Chapter (88) - Otaku အဖွဲ့က မစ်ရှင်လုပ်ဖို့ ထပ်ထွက်ပြန်ပြီ

2.9K 436 3
                                    

Chapter (88) - Otaku အဖွဲ့က မစ်ရှင်လုပ်ဖို့ ထပ်ထွက်ပြန်ပြီ

မြို့ထဲရှိ လူများစုသည် အာရုံစိုက်နေကြသည်။ လော်ရွှင့် နှင့် ယန်ဖေးသည်ပင် အလုပ်မလုပ်တော့ဘဲ သတ္တု စွမ်းအားရှင် သုံးဦး အဆင့်မြှင့်တင်နေသည်ကိ စောင့်ကြည့်နေခဲ့သည်။

ခဏအကြာတွင် စွန်းရှောက်ယန် သည် သူ့ အဝတ်အစားကင်းလွတ်သည့် နေရာများတွင် သတ္တုတောက်တောက်ဖြင့် တောက်ပလာသည်ကိုတွေ့လိုက်ရသည်။ သူ့မျက်နှာက တောက်ပနေပြီး မျက်လုံးတွေကို ဖွင့်ပြီး သူ့လက်တွေကို ကျေနပ်အားရစွာ စိုက်ကြည့်နေတယ်။

အခြားတစ်ဖက်မှာတော့ ရှောင်လီ နဲ့ ရှန်းဖင်း တို့ဟာ တူညီတဲ့အလင်းရောင်နဲ့ တောက်ပနေတယ်။

"အလုပ်ဖြစ်ကြလား?!" ကပ္ပတိန် ကောင်း က စိတ်ပူပန်နေပြီး သုံးယောက်လုံးထံမှ အတည်ပြုသည်ကိုစောင့်နေသည်။

"ဖြစ်ပုံရတယ်..."

"ကပ္ပတိန်၊ ကျွန်တော် ရုတ်တရက် အားတွေ ပြည့်သွားသလို ခံစားရတယ်။"

"ခွန်အားတွေတိုးလာလို့ ဝမ်းသာပါတယ်!"

ဒုတိယအဖွဲ့ကလာသည့် ရှန်းဖင်း သည် ဖုတ်ကောင် အမြူတေအများအပြားကို အသုံးမပြုခဲ့ရပေ။ ယန်ဖေးက အောင်မြင်စွာ အဆင့်မြှင့်တင်ခဲ့သော်လည်း အခြားသတ္တု စွမ်းအားရှင်များသည် ပထမအဆင့် အမြူတေကို အလွန်အကျွံအသုံး မပြုကြောင်း တွေ့ရှိရပေသည်။

ယန်ဖေးသည် နောင်တရသလို ခံစားလိုက်ရပြီး အဆင့်တက်ရန်အမြူတေမည်မျှလိုအပ်သည်ကို သူ မသိတော့ပေ။ ဒါပေမယ့် သာမန်လူထက် အမြူတေပိုလိုအပ်တာကြောင့် သူ့လိုအပ်ချက်တွေကို ခန့်မှန်းလို့ မရနိုင်ဘူး။

သူ့စွမ်းရည်က အခြားစွမ်းအားရှင်တွေထက် အားကောင်းပေမယ့် အပြန်အလှန်အားဖြင့် သူဟာ သာမန်လူထက်အမြူတေပိုလိုအပ်တယ်။ လကုန်တိုင်းမစ်ရှင်လုပ်တာက အောင်မြင်မှုရနေလို့ တော်သေးတာပေါ့။ ကံကောင်းပြီး သူတို့အဖွဲ့ထဲ သဲစွမ်းအားရှင် တစ်ယောက်တိုးလာလို့ အဖွဲ့၏စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ခဲ့သည်။ ဟုတ်တာပေါ့... သူတို့လည်း ကလေးကို ကာကွယ်ဖို့ နည်းလမ်းရှာခဲ့ရသေးတယ်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Où les histoires vivent. Découvrez maintenant