Chapter (96) _ အကြီးကျယ် စိုက်ပျိုးခြင်း

2.4K 422 9
                                    

Chapter (96) _ အကြီးကျယ် စိုက်ပျိုးခြင်း


လူအားလုံး အလုပ်များလာခဲ့ရာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် 16 ထပ်မှ စိုက်ပျိုးရေးအတွက် ပြင်ဆင်မှုများ ပြီးစီးသွားသည်...

"ဟင်? မော့ကြည့်လိုက်တော့ ခါတိုင်း 16 လွှာမှာ ပြတင်းပေါက်အပြင်ဘက်မှာ သံစင်တွေရှိတယ်ဆိုတာ ငါ မှတ်မိပါသေးတယ်။ 15 လွှာမှာ ဘာလို့ သံစင်တွေ ရုတ်တရက်ရှိလာတာလဲ"

"မင်းဘယ်လိုမှ သတိမထားမိဘူးမဟုတ်လား။ အခုအပေါ်ဆုံးနှစ်ထပ်လုံးရဲ့ ပြတင်းပေါက်အပြင်ဘက်မှာ သတ္တုခြံစည်းရိုးတွေ ရှိနေပြီ"

"ဒါပေမယ့် တခြားအခန်းတွေကရော"

"ဘယ်သူ သိမှာလဲ၊ စင်ပေါ်မှာ ဘာတစ်ခုမှ ချိတ်ဆွဲမထားဘူး။"

ဆိုလာပြားများက ပြားချပ်ချပ်ဖြစ်နေသလို့ သိပ်မသိသာသည့်အထဲ အပြင်က သတ္တုခြံစည်းရိုးဖြင့် အကာအကွယ်ပြုထားလို့ မြင်နိုင်သူ နည်းပါသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ လော်ရွှင့် သည် ဆိုလာပြားများစွာကို လဲလှယ်ရန်အတွက် လူတိုင်း၏အမှတ်များကို စုစည်းခဲ့သည်။ သူက နံရံနှစ်ခုကို လုံးဝ ဖြည့်နိုင်ခြင် မရှိသေးပေမယ့် အခုတော့ အတော်လေးကို အားစိုက်ထုတ်ကာ ဆိုလာပြားများကို အတတ်နိုင်ဆုံး တပ်ဆင်ထားသည်။

လွန်ခဲ့သည့်လတွင်၊ ရွှီမိန် နှင့် စုန့်လင်လင် တို့သည် လိုအပ်သောမြေဆီလွှာကို တဖြည်းဖြည်း ပြန်လည်ယူဆောင်လာခဲ့ကြသည်။ မြေကြီးကို သန့်စင်ပြီး စိုက်ပျိုးရေးစင်တစ်ခုတွင် သပ်သပ်ရပ်ရပ် ထားခဲ့သည်။

15 ထပ်စင်္ကြံတွင်၊ အိမ်ခန်းနံပါတ် 1503 နှင့် 1504 အနီးတဝိုက်တွင် အပင်စိုက်ထားသည့် စင်တန်းများရှိသည့် အပြင် ရေခဲသေတ္တာ နှစ်လုံးနှင့် အဝတ်လျှော်စက်တစ်လုံးလည်း ရှိနေသည်။

လီထယ်နှင့် သူငယ်ချင်းများသည် အဝတ်လျှော်စက်ကို ဝယ်ယူခဲ့ပြီး လော်ရွှင့် နှင့် ယန်ဖေးမှလွဲ၍ အများသုံးစက်အဖြစ် ကျန်လူအားလုံးက အသုံးပြုခဲ့သည်။ ယခုအချိန်တွင် လျှပ်စစ်မီးမရှိသောကြောင့် အသီးအရွက်များ ရိတ်သိမ်းကာ သိမ်းဆည်းရန်အတွက် ရေခဲသေတ္တာနှစ်လုံးကို အသုံးပြုထားသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now