Chapter (58-2) _ အားလုံးရဲ့ ထောက်ခံမှု

3.8K 772 10
                                    

Chapter (58-2) _ အားလုံးရဲ့ ထောက်ခံမှု

မြို့တွင်းမှာ ကားတွေဖြတ်ကျော်လာတာနဲ့အမျှ လမ်းရဲ့နှစ်ဖက်စလုံးက ဈေးသည်တွေ ပိုမိုများလာတယ်။ သူကားကို နေရာတစ်ခုတွင်ရပ်ပြီးနောက် လှေကားမှတဆင့် ၁၆ထပ်သို့ တက်ခဲ့သည်။ လှေကားထစ်မှာ ဝက်အူလှည့်ကို တွေ့ပြီး အံ့သြစွာ ကောက်ကိုင်လိုက်တယ်။ အပေါ်ထပ်ကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိဘူး။

ဂိတ်ဝမှာ သွေးစက်တွေကို တွေ့လိုက်ရတော့ ယန်ဖေး သည် ချက်ချင်းဆိုသလို တံခါးကိုဖွင့်ကာ သူ့တိုက်ခန်းဆီသို့ အမြန်ပြေးသွားခဲ့သည်။ တံခါးကိုဖွင့်လိုက်တော့ လော်ရွှင့် ဆိုဖာပေါ်ကနေ ခက်ခက်ခဲခဲ ရပ်နေတာကို တွေ့လိုက်ရတယ်။ ယန်ဖေး သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ပြေးလိုက်ပြီး လော်ရွှင့် ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားကာ တကိုယ်လုံးကို စုန်ဆန်ကြည့်ပြီး စိတ်ပူစွာမေးလိုက်သည်။

"မင်း အဆင်ပြေရဲ့ လား?!"

လော်ရွှင့် အေးခဲသွားပြီး မနေ့ညကအကြောင်း ရုတ်တရက် တွေးလိုက်မိသည်... *အဟွတ်* သူ့လက်ကို ဆုပ်ကိုင်လိုက်ရုံနဲ့ ညက ရှက်စရာ မြင်ကွင်းတချို့ကို ပြန်မြင်ယောင်လာမိသည်။

"ဘာမှမဖြစ်ပါဘူး..."

ယန်ဖေး က စိတ်သက်သာရာရသွားသည်။

"စင်္ကြံတံခါးမှာ သွေးတွေတွေ့တယ်"

သူ ဘာကြောင့် ခုလောက် စိုးရိမ်သွားတယ်ဆိုတာ သိလိုက်ရလို့ လော်ရွှင့် က ပြုံးပြလိုက်တယ်။

"မနက်က ခင်ဗျားတို့ ထွက်သွားပြီးတဲ့ နောက်မှာ သူခိုးတချို့ ပေါ်လာတယ်။ ကျွန်တော် သူတို့ကို ဒူးလေးနဲ့ပစ်ပြီး မောင်းထုတ်ပစ်လိုက်တယ်။"

ယန်ဖေး သည် ထိုနေ့မနက်တွင် ဘာဖြစ်သွားတယ်ဆိုတာ အသေးစိတ် မေးပြီးနောက် - သူ့ချစ်သူက လူတွေကို မြှားနဲ့ပစ်ခဲ့တယ် ၊ အလွန်ရက်စက်စွာ ပြုမူခဲ့တယ် ဆိုတာကို နားထောင်ခဲ့သည်။ ယန်ဖေး သည် စင်္ကြံတံခါးကိုပိတ်ဖို့ သူ့ကျောပိုးအိတ်ကို ချလိုက်သည်။ လော်ရွှင့် ကို စိတ်ပူပြီး ပြေးလာလို့ သူက တံခါးပိတ်ဖို့ လုံးလုံးမေ့သွားခဲ့တယ်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now