Chapter (84) _ဗီဇပြောင်းမှိုအရည်ရဲ့ အကျိုးသက်ရောက်မှု
နံရံတည်ဆောက်သည့် ဝန်ထမ်းများ၏ ဘေးကင်းမှုအတွက် အဓိက တာဝန်ရှိသော လူလေးဦးဖြင့် နံရံဆောက်လုပ်မှုကို မစတင်ခင် ကျန်သူများသည် လက်နက်များကို ကိုင်ဆောင်ကာ ဖုတ်ကောင်များကို သေချာရှင်းလင်းပစ်သတ်ခဲ့သည်။ နေ့ခင်းပိုင်း အလုပ်ပြန်စချိန်တွင် နံရံအောက်တွင် ပုပ်ပွနေသည့် ဖုတ်ကောင် နှစ်ရာ သို့မဟုတ် သုံးရာခန့် ပြန်လည်ရောက်ရှိလာပြန်သည်။
ထိုဖုတ်ကောင်များကို ဒူးလေးဖြင့် ပစ်နေစဉ် လော်ရွှင့် သည် မနေ့ညက မှိုအရည်စိမ်ထားသော မြှားများကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။ သူသည် အခြားသူများ၏ တိုက်ခိုက်မှု နှင့် အတူ ရောနှောကာ ထိုအထူးမြှားတံကို သုံးခဲ့သည်။ သူက ပစ်ခတ်ပြီး မြှားတံ၏ ထိရောက်မှုကို သိဖို့ နံရံအောက်ခြေကို အကြာကြီးငုံ့ကြည့်နေသည်။
ယန်ဖေးက သူ့ကို ညင်သာစွာ ကိုင်လိုက်သည်နှင့် လော်ရွှင့် အာရုံပြန်ဝင်လာသည်။
"အဲဒါဘယ်လိုနေလဲ?"
"အင်း... ဝေးလွန်းတော့ ဖုတ်ကောင်ရဲ့ ဒဏ်ရာတွေကို ကျွန်တော် သေချာမမြင်ရဘူး။ ကျွန်တော် ထပ်ကြိုးစားဦးမယ်..."
နံရံ၏ထိပ်မှအကွာအဝေးသည် အနည်းငယ်ဝေးလို့ ဖုတ်ကောင်ကိုပစ်သတ်သည့်အခါ၊ ဒဏ်ရာများသည် မြှားဒဏ်ကြောင့်ဖြစ်သလား၊ သူတို့ အချင်းချင်း ကြောင့်ဖြစ်သလားဆိုတာ မသဲကွဲပေ။ ဒါဏ်ရာရခဲ့ရင်တောင် အဝေးက မြင်ကွင်းက နည်းနည်း မှုန်ဝါးသွားတယ်။
ဖုတ်ကောင်ခန္ဓာကိုယ်မှ ပုပ်ပွနေသော အပိုင်းအစတစ်ခု ကျိုးကျသွားကြောင်း လော်ရွှင့်က ယန်ဖေးအား ပြောနိုင်ခဲ့ပေမယ့် အဆိပ်ရှိသော မှိုအရည်ကြောင့်လား ဆိုတာ မသေချာပေ။ ဖုတ်ကောင်၏ အခြားဒဏ်ရာများနှင့် အမာရွတ်များ ရောထွေးနေလို့ သေချာ မမြင်နိုင်ပေ။
ယန်ဖေးက ထပ်ပစ်မည့် လော်ရွှင့် ကို သတိပေးလိုက်သည်။
"ခေါင်းမပစ်နဲ့၊ တခြားနေရာကို ပစ်ကြည့်"
လော်ရွှင့် ၏ လေးထောင့်ဒူးလေးက တိကျလွန်းသည်၊ မှိုဖျော်ရည် မစိမ်ထားရင်တောင်မှ ဖုတ်ကောင်၏ ခေါင်းပိုင်းကို တည့်မတ်စွာ ထိမှန်အောင်ပစ်နိုင်သည်။ အခုက ဖုတ်ကောင်များကို မသတ်ဘဲ မှိုဖျော်ရည်ဖြင့် စမ်းသပ်ရမည့်အချိန်ဖြစ်သည်။
VOCÊ ESTÁ LENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies