Chapter (60) _ ကျန်းရီ ကလဲ့စားချေခြင်း
လီထယ် နှင့် အခြားလူများက ယန်ဖေး ဆီကို လမ်းလျှောက်လာစဉ် ယန်ဖေးက မေးလိုက်သည်။
"မင်း လမ်းမှာ ကျန်းရီကို မတွေ့မိဘူးလား"
လူငါးဦးသည် ကျန်းရီနှင့်အတူူတူ ညဘက်တွင် အလုပ်မှ ပြန်လာနေကြဖြစ်သည်။ အပြန်လမ်းမှာ ရံဖန်ရံခါ ဆုံကြပေမယ့် ဒီနေ့မှာတော့ သူတို့နဲ့လမ်းမှာ မဆုံခဲ့ပေ။
"အပြင်က ပြန်လာတဲ့ စစ်သားအုပ်ကြီးက ဖုတ်ကောင်တွေနဲ့ ဆုံခဲ့ပြီး အတော်များများ ဒဏ်ရာရသွားတယ်လို့ ကြားတယ်၊ သူ အချိန်ပို အလုပ်ဆင်းနေရတာ ဖြစ်မယ်"
ဝမ်သော် က သူ့လက်ကို မြှောက်လိုက်ပြီး သူ့ရဲ့ အတင်းအဖျင်းတွေ စုဆောင်းနိုင်တဲ့ အရည်ချင်းကို ပြသခဲ့သည်။
"ငါ သော့မခတ်သေးပါဘူး။ သူ ပြန်လာတဲ့အထိ စောင့်မှာပါ"
ယန်ဖေးက နေ့တိုင်းအိမ်မှာ လေ့ကျင့်ပေမယ့် နောက်ဆုံး တံခါးကို ခတ်ဖို့ အားကိုချန်ထားကာ အကုန်ကုန်သွားသည်အထိ မလေ့ကျင့်ပေ။ သံမဏိတံခါးချပ်ကြီးကို မပိတ်ခင် သူတို့ 16 လွှာမှာ လူစုံမစုံ သေချာစစ်ဆေးကြည့်သေးသည်။
တောင့်တင်းထုံကျဉ်နေသည့် လက်ချောင်းများနှင့် လက်ကောက်ဝတ်များဖြင့် အလုပ်မှ ဆင်းလာသည့် ကျန်းရီရဲ့ မျက်နှာက ပင်ပန်းမှုကြောင့် အရောင်ပင် သိပ်မကောင်းလှပေ။ မနက်ဖြန်က သူ့အားလပ်ရက်ရဲ့အစပဲ၊ ဒါပေမယ့် ဒီနေ့ အလုပ်ဆင်းခါနီးမှာတော့ ဒဏ်ရာရသူ တပြုံကြီးရောက်လာလို့ သူက ဒိုင်ခံခွဲစိတ်နေရပြီး ခွဲရလွန်းလို့ သူဂ လက်ကောက်ဝတ်ကို ကျိုးလုနီးပါးဖြစ်ခဲ့သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားများက သူ့စွမ်းရည်များနှင့် အတူ များလာပေမယ့် ရက်ပေါင်းများစွာ မနားတမ်း အကြီးစားခွဲစိတ်မှုကိုတော့ တောင့်မခံနိုင်တော့ပေ။ အရင်က လူနာအရမ်းများတဲ့ အဆောင်မှာ အထွေထွေကု ဆရာဝန် တစ်ဦးထက်မက ရှိပေမယ့် ခွဲခန်းထဲက မထွက်တမ်း ဒိုင်ခံလုပ်ရတဲ့ သူကတော့ သူ တစ်ယောက်တည်းဖြစ်သည်။
ŞİMDİ OKUDUĞUN
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Korkuပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies