Chapter (110) - ဘက်ပေါင်းစုံ ဝိုင်းတိုက်ခံရခြင်း
ယန်ဖေး သည် အခြေစိုက်စခန်းမှ လေထဲမှ သတ္တုများကို ထိန်းချုပ်ကာ အသုံးချနိုင်သည်ဟူသော အချက်ကို တမင်ဖုံးကွယ်ထားခြင်းမရှိပေ။ သူ ဖုံးကွယ်ထားသည်ဟု စွပ်စွဲခံရပါက သတ္တုအဖွဲ့နှင့် လက်တွဲ လုပ်ခဲ့သူတွေက ချက်ချင်းထွက်ကာ ဖြေရှင်းပေးမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ယန်ဖေးက ထိုသို့ထိန်းချုပ်နည်းကို သူတို့ကို သင်ပေးခဲ့သောကြောင့်ပင်။
ရိုးရှင်းသော အကြောင်းပြချက်ဖြင့် စစ်တပ်သို့ သတင်းများ ရောက်ရှိသွားလည်း သူ မကြောက်ပါ။ အဖြစ်အပျက်အမျိုးမျိုးကို ဖြစ်နေသော ကမ္ဘာပျက်ကပ်ကြီးကြောင့်၊ အခြေအမြစ်မရှိသော ကောလာဟလမျိုးစုံ ရှိနေသည်။
ဥပမာအားဖြင့်၊ လူများသည့် မီးစွမ်းအားရှင်တွေက မီးဒုံးကျည်ကို ပစ်နိုင်သည်ဟု တစ်စုံတစ်ဦးက ပြောပြလိမ့်မည်။ သို့သော် သတင်းစကားသည် နောက်တမျိုးဖြင့် ထိုလူက မီးနဂါးကြီး ဖန်တီးကာ ပစ်မှတ်ကို ပြာအဖြစ် ပြောင်းလဲသွားစေကြောင်း ပြောင်းသွားဦးမည်ပင်။
အဆုံးတွင်၊ လမ်း၌ မီးစွမ်းအားရှင်အားတွေ့မြင်ခဲ့ရပြီး သူတို့ထိမိသမျှအရာအားလုံးသည် ပြာများအဖြစ်သို့ပြောင်းသွားကာ ခြေတစ်လှမ်းချင်းလှမ်းတိုင်း မြေပြင်၌မီးလောင်သွားသည်ဟု ချဲ့ကားပြောကြလိမ့်မည်။
အခြေအမြစ်မရှိသည့် ပုံကြီးချဲ့သော ကောလဟာလများ ပြည့်နှက်နေသောကြောင့် ယန်ဖေး သည် သူ့ စွမ်းရည်ကို တစ်စုံတစ်ဦးမှစပြီး သတင်းပျံ့သွားမည်ကို ဂရုမစိုက်ပေ။ ထို့အပြင်၊ စခန်းလုံခြုံရေး တပ်သားတွေက မြင်သလို သူတို့အဖွဲ့ကာ မီးနှင့်ရေဘောလုံးကဲ့သို့ သတ္တုကို ထိန်းချုပ်နိုင်သည့် နည်းလည်း ရှိသေးသည်။
သတ္တုစွမ်းအားရှင်က အကန့်အသတ်ရှိသောကြောင့် သူ့ကို လက်ရှိ အလုပ်က ထုတ်မည်တော့ မဟုတ်ပေ။
လော်ရွှင့် နှင့် ကပ္ပတိန်ကောင်းက နံရံကို ကြည့်လိုက်သည်။
"ဒါက အလုပ် မဖြစ်နိုင်ဘူး၊ ယန်ဖေး တစ်ယောက်တည်း နေရာတော်တော်များများကို လိုက်ကြည့်လို့ မရဘူး။"
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies