ထုတ်ခိုင်းခဲ့သည်။

နေရာကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးသည်နှင့် လူတိုင်းသည် သူတို့၏ပစ္စည်းများကို စွတ်ဖားထဲသို့ ထည့်ကြသည်။ စုန့်လင်းလင်း သည် ရေခဲစေ့အချို့ကို ပြုလုပ်ခဲ့ပြီး ကျန်းရီ ၏အကူအညီဖြင့် သူတို့၏ အခြေစိုက်စခန်းရာနေရာကို ခြေရာလက်ရာမကျန်အောင် ဖုံးအုပ်ခဲ့သည်။ သူကလည်း နှင်းတစ်ချို့ကို လေဖြင့် မှုတ်ပြီး အညီအမျှ ဖြန့်လိုက်သေးသည်။

"အဟမ်း၊ ခြားနားချက်ကို အနီးကပ်ကြည့်ရင် မြင်နေရေးပေမယ့် အဝေးကကြည့်ရင် တကယ့်နှင်းတွေလိုပါပဲ။"

 ရွှီမိန် က ငုံ့ကြည့်လိုက်ပြီး ရေခဲစေ့တွေနဲ့ နှင်းတွေကြားကို ကြည့်လိုက်တယ်။ သေးငယ်သော အရာများ ဖြစ်သောကြောင့် သူတို့က တကယ့်နှင်းတွေလိုဖြစ်နေသည်။

စုန့်လင်းလင်း သည် သူမ၏ လက်သီးကို ဆုပ်ထားသည်။
"ကျွန်မ ပိုကြိုးစားပါ့မယ်! တကယ့်အစစ်နဲ့ မတူရင်တောင်  နှင်းပွင့်လေးတွေနီးပါးဖြစ်အောင်  ဖန်တီးပေးပါ့မယ်။"

ပြဿနာက သူမ ဒီလိုလုပ်နိုင်ရင်တောင် ဆောင်းရာသီမှာ အပေါ်က ဖုံးအုပ်ရုံကလွဲပြီး ဒါက အသုံးမဝင်ဘူး။ တကယ်လို့ မိုးသာရွာချခဲ့ရင် သူတို့ ဖုံးထားသမျှ အလကားဖြစ်ကုန်လိမ့်မယ်။

သူတို့က သူတို့၏ အိမ်လုပ် လျှပ်စစ် စွပ်ဖား ကားပေါ်သို့ ပြန်တက်ကာ အေးခဲနေသော ရှုခင်းကို ဖြတ်ကျော်ခဲ့ကြသည်။

သူတို့ကားတွေဝှက်ထားတဲ့နေရာကို ပြန်ရောက်တော့ မှောင်နေပြီ။

အပေါ်မှနှင်းများကို သန့်စင်ပြီးနောက် ယန်ဖေး သည် ကားများကို မူလအခြေအနေသို့ ပြန်ပြောင်းပေးခဲ့သည်။ အားလုံးက စွတ်ဖားကို ကားထဲသို့ ပြန်ထည့်လိုက်ကြသည်။ ည ၁၀ နာရီမှာ စခန်းတံခါးကို ရောက်လာကြတယ်။

သူတို့က အဆင့် ၁  အမြူတေ ၂၀၀ ကို ပေးအပ်ပြီး ရေခဲနှင့် နှင်းများပေါ်တွင် အခက်အခဲ အနည်းငယ်ဖြင့် ကားကို မောင်းနှင်ခဲ့သည်။ အားလုံး ၁၅ ထပ်ကို ရောက်တဲ့အခါ ဆယ့်တစ်နာရီကျော်နေပြီ။

"ကိုယ့်ဝေစုကို လာယူကြ... ကျန်တာကို အဖွဲ့ရဲ့ဘုံထဲမှာ ထည့်ထားမယ်။"

 လော်ရွှင့် သည် သူ၏ဝေစုကို ဆုပ်ကိုင်လိုက်ပြီး ယန်ဖေး ပေါ်တွင် မှီတွဲကာ  16 ထပ်သို့ ဖြည်းညှင်းစွာ တက်လာသည်။

"ဒီနေ့ အရမ်းအေးတယ်..."

အပြင်မှာ အပူချိန်က တဖြည်းဖြည်း ကျလာတယ်။ အများကြီးကျတာ မဟုတ်ပေမယ့် အရိုးတွေထဲထိ အေးစိမ့်ကာ  တုန်နေတယ်။ ဒါပေမယ့် ဒီနေ့ ပြန်ရောက်တော့ ပိုအေးလာတယ်။ သူတို့ ပြန်လာချိန်မှာ အအေးဓာတ်က ဆောင်းထားတဲ့ ဦးထုပ်နဲ့ မျက်နှာဖုံးတွေ ဖြတ်သွားသလိုပင်။ သူတို့  မွမ်းမံထားသော စွတ်ဖားများတွင် အပူပေး မထားပါက၊ အပြန်လမ်းတွင် အေးခဲသွားပေလိမ့်မည်။

"အိမ်ပြန်ပြီး ရေနွေးနဲ့အရင်ချိုးလိုက်ဦး"
 ယန်ဖေး က လော်ရွှင့် ကို အပေါ်ထပ်တက်ပြီး ပွေ့ခေါ်လာခဲ့သည်။

"အင်း နောက်တစ်ခါ အပြင်ထွက်ရင် လျှပ်စစ်မီးအတွက် ကားကို ပြုပြင်ပြီး ရေချွေတာမယ်"

စင်္ကြံတွင်းရှိ အပူချိန်သည် ကောင်းကင်ဘုံ၌ ရှိနေသကဲ့သို့ပင်။ လော်ရွှင့် က  အိမ်တွင် နွေးထွေးပြီး သက်တောင့်သက်သာရှိသော ရေပူနဲ့ ရေချိုးရန် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

ယန်ဖေး တံခါးဖွင့်ပြီးနောက် လော်ရွှင့် သည် ရေအပူပေးရန်အတွက် ရေချိုးခန်းဆီသို့ ပြေးသွားသော်လည်း တောက်ပသောမျက်လုံးများဖြင့် 'မကောင်းဆိုးဝါး' ထံမှ  တည့်တည့် ခုန်တက်ခြင်း ခံခဲ့ရသည်...

"အိုး၊ ခွေးကလေး တံခါးကနေ ဖယ်စမ်း!"

ပါပီက သူ့ကို လျှာနှင့် လျက်နေစဉ်  လော်ရွှင့် က ညည်းတွားရင်း အိမ်ထဲမှာ ခွေးတစ်ကောင်ရှိတယ်ဆိုတာ ဘယ်လိုမေ့သွားမိသလဲလို့တွေးနေသည်။

  ယန်ဖေး က  စိတ်လှုပ်ရှားနေသော ပါပီ ကို လော်ရွှင့်ကိုယ်ပေါ်မှ  ဆွဲထုတ်လိုက်သည်။

ခွေးကို အထဲကို ဆွဲထုတ်ပြီး ဘေးကို တွန်းချပြီးနောက် လော်ရွှင့် သည် ရေချိုးခန်းထဲသို့ အပြေးအလွှားသွားရန် အခွင့်အရေးရခဲ့သည်။

အိမ်မှာ အားလုံးက ပုံမှန်ပါပဲ၊ တချို့ ငုံးလေးတွေက အပြင်မှာ ပေါက်နေတယ်။ ယန်ဖေးသည် ဧည့်ခန်းသို့ မပြန်မီ သူတို့၏ အမြူတေများကို စစ်ဆေးရန် အမြန်အကြည့်လိုက်သည်။

"ဒီအချိန်က အများကြီးမရှိတော့ဘူး"
လော်ရွှင့် သည် သူ၏ အင်္ကျီကို ချွတ်လိုက်ပြီး သူ့အိပ်ယာသို့ အမြန်တက်လိုက်သည်။

ရေတွက်ပြီးသောအခါတွင် လူတိုင်းသည် အမြူတေ ၁၀၀၀ ဝန်းကျင်သာ ရခဲ့သည်။ ဟုတ်တာပေါ့....   အဆင့် နှစ် သို့မဟုတ် သုံးခု  အမြူတေ ပိုရှိခဲ့တယ်။ ပြီးခဲ့သော အကြိမ်ကထက် ပိုရခဲ့သည်။
 

"ဟုတ်တယ်၊ ဒါပေမယ့် ငါတို့က ကပ္ပတိန်ဝမ် ကို ဆက်သွယ်ပြီး နောက်ထပ် သတ္တု အမြူတေတွေကို လဲလှယ်လို့ရတယ်။"
ယန်ဖေး သည် သတ္တုဖုတ်ကောင် အရေအတွက် အလွန်နည်းနေသေးကြောင်း ရေတွက်ပြီး အတည်ပြုခဲ့သည်။

"ဟုတ်တယ်၊ ဒါပေမယ့် မနက်ဖြန်အထိ စောင့်ရအောင်။"
လော်ရွှင့် သည် သူ့လက်ချောင်းများကို ပွတ်သပ်ကာ သားရေလက်အိတ်များနှင့် ချည်သား လက်အိပ်များကို ဝတ်ဆင်ထားသော်လည်း သူ၏လက်ချောင်းများမှာ အေးခဲနေဆဲဖြစ်သည်။

ယန်ဖေး သူ့ဘေးမှာထိုင်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်ပေးနေသည်။ ခွေးကလေးသည် ဆိုဖာပေါ်သို့ ပြေးတက်ကာ လော်ရွှင့် ၏ လက်နှစ်ဖက်ထဲသို့ ခေါင်းတိုးကာ သူမခေါင်းကို ပုတ်ခိုင်းနေသည်။

"ငါ မင်းကို ပစ်ထားခဲ့မိတယ်။"
 လော်ရွှင့် သည် ခွေးကလေး၏ခေါင်းကိုပွတ်တိုက်ပြီးနောက် စိတ်ကောင်းဝင်စွာ ပြောလိုက်သည်။  နှစ်ယောက်သား ဒီနေ့ နောက်က်ကျပြီး ပြန်ရောက်ချိန်အထိ ပါပီ က အိမ်မှာ စောင့်နေခဲ့တယ်။

အိမ်မှာ ရေပူရပြီးတဲ့အခါ ယန်ဖေး ဟာ လော်ရွှင့် နဲ့ ချစ်စရာကောင်းတဲ့ ရေချိုးနည်းကို စတင်တော့သည်။ နောက်ဆုံးမှာတော့ ကြမ်းပြင်ပေါ်မှာ ခြောက်သွေ့တဲ့နေရာ တစ်နေရာမှ မကျန်တော့ဘူး။ နေရာတိုင်း ရေချိုးခန်းထဲ ချစ်တမ်းကစားခဲ့သည့် လင်လင်နှစ်ယောက်ကြောင့် ရေတွေ စိုကုန်သည်။ ရေချိုးရင်း   အလုပ်ကြိုးစားသော လင်မယားနှစ်ယောက်သည် အပေါ်ထပ်သို့ ပြန်တက်ကာ ကုတင်ပေါ်တွင် အရုပ်ကျိုးပြတ်လှဲကာ အိပ်ပျော်သွားကြသည်။

နောက်နေ့မနက်စောစောမှာ လူတိုင်း အိပ်ယာထနောက်ကျတယ်ဆိုတာ သံသယဖြစ်စရာ မရှိပေ။  လီထယ် နဲ့ တခြားသူတွေက နှာစေးတာတွေတောင် ဖြစ်တာကြောင့် ရွှီမိန် က ပူပူနွေးနွေး ဌက်စွပ်ပြုတ်အိုးကို ချက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂေါ်ဖီထုပ်များ မကြာသေးမီက စိုက်ပျိုးထားသော်လည်း အစေ့အဆန်များ ကုန်သွားပြီ။ .. အိမ်တွင် ခေါက်ဆွဲအချို့ရှိသော်လည်း အစေ့အဆန်များ မျိုးပြောင်းသွားပြီးနောက်    အခြေစိုက်စခန်းကနေ သူတို့  ဘာမှ မဝယ်ခဲ့ပေ။  သူတို့စားဖို့ ခေါက်ဆွဲတချို့ကို ကိုယ်တိုင်လုပ်လို့ရတယ်။

"အဆင်ပြေပါတယ်၊ အအေးမိတဲ့ ရောဂါမဟုတ်ဘူး"
 ကျန်းရီ သည် ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သော်လည်း ထိုသို့ အရာကို စမ်းသပ်စစ်ဆေးနိုင်ပါသေးတယ်။

လီထယ် က မကူးစက်နိုင်ဘူးလို့ ထင်ရပေမယ့် မျက်နှာဖုံးတပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကူးခဲ့မယ်ဆိုရင် အထူးသဖြင့် အိမ်မှာ ကလေးနဲ့ ဆိုတော့ သတိထားတာ  ပိုကောင်းပါတယ်။

ရွှီမိန် နှင့် စုန့်လင်းလင်း တို့က ငုံးဥကြော်နှင့် ခရမ်းချဉ်သီးနှင့် ခရမ်းချဉ်သီးမီးဖုတ်ထောင်းလို  အခြားဟင်းလျာအချို့ကို ပြုလုပ်နေစဉ် တစ်နာရီကြာ ချက်ထားသည့် စွပ်ပြုတ်ပူပူနွေးနွေးကို ပြင်ပေးခဲ့သည်။

ယေဘူယျအားဖြင့်ပြောရလျှင် Otaku အဖွဲ့သည် တစ်ခါတလေ စုစားလေ့ရှိသည်။ ယနေ့သည်လည်း စုစားကြသည်။

စားသောက်နေစဉ် လူတိုင်း စကားစမြည်ပြောကြသည်။ လော်ရွှင့် က ကျန်းရီ ကို ပြောလိုက်သည်။

 "မင်း အပြင်ထွက်ချင်ရင် ခဏလောက်စောင့်တာ အကောင်းဆုံးပဲ၊ မကြာခင်မှာ အခြေစိုက်စခန်းက သူတို့ရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲမလားဆိုတဲ့အပေါ်မှာ မူတည်တယ်"

"ခဏစောင့်ပါ။၊ ပြီးရင် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး အလုပ်ကြိုးစားရတော့မယ်" ယန်ဖေး က အကြံပေးသည်။

နှင်းမကျခင် အပြင်ထွက်တာ အကောင်းဆုံးဖြစ်ပေမဲ့ အခြေအနေက ခက်ခဲနေတယ်။

အသင်းအနည်းငယ်သာ ရံဖန်ရံခါ ထွက်သွားသော်လည်း သူတို့ချစ်ခင်သူများကို ရှာဖွေနေသူများ သို့မဟုတ် အချိန်တိုအတွင်း ပြန်လာရန်အဆင်သင့်မဖြစ်သူများကလွဲရင် အခြေစိုက်စခန်းကနေ ခွာဖို့ ဘယ်သူမှ ဆန္ဒမရှိပေ။ အဓမ္မထွက်ခွာခိုင်းသူများကို စခန်းသို့ပြန်မဝင်မီ 'ဝင်ကြေး' တောင်းခံမည်ဖြစ်သည်။ အခြေစိုက်စခန်းက အဲဒါကို အတိအကျ မပြောပေမယ့် ဝင်ကြေးက ဘယ်လိုလဲဆိုတာ လူတိုင်းသိတယ်။

အခြားအခြေစိုက်စခန်းများတွင် အလားတူ စနစ်တစ်ခုရှိမည်ဟု ထင်ရသော်လည်း အချို့မှာ ပိုမို တောင်းဆိုလာကြသည်။ သူတို့ထွက်သွားတဲ့အခါ သူတို့ရဲ့ပစ္စည်းတွေအားလုံးကို စစ်ဆေးရသည်။  ပမာဏတစ်ခု ပေးပြီးသွားတဲ့အခါ လူတွေက ပိုပေးဆောင်ရတယ်။ ကုန်ပစ္စည်းအရေအတွက် မလုံလောက်ရင်    သူတို့ လုံးဝမဝင်နိုင်တော့ဘူး။

ဒီလိုလုပ်တာက  လွဲနေသဖြင့် လော်ရွှင့် က ခေါင်းခါလိုက်သည်။
 "ရေဒီယိုနဲ့ ကောလဟာလတွေကို အာရုံစိုက်ပါ။ ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန်တော့ ဖြစ်လာမှာပါ။"

ကျန်းရီ က သူ့ပန်းကန်ထဲမှာ ဌက်သား တစ်ပိုင်းကို အပြီးသတ်ပြီးနောက် ပြောလိုက်သည်။
  "ခဏနေဦး ငါဖုန်းဆက်ပြီး မေးလိုက်မယ် ၊ ငါ့ မိတ်ဆွေတွေမှာ သတင်းတစ်ခုခုတော့ ရှိလောက်တယ် "

"အတွင်းရေးလူဆီက သတင်းလား...?"

 လော်ရွှင့် က လှည့်ပတ်ကြည့်ရင်း တို့ဟူးနှစ်တုံးကို ယူလိုက်တယ်...

"အင်း။"
 ကျန်းရီ က နောက်ထပ်ရှင်းပြချက်မပေးခဲ့ပါ။ ဒါပေမယ့် သူက တခြားသူတွေထက် လူတွေကို ပိုသိတာ သေချာတယ်။ အခြေစိုက်စခန်းမှာနေတဲ့ သူ့မိန်းကလေး သူငယ်ချင်းတွေနဲ့ ဘာမဆို သိနိုင်သည်။

နေ့လည်စာစားပြီးနောက် ကျန်းရီ သည် အမျိုးသမီးသူငယ်ချင်းတစ်ဦးကို ဖုန်းဆက်ပြီး အားလုံးက ရလဒ်များကို သိချင်နေကြသည်။ နှစ်ရက်အကြာတွင် အခြေစိုက်စခန်းက တရားဝင်သတိပေးချက် ထုတ်ပြန်လာလိမ့်မည်။ အဲဒီတော့ သတင်းက မှန်နေတယ်။

အခုတော့ လော်ရွှင့် က  နှင်းတွေကျအောင် ဆုတောင်းနေခဲ့တယ်။

နောက်ဆုံးအကြိမ်တွင် သူတို့က  အမြူတေအလုံအလောက်ကို ရိတ်သိမ်းပြီးနောက် အခြားခရီးစဉ် တစ်ခုကို ထွက်ဖို့  သေချာသည်။ ဒါပေမယ့် အကြိမ်ပေါင်းများစွာ အပြင်ထွက်ရင် အိမ်မှာ အလုပ်တွေ အရမ်းပုံနေလိမ့်မယ်။

နောက်တစ်နေ့မနက်တွင် လော်ရွှင့် သည် ယခင်ကထက်စောပြီး အိပ်ရာထပြီး စခန်းကန်တင်းအတွက် ဟင်းသီးဟင်းရွက်များကို ထုပ်ပိုးပေးခဲ့သည်။ အလုပ်ထွက်ပြီးသည့်တိုင် စိတ်ခံစားချက်အချို့ရှိသေးသည်။ သို့သော်လည်း ပို့ဆောင်မည့်နေရာသည် သတ္တုအဖွဲ့နှင့် ဝေးကွာသောကြောင့် တွေ့ဆုံရန် အခွင့်အလမ်း မရှိတော့ပေ။

ကောက်ပဲသီးနှံများ ပေးအပ်ပြီး ကပ္ပတိန်လီနှင့် စကားအနည်းငယ်ပြောပြီးနောက် သူတို့နှစ်ဦးသည် ငွေလဲရုံသို့ ကားမောင်းသွားကာ ကပ္ပတိန်ဝမ်ကို တွေ့ရှိခဲ့သည်။

သူတို့နှစ်ဦးသည်  အမြူတေကို ထပ်မံလဲလှယ်သွားကြောင်းကို ကပ္ပတိန်ဝမ် အံ့သြသွားခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လဲလှယ်ခဲ့ကြတာ မဟုတ်လား။  ရက်အနည်းငယ်အတွင်း သူတို့ ထပ်လဲမလို့လား။

*******-**********

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Hikayelerin yaşadığı yer. Şimdi keşfedin