Chapter (129) - ကိုယ်ဝန်ဖျက်ချရန် လာသည့် မိခင်

2.1K 219 8
                                    


Chapter (129) - ကိုယ်ဝန်ဖျက်ချရန် လာသည့် မိခင်


တံခါးကိုဖွင့်လိုက်သည်နှင့် မီးခလုတ်ကိုမနှိပ်ရသေးမီတွင် တောက်ပသောမျက်လုံးတစ်စုံဖြင့် တစ်စုံတစ်ခုက သူတို့ ဇနီးမောင်နှံနှစ်ယောက်ဆီ အပြေးလာသည်ကို မြင်လို်က်ရသည်။ တကယ်လို့ ထိုမည်းမည်း အရာ ဆီမှ ဝု...ဝု... ဆိုသည့် အသံကိုသာ မကြားရပါက မကောင်းဆိုးဝါးက သူတို့ကို တိုက်ခိုက်တော့မည်ဟု တွေးထင်ချင်စရာပင်။

" ဖြည်းဖြည်း... မင်း မျက်လုံးတွေက ဘာလို့ ဒီလောက်တောက်ပနေတာလဲ။ အရင်က ဒီလောက်တောက်ပတာကို ငါ သတိမထားမိပါဘူး။ အရမ်း ထူးဆန်းတာပဲ"
လော်ရွှင့် က မီးကိုဖွင့်ပြီး ပြောလိုက်သည်။

ပါပီ က မတ်တပ်ရပ်ပြီး သူ့လက်ထဲကို အတင်းတိုးဝှေ့လိုက်သည်။ လော်ရွှင့်က ခွေးကလေးရဲ့ အနီးကပ်ကြည့်လိုက်တော့ အရာအားလုံးက အရင်အတိုင်းပါပဲ၊ ဒါပေမယ့်...

" မင်းမျက်လုံးတွေက ဘယ်လိုတောက်ပလာတာလဲ။ အမှောင်ထဲမှာ မှန်တစ်ချက်က အလင်းပြန်သလိုကို တောက်ပနေသည် "

ယန်ဖေး သည် စင်္ကြံအောက်ကို ငုံ့ကြည့်ကာ "ခန်းမရဲ့ အလင်းရောင်ကနေ ရောင်ပြန်ဟပ်နေတာ ဖြစ်နိုင်တယ်"

ဒီနေ့ နောက်ကျမှပြန်ရောက်တာဆိုတော့ စင်္ကြံတွေက မီးဖွင့်ထားလို့ အလင်းရောင်တွေ ပြည့်လျှံနေတယ်။ ခွေးကလေးက တံခါးနားမှာရှိနေတာဆိုတော့ သူ့မျက်လုံးတွေက အလင်းရောင်ပြန်ဟပ်နေတာ ပုံမှန်ပါပဲ။ ခွေး မျက်လုံးက အမှောင်ထဲမှာ တောက်ပတယ်ဆိုတာ ရှားပါးသော်လည်း ကြောင်မျက်လုံးများသည် အမှောင်ထဲတွင် အလင်းရောင်ကို သိသိသာသာ ထင်ဟပ်လေ့ရှိသည်။

ခွေးက သူ့သခင် နှစ်ယောက် ဘာတွေ တွေးနေလဲ မသိပေ၊ သခင်တွေရဲ့ကိုယ်ပေါ် လက်နှင့်ထောက်ကာ ပတပ်ရပ်ပြီး လျှာနှင့်လျက်ရန် ကြိုးစားနေသည်။

"ကောင်းပြီ၊ အိမ်သာအဖုံးကို အရင်ပြောင်းရအောင်..."

လော်ရွှင့် က ခွေးလေးကို ဧည့်ခန်းထဲအထိ ပင်ပန်းကြီးစွာနဲ့ တွန်းပို့လိုက်ရသည်။


ခွေးကလေးသည် သခင်ဆိုလိုသည်ကိုနားလည်ဟန်ဖြင့် အတင်း ကုတ်တက်မနေတော့ပဲ သူမ၏အမြီးကို ယမ်းလိုက်သည်။ လစဉ် သူတို့နှစ်ယောက် ထွက်ခွာသွားသောအခါတွင် သူမသည် နောက်နေ့နေ့လည်အထိ သူတို့ပြန်လာရန် စောင့်ရလေ့ရှိသည်။ တစ်ခါတလေ နောက်ကျပေမယ့် ဒီနေ့ သူတို့ နှစ်ယောက် အိမ်ကို စောစောပြန်လာတာ အံ့သြနေသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now