Chapter (153) _ လုပ်ကြံခံရခြင်း

351 63 0
                                    

Chapter (153) _  လုပ်ကြံခံရခြင်း

နံရံအပြင်မှ ဖုတ်ကောင်များနှင့် လေစွမ်းအားဖုတ်ကောင်တွေ ပစ်ချလိုက်သည့် 'အမှိုက်' ရဲ့ အဖြစ်မှန်ကို ပထမဆုံးသိတဲ့သူက ဘယ်သူလဲဆိုတာ မပြောနိုင်ပေမယ့်  ဖုတ်ကောင်ကြွက်တွေက နံရံပေါ်ကလူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေခဲ့တယ်။

ဖုတ်ကောင် ကြွက်တွေလား?
အဲ့ဒီကောင်တွေ  နေ့ဘက်တွင် မြို့ထဲသို့ ပြေးဝင်လာဖူးသလားဆိုတာ  အတည်ပြုနိုင်ဖို့ နည်းလမ်း မရှိပေမယ့်  အခြေစိုက်စခန်းက လူအတော်များများက ဖုတ်ကောင်များ အကိုက်ခံရကြောင်း ကောလဟာလများ ရှိခဲ့ဖူးသည်။

အခု လေကြောင်းတိုက်ခိုက်မှုက ဖုတ်ကောင်ကြွက်တွေကို သယ်ဆောင်လာတယ်ဆိုရင် ... သူတို့ ဘယ်လိုလုပ်ပြီး ဆက်လက် ရှင်သန်နိုင်တော့မလဲ။

ရုတ်တရက် နံရံရဲ့ အပိုင်းတစ်ခုဆီ ဆွေးမြေ့သွားသည်။ စိမ်းပြာရောင်လေများသည် ထိုနေရာတစ်ဝိုက်တွင် တရွေ့ရွေ့ ရွေ့လျားကာ ကြီးမားလာပြီး အရပ်မြင့်လာကာ သူတို့ပတ်ဝန်းကျင်ရှိ လေထုအားလုံးကို စုပ်ယူလိုက်သည်။

ကျဆုံးသွားသော လူသားနှင့် ငှက်ဖုတ်ကောင်များအားလုံးကို ဟာရီကိန်းထဲသို့ ဆွဲသွင်းကာ ရိုင်းစိုင်းစွာ လှည့်ပတ်နေတော့သည်။ တစ်ချိန်တည်းမှာပင်၊ သေးငယ်သော ဖုတ်ကောင်ကြွက်လို အမှိုက်များကို စုပ်ယူပြီး ဖုတ်ကောင်များကိုသတ်ရန် လုံလောက်သောလက်နက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ကြီးမားသော ဟာရီကိန်းမုန်တိုင်း တိုးလာသည်နှင့်အမျှ ကြီးမားလှသော သတ္တုဘီးကြီးသည် မူလက နံရံအပြင်ဘက်တွင် အသက်ရှင်လျက် ပြိုလဲနေသော ဖုတ်ကောင်များနှင့် အမှိုက်များကို ဖမ်းယူနိုင်သည့် ပန်းကန်လုံးကြီး ဖြစ်လာသည်။ ထို့နောက် ကြီးမားသော ပန်းကန်လုံးကြီးသည် အောက်ဘက်သို့ ဆက်လက်ကျဆင်းသွားသည်...

*ဘုန်း...*

 ပန်းကန်လုံးကြီးသည် တဖြည်းဖြည်း ပြိုကျလာသော သတ္တုဘုတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်... တစ်ချိန်တည်းတွင် ဆုပ်ကိုင်ထားသော ကြွေကျနေသော ဖုတ်ကောင်များကို ပိပြားအောင် ချေမှုန်းပစ်လိုက်တော့သည်။

သတ္တုပြားကြီးက အသက်ရှင်သူပမာ အထဲက ဖုတ်ကောင်များကို နှစ်ပတ် သုံးပတ် ရစ်ပတ်ကာ က ဖိညှစ်ပြီးမှ ရပ်တန့်သွားသည်...

ကြည်လင်နေသော အမြူတေကို  စုပ်ယူကာ နံရံဘေးတွင် ထိုင်ရင်း ယန်ဖေး ၏ မျက်နှာသည် ချွေးများဖြင့် ဖုံးနေသည်။ လော်ရွှင့် က သတိထားပြီး မျက်နှာကို သေချာသုတ်ပေးလိုက်ယ်။ ဖုတ်ကောင်ကြွက်တွေက သူတို့ကို တိုက်ခိုက်ဖို့ ကြောက်နေလောက်ပြီ။

တစ်ဖက်တွင် ဟာရီကိန်းသည် ဖုတ်ကောင်ကြွက်များနှင့် ငှက်များကို မျိုချခဲ့သည်။ ကျန်းရီ သည် အမြူတေကို  လက်ထဲကိုင်ကာ အနားယူနေသည့် ထိုစုံတွဲဆီသို့ လျှောက်သွားသည်။ သူလည်း အားအင်တွေ အများကြီးကုန်ပေမယ့် အနားယူဖို့ လိုနေသေးပေမယ့် ထိုအတွဲတွေလောက် ပင်ပန်းပုံမပေါ်သေးပေ။

"ဘာတွေဖြစ်နေ တာလဲ၊ မင်း အလုပ်ရှုပ်နေတာ ဘယ်လောက်ကြာပြီလဲ"
ကျန်းရီ က နံရံကို မှီပြီး မေးလိုက်သည်။

လော်ရွှင့် သည် နောက်ထပ် အမြူတေအိတ်ကို ယန်ဖေး အား ပေးရင်း တိုက်ပွဲဖြစ်နေသည့် ဘက်ကို မျှော်ကြည့်နေသည်။ သူတို့ အခုသုံးနေတဲ့ အမြူတေတွေက ကပ္ပတိန် ကောင်း   တင့်ကားအတွင်းရှိ 'ကပ္ပတိန်' ထံမှ အတင်းအကြပ် တောင်းယူလာသည့် အမြူတေတွေ ဖြစ်သည်။ ထိုကပ္ပတိန်အသစ်သည် တိုက်ပွဲအတွင်း၌ပင် အမြူတေကို  သိမ်းဆည်းထားသည်။  တိုက်ပွဲဝင်နေသူထံ ချက်ချင်းပို့ရမယ့်အစား မပို့ခင် အခြေအနေကို စောင့်ကြည့်မယ်ဟု ပြောနေသည်။

"မသိတော့ဘူး၊ စစ်တပ်ဘက်က တတ်နိုင်သလောက် ပံ့ပိုးပေးမယ်လို့တော့ ပြောတယ်။"
 ယန်ဖေး တစ်ယောက်တည်း ပင်ပန်းတာမဟုတ်သလို လော်ရွှင့် ရဲ့ အသံကလည်း  အက်တက်တက်ဖြစ်နေသည်။

သူ ဘာမှ မမေးမီ ယန်ဖေးနှင့် သူ သောက်ဖို့ ရေဌဲ့လိုက်သည်။

 "အခြေစိုက်စခန်းထဲမှာ ကြွက်တွေရှိနိုင်တယ်။ ညဘက်ထွက်လာရင် သတိထားဖို့ အိမ်ကို စာပို့ပြီးပြီလား။"

ကျန်းရီ ပြုံးလိုက်သည်။
"မင်းရဲ့ ညွှန်ကြားချက်ကို စောင့်ရမှာလား။ နေ့ခင်းပိုင်းမှာကတည်းက ဒီ သတင်းတွေ ပျံ့နေတာ။ တစ်ယောက်ယောက် အကိုက်ခံရတယ်လို့ ကြားပေမယ့် ရာသီဥတုကြောင့် ငါတို့က ထူထူထဲထဲ ဝတ်ထားတဲ့ အတွက် အရေပြားမှာ ဒဏ်ရာတွေ မရခဲ့ဘူး။"

လော်ရွှင့် သည် စိတ်သက်သာရာရသွားပြီး အခြေအနေများကြားမှ အနည်းငယ်ပြုံးနိုင်လာခဲ့သည်။ ယန်ဖေး သည် ကျန်းရီ ကို ကြည့်လိုက်သည်။

"သတိထားဦး... နံရံနားက အရမ်းရှုတ်နေတယ်။ အဲဒီ ဖုတ်ကောင်ကြီးတွေက နံရံကို ထိလိုက်တာနဲ့ အနားကလူတချို့ လဲကျပြီး အောက်ကို ပြုတ်ကျသွားတယ်။"

ကျန်းရီ အံ့အားသင့်စွာ ကြည့်လိုက်သည်။ နံရံကို ဖြိုခွင်းပြီး လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက်တာတွေ ရှိနေတာလား..

အနားယူပြီး စွမ်းအင်အချို့ ပြန်လည်ရရှိပြီးနောက် သူတို့နှစ်ဦးသည် သူတို့၏ ခွန်အားကို ပြန်လည်ဖြည့်တင်းရန် တစ်ခုခုကို စားခဲ့ကြသည်။ နှစ်ယောက်သား  စွမ်းအား ပြန်ပြည့်လာသည်။

လော်ရွှင့် သည် အစစအရာရာကြိုတင်ပြင်ဆင်ကာ အပင် အမျိုးမျိုးစုဆောင်းနိုင်ခဲ့ပေမယ့် ကိုကိုး ပျိုးပင်အချို့ကို မရရှိခဲ့သည့်အတွက် နောင်တရနေမိသည်။ တကယ်လို့ ကိုကိုးပင်ကိုသာ စိုက်ပျိုးနိုင်မယ်ဆိုရင် အမြူတေရှာဖို့ သွားတဲ့အခါ အနာကျက်ရန် ပိုလွယ်ကူလိမ့်မည်။

တိုက်ပွဲက တကျော့နားပြီးနောက် လူတစ်စုသည် တိုက်ပွဲသို့ ပြန်သွားကြသည်။ ကျန်းရီ ဟာ သူ့ရဲ့ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ ပိုပြီးဘေးကင်းနိုင်ခဲ့တယ်။ လော်ရွှင့် သည် စိတ်သက်သာရာရသွားစဉ် တစ်ခုကို  သတိထားလိုက်မိသည်။ ယန်ဖေး သတ္တုဘီးကို ထိန်းချုပ် နေချိန် နံရံထိပ်မှာ ဖုတ်ကောင်ကြွက်တွေကို မတော်တဆ တွေ့ရှိလိုက်သည်။


ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် လော်ရွှင့် က မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်တယ်။ သူ၏ လေးထောင့် ဒူလေးလက်နက်ကို အသုံးပြု၍ ကြွက်များကို တစ်ခါတည်း ထိမှန်အောင် တိုက်နိုင်ခဲ့သည်။   ကံအားလျော်စွာ တိုက်ခိုက်မှုများကို တားဆီးရန် သတ္တုဒိုင်းတစ်ခုလည်း သူ့မှာ ရှိသေးသည်။

သူတို့သုံးယောက်သည် အနီးဆုံးနံရံများကို ဖြိုခွဲရန် သတ္တုစွမ်းရည်ကို အသုံးပြုနေသည့် ဖုတ်ကောင်များ ကြောင့်  နံရံများကို ထိတ်လန့်စွာ လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။ တစ်ချိန်တည်းမှာပင်၊ သတ္တု ဖုတ်ကောင် အချို့သည် ထိန်းချုပ်မှုကို ခိုးယူရန် သို့မဟုတ် သတ္တုအချို့ကို ခိုးယူရန် ကြိုးစားခဲ့ကြသည်။ ယန်ဖေး ၏ သတ္တုသည် အဆင့်လေး မျှသာမဟုတ်၊ သူ့စွမ်းရည်သည်လည်း ပြောင်းလဲသွားသောကြောင့် သူနှင့်  အဆင့်တူများထက်  အားသာချက်ရှိသည်။

ဖုတ်ကောင်လုပ်ထားသည့် လှေကားထစ်ကို ပိတ်ဆို့ရန် မြေကြီးစွမ်းအားရှင်များ ထံမှ အကူအညီ လိုအပ်သောတာကလွဲရင် သူတို့ရဲ့ခုံခံမှုက အတော်လေး ချောမွေ့လှတယ်။

တိုက်ပွဲသည် ညသန်းခေါင်အထိ ဆက်လက်ဖြစ်ပွားပြီး လီထယ် နှင့် အခြားသူများ သူတို့အဆိုင်း တာဝန်ကျရာ်ကို  ရောက်ရှိလာကြသည်။ သူတို့ရဲ့ နေရာကို  ရောက်ပြီး မက်ဆေ့ခ်ျပို့လာခဲ့တယ်။ ယွီရှင်းရန် နှင့် ပါပီလေး  တို့သည်သာ အိမ်တွင် ရှိနေသည်ကို သိကြပြီး - လော်ရွှင့် သည် သူတို့၏ အိမ်ထိန်းလေးတွေ အတွက် စိတ်ပူနေသည်။ သို့သော် သူတို့နှင့်အတူ စွမ်းရည်အသုံးပြုသူများအဖွဲ့တွင် ထားရှိခြင်းထက် အိမ်တွင်ထားတာက  ပိုကောင်းမည်ဖြစ်သည်။

လီထယ် နှင့် အခြားသူများ ထိုနေရာတွင် ရှိနေသည်နှင့် တစ်ပြိုင်နက် သတ္တုစွမ်းအားရှင်များ  သုံးဦးသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ကပ္ပတိန် ကောင်း က လော်ရွှင့် ရှိရာလာခဲ့ပြီး  အနားယူရန် ပြောလိုက်သည်။

သတ္တုစွမ်းအားရှင်များ  သုံးဦးသည် နေ့လယ်ကတည်းက တွေ့ဆုံခဲ့ကြသည်... အားလုံးက သန်းခေါင်ယံအထိ နံရံတွင် ရှိနေခဲ့ကြသည်။ သူတို့ထဲမှ အချို့သည် စောစောထပြီး အသင့်အနေအထားတွင် ရှိနေကြပြီး အားလုံး အနားယူရန် လိုအပ်နေသည်။

အဖွဲ့လိုက်လာသောအခါ ကပ္ပတိန် ကောင်း က အောက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

 "အထက်အရာရှိတွေက ကားတစ်စီး လွှတ်ပေးခဲ့တယ်၊ စခန်းက ညဘက်မှာ အန္တရာယ်များလွန်းတဲ့အတွက် ယာယီ အနားယူတဲ့ နေရာမှာပဲ နားဖို့ ပြောပါတယ်။"

သူ့လက်ထဲမှာ စုတ်ပြဲနေသော ထုပ်ပိုးထားသော ချောကလက်တစ်တုံးကို ကိုင်ထားသည်။ ထိုချောကလက်က အကြိမ်များစွာ အရည်ပျော်ပြီး ပြန်ခဲထားသဖြင့်  ထူးဆန်းသော ပုံသဏ္ဍာန်ရှိနေသည်။

ကပ္ပတိန်ကောင်း က  အလုပ်ဆက်လုပ်နေချိန်မှာ ပုံသဏ္ဍာန်ကို ဂရုမစိုက်ဘူး။

"သူတို့ကို ပိုကြီးတဲ့ ကားတစ်စီးတောင်းခဲ့တယ်။ နည်းနည်းအေးနေပေမယ့် တံခါးပိတ်ထားသရွေ့ ညနက်သန်းခေါင်မှာ ဖုတ်ကောင်ကြွက်တွေအတွက် စိုးရိမ်စရာမရှိပါဘူး။"

"မနက်ဖြန် ဘာဖြစ်ဦးမလဲ၊ ကျွန်တော်တို့နောက်ထပ် ရှေ့တန်းထွက်ရမယ်ဆိုတာ ကပ္ပတိန်  သိနေတာလား"
စန်းရှောင်ရန့် သည် သမ်းဝေပြီးပြောလိုက်သည်။ သူက တစ်နေကုန် အလုပ်လုပ်ပြီးနောက် ပင်ပန်းနေလေသည်။

"မဟုတ်ဘူး ဒါပေမယ့်..."
ကပ္ပတိန် ကောင်း က ချောကလက်တွေကို မျိုချရင်း ခဏရပ်လိုက်တယ်။

 "အပြင်မှာ သတ္တုဖုတ်ကောင်တွေ ရှိနေရင် ပြန်လည်ခုခံဖို့ မင်းတို့ ဒီမှာ အသင့်စောင့်ပေးနေရုံပါ... အဲဒါတွေကို ငါ ဖြေရှင်းပေးမယ်။"

သူတို့အုပ်စုက တစ်ယောက်ကို တစ်ယောက် မော့ကြည့်ပြီး တိတ်တိတ်လေး ခေါင်းညိတ်ပြလိုက်တယ်။

ကျန်းရီ က ကပ္ပတိန် ကောင်း ကို တခြားလူတွေကို ရှာလိုက်ဦးမယ်လို့ ပြောပြီး နံရံကို ဆင်းလိုက်ကာ သူ့လူကို ရှာလိုက်သည် ။ သူသည် ခုနစ်ရက်ကတည်းက နံရံမှာ ခုခံကာကွယ်ရေးဘက်ကနေ အလုပ်လုပ်ခဲ့ပြီး လော်ရွှင့် ထက် စွမ်းအင်ပိုရခဲ့သည်။

အဖွဲ့သည် အနီးနားရှိ ကားကြီး တစ်စီးရပ်ထားသည့် နံရံနားကို သွားခဲ့သည်။  ကပ္ပတိန် ကောင်း က သူတို့ကို ညာဘက်ကားဆီ ခေါ်သွားပြီး အထဲကို တက်သွားတယ်။

"ပတ်ဝန်းကျင်ကို ကြည့်ရအောင်။"
 လုံခြုံရေးအရ သတ္တုစွမ်းအားရှင်များ အားလုံးသည် ပတ်ဝန်းကျင်ကို မသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ ယန်ဖေး သည် အခြားသူများ၏အကူအညီဖြင့် အဓိက စစ်ဆေးသူဖြစ်သည်။

သူတို့သည် ဒီကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်း ကျင့်သားရလာခဲ့ပြီး တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပြင်းထန်သောတိုက်ပွဲများတွင်  စွမ်းအားအကုန်ကို အသုံးပြုခဲ့ကြသော သုံးဦးသည် ထိုဧရိယာကို စက္ကန့်အနည်းငယ်အတွင်း  တစ်လက်မ မကျန် စကင်န်ဖတ်ခဲ့ကြသည်။ သုံးယောက်သား မျက်လုံးများဖွင့်ကာ ထောင့်ဆီသို့ ဒေါသတကြီး ကြည့်နေကြသည်။

"ဘာဖြစ်တာလဲ?"
ယန်ဖေး ၏အမူအရာကိုမြင်သောအခါ လော်ရွှင့် သည် ချက်ချင်းပင် မတ်မတ်ရပ်သွားသည်။

တခြားလူတွေကလည်း သူတို့ကို ကြည့်တယ်။ ယန်ဖေး ၏ မျက်လုံးများက ထောင့်ဆီသို့ ကြည့်လိုက်သည်။

လီက လက်ညှိုးထိုးပြရင်း ရုပ်ဆိုးသောအမူအရာရှိသည်။ "အဲဒီနေရာ၊ ဟိုမှာ၊ ဟိုမှာ၊ အပေါက်တွေရှိနေ တယ်။"

အဖွဲ့သည် ရှုပ်ပွနေသော သေတ္တာများကို ဘေးသို့ အမြန်ရွှေ့လိုက်သည်။ ထိုအပေါက်လေးများ ရှိနေပါက တကယ်လို့ ဖုတ်ကောင်ကြွက်များစွာ လာတိုက်သည့်အခါ ဒီထဲ ပုန်းနေလည်း အလကားပင် ဖြစ်သည်။
  အပျက်အစီးများကို ဖယ်ရှားပြီးနောက် အပေါက်များကို ဖော်ထုတ်ခဲ့သည်။ ထိုနေရာတွင် လတ်ဆတ်သော သွေးတချို့ စွန်းထင်းကာ တောက်ပြောင်နေခဲ့သည်။ အပေါက်များသည် သံချေးတက် ခြင်းကြောင့် မဟုတ်သော်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ထားသည့်ပုံပင်....

ဒါကိုမြင်တော့ ကားပေါ်ရှိလူများအားလုံး မှိုင်းညို့သောအမူအရာများ နှင့်...စိုက်ကြည့်လိုက်သည်။

****-****

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now