Chapter (105) - ဖုတ်ကောင် ကြွက်အုပ်နှင့် တိုက်ခိုက်ခြင်း

2.3K 335 9
                                    

Chapter (105) - ဖုတ်ကောင် ကြွက်အုပ်နှင့် တိုက်ခိုက်ခြင်း

နောက်တစ်နေ့အကြာတွင် အပင်အမျိုးအစားစွမ်းအားရှင်ထဲမှ တစ်ဦး မရှိတော့ပေ။ ကျန်ရှိသော အပင်စွမ်းအားရှင် တစ်ဦးက သူသည် အသင်းတွင်နေရန် ကူညီရန် ကပ္ပတိန်  ကောင်း နှင့် သီးသန့်စကားပြောခဲ့ကြောင်း လော်ရွှင့် အား ပြောပြခဲ့သည်။ တကယ်တော့ သူ့မှာ အရည်အချင်းရှိပေမယ့် စစ်တပ်ထဲမှာ စွမ်းအားရှင် အများစုဟာ အဆင့် 2 ဖြစ်ပြီး သူက  အဆင့် 1 သာ ရှိသေးသည်။
 

သူက စွမ်းအားရှင်ဖြစ်လို့ သာမန်လူတွေထက် ပိုသာသည်ဆိုပေမယ့် စစ်တပ်ထဲက စွမ်းအားရှင် အုပ်စုလိုက်ကြီးထဲ ရောက်သွားမည်ဆိုပါက   ပျမ်းမျှအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ အခြားအပင်စွမ်းအားရှင် အနည်းငယ်ကိုလည်း တွေ့ခဲ့ဖူးလို့ ထိုစွမ်းအားရှင်အဖွဲ့ထဲက နေရထိုင်ရသည့် အကြောင်းလည်း သူက ကြားသိထားသည်။
 
သူက စိတ်ပိုင်းဖြတ်ပြီးနောက် ကပ္ပတိန်  ကောင်း သည် အသင်းမှကျန်ခဲ့သည့် လူတွေကို တွေ့ပြီးနောက် စစ်တပ်က  အခြားစွမ်းအားရှင်များကို လိုက်လံ ရှာဖွေနေကြောင်း သူကြားသိခဲ့ရသည်။

ယခုအခါ သတ္တုအဖွဲ့တွင် အဖွဲ့ဝင် ၁၃ ဦးသာ ကျန်ရှိတော့ပြီး စွမ်းအားရှင် အဖွဲ့ဝင်က ၂ ဦးသာ ရှိတော့သည်။ ဒါပေမယ့် အသင်းထဲက လူတွေက ထိုပမာဏက အတော်ပဲဟု   ခံစားမိကြသည်။   အဘယ်ကြောင့်ဆိုသော် ယန်ဖေးတို့ ဇနီးမောင်နှံ၏အကူအညီကို သူတို့ အဓိက အားကိုးသောကြောင့်ဖြစ်နိုင်သည်။ ယခုအခါ သူတို့သည် ရှားပါးသော စွမ်းအားရှင်တွေပါဝင်သည့်   အဖွဲ့အသစ်ကို တည်ဆောက်ရန် ကြိုးစားနေသော်လည်း လူ အလုံအလောက်မရှိပေ။

ကံကောင်းထောက်မစွာ၊ အလုပ်က မရမ်းမခက်ခဲလို့ အကူအညီအများကြီးမလိုဘူး။ သတ္တုလုပ်ငန်း အသေးစားအချို့အတွက် သတ္တုသန့်စင်ခြင်းသည် လူနှစ်ဦးတည်း ရှိပေမယ့် ပြဿနာမဟုတ်ပေ။ ကျန်တဲ့အလုပ်တွေမှာ ကူညီဖို့ ကားတွေနေတာပဲ။

လီထယ် ၊ အခြားကျောင်းသားများနှင့် ကျန်းရီ တို့သည် စမ်းသပ်စစ်ဆေးရန် လေးရက်မြောက်နေ့အထိ စောင့်ခဲ့ရသည်။ အမှန်မှာ ကျောင်းသားများသည် စစ်တပ်တွင် တရားဝင် လုပ်ကိုင်နေသည် မဟုတ်ပေ၊ ယာယီ စုဆောင်းထားသည့် အလုပ်သမားများနှင့် သာ၍ တူသောကြောင့် သူတို့အလှည့်မရောက်မီ တပ်သား အားလုံး စစ်ဆေးခံပြီးသည်အထိ စောင့်ခဲ့ရသည်။

ငါးယောက်လုံး စိတ်လှုပ်ရှားစွာ သွားကြသော်လည်း အနည်းငယ် စိတ်ပျက်လာရသည်။  သူတို့ မျှော်လင့်ထားသည့်အတိုင်း အားလုံးက သာမန်လူတွေသာ ဖြစ်နေသည်။ ကျန်းရီ ကလည်း သူ့လေစွမ်းအားကို စစ်ဆေးကြည့်တော့ အံ့သြစရာ မရှိပေ။ သို့သော် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် စစ်သားများက တုန်လှုပ်သွားရသည့်အချက်က  သူ၏လေစွမ်းအင်သည် အဆင့်နှစ်တွင်သာ ရှိနေသေးလို့ဖြစ်သည်။


စွမ်းရည်အသုံးပြုသူ အများအပြား အထူးသဖြင့် စစ်တပ်ထဲက လူတွေက  အဆင့်တက်ခဲ့မည်ဆိုပါက အားလုံး သိရှိကြမည် ဖြစ်သည်။ သို့သော်လည်း လေစွမ်းအားရှင်က... အဆင့်တစ်တွင် အသုံးမဝင်သော်လည်း သူတို့သည် လေကို အမြင့်ဆုံး တိုက်ခိုက်ရေး လက်နက်အဖြစ်သို့ ပြောင်းလဲနိုင်သည်။

 ဒါပေမယ့် ကျန်းရီ က အဆင့်တစ်မှာတောင် လူတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်နိုင်ခဲ့သည်။ အခု  အဆင့်နှစ်ဆိုတော့ ဘယ်လောက်တောင် လူတွေကို လေဓါးနှင့် ဖြတ်တောက်နိုင်မလဲ မသိတော့ပေ။
 

ယင်းကြောင့် လူများအကြား သံသယအတွေးများ ပျံ့နှံ့သွားခဲ့ပြီး ကျန်းရီ သည် အဆင့်နှစ်သာမက အဆင့်   အဆင့် (၃) ပင်ဖြစ်နေပြီလားလို့ တွေးနေခဲ့ကြသည်။ ထို့ကြောင့် ရလဒ်များထွက်လာသောအခါ၊ ကိရိယာသည် အဆင့်နှစ်ထက် မြင့်မားစွာဖတ်နိုင်စွမ်းရှိ မရှိကို အားလုံးက  သိချင်ကြသည်။

ဟုတ်တာပေါ့... လောလောဆယ်မှာ အဆင့်သုံး စွမ်းအားရှင် မပေါ်ပေါက်သေးလို့ သူတို့စိတ်ထဲမှာ ဒီသံသယတွေ ရှိနေကြခြင်းဖြစ်သည်။ စစ်ဆေးရေး ကိရိယာသည် အဆင့်နှစ်ထက် ပိုမြင့်သော မည်သည့်အရာကိုမျှ ထောက်လှမ်းနိုင်ခြင်း မရှိသည်မှာ ဖြစ်နိုင်သည်။ သို့သော် ဒီအကြောင်းကို ထုတ်ပြောပြန်လျှင်လည်း  အခြေစိုက်စခန်းကို ဦးဆောင်နေသော သုတေသနာပညာရှင်အုပ်စုကို စော်ကားရာရောက်မည်ဖြစ်သည်။ ဘယ်သူမှ ထိုအကြောင်း ထုတ်ပြောရသည်အထိ မမိုက်မဲကြသေးပေ။

တပ်ထဲတွင်  တစ်ပတ်ကြာ စမ်းသပ်ပြီးနောက် သုတေသနဌာနက စွမ်းရည်ထောက်လှမ်းသည့် ကိရိယာများအကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဒီသတင်းကို ရေဒီယိုနဲ့ လမ်းတွေပေါ်မှာ နေရာအနှံ့ ကြော်ငြာခဲ့သည်။

ယခုအခါ အဆိုပါကိရိယာသည် အခြေစိုက်စခန်းရှိလူအားလုံးအတွက် စမ်းသပ်ရန် အခမဲ့ လုပ်ဆောင်ပေးသည်။ စစ်တပ်က စက်ပစ္စည်းခြောက်ခုကို သယ်ထုတ်ခဲ့ပေမယ့် သတင်းထုတ်ပြန် အပြီးမှာ လူတွေက စစ်ဆေးဖို့ စိတ်အားထက်သန်လွန်းတာကြောင့် စစ်ဆေးရေးဂိတ်တွေမှာ မနက်ပိုင်းကနေ ညမိုးချုပ်တဲ့အထိ တန်းစီစောင့်ဆိုင်းနေသူတွေနဲ့ ပြည့်နေတော့သည်။

စွမ်းရည်အသုံးပြုသူအားလုံးသည် သူတို့၏အဆင့်အတန်းနှင့် သာမန်လူများကြား  ကွဲပြားကြောင်း သက်သေပြနိုင်သော အထူးသက်သေခံကတ်ပြားကို ပိုင်ဆိုင်ကာ ကိုယ်မှာ တပ်ထားချင်ကြသည်။ သာမာန်လူတိုင်းသည် သူတို့၏ လက်ရှိ အဆင့်မှ မြင့်တက်လိုကြပြီး သူတို့၏ အထောက်အထားကို ပြန်လည်ဖန်တီးချင်ကြသည်။ တရားလက်မဲ့ဖြစ်သော ဤအခြေစိုက်စခန်း၌ သူတို့သည် ရေရှည် ရပ်တည်နိုင်ဖို့ အနိုင်ကျင့်သူ စွမ်းအားရှင်လက်မှ လွတ်ကာ ပိုအဆင့်မြင့်သော ဘဝတွင် နေထိုင်လိုကြသည်။
 

မိမိတို့စွမ်းအားကို စစ်ဆေးတွေ့ရှိပြီး ကတ်များကို ပြောင်းလဲရန် လူတိုင်း ရူးသွပ်နေချိန်တွင် ရွှီမိန် နှင့် စုန့်လင်းလင်း ကဲ့သို့သော လူများသည် ထိုသို့ စစ်ဆေးရန် တန်းစီရသည့် ဒုက္ခမရှိပေ။ သူမတို့၏ ပါဝါအဆင့်ကို သိရှိသောကြောင့် ငြိမ်သက်နေကြသည်။

တစ်ချိန်တည်းမှာပင် စွမ်းအား စစ်ဆေးသည့် စက်ပစ္စည်းများကို ထုတ်လာနိုင်သည်နှင့် သိပ် မဝေးတော့သော အနာဂတ်တွင် ဖုတ်ကောင်များက အခြေစိုက်စခန်းကို  တိတ်တဆိတ်  ဖြန့်ကြက် ဝန်းရံထားကြသည်။ ဖုတ်ကောင်များသည် လူသား၏ဗုံးခွဲတိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ချင်သည်ဟု ထင်ရသည်။ အနောက်တောင်အခြေစိုက်စခန်းနှင့် A-City အစွန်းရှိ အရှေ့ဘက်အခြေစိုက်စခန်းတို့ကို ဖုတ်ကောင်လှိုင်းလုံးကြီးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး လူအများကြား တီးတိုးပြောကြသည်။ ထိုသတင်းသည် ကြိုမြင်နိုင်စွမ်းရှိသော အနာဂါတ် ဖတ်နိင်သည့်  စွမ်းအားရှင် ထံမှ ထွက်လာသည်ဟု ထင်ကြေးပေးမှု များလည်း ရှိခဲ့သည်။ ထိုသတင်းပြန့်နှံ့သွားသည်နှင့်   အချို့သောလူများက ဒဏ္ဍာရီလာ ဖုတ်ကောင်ဧကရာဇ် ဖုတ်ကောင်အားလုံး၏အုပ်စိုးရှင်က လူသားများကို အပြစ်ပေးဖို့ ထွက်ပေါ်လာမည်ဟု အချို့ကပြောနေကြသည်။

အခြေစိုက်စခန်းတွင် ပျံ့နှံ့နေသည့် ကောလဟာလများကို နားထောင်ရင်း၊ လော်ရွှင့် နှင့် ယန်ဖေး တို့သည် နှုတ်ဆိတ်နေကြရုံမှတပါး အခြားနည်းလမ်းမရှိပေ။

လော်ရွှင့် သည် သူ၏ "ကြိုတင်ဟောကိန်းထုတ်ခြင်း" ဖြစ်လာမည်ကို သက်သေပြရန် နည်းလမ်းမရှိသည့်အပြင်၊ သူသည် အနာဂတ်တွင် မည်သို့နေထိုင်လျှင် အသက်ရှင်မည်ကို  သက်သေပြနိုင်ခြင်းမရှိပေ။ ဒီလိုဖြစ်လာမည်ကို သေချာသိပေမယ့် ထုတ်ပြောလို့လည်း မရပေ။

နောက်ဆုံးတွင်၊ သူ၏ ပြန်လည်မွေးဖွားမှုကြောင့် သေးငယ်သော အပြောင်းလဲများ ဖြစ်ခဲ့ သော်လည်း အများစုမှာ သူ့ကိုယ်တိုင်နှင့် ဆက်စပ်နေပါသည်။ ပိုကြီးတဲ့ပြောင်းလဲမှုကိုတော့ သူ မလုပ်နိုင်ပေ။  ဥပမာအားဖြင့်၊ A-city တွင် အခြေစိုက်စခန်းနှစ်ခု သာ ကျန်ရှိပြီး M-city နှင့် အခြား အခြေစိုက် စခန်းအများအပြားက ဖျက်ဆီးခံရလိမ့်မည် ဆိုသည့်အချက်မျိုး ဖြစ်သည်။

အခြေစိုက်စခန်းတွင် သုတေသန တိုးတက်မှု အနည်းငယ်ရှိပေမယ့်    လော်ရွှင့် ၏ မှတ်ဉာဏ်တွင် တစ်ခုတည်းသော ခြားနားချက်မှာ ယန်ဖေး ၏အကူအညီဖြင့် သတ္တုစွမ်းအားရှင် များ အဆင့်မြှင့်တင် ပေးနိုင်သည့် နည်းလမ်းကို သိရှိလာခြင်းကြောင့် အခြေစိုက်စခန်းတွင် သတ္တုတံတားများ ပိုများလာခြင်း ဖြစ်သည်။ ဒါက သူ့အတိတ်ဘဝတုန်းက မဖြစ်ခဲ့ဖူးပေ။ဒါဟာ လော်ရွှင့် ရဲ့ အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ကြားက အကြီးမားဆုံး ကွာခြားချက်ပါပဲ။

အကြောင်းမှာ၊လော်ရွှင့် က အရှေ့ဘက်အခြေစိုက်စခန်းကို ဖုတ်ကောင်တွေ သိမ်းပိုက်မယ်လို့ မပြောခဲ့ပေ။ သူသည် အရင်ဘဝကအတိုင်း ယခုဘဝတွင်လည်းတစ်ထပ်တည်း ဖြစ်ပျက်လာမည်ဆိုတာ အခိုင်အမာ မပြောရဲပေ။ သူတို့စုံတွဲသည် မကြာသေးမီက အခြေစိုက်စခန်းပြင်ပအခြေအနေနှင့် ပတ်သက်၍ အလွန်စိုးရိမ်ခဲ့ကြသော်လည်း ဖုတ်ကောင်အရေအတွက် ရုတ်တရတ်တိုးလာသည့် အကြောင်း မကြားမိခဲ့ကြပေ။

အခြေစိုက်စခန်းတဝိုက်တွင် လတ်တလောပျံ့နှံ့နေသည့်သတင်းနှင့်ပတ်သက်၍ ယန်ဖေးက သေချာတွေးကာ ထိုသတင်းကို  ကောလဟာလအဖြစ် လူတွေကြား တိတ်တဆိတ်ဖြန့်ဝေ ရုံသာ ရှိသည်။  အထူးသဖြင့် သူက ထိုအဖြစ်ပျက်အတွက်   အထောက်အထားတစ်ခုခုကို မပြနိုင်လျှင် အခြေစိုက်စခန်းရှိ အုပ်ချုပ်သူများကို တိုက်ရိုက်ဆက်သွယ် ပြောပြလို့ မရနိုင်ပေ။

သူတို့လက်ထဲတွင် မိုဘိုင်းလ်ဖုန်းများကို လက်ထဲတွင် မပြတ်ကိုင်ထားပြီး၊  သူတို့သည် အိမ်မှ  အသင်းဝင်များထံ မက်ဆေ့ချ်များ ပေးပို့နိုင်သည်။  အခု မိုဘိုင်းလ်ဖုန်းကွန်ယက်ထဲမှ အားလုံးကို တပြိုင်နက်တည်း မက်ဆေ့ချ်ပို့သည့်နည်းကို သုံးကာ ဖုတ်ကောင်လှိုင်းလုံးကြီး ပေါ်လာမည့် သတင်းကို ဖြန့်နိုင်လိမ့်မည်။

ထို့ကြောင့် မစ်ရှင်များအတွက် ထွက်သွားသောအဖွဲ့များသည် ဖုတ်ကောင်များရုတ်တရက်တိုးလာခြင်း၊ ထူးဆန်းသောဖုတ်ကောင်များ လှည့်ပတ်သွားလာခြင်းစသည့် သက်ဆိုင်ရာသတင်းများကို အထူး အာရုံစိုက်ကြမည်ဖြစ်သောကြောင့် သူက နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ သတင်းပြန့်နှံ့သွားသည်နှင့်အမျှ အခြေစိုက်စခန်းမှ ထိုသတင်းကို သေချာပေါက် တုံ့ပြန်ရမည်ဖြစ်သည်။

ဟုတ်တာပေါ့...ဒီနည်းက  အားနည်းချက်တွေ ရှိနေသည်။ ဘယ်သူမဆို လက်ရှိ အခြေစိုက် စခန်း အုပ်ချုပ်သူကို နာမည်ဖျက်ချင်ရင် ဒီနည်းလမ်းကို အသုံးပြုပြီး အခြေစိုက်စခန်းအတွင်း ကောလာဟလတွေကို လှုံ့ဆော်ပေးလိမ့်မယ်။ ဒါပေမယ့် သူတို့စုံတွဲဟာ သူတို့ရဲ့ပန်းတိုင်ကို ထိထိရောက်ရောက် ရအောင် လုပ်ဖို့ ဒီလို သတင်းပို့သည့် နည်းကလွဲပြီးတခြားနည်း မရှိတော့ပေ။
 

ဖုတ်ကောင်လှိုင်းလုံး ကောလဟာလများသည် လကုန်အထိ လူတွေအကြား ကြာမြင့်စွာ ပျံ့နှံ့ခဲ့သည်။ စွမ်းအားစစ်ဆေး စမ်းသပ်မှုမှာ အခြေစိုက်စခန်းမှ လူဦးရေ၏  ငါးပုံ လေးပုံကျော်အထိ စစ်ဆေး ပြီးသွားပြီ။ စစ်တပ်မှာပဲဖြစ်ဖြစ်၊ ပြည်သူအတွက်ပဲဖြစ်ဖြစ် အရည်အချင်းရှိတဲ့သူတွေ ပိုများလာပြီ။ ဒါဟာ အံ့ဩစရာ ဖြစ်စဉ်တစ်ခုပါပဲ။

ဘာအကြောင်းကြောင့် အခြေစိုက်စခန်း အာဏာပိုင်တွေက စွမ်းအားရှင်းကို သည်းသည်းမည်းမည်း စစ်ဆေးရှာဖွေနေတာလဲ။ အာဏာပိုင်တွေက စွမ်းအားရှင် အချိုးကို တိုးမြှင့်တာက အသုံးချဖို့ အတွေးရှိနေလို့လား။ ဒါမှမဟုတ် ပါဝါစွမ်းအားရှင် ရဲ့ အရည်အချင်းတွေနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စစ်တပ်ထဲ ဝင်ရောက်သူ အရေတွက်ကိုတိုးချဲ့ချင်လို့လား။
 
သာမန်လူတွေကတော့ ထိုအကြောင်းကို နားမလည်ြပေမယ့်  သုတေသန အသိုက်အဝန်းထဲမှာ ထင်ကြေးပေးမှုတွေ ရှိနေတယ် - ကိုယ်ကာယကြံ့ခိုင်မှုအရ  လူတစ်ဦးက စွမ်းအားရှိလေ  ပိုကောင်းလေလေဖြစ်သည်၊   ကမ္ဘာပျက်ပြီးနောက်   စွမ်းရည်ရှိပါက ဖုတ်ကောင်ဖြစ်ဖို့ အလားအလာ နည်းပါးလေလေဖြစ်သည်။

အမှန်တကယ်တော့ အခြေစိုက်စခန်းလူဦးရေမှ သာမန်လူနှင့် စွမ်းအားရှင် အချိုးစားကို ကြည့်ရင် ခန့်မှန်းချက်တစ်ခု ပေးနိုင်သငည်။  အခြေစိုက်စခန်းအများစုမှာ အရွယ်ရောက်ပြီးသူများ၊ သက်ကြီးရွယ်အိုများနှင့် အားနည်းသောကလေးများသည် ပထမလှိုင်းအတွင်း ဖုတ်ကောင်များအဖြစ်သို့ တစ်ခါတည်း ပြောင်းလဲသွားကြသည်။ စွမ်းရည်များ ဖွံ့ဖြိုးပေါ်ပေါက်လာသူအများစုသည် ပုံမှန်အားဖြင့် သင့်တင့်လျောက်ပတ်သော ကြံ့ခိုင်မှု သို့မဟုတ် အခြားအားသာချက်အချို့ရှိလာကြသည်။

ဟုတ်တာပေါ့... ဖျားနာသူတွေ အတော်များများဟာ အခြေစိုက်စခန်းဆီကို အသက်ရှင်လျက် ရောက်လာတာလည်း ရှိကြသည်။  ဒါကြောင့် ဒါက မှန်းဆချက်တစ်ခုပဲလေ။ သုတေသနဌာနရှိ ပညာရှင်များပင် ဗဟုသုတရှိသူများနှင့်ပင် မရှင်းပြနိုင်ပေ။

သို့သော်လည်း စစ်တပ်တွင် စွမ်းအားရှင် အချိုးအစား ပိုများနေလျှင်ပင် သူတို့က  အခြေစိုက်စခန်းမှ ရှာဖွေတွေ့ရှိထားသော စွမ်းအားရှင် စုစုပေါင်း အရေအတွက်ထက် မပိုပေ။ နောက်ဆုံးတွင်၊ သူတို့  အများစုမှာ ခွန်အား သို့မဟုတ် အစွမ်းထက်သော စွမ်းရည်ရှိသူများဖြစ်ပြီး လွတ်မြောက်ပြီး အခြေစိုက်စခန်းသို့ ရောက်ရှိလာသူများုဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာညံ့ဖျင်းသော သို့မဟုတ် သက်ကြီးရွယ်အိုများအတွက် ခရီးလမ်းတွင် အသက်ရှင်ဖို့ အခွင့်အလမ်းမရှိပေ။

ရွှီမိန်၊ စုန့်လင်းလင်း နှင့် ရှောင်ရန်   တို့သည် သူတို့၏ စွမ်းရည်အမျိုးအစားနှင့် အဆင့်ကို မစစ်ဆေးမီ လကုန်အထိ စောင့်ခဲ့သည်။ ရလဒ်အနေဖြင့် စည်ကားနေသော လူအုပ်သည် အမျိုးသမီး သုံးဦး ၏ စစ်ဆေးမှု ရလဒ်ကို တွေ့ပြီးနောက် အသက်ရှုရပ်မတတ် ဖြစ်သွားခဲ့သည်။ သူတို့နှင့်အတူ ကလေးတစ်ယောက်ရှိနေခဲ့သည်။ သူတို့အားလုံးဟာ စွမ်းအားရှင်တွေချည်းပဲ!!

သူတို့ကို အဆင့်နှစ်ဆင့် စွမ်းအားရှင်ကို ရည်ညွှန်းသည့် တောက်ပြောင်သည့် အရောင်နှင့် သူတို့၏ လူသတ်လိုသည့် အငွေ့အသက်များကြောင့်  သူမတို့သည် အမျိုးသားများနောက်တွင် ပုန်းအောင်းနေသည့်  သူများ မဟုတ်ကြောင်း လူတွေကို သိသာစေသည်။ တစ်စုံတစ်ယောက်က သူမတို့ကို အားနွဲ့သည့် မိန်းကလေးတွေဆိုပြီး လာပြီး  အနိုင်ကျင့်ရန်၊  လှည့်စားရန် လုပ်ဖို့ မကြိုးစားတော့တာက  ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ဘူး။

သို့တိုင် သူမတို့သည် သူမတို့၏ သက်သေခံကတ်ပြားများ လက်ခံရရှိပြီးနောက်တွင် အမျိုးသမီး သုံးဦးကို ခေါ်ယူရန် ကြိုးစားလာကြသူတွေလည်း ရှိနေသေးသည်။ မိန်းမနှစ်ယောက်က ယောက်ျားတွေကို မုန်းတီးနေတာ သနားစရာအဖြစ်ပဲ...။ ရေဘောလုံးနဲ့ မိတ်ဆက်လို့မှ မပြီးသေးခင်မှာ ထိုယောက်ျားတွေရဲ့  ဆံပင်တွေ မီးလောင်သွားကြပြီးနောက် ယောကျာ်းအုပ်ကြီးက  အမြန်နောက်ဆုတ်လိုက်ကြပြီး ဆူးတွေနှင့် ပန်းနှစ်ပွင့်ကို ရန်မစရဲတော့ပေ။

လကုန်တွင် လော်ရွှင့် နှင့် ယန်ဖေး တို့သည် စစ်တပ်စခန်းမှ ထွက်ခွာရန် အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့ကြသည်။

လော်ရွှင့် သည် သြဂုတ်လအစောပိုင်းတွင် အရှေ့ဘက်အခြေစိုက်စခန်း ပြိုကျခဲ့ပြီး တစ်လခွဲအကြာတွင် သူတို့၏ အနောက်တောင်အခြေစိုက်စခန်းအား ဖုတ်ကောင်လှိုင်းကြီး ဝိုင်းရံခံခဲ့ရသော်လည်း ပုံမှန်မဟုတ်သော လှုပ်ရှားမှုသတင်းများ ထွက်ပေါ်လာခြင်းမရှိပေ။ ဖုတ်ကောင်များ တိုးပွားလာပြီး အန္တရာယ်ပိုရှိသော နေရာများအကြောင်း သတင်းမပေါ်ပေါက်ခဲ့ပေ။

သူတို့နှစ်ယောက် တိတ်တဆိတ် ဖြန့်လိုက်သည့် သတင်းက အခုထိ ပျံ့နှံ့နေပေမယ့် ဇာတ်လမ်းနှင့် ပိုတူနေသည်။  လူအချို့က ဒီအဖြစ်ပျက်က  အလွန်ဖြစ်နိုင်သည်ဟု ခံစားရသော်လည်း ဘာလုပ်ရ မည်ဆိုသည့် ကြိုတင်ပြင်ဆင်မှုကို လုံးဝ မတွေ့ရပေ။


"ဒီအချိန်က အပြင်မှာ လူတွေ အသက်ရှင်သန်နိုင်ဖို့ဆိုတာ  အခြေစိုက်စခန်းပေါ် မူတည်နေတယ်၊ ဖုတ်ကောင်အရေအတွက်များနေရင် ငါတို့က အခြေစိုက်စခန်းကနေ ဝေးဝေးကို လမ်းလွဲနိုင်မှာ မဟုတ်ဘူး ဒါမှမဟုတ်ရင်လည်း စခန်းက သိပ်ကြာကြာ ခုခံနိုင်မှာ မဟုတ်ဘူး။"

 လော်ရွှင့် နှင့် သူ့အဖွဲ့သည် ပုံမှန်အစည်းအဝေးနေရာဖြစ်သည့် လီထယ် ၏အခန်းတွင် ထိုင်နေကြသည်။

"ကျွန်တော်တို့ ကြားတဲ့ ကောလဟာလတွေအရ ဒီအချက်တွေ ဖြစ်နိုင်လို့  သတိထားဖို့ လိုတယ်။ ဒါပေမယ့် အပြင်ထွက်ပြီး ဖုတ်ကောင် အမြူတေတစ်ချို့ကို စုဆောင်းဖို့လည်း လိုတယ်"

အဖွဲ့အားလုံးသည် ဖုတ်ကောင် အမြူတေများကိုစုဆောင်းရန်၊ အပိုငွေရှာရန်နှင့် တိုက်ခိုက်ရေး စွမ်းအားတွေ တက်လာစေဖို့ အဖွဲ့သားအားလုံးသည် လော်ရွှင့် နှင့် သဘောထားအတူတူ ဖြစ်သည်။  လီထယ် နှင့် အခြားသူများသည် စစ်တပ်နှင့် အလုပ်လုပ်ကြပြီး  အခြေစိုက်စခန်းဥပဒေသစ်သည် စွမ်းအားရှင်များနှင့်  သက်ဆိုင်သည်ဟု   ကြားသိခဲ့ရသည်။

သူတို့ထဲမှ အချို့သည် ယခုအခါတွင် ဖုတ်ကောင်များကို အမဲလိုက်ခြင်းအတွက် ပိုမိုစိတ်အား ထက်သန်နေကြသည် – သူတို့သည် ယခုအခါတွင် မသန်မာသေးသော်လည်း အတွေ့အကြုံရချင်ကြသည်။ ဒါမှ သူတို့၏အနာဂတ် အသက်ရှင်နေထိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ အနာဂတ်တွင် သူတို့သည် စွမ်းရည်များ မတိုးတက်သေးသော်လည်း အမြူတေနှင့် အမှတ်များကို လဲလှယ် သိမ်းဆည်းနိုင်လိမ့်မည်။

ယန်ဖေး ၊ ကျန်းရီ၊  ရွှီမိန် တို့က အမြူတေမှ စွမ်းအားကို စုပ်ယူဖို့လိုအပ်သည်။ သူတို့နှင့် ယှဉ်လျှင် ကျောင်းသားများက စွမ်းအားစုပ်ယူရန် မလိုအပ်သောကြောင့် အမြူတေများအားလုံးသည် ဝင်ငွေ အဖြစ် ကူးပြောင်းသွားကြသည်။

ပုံမှန်အားဖြင့်၊ သူတို့သည် တစ်ခုခု လိုအပ်ပါက၊ အသင်း၏ အမြူတေဖြင့် အမှတ်အချို့ကို ထုတ်ယူပြီး လိုအပ်သောအရာများကို ဝယ်ယူရန် သုံးစွဲကြသည်။  

ကျောင်းသားငါးဦးကို အလုပ်မရှိသူများနှင့် ယှဉ်လျှင်   ဓနရှင်လူတန်းစားဟုပင် ယူဆနိုင်သည်။ သူတို့တစ်ယောက်ချင်းဆီ၏လက်ထဲတွင် လက်ထပ်ဖို့  လုံလောက်တဲ့ ငွေပမာဏကို ပိုင်ဆိုင်ခဲ့ကြသည်။

ကံမကောင်းစွာပဲ ဒီလူပျိုကြီးလေးယောက်က တစ်ဖက်သတ်ငေးကြည့်နေရသည့် အဖွဲ့ထဲက အလှမယ်နှစ်ယောက်ကို မျက်လုံးထဲ မြင်ကြသည်။ ဒါမှမဟုတ် သူတို့က ချစ်သူရည်းစားရှာနိုင်သည်ကို သတိမထားမိကြတာပဲလား.... ဥပမာ ဝူရှင်း  နှင့် ဟော်ချန်ခွန်း တို့သည် သူတို့၏အသွင်အပြင်ကြောင့် သိမ်ငယ်စိတ်ရှိပြီး မိန်းကလေးနှင့် တစ်ခါမျှ မတွဲဖူးပေ။

"ပြဿနာမရှိပါဘူး! ငါတို့ ကပ္ပတိန်ပြောတာ နားထောင်မယ်!" လီထယ်က ကျယ်လောင်စွာအော်လိုက်သည်။

တကယ်တော့ လူငါးယောက်က သိပ်သတ္တိမရှိကြဘူး။ အခြေစိုက်စခန်းအနီးရှိ ဖုတ်ကောင်တစ်ဒါဇင် ကို ရင်ဆိုင်ရတာ အဆင်ပြေသော်လည်း ဖုတ်ကောင်ပင်လယ်ကြီးနှင့် ကြုံတွေ့ပါက... သူတို့သည် လျင်မြန်စွာ ထွက်ပြေးသွားမည်ဖြစ်ပြီး ဖုတ်ကောင်များကို သဲသဲမဲမဲတိုက်ခိုက်ကာ အသက်ကို မစတေးလိုပေ။

ရွှီမိန် နဲ့ တခြားသူတွေက သဘောထားတူတဲ့အတွက် အစည်းအဝေးပြီးသွားတယ်။ အားလုံးက နောက်နေ့အတွက် ပြင်ဆင်ဖို့ အိမ်ပြန်ကြတယ်။

ယခုတစ်ကြိမ်တွင်၊ လော်ရွှင့် သည် ဘေးကင်းစေရန်အတွက် သူ၏ နှစ်စိးတစ်စီး ပေါင်းထားတဲ့ ကားကို မမောင်းနှင်တော့ပါ။ အားလုံး သပ်ရပ်ပြီး ခိုင်ခံ့တဲ့ ကားသုံးစီး မောင်းထွက်သွားတယ်။ ယာဉ်တစ်စင်းစီတွင် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အဆင်ပြေအောင် အထဲမှာ အနည်းဆုံး စွမ်းအားရှင်  တစ်ဦးစီး ပါရှိသည်။

မစ်ရှင်တစ်ခုကို ရွေးပြီးရင် အခြေစိုက်စခန်းကနေ ထွက်သွားကြတယ်။ မော်တော်ကားသည် ယခင်က တိုက်ပွဲဖြစ်ပွားခဲ့သော လမ်းကြောင်းအတိုင်း ပြန်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ပျက်စီးနေသော လမ်းများတွင် ပြန့်ကျဲနေသော ဖုတ်ကောင်အနည်းငယ်ရှိသည်။ နောက်ဆုံး ထွက်လာတဲ့ အခြေအနေနဲ့ ဆင်တူနေတယ်။

ဘဏ်မှ အပျက်အစီးတွေကို ဖြတ်ကျော်ပြီး သူတို့နောက်ဆုံးနေခဲ့တဲ့နေရာကို ရောက်သွားကြတယ်။ ပြန့်ကျဲနေသော ဖုတ်ကောင်အရေအတွက်သည် နောက်ဆုံးအကြိမ်နှင့် ဆင်တူသည် - ဖုတ်ကောင်များသည် အနီးနားတစ်ဝိုက်တွင် မတော်တဆ လှည့်ပတ်သွားနေသကဲ့သို့ပင်။


"ပြဿနာတစ်ခုခုရှိပုံပေါ်လား?" ဟန်လိ သည် သူ့မှန်ပြောင်းဖြင့် လှည့်ပတ်ကြည့်နေသည်။

လော်ရွှင့် လည်း ထိုဧရိယာကို အသေအချာ စစ်ဆေးခဲ့သည်။

 "အားလုံးပြီးခဲ့တဲ့အခေါက်တုန်းကလို  လွတ်တဲ့နေရာကို  ပြန်သွားကြရအောင်။"

ယန်ဖေးသည် လျှို့ဝှက်မြေအောက်ထောင်ချောက်များအားလုံးကို စစ်ဆေးရန်၊ ပန်းကန်လုံးပုံသဏ္ဍာန် အဆောက်အအုံများ မပျက်မစီးရှိနေသလားဆိုပြီး   လမ်းကို စစ်ဆေးရန် တာဝန်ရှိသည်။ ကျန်သူများလည်း သူတို့နောက်ဆုံးနေခဲ့သည့်နေရာသို့ ကားမမောင်းမီ လှည့်ပတ်ကြည့်ရှုကြသည်။

ယန်ဖေး သည် တွင်းများထဲတွင် ဝှက်ထားသောသတ္တုများဖြင့် သတ္တုခြံစည်းရိုးများပြုလုပ်ရန်  လမ်းတစ်လျှောက်တွင် စုဝေးနေသော သတ္တုများဖြင့် အကာအကွယ်များကို အားဖြည့်ပေးခဲ့သည်။

သူတို့သည် အနီးနားရှိ ဖုတ်ကောင်များကို ဖယ်ရှားရှင်းလင်းခဲ့ပြီး အဆင့်နှစ် ဖုတ်ကောင်အရေအတွက် တိုးလာခဲ့သည်။ စွမ်းအားရှင်များ အားလုံးအသင့်ဖြစ်သည်နှင့်   လော်ရွှင့် သည် ဖုတ်ကောင်များကို ဆွဲဆောင်ရန်အတွက် သွေးထုပ်ကို ထပ်မံထုတ်ပြခဲ့သည်။

တောင်ပိုင်းမှ လာသောလူအနည်းငယ်ရှိသောကြောင့်ဖြစ်နိုင်သည်၊ ထို့ကြောင့် ဖုတ်ကောင် အရေအတွက်လျော့နည်းသွားတာ ဖြစ်နိုင်သည်။ ဖုတ်ကောင်အလောင်းများကို မီးသွေးအဖြစ် မီးရှို့ခြင်းမပြုခဲ့ပေ။

သူတို့သည် သတ္တုနံရံများအပြင်သို့ လျှောက်သွားကာ ဖုတ်ကောင်များကို ဖယ်ရှားကာ  အမြူတေကို ကောက်ယူကြသည်။ အကြမ်းဖျင်းအားဖြင့် အမြူတေ ၅၀၀၀ ဝန်းကျင်ကျင်ရမည်ဟု ခန့်မှန်းထားသည်။

ရွှီမိန် က လော်ရွှင့် ကို မျက်မှောင်ကြုတ်ကာ " ကပ္ပတိန် ....ကျွန်မတို့ ဆက်သွားသင့်လား"

အမြူတေ 5,000 လောက် ရှိသော်လည်း 80% သည် အဆင့်နှစ်  အမြူတေ ဖြစ်သည်။ အရင်တုန်းက စုစည်းမှု နှင့်  ယှဉ်ရင် နည်းနည်းပိုများတယ်။

လော်ရွှင့် သည် ချီတုံချတုံဖြစ်ပြီး မြို့ပြဧရိယာထဲသို့ ဖောက်ထွင်းဝင်ရောက်ခြင်းက ပိုမို အဆင့်မြင့်သော  အမြူတေကို ရရှိနိုင်သော်လည်း ဘေးကင်းရေး ကိုလည်း ထည့်တွက်ရမည်။

သေသေချာချာ တွေးကြည့်နေချိန် ကောင်းကင်ကြီးက လုံးဝကို မှောင်သွားသည် ။ လော်ရွှင့် က
"စကြရအောင်..."

" ကပ္ပတိန် .... တစ်ခုခုတော့ရှိနေပြီ! တစ်ခုခုလာနေတယ်! အများကြီးပဲ!"

 ဟန်လိ သည် အရှေ့မြောက်ဘက်သို့ ညွှန်ပြရင်း မျက်နှာဖြူဖျော့သွားခဲ့သည်။

လူများက ထိုစကားကိုကြားလျှင် ထိုလမ်းကြောင်းကို အမြန်ကြည့်လိုက်ကြသည်။ အနီရဲရဲတောက်နေသော မျက်လုံးများသည် မှောင်မဲနေသော အပျက်အစီးများ၏ အရိပ်များထဲတွင် တောက်ပနေသည်။

  အော်သံတွေကို ကြားလိုက်ရတော့ ယန်ဖေး ရဲ့အမူအရာပြောင်းသွားသည်။

"ဖုတ်ကောင်ကြွက်တွေ...!"

"ပြတင်းပေါက်တွေပိတ်!"

လော်ရွှင့် ၏ မျက်နှာသည် တည်ကြည်လေးနက်ပြီး အသင်းကို ချက်ချင်း အမိန့်ပေးလိုက်သည်။

ဒါ ယန်ဖေး ရဲ့အလုပ်ပဲ၊ သူက အနီးနားက သတ္တုတွေကို ချက်ချင်း ဖုံးအုပ်ထားတဲ့ သတ္တုအမိုးခုံးတစ်ခု ဖွဲ့လိုက်တယ်။

လော်ရွှင့် က ဘာမှမလုပ်ဘဲ လီထယ် နဲ့ အတူ နံဘေးမှာ ဓာတ်ဆီပုံးနဲ့ မှိုဖျော်ရည်ပုံးကို ပြင်လိုက်တယ်။

  တိုးတိုးတိတ်တိတ် တိုးဝင်လာကာ အသံက နံရံတစ်ဖက်တွင် ပေါ်လာသည်။ လော်ရွှင့် က ဖုတ်ကောင် ကြွက်များ ရှေ့သို့ မရောက်မီ ပြောလိုက်သည်။

 "ငါ့အမိန့်ကို နားထောင်ပါ၊ ယန်ဖေးက ပိုက်တွေသုံးပြီး အပြင်က မြောင်းထဲကို မှိုဖျော်ရည်နဲ့ ဓာတ်ဆီလောင်းမယ်၊ ရွှီမိန် မီးရှို့မယ်၊ လေစွမ်းအင် ထုတ်တဲ့အခါ ကျန်းရီ က အာရုံစူးစိုက်ပြီး အိုးထဲ မီးတွေ မဝင်စေနဲ့။ မီးလောင်လာတဲ့အခါ  မီးငြိမ်းဖို့ မင်းမှာ တာဝန်ရှိတယ်။"

ရွှီမိန် နှင့် ကျန်းရီ က ခေါင်းညိတ်ပြသည်ကိုမြင်တော့ စုန့်လင်းလင်း ဘက်သို့ လှည့်ကြည့်လိုက်သည်။

"လူတိုင်းကို အေးသွားအောင် ဒီပေါင်းချောင်ထဲမှာ  ရေထည့်ဖို့ မင်းမှာ တာဝန်ရှိတယ်"

ဤအခြေအနေတွင်၊ တိကျသောနည်းဗျူဟာများ မလိုအပ်ပါ။ မှိုဖျော်ရည်လောင်း။ ဓာတ်ဆီလောင်း! ရန်သူတွေကို မီးရှို့သတ်လိုက်ရုံပဲ!!

ဖုတ်ကောင်ကြွက်တွေရဲ့ ရွေ့လျားမှုအရှိန်က အံ့မခန်းပါပဲ၊ လော်ရွှင့် ရဲ့  စကားတောင် မဆုံးသေးပါဘူး။အော်ဟစ်သံက နံရံအပြင်ဘက်ကို ရောက်လာတယ်။

*ကျွိ...ကျွိ*

 ဖုတ်ကောင်ကြွက်များ မြောင်းထဲသို့ တိုက်ရိုက် ကျဆင်းသွားသော်လည်း ထိုနေရာတွင် ဖုတ်ကောင်ကြွက်မည်မျှ ရှိနေသည်ကို ဘုရားမှ င် သိတော်မူလိမ့်မည် ။ ကတုတ်ကျင်းများ ပြည့်သွားသည်နှင့် သတ္တုနံရံဆီသို့ ပြေးတက်လာကြသည်။

လော်ရွှင့် သည် တစ်ဖက်မှ ထွက်ပေါ်လာသော ကြွက်အသံများကြားလိုက်ရသည်။

"သူတို့ဘယ်က လာတာလဲ" ဟော်ချန်ခွန်း က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

ကျန်းရီ၏ မက်မွန်ပွင့် မျက်လုံးတစ်စုံ ကျဉ်းသွားသည် ။

 "သူတို့ရဲ့ လေတိုးအားကို ငါခံစားရတယ်..."

ထို့နောက်တွင်၊ ဖုတ်ကောင်ကြွက်တွေထဲမှ   မီးလုံးတစ်ခုက ထွက်သွားပြီး နံရံကို ထိမှန်သွားသည်။

"ဒီကမ္ဘာမှာ တရားမျှတမှုမရှိတော့ဘူးလား။ ဖုတ်ကောင်ကြွက်တွေတောင်မှ စွမ်းအားတွေ ဖွံ့ဖြိုးလာနိုင်တယ်။"

ဝမ်သော်  သည် တံတွေးမြိုချလိုက်ပြီး သူ့နှလုံးသားလေးက ကြောက်လန့်ကာ  ကမောက်ကမ ဖြစ်နေသည်။

လော်ရွှင့် လည်း ငြိမ်သက်နေပြီ။

"အခုလောလောဆယ် ပြတင်းပေါက်တွေနဲ့ ဝေးဝေးနေပါ။ စုန့်လင်းလင်းက  အပြင်ဘက်ကြည့်ဖို့ ရေကန့်လန့်ကာကို အသုံးပြုလိုက်။ မြောင်းထဲတွင် ကြွက်တွေ ပြည့်လုနီးပါးဖြစ်လာရင်  မှိုဖျော်ရည်လောင်းချဖို့  အဆင်သင့်ပြင်ထားပါ!"

သတ်သည်ဖြစ်စေ၊ အသတ်ခံရသည်ဖြစ်စေ၊ လော်ရွှင့် သည် သူ၏နောက်ဆုံးထွက်သက်မတိုင်မီ အရှုံးမပေးဘဲ အသက်ရှင်ရန် လုံးလုံးကြိုးစားရမည်ဖြစ်သည်။

လူတိုင်း၏မျက်နှာမှာ လေးနက်နေပြီး၊ စုန့်လင်းလင်း သည် ကြွက်စစ်တပ်ကို တိုက်ရိုက်မတွေ့ပေ။  တွင်းထဲသို့ ကြွက်များစွာ ပြေးဝင်လာသော်လည်း အချို့သော သတ္တုနံရံများတွင် တွယ်ကပ်နေသည်။ ခြေသည်းများက နံရံကို ကုတ်ခြစ် ပွတ်တိုက်သံများ၊ ကျယ်လောင်သော ဝင်တိုက်သော အသံများနှင့် အထဲက လူတွေရဲ့ ရင်ခုန်သံများဖြင့်  လေထဲတွင် တုန်လှုပ်စရာ အရိပ်ငွေ့တို့ ပြည့်နှက်နေသည်။

ရေကန့်လန့်ကာကိုသုံးပြီး တစ်ဖက်ကို စုန့်လင်းလင်း စစ်ကြည့်လိုက်ပြီးနောက်  သူမသည် လော်ရွှင့် ကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

 "ခေါင်းဆောင်! နောက်ကျောက ကတုတ်ကျင်းမှာ ကြွက်တွေ  တစ်ဝက်ပြည့်သွားပြီ။"

****-*****

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now