Chapter (112) အဖေနဲ့သား

2K 276 2
                                    

Chapter (112) အဖေနဲ့သား


"မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး!" လျှိုရှန်ယွီသည် နဖူးပေါ်မှ ချွေးအေးများဖြင့် ပူပန်စွာ မတ်တတ်ရပ်လိုက်သည်။

ယန်ကောရှင့်၏မိသားစုသည် ခေတ်ပျက်ကြီးမတိုင်မီက သူမတို့ မိသားစုကဲ့သို့ အင်အားကြီးမားခြင်း မရှိသော်လည်း၊ သူမ၏မိဘများက ကမ္ဘာပျက်ကပ်အစတွင် ဖုတ်ကောင်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသောကြောင့် အခု သူမ အခြေနေက ယန်ကောရှင့်နှင့် မနှိုင်းယှဉ်နိုင်တော့ပေ။
 

သူမသည် သူတို့၏ အိမ်ထောင်ရေး ဆက်နွယ်ချက်ကို  တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ တကယ်လို့ သူမက အခြားလူနှင့် ရသည့် ကိုယ်ဝန်အကြောင်းသိသွားခဲ့လျှင် သူမကို ကွာရှင်းဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးချခဲ့မယ်ဆိုရင် သူမက စခန်းကနေ ထွက်သွားရလိမ့်မယ်။ အခုချိန် ဘယ်စခန်တွေကမှ အနောက်တောင်  စခန်းတွေလောက် မလုံခြုံဘူး ၊

သူမ ကွာရှင်းလိုက်ဖို့ မဖြစ်နိုင်ဘူး !!

ကျန်းရီ က နောက်ဆုံး ပတ်တီးစည်းပေးပြီး ချလိုက်သည်။ သူ့မျက်နှာထက်က အပြုံး ပိုနက်ရှိုင်းလာခဲ့သည်။ ဒီနေ့တော့ သူက အတင်းဖျင်းကြီးကြီးကို ကြားလိုက်ရတာပဲ။
 
 သူ့အမေမှာ အဖေကွဲညီလေး ဒါမှမဟုတ် ညီမလေးကို ကိုယ်ဝန်လွယ်ထားတယ်လို့  ကြားတာနဲ့ ယန်ဖေး က ဘယ်လိုတုံ့ပြန်မလဲ။

ကျန်းရီ ၏ လှုပ်ရှားမှုသည် လျှိုရှန်ယွီကို သတိဝင်လာစေသလိုပင်။  သူမက ကျန်းရီလက်ကို အမြန်ဆွဲကိုင်လိုက်သည်။

 "ဒေါက်တာ ကျန်း၊ ကျွန်မ ကလေးဖျက်ချင်တယ်၊   ကူညီပေးနိုင်မလား"

ကျန်းရီ က မျက်ခုံးပင့်ကာ ရယ်မောရင်း ငြင်းလိုက်သည်။

 "မစ်လျှို... ကျွန်တော်က ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ၊ မီးယပ်ဆရာဝန်မဟုတ်ဘူး"

ခွဲစိတ်မှုဟာ ဒီလို ကိုယ်ဝန်ဖျက်ချရာတွင် အထူး သက်ရောက်နိုင်သည်။ ဒီအမျိုးသမီးက ကျွမ်းကျင်သူတွေကိုပဲ ယုံကြည်ခဲ့တာမဟုတ်လား? သူက  မီးယပ်ဆိုင်ရာ ဆရာဝန် တစ်ဦးမဟုတ်ပေ။

လျှိုရှန်ယွီ၏မျက်နှာပျက်သွားကာ သူမ၏မျက်နှာသည် အလွန်ညို့မှိုင်းလာသည်။ သူမက ထပြီး အခန်းထဲ ဝင်လာသော သူနှင့်  စကားပြောလိုက်သည်။

 "သားဖွားမီးယပ်ပါရဂူတွေကို ချက်ချင်းရှာပြီး ကူညီပေးပါ။ ယန်ကောရှင့် မသိစေနဲ့။ သူသာ သိသွားရင် ရှင်တော့ အခွင့်လမ်းအကုန်ပိတ်လိမ့်မယ်"

ထိုလူက လှောင်ပြောင်ကာ စစ်ဆေးချက် စာရွက်ကို ကောက်ယူကာ လှည့်ထွက်သွားသည်။

လျှိုရှန်ယွီလှည့်ကြည့်လိုက်ပြီး ကျန်းရီ ကို ပြုံးစိစိနဲ့ ပြောခဲ့သည်။

"ရှင့်ကို အဲဒါကိုတွေ့သွားစေလို့ တောင်းပန်ပါတယ်၊ ကျွန်မ သွားတော့မယ် "

"ဖြည်းဖြည်းသွားပါ..." ကျန်းရီ က ဘောပင်ကို ဝှေ့ယမ်းလိုက်သည်။

ဒီတစ်ခါ အတင်းပြောတာက အရမ်းကောင်တာပဲ၊ ဘာပဲဖြစ်ဖြစ် သူက မီးယပ်ဆရာဝန်ကို သိပြီး အခြေအနေကို မေးနိုင်တယ်။ သူက ယန်ဖေး ရဲ့ ဖအေကွဲ မွေးချင်းအကြောင်း အသေးစိတ်ကို ပြောပြနိုင်သည်...

အာ.... သူ့ကို ပြောပြလိုက်ရင်  သူ့ဘဝအတွက် ပျော်ရွှင်စရာတွေ ထပ်တိုးလာပေါ့...

*******-*********
ဖုတ်ကောင်ဝိုင်းရံတိုက်ခိုက်ခံရပြီးနောက် တရားဝင်အလုပ် ပြန်လည် စတင်သည့်နေ့တွင် လော်ရွှင့် သည် အရေးကြီးသတင်းများစွာနှင့်အတူ အိမ်သို့ပြန်လာခဲ့သည်။ ဥပမာအားဖြင့်၊ ယခု ယန်ဖေး တွင်   အဆင့်သုံး အမြူတေပြီး၊ သူ အဆင့်တက်သွားနိုင်သည်။ တပ်မတော်က လူတိုင်းကို ဆုပေးပွဲ အခမ်းအနားနဲ့ ချီးမြင့်မယ်။ နောက်ဆုံးတော့ ကျန်းရီ က သူ့ကို မမွေးသေးတဲ့ ဖအေမတူ မွေးချင်းအကြောင်း ယန်ဖေး ကိုပြောပြပြီး သူ့အမေက ကိုယ်ဝန်ဖျက်ချချင်နေတာကိုလည်း ပြောပြခဲ့သည်။

"ခင်ဗျားအမေ အသက်ဘယ်လောက်ရှိပြီလဲ"

လော်ရွှင့် က ဒါကို ပိုစိုးရိမ်သွားသည် ။ ယန်ဖေး က အသက် 27 နှစ် ပြည့်သွားပါပြီဆိုတော့... သူ့အမေက... *အဟမ်း* အသက်ကြီးနေပြီလား။

"ငါးဆယ့်နှစ်လား? ငါးဆယ့်သုံးလား? ငါးဆယ့်လေးလည်း ဖြစ်နိုင်တယ်?" ယန်ဖေး က အတွေးဖြင့် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။

 "ကိုယ်တို့ မတွေ့တာ နှစ်အတော်ကြာပြီ၊ အမေ့မွေးနေ့တိုင်းမှာ အတွင်းရေးမှူးက လက်ဆောင်တွေဝယ်ပြီး သူ့နေရာကို ပို့ပေးဖို့ တာဝန်ယူထားလို့ အမေ့ အသက်ကို ကိုယ်  မသိဘူး"

"...." လော်ရွှင့် သည် ပြောမည့်စကားကို မြိုချကာ  သူ့ကို တိတ်တဆိတ် ကြည့်လိုက်သည်။

"အင်း...ခင်ဗျား အမေ ကိုယ်ဝန်ရှိနေပြီ..."

သူ့အမေက ကိုယ်ဝန်ရှိပေမယ့် သူ့အဖေရဲ့သားနဲ့ မဟုတ်ဘူး။ ထို့အပြင် မိဘများက ကွာရှင်းခြင်း မပြုသေးပါ... ယန်ဖေး အနေဖြင့် ဤကိစ္စအပေါ် မည်သို့ ခံစားရမလဲ။

ယန်ဖေး သည် ယင်းအပေါ် မည်သို့မျှ ခံစားချက်မရှိပေ။

"သူတို့က မူလကတည်းက ကိုယ်စီ တိတ်တိတ်ပုန်း ချစ်သူတွေရှိကြတယ်။ ဒါပေမယ့် ကိုယ့်အဖေက ရှာမတွေ့အောင် အမေက သူမရဲ့ ချစ်သူတွေကို ကောင်းကောင်း ဖုံးကွယ်ထားတယ်၊ ကျွမ်းကျင်တဲ့ စုံထောက်တစ်ယောက်တောင်မှ သူတို့ကို ရှာမတွေ့နိုင်ဘူး။ သူမရဲ့ ဒေါသက အမြဲတမ်း ဒီလိုပဲ။ အမေနဲ့ သူမ ချစ်သူကို  အတူတူတွေ့တုန်းက ကိုယ့်အသက်က ငါးနှစ်ပဲရှိသေးတာ။"

ဒါဆို လော်ရွှင့် က ဘာမှ စိတ်မပူတော့ပေ။ ယန်ဖေး စိတ်အခြေနေကောင်းနေလို့ လော်ရွှင့်သက်ပြင်းချလိုက်မိသည်။
 
ယန်ဖေး ရုတ်တရက် အဓိပ္ပါယ်ရှိသော အမူအရာဖြင့် ရယ်မောလိုက်သည်။

"ဒါပေမယ့် ဒီအချိန်က အဆင်ပြေပါတယ်"

"ဟင်? ဘာအဆင်ပြေလဲ" လော်ရွှင့် အံ့ဩသွားသည်။

ယန်ဖေး သည် ချစ်သူ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။ "ဘာမှမဟုတ်ဘူး။ ငါ အဆင့်တက်တော့မယ်။ မင်း အတူ လိုက်ကြည့်ချင်လား"

အဆင့်တစ်မှ အဆင့်နှစ်သို့ ကူးပြောင်းမှုမှာ ချောမွေ့ခဲ့ပြီး အဆင့်တက်ရန် ကျရှုံးသူ တစ်ယောက်မှ မရှိခဲ့ပေ။  အဖွဲ့ထဲက အခြားသတ္တုစွမ်းအားရှင် တွေဟာ နံရံမှာ အလုပ်လုပ်စဉ် အဆင့်တက်တော့လည်း  အောင်မြင်ခဲ့ပါတယ်။ ယန်ဖေး သည် သူတို့၏ အဆင့်မြှင့်တင်မှုအတွင်း ကွဲပြားမှုများရှိမရှိကို သိရှိရန် လော်ရွှင့် ၏အကူအညီကို လိုချင်ခဲ့သည်။

ယန်ဖေး ဘာမှမပြောဘူးဆိုရင် တခုခုဖြစ်ချိန် လော်ရွှင့် လန့်သွားလိမ့်မယ်။ သူက ပြုံးပြီး ခေါင်းညိတ်တယ်၊ သူ အရင်တစ်ခါက အဆင့်တက်တာကို မကြည့်ဘူး ၊အခုတော့  သူ အတူလိုက်ပြီး ကြည့်မယ် !

နှစ်ယောက်သား ဒုတိယထပ် အိပ်ခန်းထဲသို့ ရောက်သွားကြသည်။ ယန်ဖေးသည် အမြူတေအိတ်ကြီးကို ကုတင်ဘေးစားပွဲပေါ် တင်လိုက်သည်။ သူတို့သည် အသုံးပြုပြီးသား ဖုတ်ကောင် အမြူတေကို ထည့်ဖို့  ပလတ်စတစ်တောင်းတစ်ခုကို ယူဆောင်လာသည်။

 အမြူတေများသည်  တောက်ပပြီး အလင်းကို ထုတ်လွှတ်သည်။ အဆင့် ၁  အမြူတေ အနည်းငယ်မှလွဲ၍ ကျန်အားလုံးမှာ အဆင့် ၂ သို့မဟုတ် ၃တွေချည်းဖြစ်သည်။

ဒီတစ်ခါကြည့်ရတာ စခန်းက ပေးတာ အရမ်းရက်ရောပုံပဲ။ သူတို့သည် မမျှော်လင့်ဘဲ အဆင့်သုံး အမြူတေ  ပါဝင်နေပြီး တိုက်ပွဲဝင်သူတိုင်းကို ဆုချီးမြှင့်ခဲ့သည်။
 
သတ္တု အမြူတေသည် ငွေမှင်ရောင်ဖြစ်သည်။ အဆင့် 2 နှင့် 3 သည် အရောင်တူသော်လည်း အရောင်  အရင့်အမှောင် လုံးဝကွဲပြားပါသည်။ ဘေးချင်းကပ်ထားတဲ့အခါ ခြားနားချက်ကို ပိုမြင်နိုင်တယ်။ အဆင့်နှစ်  အမြူတေသည် လေထဲ လွင့်နေသောပြာများနှင့်တူသော်လည်း အဆင့် ၃ သည် ပိုမိုပြင်းထန်သော သတ္တုအရောင်များ ဖြင့် ပိုမိုတောက်ပနေပါသည်။

သတ္တုစွမ်းအားရှင် ဖုတ်ကောင် သာမက သတ္တုစွမ်းအားရှင် သားရဲဖုတ်ကောင်အချို့ရဲ့ အမြူတေတွေ ပါရှိသည် - သေးငယ်သောအရွယ်အစားကြောင့် သူတို့ကို အလွယ်တကူမှတ်မိနိုင်ခဲ့သည်။

ယန်ဖေး သူ့လက်ထဲတွင် အဆင့်သုံး အမြူတေတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး လော်ရွှင့် ကို ကြည့်လိုက်သည်။ နောက်မှ ခေါင်းညိတ်ပြပြီး ယန်ဖေး မျက်လုံးမှိတ်ထားရင်း ကုတင်ပေါ် မှီလိုက်သည်။

 အမြူတေကို လုံးဝစုပ်ယူလိုက်သောအခါတွင် သူ့ကိုယ်က  သတ္တုအလင်းကို ထုတ်လွှတ်လာသည်။ သူ့ဦးခေါင်းမှ စတင်၍ ခန္ဓာကိုယ်အနှံ့  ထိုစွမ်းအားတွေ ပျံ့နှံ့သွားသည်။ ကြည့်လိုက်တော့အလင်းက သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသလိုပဲ။

လော်ရွှင့် က သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း စိတ်လှုပ်ရှားစွာနဲ့ သူ့မျက်လုံးမလွဲတမ်း    စိုက်ကြည့်နေတယ်။ ယန်ဖေး မျက်လုံးဖွင့်လာတော့ လော်ရွှင့် အမြန် မေးလိုက်သည်။

"ဘယ်လိုနေလဲ?"

ယန်ဖေး သည် သူ့ကိုယ်ထဲက စွမ်းရည်ကြောင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ မော့ကြည့်ကာ ပြုံးလိုက်သည်။

 "အဆင့်မြှင့်တာ အောင်မြင်တယ်"

လော်ရွှင့် သည် သက်ပြင်းတစ်ချက်ချကာ သူ့မျက်နှာပေါ်တွင်  အပြုံးကြီးတစ်ခု ပေါ်လာသည်။


 "ခင်ဗျား ရဲ့ အဆင့်မြှင့်တင်မှုက နေ့တိုင်း အဆင့်မြှင့်ထားတဲ့ သူတွေနဲ့ အတူတူပါပဲ။ ကွာခြားတဲ့ပုံမပေါ်ဘူးလို့ ကျွန်တော်ပြောနိုင်တယ်"

"အတူတူပဲလား? အဲဒါဆိုရင် အဆင်ပြေတယ်။" ယန်ဖေး က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

သူသည် လော်ရွှင့် ၏ရှေ့တွင် အနာဂတ်တွင် အိမ်၌ အဆင့်မြှင့်တင်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဒါပေမယ့် သူက တခြားသူတွေရှေ့မှာ အဆင့်မြှင့်ရမယ်ဆိုတာ မလွဲမသွေ သတိထားရမည်။ တကယ်လို့  သူ၏ အဆင့်မြှင့်တင်မှုများသည် အခြားသူများနှင့် အတူတူပင်ဖြစ်ကြောင်း သိထားတော့ ပိုကောင်းတာပေါ့။

ဖုတ်ကောင်ဝိုင်းရံပြီး တစ်ပတ်အကြာတွင် အခြေချနေထိုင်သူများ၏ ဘဝသည် လမ်းကြောင်းမှန် ပေါ်ပြန်ရောက်လာခဲ့သည်။ မစ်ရှင်များ ပြီးမြောက်ရန် အပြင်ထွက်သူများနှင့် အခြေစိုက်စခန်း အလုပ်ရှာလိုသူများဖြင့် ပြန်လည်အသက်ဝင်လာသည်။

အခြေစိုက် စစ်ရေးပြ အခမ်းအနားအတွက် ပြင်ဆင်မှုတွေ စတင်တော့မှာ ဖြစ်တယ်။ တိုက်ပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်သူ အားလုံးသည် စခန်းအုပ်ချုပ်ရေးအဖွဲ့၏ အသိအမှတ်ပြုမှုနှင့် ဆုများ ရရှိမည်ဖြစ်သည်။ ပုံမှန်လူများပင်လျှင် ကာကွယ်ရေးတွင်ပါဝင်သရွေ့ အချို့သော ဆုများကို ရရှိမည်ဖြစ်သည်။

ပစ္စည်းအမျိုးမျိုး ဖလှယ်သည့ကောင်တာများတွင် သာမန်လူတွေကို ဆုငွေထုတ်ပေးသော်လည်း ထိပ်တန်းစွမ်းဆောင်ခဲ့သူတွေက ဆုရဖို့ အခမ်းအနားအထိ စောင့်ဆိုင်းနေမည်ဖြစ်သည်။

အဲဒီ့နေ့က သူတို့လင်မယားနှစ်ယောက် အိပ်လို့ရအောင် တစ်ရက်နားခဲ့သည်။ နေ့လည်တစ်နာရီမှာ  သတင်းပို့ရပြီး ပါတီပွဲက ညနေစောင်းတွင် စတင်သည်။  ထိုနေ့တွင် သူတို့၏ လုပ်ဆောင်ချက်က ထူးခြားတယ်လို့ ဘယ်သူကများ စခန်းခေါင်းဆောင်တွေကို သွားပြောလိုက်လို့ ကိုယ်တိုင်တွေ့ချင်သည်အထိ ဖြစ်ခဲ့တာလဲ။
ကပ္ပတိန်  ကောင်း စခန်းကိုရောက်လာပြီးနောက် သူတို့ဟာ သူတို့ရဲ့ သာမာန်အလုပ်ဝတ်စုံကို ဝတ်ထားပြီး တခြားသူတွေနဲ့ ရောနှောလိုက်ကြတယ်။ ဆုပေးပွဲအခမ်းအနားကို ယနေ့ညတွင် ဗိုလ်ချုပ်တွေရဲ့ ရုံးခန်း ရှေ့ရှိ ရင်ပြင်ငယ်လေးတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအဖွဲ့သည် အဆောက်အဦအတွင်းသို့ မဝင်ရောက်ဘဲ ခေါင်းဆောင်များကို စောင့်ကြည့်နေချိန်တွင် ရင်ပြင်ရှေ့တွင် ရပ်နေခဲ့သည်။ ငါးမိနစ်လောက်ကြာတော့ စခန်းခါင်းဆောင် တော်တော်များများ ထွက်လာတယ်။

"အယ်? ဒါက နာမည်ကြီး ကြိတ်ဆုံအဖွဲ့ မဟုတ်ဘူးလား?"

"ဟားဟား၊ အဲဒါ သူတို့လား! သူတို့ က အရမ်းနာမည်ကြီးတယ်!"

ကပ္ပတိန် ကောင်း အပါအဝင် သတ္တုနံရံအဖွဲ့သားများ အားလုံးသည် အခြားလူများ ပြောဆိုသည်ကို ကြားတော့ သူတို့၏ မျက်နှာများ တုန်လှုပ်သွားကြသည်။ အခြားသူများက သူတို့ အဖွဲ့၏ အမည်ပြောင်ပြောသည်ကို သေချာပေါက်ကြားခဲ့ရသော်လည်း လူအများရှေ့တွင် အခုလို အခေါ်ခံရတာက မတူပေ။   သူတို့၏ယခင်အမည်သည် အလွန်မကောင်းသော်လည်း၊  အခု သူတို့ရထားသည့် 'ကြိတ်ဆုံအဖွဲ့'ဆိုတာထက်တော့ ပိုကောင်းပါသေးသည်။

ဒီနာမည်ကိုကြားလျှင် ကြိတ်ဆုံကို ဆွဲလှည့်ရသည့် 'မြည်း' ဆိုသည့် စကားလုံးကို လူတွေ ကြားယောင်နေကြမည်ကို သူတို့ ကြောက်ရွံ့နေကြသည်...။

ခေါင်းဆောင်အများအပြားသည် 'ကြိတ်ဆုံ' အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးစီအား ရယ်မောပြီး စကားပြောဆို နူတ်ဆက်ကြသည်။ ယန်ဖေး ဆီကို ရောက်သွားတော့ ခေါင်းဆောင်တစ်ယောက်က သူ့ပုခုံးကို အံ့အားသင့်စွာ ပုတ်လိုက်တယ်။

 "ဒီကောင်လေးက အရမ်း စိတ်ဓာတ်မာကြောတာပဲ!"

"ဟုတ်တယ်။ သူက ပြောင်မြောက်လွန်းတဲ့သူဖြစ်မှန်း ဘယ်သူမှ မသိကြဘူး!"

"ဒါက သူ့ရဲ့သတ္တုစွမ်းရည်နဲ့ သက်ဆိုင်သလား"

"သူက အတော်လေး ငယ်သေးတယ်..."

ယန်ဖေး ၏ မျက်နှာသွင်ပြင်သည် သူ ပြုံးမပြဘဲနေလျှင်ပင် တည်ကြည်  ချောမောလို့နေသည်။  သူ ရယ်လိုက်လျှင် လူတွေရင်ကို နူးညံ့သွားအောင် ပြောင်းလဲနိုင်စွမ်းရှိသည်။ ကျန်းရီကတော့ ပြုံးမနေလည်း လူတွေကို ဆွဲဆောင်နေနိုင်သည်။
 
ယန်ဖေး ရှေ့မှာ လော်ရွှင့် ဟာ သာမန်လူဖြစ်ပြီး သူ့ကိုတွေ့ပြီးရင် မျက်နှာကို လွယ်လွယ်နဲ့ မေ့သွားနိုင်သည့် အသွင်မျိုးဖြစ်သည်။

ဂိတ်တံခါးကိုဖြတ်၍ ရုံးခန်းအဆောက်အအုံကိုဖြတ်သွားစဉ်တွင် သူတို့ကို စောင့်ကြည့်နေသူများကို စတင်တွေ့မြင်နိုင်ခဲ့သည်။

ခေါင်းဆောင်များနှင့်တွေ့ရန်  ကပ္ပတိန် ကောင်း သည် သူတို့အား ခေါ်ဆောင်ရန် လာသော်လည်း လူအများအပြားသည် အဆောက်အအုံမှ ထွက်လာကြသည်။

"ယန်ဖေးလား?!"

ထိုခေါ်သံကို ကြားလိုက်ရစဉ် သူတို့အဖွဲ့က ရပ်လိုက်စဉ် ရင်းနှီးပုံရတဲ့ အသက်ငါးဆယ်အရွယ် လူကြီးကို မြင်လိုက်ရသည်။

လော်ရွှင့် ၏ နှလုံးသားလေးက နိမ့်ဆင်းသွားခဲ့သည်။ ထိုလူ၏ မျက်နှာအသွင်အပြင်ကို အသေအချာ  ကြည့်လိုက်ပြီး ထိုလူကြီး၏  နှာခေါင်းနှင့် မျက်နှာသည် ယန်ဖေး နှင့် အလွန်ဆင်တူသည်... စားသောက်ခန်းတွင် သူတို့တွေ့ဖူးသော လူဖြစ်ပုံရသည်။ သူတွေးနေရင်းနဲ့ ယန်ဖေး ဘက်လှည့်လိုက်တယ်။

ယန်ဖေး၏အမူအရာမှာ မပြောင်းလဲဘဲ သူ့နာမည်ကို ရုတ်တရက်ခေါ်လိုက်သည့်သူကို ပုံမှန်ပဲ ကြည့်လိုက်သည်။

သို့သော် ထိုလူကိုမြင်သောအခါ ကပ္ပတိန် ကောင်း ဘက် ပြန်လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။

 "ကျွန်တော် ခဏသွားလိုက်ဦးမယ်။"

လော်ရွှင့် အား စိတ်ချဖို့ အကြည့်တချက်ပေးလိုက်ပြီး ထိုလူဘက်ကို ထွက်ခွာသွားသည်။

ယန်ဖေး ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာကို လော်ရွှင့် က စိတ်ထဲကနေ သိသည်။

"ယန်ဖေး... ဒါ တကယ် မင်းလား။"

ယန်ကောရှင့် သည် သူ့သားကိုမြင်ရသည်ကို မအံ့သြဘဲ လျှိုရှန်ယွီကဲ့သို့ သိပ်မူမပျက်ပေ။

ယန်ဖေး၏မိဘနှစ်ပါးသည် သူတို့အချင်းချင်း စကားများ ရန်ဖြစ်သည့်အချိန်တွင်သာ ယန်ဖေးကို စကားထဲ ထည့်ပြောလေ့ရှိသည်။ ယန်ကောရှင့်သည် စခန်းကိုရောက်လာတော့ အမှုထမ်းစာရင်းထဲတွင် ယန်ဖေးကို ရှာခဲ့ပေမယ့် မတွေ့ခဲ့ပေ။

ယန်ကောရှင့်သည် သားဖြစ်သူ၏ မျက်နှာကို ကြည့်ရင်း သက်ပြင်းချမိသည်။

"ငါနဲ့လိုက်ခဲ့။" သူက လှည့်၍ သူ့ရုံးခန်းထဲသို့ ခေါ်သွားသည်။

ရုံးခန်းအဆောက်အအုံက သေးငယ်သည်မဟုတ်သော်လည်း ဤနေရာတွင် အလုပ်လုပ်သော သူက အထက်တန်းအဆင့် အရာရှိကြီးနှင့် ညီမျှသည်။ ကျောထောက်နောက်ခံမရှိသူ ဤနေရာတွင် ရုံးခန်းရှိနိင်မည် မဟုတ်ပေ။  ရုံးခန်းသေးသေးလေးရှိလျှင်ပင် အခြေနေ အတော်ကောင်းနေပါပြီ – အရှေ့ဘက်အခြေစိုက် စခန်းခေါင်းဆောင်တွေကို ကြည့်လိုက်လေ။ လက်နက်ကိုင်တပ်သားအချို့မှလွဲ၍ ကျန်အားလုံးသည် ဟောခန်းထဲမှာ စုပေါင်းကာ ရုံးထို်င်ရသည်။

သူ့စားပွဲမှာထိုင်ရင်း ယန်ကောရှင့်က ယန်ဖေး က ဆန့်ကျင်ဘက်ကုလားထိုင်မှာ ခေတ္တရပ်မနေဘဲ ထိုင်နေတာကို တွေ့လိုက်ရတယ်။ သူ့သားရဲ့ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်ပြီး ယန်ကောရှင့်  သက်ပြင်းချကာ မေးလိုက်သည်။

  "ဘာလို့ စခန်းကိုရောက်ပြီးချိန် အဖေ့ကို လာမရှာတာလဲ။ ငါ့မှာလူတွေလွှတ်ပြီး မင်းကို လိုက်ရှာခိုင်းထားတယ်။"

ယန်ဖေးသည် လှောင်ပြောင်သောမျက်ဝန်းဖြင့် မျက်ခုံးပင့်တင်လိုက်သည်။

 "အဖေက ကျွန်တော့်ကို လိုက်ရှာနေတာလား? အဖေ ဒီကို မရောက်ခင်ကတည်းက ကျွန်တော်က ဒီမှာနေတာ ကြာပြီ။"

ယန်ကောရှင့် က သူ့သား စကားကို ကြားတော့ အေးခဲသွားသည်၊ သူသည် အခြေစိုက်စခန်းတစ်ခုလုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေသောအဖွဲ့အကြောင်းမသိသော်လည်း သူ့သားပြောလိုက်သည့် စကားကို နားလည်ခဲ့သည်- သူ့သားက သူ့ကိုမရှာဘဲ အဖေဖြစ်သူကို အားကိုးနေမည့်အစား အခြားအဖွဲ့တစ်ဖွဲ့ကို လက်တွဲလိုခဲ့သည်...

တွေးကြည့်လိုက်တော့ ယန်ဖေးကို ပြတင်းပေါက်ကနေ တပ်မတော်သားအချို့က တရင်းတနှီး နှုတ်ဆက်နေတာကို မြင်လိုက်ရတယ်။ အသင်းက မြို့ကို ကာကွယ်ဖို့ ကူညီခဲ့တာကို လူတိုင်း သိဖို့ မခဲယဉ်းပေ။ အခု ယန်ဖေးတို့ အဖွဲ့က  ဒီည စင်ပေါ်တက်မှာ အသိအမှတ်ပြုခံရမှာ မဟုတ်ရင် ထိုနံရံတည်ဆောက်သည့် အသင်းကို လူတိုင်းက ဘာလို့ နှုတ်ဆက်နေမှာလဲ ။

သားဖြစ်သူ၏ ဖုတ်ကောင်ကို တိုက်ခိုက်ဖို့ နေရာချထားမှုကို ထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင် ဒါက စွမ်းအားရှင်ဖြစ်သည့်အပြင် သူ့သားက ခေါင်းဆောင်တစ်ယောက် အနေထားရှိနေတာပဲ..

ဒါကိုသိလိုက်ရပြီးနောက်  ယန်ကောရှင့်သည် ခေတ်ပျက်ကြီး စတင်ကတည်းက သူ့ရင်ဘတ်ပေါ်ရှိ ဖိအားများ လျှော့သွားသလို ခံစားလိုက်ရသည်။ သူက ကမ္ဘာပျက်ကပ်ခေတ်တွင် စွမ်းအားရှင်မဟုတ်ပဲ သာမန်လူသာ ဖြစ်ခဲ့သည်။ စခန်းအတွက် အသုံးဝင်သည့် အချက်သာ မရှိခဲ့လျှင် သူ့အနေထားက လုံးလုံးလျားလျား အငွေ့ပျံသွားလိမ့်မယ်။

"မင်း အခုနောက်ပိုင်း ဘယ်လိုနေလဲ။  အခြေစိုက်စခန်းမှာ နေရတဲ့ မင်းအနေထားက အဆင်ပြေရဲ့လား"

ယန်ဖေး က သူ့ကိုမြင်မှ စိတ်ပူကာ မေးနေသည့် အဖေ၏ စကားကို ဟန်မပျက်ဖြေလိုက်သည်။
  "အဆင်ပြေပါတယ်။"

ယန်ကောရှင့်က သူ့သားက ရဲရင့်တဲ့သူဖြစ်တယ်လို့ ထင်တဲ့အတွက် အံဆွဲထဲက ပစ္စည်းတချို့ကို ဆွဲထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။

 "ဒါက အမြင့်ဆုံးအဆင့်မှာရှိတဲ့ canteen အတွက် အစားအသောက်လက်မှတ်တွေပဲ။ မင်း နေထိုင်တဲ့ နေရာသည် လုံခြုံရဲ့လား။ မင်း တခြားသူတွေနဲ့ ကျပ်ကျပ်တည်းတည်းနေနေရရင်  ငါ မင်းကို အခန်းတစ်ခန်းစီစဉ်ပေးလို့ ရတယ်။"

တကယ်လို့ ဖုတ်ကောင်လှိုင်းဝန်းရံခံရသည့် အချိန်မတိုင်ခင်ကဆိုရင် ယန်ဖေးက အဆင့်မြင့်ကင်တင်းမှာ စားသောက်ခွင့်လက်မှတ်ကို စိတ်ဝင်စားမည်ဖြစ်ပေမယ့် အခုတော့ သူက ကင်တင်းမှာ  စားလိုသောဆန္ဒအနည်းငယ်သာရှိတော့သည် ။

တစ်ဖက်တွင်၊ ယခု Canteens တွင် အသားနည်းပြီး အခြားတစ်ဖက်တွင်မူ ဟင်းသီး ဟင်းရွက်မျိုးစုံသည် အရသာမကောင်းပေ။ အထူးသဖြင့် အိမ်မှ ကောက်ပဲသီးနှံကောင်းကောင်း စိုက်ပျိုးနိုင်မှတော့ ဘာကြောင့် အရသာမရှိတဲ့နေရာကို လာစားနေဦးမှာလဲ။

ကပ္ပတိန်လီ၏ ပြောကြားချက်အရ သူနဲ့လော်ရွှင့် လာပို့သည့် သဘာဝ အသီးအရွက်တွေကို ထိပ်သီးခေါင်းဆောင်တွေအတွက်သာ သိမ်းထားပြီး ကင်တင်းမှာ လာစားတဲ့သူတွေက တစ်ကိုက်လေးပင် စားခွင့်မရပေ။.
နေစရာနဲ့ပတ်သတ်ပြီးပြောရမည်ဆိုရင် သူက   စစ်တပ်အိမ်ဆောက်လုပ်ရေးတွင် ပါဝင်ခဲ့ပြီး ထိုအိမ်တွေက ဘယ်လောက်ပဲ ကျယ်သည်ကို သိထားပြီးဖြစ်သည်။ အခု သူတို့ စိတ်တိုင်းကျပြင်ဆင်ထားသည့် အခန်းနှင့် ဘယ်လိုယှဉ်နိုင်မှာလဲ။

တစ်ချိန်လုံး ယန်ဖေးသည် သူ့အဖေကို ပြုံးကာ ကြည့်ပြီး ပြောလိုက်သည်။

 "အဖေ ပြောစရာရှိရင် တည့်တည့်ပဲ ပြောပါ။ ကွေ့ဝိုက်မနေနဲ့တော့ "

အထူးသဖြင့် သူ့ထက်အသက်ကြီးသူတွေကို မလေးစားတတ်တဲ့  သူ့သားနဲ့ စကားပြောရတာ ခက်ခဲတာကို ယန်ကောရှင့် အမြဲသိခဲ့တယ်။ အကယ်၍ သူသာ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ခဲ့လျှင်... အခုတော့ သူက သူ့သားကို  ထိန်းချုပ်နိုင်တော့မည် မဟုတ်ပါ။ ဒါပေမယ့်...

ယန်ကောရှင့်စကားမစခင်မှာ လူနှစ်ယောက် အကြာကြီး တိတ်ဆိတ်နေခဲ့သည် ။

"အခြေစိုက်စခန်းအခြေအနေက သိပ်မကောင်းဘူး။ ကမ္ဘာပျက်ကပ်ကြီးထဲတွင် အရင်ပုံစံအတိုင်း ဆက်သွားလို့ မရတော့ဘူး။  စစ်တပ်နဲ့  အစွမ်းထက်တဲ့ စွမ်းအားရှင်တွေပဲ နေရာတိုင်းမှာ သြဇာအာဏာအကြီးဆုံးဖြစ်လာလိမ့်မယ်"
 သူက ယန်ဖေး ကိုကြည့်ကာ ဆက်ပြောလိုက်သည်။

 "မင်းအသက် ၂၇ နှစ်ရှိနေပြီ၊ လက်ထပ်ဖို့ စဉ်းစားသင့်တယ်"

ယန်ဖေးသည် မျက်ခုံးပင့်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

 "အိုး?အဖေက ကျွန်တော့်ကို ဘယ်သူ့ဆီ ရောင်းစားချင်နေတာလဲ"

ယန်ကောရှင့် အသက်ပြင်းပြင်းရှူပြီး ဒေါသကို မြိုသိပ်ကာ ပြောလိုက်သည်။

  "ရောင်းတယ်လို့ မပြောနဲ့။ အခြေစိုက်စခန်း  တတိယတပ်မကြီး ဦးစီးမှု  မိသားစုထဲမှာ အသက် 21 နှစ်အရွယ် သမီးတစ်ဦးရှိတယ်။ မင်းရဲ့ ရုပ်ရည်နဲ့ဆိုရင် သူမကို ရဖို့ မခက်လောက်ဘူး  "

မိန်းကလေးက ဆရာဝန်တစ်ယောက်ကို သဘောကျပုံရသော်လည်း ထိုလူ၏ပုံပန်းသဏ္ဌာန်သည် သူ့သားကို မယှဉ်နိုင်ပေ။

ယန်ဖေးသည် ကျယ်လောင်စွာ ရယ်မောကာ သူ့မျက်လုံးများတွင် အထင်အမြင်သေးဟန်ဖြင့် ဖခင်ကို ပြောခဲ့သည်။

"တကယ် တောင်းပန်ပါတယ် ဒါပေမယ့် အခု ကျွန်တော်က ယောက်ျားတွေကိုပဲ ကြိုက်တယ်"

ယန်ဖေးပြောလိုက်သည့် အမှန်တရားက  ယန်ကောရှင့်၏ စိတ်ထဲတွင် နောက်ဆုံး ဆင်ခြင်တုံတရား အတွေးတစ်ခု ပြတ်တောက်သွားစေခဲ့သည်။ ထိုစကားလုံးလေးက သူ့ကို သတ်ပစ်လောက်အောင် အရှိန်ဟုန်ပြင်းလွန်းလှသည်။

  ယခင်က ယန်ဖေး ပြောသမျှနှင့် နှိုင်းယှဉ်ကြည့်လျှင် အရင်က စကားတွေက ဘာမှ မဟုတ်တော့ပေ။

"မင်း... မင်း ကြီးပြင်းလာလေ...မင်း စိတ်နေစိတ်ထားက ဘယ်လိုဖြစ်ပြီး အောက်ကို ကျသွားရတာလဲ  !"

ယန်ကောရှင့်က ဒေါသတကြီး စားပွဲကိုလက်ဖြင့် ရိုက်ကာ ဒေါသတကြီး ခုန်ထလိုက်သည်။

"မင်းလိုချင်တာကို ငါတို့ပေးခဲ့တယ်။  တခြားကလေးတွေမှာ  ရှိတဲ့အရာတိုင်းကို ငါတို့ ပေးခဲ့တယ်။ သူများတကာထက် သာအောင် မင်းကို ငါတို့ ပျိုးထောင်ခဲ့တယ်။   မင်းမှာ နိုင်ငံခြားက ကလေးတွေရှိတဲ့ အရုပ်တွေနဲ့ အစားအသောက်တွေတောင် ရှိသေးတယ်။ ငါတို့ မင်းကို အများကြီး ပြုစု ပျိုးထောင်ပေးခဲ့တာ..အခု  မင်း ငါတို့ကို ဘယ်လို ပြန်ဆပ်မလဲ ?!"

ယန်ဖေး သည် ထိုလူ၏ စကားကို လုံးဝ လျစ်လျူရှုရင်း ပြုံးနေသော အမူအရာကို ထိန်းထားသည်။ တကယ်တော့ သူက တခြားကလေးတွေထက် အရာအားလုံးနဲ့ ကြီးပြင်းလာပေမယ့် ပြန်ပေးရတာက ကြီးမားလွန်းလှသငည်။   သူသည် မိဘများနှင့် အတူနေရုံမျှသာပြောနိုင်သည်။ အိမ်မှာ သူတစ်ယောက်တည်းပဲ အမြဲတမ်း ရှိခဲ့သည်။ သူ့မိဘတွေက သူတို့ကိုယ်ပိုင်အလုပ်နဲ့ သူတို့အိမ်မှာ နေကြသည်။  သူတို့သည် အရုပ်မိသားစုတစ်ခုသာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း လူတွေရှေ့မှာ သရုပ်ဆောင်ဖို့ ဟန်ဆောင်ထားကြရုံသာ ဖြစ်သည်။

အရုပ်တွေ၊ သူကြိုက်တဲ့အရာတွေ၊ အဆာပြေ စားစရာမုန့်တွေ၊ သူ့အတွက် မွေးနေ့လက်ဆောင်ကို မိဘနှစ်ပါးက ဘယ်တုန်းကမှ မပြင်ဆင်ပေးဖူးပေ။ ထိုအရာအားလုံးကို အဖေနဲ့ အမေရဲ့ အတွင်းရေးမှုးတွေကသာ ပုံမှန်ပြင်ဆင်ပေးခဲ့ကြသည်။

 ဒါတွေက သူ့မိဘများထံမှ သူ သင်ယူခဲ့သော လှည့်ကွက်တစ်ခု ဖြစ်ခဲ့သည်။

ယန်ကောရှင့်သည် ကမ္ဘာပျက်ကပ်ကြီးစတင်ချိန်မှစ၍ မကျေနပ်ချက်အားလုံးကို မျိုသိပ်ထားရင်း သူ၏အသက်ရှုသံ ပြင်းပြင်းအောက်တွင် ငြီးတွားနေခဲ့သည်။ သူ့စိတ်တည်ငြိမ်အောင် ထိန်းရမယ် - သူက သူ့သားကို အကူအညီတောင်းနေတာဖြစ်တယ် ။ တကယ်လို့သူသာ  အစွမ်းအစရှိတဲ့သူ ဖြစ်မယ်ဆိုရင် သားအဖနှစ်ယောက် ဘယ်တော့မှ ခုလို ထိုင်ပြီး ညှိနှိုင်းနေမှာ မဟုတ်ဘူး။

အဲဒါတွေးပြီးနောက် ယန်ကောရှင်း  တည်ငြိမ်မှုပြန်ရလာပြီး ဖြည်းညှင်းစွာပြောလိုက်သည်။

 "ငါသိပါတယ်၊ ဒါပေမယ့် မင်း စဉ်းစားစရာ တချို့အရာတွေ ရှိတယ်... အခြေစိုက်စခန်းက များသောအားဖြင့် မကောင်းတာတွေရှိတယ်ဆိုတာ ငါ သိတယ်၊ အမျိုးသားနဲ့ အမျိုးသမီး အချိုးက မမျှဘူး။ ကမ္ဘာပျက်ကပ်ဖြစ်တော့ မင်းမှာ ကောင်မလေးတွေနဲ့ ဆုံဖို့ အခွင့်အလမ်းမရှိတာ ဖြစ်နိုင်တယ်၊ အဖေ မင်းကို မိန်းမကောင်းလေးတွေနဲ့ မိတ်ဆက်ပေးနိုင်တယ်..."


သူ ယန်ဖေးမျက်လုံးကို ကြည့်ချင်စိတ်မရှိပေ။ အကြည့်ကို လွဲကာ ပြောလိုက်သည်။

"မင်းလိုချင်တာ...မင်း လုပ်နိုင်တယ်။ ဒါပေမယ့် မင်း မိန်းမယူပြီး သားသမီးရပြီဆိုတာနဲ့ မိသားစုကို တည်ငြိမ်အောင် ထိန်းနိုင်မယ်ဆိုရင် မင်းကြိုက်တဲ့သူကို တွဲနိုင်တယ်။ မင်းဘဝကို အဖေ ဝင်မစွက်ဖက်တော့ဘူး"

ယန်ဖေး မှိတ်ထားသော မျက်လုံးများဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

 "တောင်းပန်ပါတယ် ဒါပေမယ့်  မျှော်လင့်ချက်တွေနဲ့ မိဘနှစ်ပါးဆီက အချစ်နဲ့ ဂရုစိုက်မှုကို မျှော်နေတဲ့ နောက်ထပ် ကလေးတွေကို ကျွန်တော် မမွေးနိုင်ဘူး  "

ယန်ကောရှင့်၏ မျက်နှာသည် ပြောင်းလဲသွားသည်။ ယန်ဖေး က သူ့ကို စကားမပြောဘဲ မတ်တပ်ထရပ်လိုက်ပြီး ဒေါသတကြီး ပြုံးလိုက်သည်။

 "အဖေ သိထားသင့်တာတစ်ခုရှိတယ် ။ ကျွန်တော်အမေ-  အဖေရဲ့ မိန်းမက အခု ကိုယ်ဝန်ရှိပြီး ကိုယ်ဝန်ဖျက်ချဖို့ တောင်းဆိုနေတာ၊ ဒီစခန်းရဲ့ မီးယပ်ဆရာဝန်က ခွဲစိတ်မှုစွမ်းရည်ကောင်းတယ်။"

ယန်ဖေးက သူ့အဝတ်ကို ခါပြီး လှည့်ထွက်သွားတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး သိချင်တဲ့သူတွေ တော်တော်များများ ရှိနေတယ်၊ စိတ်ချပါ ။ အမေ့ လုပ်ရပ်နဲ့  ပတ်သတ်ပြီး ကျွန်တော် မရှက်ပါဘူး။ တစ်ယောက်ယောက်က မေးလာခဲ့ရင် အသေးစိတ် အချက်အလက်အားလုံးကို ကျေကျေနပ်နပ်နဲ့ ပြောပြပေးပါ့မယ်။"

ယန်ကောရှင့်သည် ရေထဲက ငါးတစ်ကောင်ကုန်းပေါ် ပစ်တင်ခံရသလို ဖြစ်ပြီး သူ့ပါးစပ်လှုပ်သော်လည်း အသံမထွက်လာနိုငပေ။ လျှိုရှန်ယွီ.... သူမလို လူကို သူ ဘယ်လိုဖြစ်ပြီး လက်ထပ်ဖို့ သဘောတူခဲ့မိတာလဲ။  အိမ်ထောင်ကျပြီးကတည်းက သူမဘယ်လောက်ဒုက္ခပေးခဲ့လဲ။ သူမ လုပ်သမျှ အရှုပ်တွေ လိုက်ရှင်းပေးမယ့် ကူညီပေးနိုင်တဲ့ ယောက္ခမတစ်ယောက်ရှိခဲ့ပေမယ့် အခုတော့ သူမ ရှုပ်သမျှကို လိုက်ရှင်းပေးရမှာ သူ့တာဝန်ဖြစ်လာပြီ။

သူက စားပွဲကို မုန်းတီးစွာ ရိုက်လိုက်သည်၊ ယန်ကောရှင့်သည် တည်ငြိမ်မှု မှန်သမျှ ပျောက်ကွယ်သွားခဲ့သည်။   ရုတ်တရက် တံခါးပွင့်လာပြီး ယန်ဖေး ပြန်ဝင်လာကာ ယန်ကောရှင့်ကို  မကြည့်ဘဲ စာရွက်လိပ်ကို ကောက်ယူလိုက်သည်။ လဝက်စာ ကင်တင်း လက်မှတ်က နည်းပေမယ့် မရှိတာထက်စာရင်တော့ တော်သေးတယ်။

"မင်း..." ယန်ကောရှင့်၏ အသံက ထွက်လာသည်။

ယန်ဖေး က ထမင်းစားလက်မှတ်တွေကို အိတ်ထဲထည့်လိုက်ပြီး ထူးမခြားနားဟန်ဖြင့် ပြောခဲ့သည်။

 "အိမ်မှာ အသားလတ်လတ်ဆတ်ဆတ်  မရှိတော့ဘူး၊ ကျွန်တော့် အိမ်ထောင်ဖက်ကို ကျွေးရမယ်"

နေ့တစ်ဝက်လောက် အနှောက်ယှက်ပေးခံရပြီး ဘာကြောင့် လက်ဗလာပြန်ခဲ့ရမှာလဲ။

အိမ်ထောင်ဖက်လား?

ယန်ဖေးသည် ယောက်ျားများကို နှစ်သက်ရုံသာမက လျိူရှန်းယွီ၏ အခြေအနေကိုလည်း ပြောကာ သူ့ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခဲ့သည်ကို သတိရမိသည်။ သူ့ကို ခြိမ်းခြောက်တာကလည်း ဒီလိုမျိုး ယန်ဖေးရဲ့ ကိစ္စတွေကို မစွက်ဖက်ဖို့ ပြောနေတာလား။

သူ့သားက လျှိုရှန်ယွီအကြောင်း ပိုသိတယ်။ သူသာ လက်နှေးနေရင် တခြားလူဆီ သွားလိမ့်မယ်။

ယန်ကောရှင့်သည် အသက်ပြင်းပြင်းရှူပြီး ငြိမ်သက်ရန် အချိန်အတော်ကြာသည်။ ယနေ့တော့ ယန်ဖေး ကို သူ တွေ့လိုက်သည်။ ကမ္ဘာပျက်ပြီးနောက် သူ့မိသားစုက ဆုံးသွားပြီလို့ သူထင်ခဲ့ပေမဲ့ သူ့သားက အခုလို ဖြစ်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ...

"လျှို....ရှန်း....ယွီ!"

သူမက သူ့ကို ဒုက္ခပေးရတာ မလုံလောက်သေးဘူးလား။ ဘာကြောင့် အခု သူမရဲ့ အရှုပ်ကို သူ လိုက်ရှင်းပေးရမှာလဲ။    ဒီတစ်ခါတော့ သူ မခံနိုင်တော့ဘူး!!

***-***

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now