Chapter (38) - ကမ္ဘာပျက်တွင်းက လူချောလေး

4.9K 957 23
                                    

Chapter (38) -  ကမ္ဘာပျက်တွင်းက လူချောလေး





လော်ရွှင့်  က ဒီနေ့ ကားစီးရတာ မကောင်းဘူးလို့ ထင်နေခဲ့သည်။ အထူးသဖြင့် သူ့ဘေးမှာ ထိုင်နေတဲ့ ကောင်လေးက သူ့ကို အတည်ကြီးကို ပရောပရီလုပ်နေတာကြောင့်ပါပဲ။  

ယန်ဖေးသည် သူ့အား ကျီစားနေသည်ဟု ထင်ရသော်လည်း သူ့အတွက် လူချောလေးရဲ့ ကျီစယ်စကားက အသည်းနှလုံးကို ကတုန်ကယင်ဖြစ်စေလှသည်။ လော်ရွှင့်က   သူ့ဘေးနားရှိလူကို လျစ်လျူရှုရင်း စတီယာရင်ဘီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ  မသိချင်ဟန်ဆောင်ပြီး ကျီစယ်မှုကို ငြင်းဆန်ခဲ့သည်။

ဒီလိုလူတွေက  အစပိုင်းမှာ သေးငယ်တဲ့ အပြုအမူလေးတွေနဲ့ ပရောပရည်လုပ်ကြတယ်။ မင်းက သူတို့ကို တုံ့ပြန်ရင် သူတို့က ပိုပြီး စနောက်လာလိမ့်မယ်။ ဒီလိုလူကို  လျစ်လျူရှုတာက အကောင်းဆုံးတုံ့ပြန်မှုပဲ။  

လော်ရွှင့်သည်   အရင်က လက်ရှိလမ်းကို တစ်ခါမှ  မဖြတ်ခဲ့ဖူးလို့ လန့်နေသည်။  ကမ္ဘာပျက်ကြီးထဲမှာ မမျှော်လင့်တဲံ အန္တရာယ် သို့မဟုတ် မတော်တဆမှုများကို ရှောင်ရှားရန်အတွက် ကမ္ဘာ့အဆုံးသတ်၏အစောပိုင်းလများတွင် သူ သုံးလို့ရမယ့်  လမ်းကြောင်းများကို ဂရုတစိုက်လေ့လာခဲ့သည်။

ဒီလမ်းသည် အဝေးပြေးလမ်းထက်စာလျှင် အနည်းငယ် ခရီးဖင့်နှေးသော်လည်း အမှိုက်များနှင့် စွန့်ပစ်ထားသော ယာဉ်များ လမ်းပေါ်တွင်ရှိနေလို့  ခရီးတွင်တဲ့နုန်း ကွာခြားချက်မှာ သိသိသာသာမဟုတ်ပေ။

ဒါပေမယ့် အရေးကြီးဆုံး သူ စိုးရိမ်တာက လမ်းမှာ ဖုတ်ကောင်တွေ အများကြီးရှိနိုင်ပြီး အခုက မှောင်နေပြီ။ ညအိပ်ရာမဝင်မီ အခြေစိုက်စခန်းသို့ မပြန်နိုင်ခဲ့ပါက ည အိပ်ရန် လုံခြုံသောနေရာကို ရှာဖွေခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ရှေ့မှာ ဘာအန္တရာယ်မှ မရှိဘူး လို့ လော်ရွှင့် က တွက်ဆပြီး သူတို့ နဲ့ ဝေးတဲ့ လူနေရပ်ကွက် မှာ တစ်ညတာ ကုန်ဆုံးဖို့ တစ်နာရီခွဲလောက် အချိန်ယူကာ ရှာဖွေခဲ့ရတယ် ။

သူ၏ယခင်ဘဝတွင် ဖုတ်ကောင်များကိုသတ်ရန် လမ်းပေါ်တွင် ဦးဆောင်ရန် အခွင့်အရေးမရှိသလောက်ပင်။ အခြားလူများစွာက ဒီလို စွန့်စားသွားလာနေတာကို မြင်ပြီးနောက် လော်ရွှင့်က သူတို့ အလုပ်ကို မနာလိုဖြစ်နေခဲ့မိသည်။  ဒါပေမယ့် သူ့မှာ ကားကောင်းကောင်း မရှိသလို ကိုယ်ထည်က ကြံ့ခိုင်မှုမရှိ၊  ပိန်ပိန်ပါးပါးဖြစ်သလို ၊ နောက်ခံ မရှိလို့ ဘယ်သူမှ သူ့အတွက် အရေးကြီးတဲ့အလုပ်တစ်ခုကို လာရောက်ပူးပေါင်း လုပ်ဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ သူ့ကို ခေါ်ခိုင်းခဲ့မယ်ဆိုရင်လည်း ထိုလူတွေက အခွင့်အရေးရလျှင် ရှာဖွေရလာသည့် ကုန်ပစ္စည်းကို အပိုင်စီးပြီး မောင်းထုတ်လျှင်လည်း သူ ဘာမှ မတတ်နိုင်ပေ။
 

ဒါပေမယ့် အခုဘဝမှာတော့ သူ တကယ့်ကို ... အဆင်ပြေသွားပြီ။

လီထယ် နှင့် အခြားကျောင်းသားများသည်  ချွေးထွက်များကာ သူတို့၏ကားကို လော်ရွှင့်၏ ကားသွားရာနောက်ကို  

" လော်ရွှင့်က တခြားကားကို ဆွဲပြီး မောင်းနေပေမယ့် ခုလောက် မြန်မြန်မောင်းနိုင်မယ်လို့ မထင်ထားမိဘူး ။"

"ဟုတ်တယ်လေ။ သူ ကားမောင်းနေတာက လေထဲမှာပျံနေတဲ့ ဌက်ရဲ့ အမြီးကို ကြည့်နေရသလိုပဲ။ သူ့ဆီက  သင်ယူစရာတွေအများကြီးပဲ"

"ငတုံး...အဲ့ဒါတော့ မင်းပြောဖို့တောင် မလိုဘူး။ ငါတို့ အားလုံးသိတယ်ကွ..."

အဖွဲ့သည် အထပ်ထပ် လှည့်လည်ကာ ညအိပ်ရန် သင့်တော်သော နေရာရှာရန် လမ်းတွေမှာ သွားလာရင်း   ရုတ်တရက် သူတို့ရှေ့မှာ ဖုတ်ကောင်လှိုင်းလုံးကြီးကို တွေ့လိုက်ရတယ်။ ဖုတ်ကောင်တွေက  တစ်ယောက်ယောက်က ဝိုင်းရံထားတယ်။

 ယခု ဖုတ်ကောင်များဝန်းရံထားသည့် အနီးနားတွင် ကုန်စုံဆိုင်တစ်ခုရှိသည့် စီးပွားရေးအရ စည်ကားသည့် လမ်းငယ်တစ်ခု ဖြစ်ပုံရသည်။ လော်ရွှင့်တို့က လှည့်ကြည့်လိုက်တော့ ဖုတ်ကောင်များက အနီးကပ်လာသည့် ကားကို ကြည့်ကာ ဟိန်းဟောက်ကြသည်။

ရုတ်တရက် ဖုတ်ကောင်အုပ်လိုက်ဆီမှ  ဆိုင်ကယ်သုံးလေးစီးက လီဗာသံ ပြင်းပြင်းပေးကာ ရုတ်တရက်ထွက် ပေါ်လာသည်။  ဆိုင်ကယ်တစ်စီးစီတွင်   ကြီးမားသော ကျောပိုးအိတ်များပါသော  စီးနင်းသူ နှစ်ဦးဆီ ပါဝင်သည်။

လော်ရွှင့်သည် ဖုတ်ကောင်များဝန်းရံထားသည့် ဆိုင်ကယ်ငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။ အရှိန်အဟုန်ဖြင့် သူတို့ကားကို ကျော်ဖြတ်ချင်နေသော  သူတို့ကိုကြည့်ရတာ တစ်ခုခုတော့ လွဲနေပြီဟု ခံစားမိသည်။

"အယ်?"

"ဘာဖြစ်တာလဲ?"

လော်ရွှင့်သည် ဖုတ်ကောင်အုပ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
  "ဖုတ်ကောင်တွေက သူတို့နောက် ဘာလို့မလိုက်ကြတာလဲ"

လူတွေအားလုံး ထွက်ပြေးခဲ့ကြပေမယ့် ဖုတ်ကောင်တွေက မလိုက်နိုင်ကြဘူး။ ဒါက သိပ္ပံနည်းကျမဟုတ်သေးဘူး။
 

"လူရှိနေတယ်။"

ယန်ဖေးသည် ဆိုင်ကယ်တွေ ထွက်ပေါ်လသည့် နေရာသို့ ရုတ်တရက် ညွှန်ပြလိုက်ရာ မကြာမီ ထိုနေရာသည် ဖုတ်ကောင်ကောင်များ ပြည့်နှက်နေသည်။

အထဲမှာ လူတွေရှိရင်တောင်၊ ယေဘုယျအားဖြင့် ဖုတ်ကောင်တွေက ကျန်ရစ်သူတွေကို ဝိုင်းထားမယ့်အစား လွတ်သွားသူတွေကို လိုက်ရှာလေ့ရှိကြသည်တယ်။ အခြေအနေက သာမန်ဖုတ်ကောင်တွေရဲ့ အပြုအမူနဲ့ မကိုက်ညီပါဘူး... ဥပမာ- ဒဏ်ရာနှင့် ကျန်နေခဲ့တဲ့လူဆိုရင်တော့ သူတို့က သွေးနံ့ရပြီး ထွက်ပြေးသွားသူနောက်ကို ဆက်လိုက်မည် မဟုတ်ပေ။
 

လော်ရွှင့်သည် ရုတ်တရက် ဖုတ်ကောင်များဝန်းရံထားသော ဧရိယာသည် ပြာလဲ့လဲအရောင်ထွက်လာသည်ကို မြင်လိုက်ရပြီး  အပြာရောင်လေဆင်နှာမောင်းတစ်ခုသည် ဖုတ်ကောင်အုပ်ကို ဖြတ်တိုက်ကာ ပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာဆီသို့   ပြင်းထန်စွာ တိုက်ခတ်သွားသည်။
 

လေစွမ်းအားရှင်လား...သူ့ရဲ့  လေစွမ်းအား၏ ကနဦးစွမ်းရည်က အရမ်း မြင့်မားလှချည်လား။
 

သာမာန်အားဖြင့် လေစွမ်းရည်ရှိသူများသည် ဖုတ်ကောင်များစွာကို တစ်ချိန်တည်း မကိုင်တွယ်နိုင်ပါ။ ထိုလူနှင့် ယန်ဖေးတို့ နှစ်ယောက်စလုံးမှာ အစွမ်းထက်သော ပင်ကိုယ် အစွမ်းအစမရှိလျှင် လေဓါးက ဖုတ်ကောင်တွေကို ခပ်များများ သတ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

လော်ရွှင့်သည် ရှေ့မီးကို ဖွင့်ကာ အရှိန်လျှော့လိုက်ပြီး ယန်ဖေးကို လှည့်ကြည့်လိုက်သည်။ လေစွမ်းအားရှင်တစ်ယောက်ကို ခရီးသွားဟန်လွဲ ကူညီကယ်တင်နိုင်မယ်ဆိုရင် ဒါက    ဆုလာဘ်တစ်ခု ပဲ မဟုတ်လား။
 

ပိုအရေးကြီးတဲ့ အကြောင်းအရင်းကတော့ အခုအချိန်မှာ သူ့လို့ ဘာစွမ်းအား မရှိတဲ့ လူအတွက် ပိုစိုးရိမ်ရလိမ့်မည်။   ဤအခြေအနေတွင်၊ ထိုလူရဲ့ တိုက်ခိုက်မှုက လေပြင်း  တိုက်ခိုက်ခြင်းနှင့် မတူပေ။ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များသည် လွင့်စင်သွားရုံသာမက အပိုင်းပိုင်းဖြတ်တောက်ခံထားရပြီး အလယ်တွင် ဝိုင်းခံထားရသော လူက သူတို့ မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။
 

ပိန်ပိန်ပါးပါးပုံစံနှင့် ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဘာမှ မသယ်ဆောင်ထား ပေမယ့် ဘယ်ဘက်လက်တွင် င်္အကျီလက်က ပြဲနေပြီး ပွင့်နေတဲ့ ဒဏ်ရာနဲ့ သွေးတွေ စီးကျနေတဲ့ လက်မောင်းကို မြင်လိုက်ရသည်။
 

လော်ရွှင့်က  ထိုလူကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ယန်ဖေး ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ဦးစလုံးက   ထိုလူ၏ဒဏ်ရာကိုမြင်ပြီး ဒါက သွေးရိုးသားရိုးမဟုတ်ပဲ ခုနက ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားတဲ့အဖွဲ့က သူတို့ အသက်ဘေးက လွတ်ဖို့ ဖုတ်ကောင်အုပ်ကြီး အာရုံလွဲဖို့ ထိုလူငယ်ကို တမင်သက်သက် ဒဏ်ရာရအောင် လုပ်ခဲ့သည်ဟု ယူဆလိုက်ကြသည်။  

နောက်ထပ်ဝေးကွာသောနေရာက ဖုတ်ကောင်အချို့ကို လေ ဓားများဖြင့် ခုတ်ထစ်ခြင်း မပြုတော့ဘဲ ထိုလူငယ်က လေစွမ်းအင်ကို သိမ်းလိုက်သည်။ ထိုလူသည် စွမ်းအားများကို အသုံးပြုထားရသည့်အပြင် သွေးဆုံးရှုံးမှုကြောင့် သူ့ အခြေနေက  ပိုမိုဆိုးရွားစေမည်ကို မသိခဲ့ပေ။ မတ်တပ်ရပ်နေတဲ့လူက ဘေးကို လဲကျမလို ယိမ်းယိုင်သွားသည်၊ သူသည် အချိန်မရွေး ပြိုလဲသွားမည့်ပုံရသည်။

*ဝှစ်...ဝှစ်....ဝှစ်*

ဒူးလေးရဲ့မြှားပစ်ခံသုံနှင့်အတူ ကျန်အဖွဲ့ဝင်တွေက လက်ကျန်ဖုတ်ကောင်ကို ရှင်းလင်းပစ်လိုက်သည်။
 

လီထယ် နှင့် အခြားသူများသည် ကားရှေ့မှဖွင့်ထားသော မီးရောင်ဖြင့် ထိုလူကို မြင်ပြီး    ကားကိုရပ်တန့်လိုက်သည်။ လော်ရွှင့် နှင့် ယန်ဖေးတို့ ကားထဲက ထွက်လာပြီးနောက် လူသားတွေရဲ့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို ကြုံတွေ့ရသည့် အခြေနေတွင်  သူတို့သည် မတရားမှုကို လျစ်လျူမရှုဘဲ အစွမ်းထက်သောစွမ်းရည်ရှိသော လူတစ်ဦးကို ကယ်တင်ရန် အချိန်မှီ ရောက်လာနိုင်လို့ သူတို့အုပ်စုက  ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။

 လူနှစ်ယောက်က ကားပေါ်က ဆင်းလာသည်ကို မြင်ပြီးနောက် ထိုလူငယ်က စိတ်လျှော့လိုက်ဟန်ဖြင့် လဲပြိုကျကာ သတိလစ်သွားခဲ့သည်။ လော်ရွှင့်က    ထိုလူရဲ့ ဒဏ်ရာကို ဖုတ်ကောင်လုပ်ထားခြင်း မဟုတ်ကြောင်း အတည်ပြုပြီးနောက်  ထိုလူအား ကြည့်ကာ ကယ်တင်သူက သေချာပေါက်  ဆုချီးမြှင့်ခံရမည့်အကြောင်းကို တွေးနေသည်။
 

ကားထဲတွင် စွမ်းအားရှင် ယန်ဖေး  အပြင် နောက်ထပ် အစွမ်းထက်သည့် စွမ်းအားရှင်တစ်ယောက် ထပ်ရောက်လာခဲ့သည်။ ဒီလို လူတစ်ယောက်က ထွက်ပေါ်လာပြီး သူတို့နှင့် ဆုံရလိမ့်မည်ဟု လော်ရွှင့် ထင်မထားမိပေ။
 

ဒါက ဘယ်သူလဲ!?

ပိတ်ထားတဲ့ မက်မွန်ပွင့်မျက်လုံးတွေကို ကြည့်လိုက်ပြီး လော်ရွှင့်က  အော်ဟစ်ချင်နေသည် – ဒီလူငယ်က  သူ့အတိတ်ဘဝက ကြားဖူးတဲ့ နာမည်ကျော်ကြားလှတဲ့ ချောမောလှပတဲ့ လေနတ်ဆိုး လူသားပဲ မဟုတ်ဘူးလား! သူ့ကို အမဲလိုက်သည့် လူတစ်စုကို ဖြိုခွဲရန် သူ၏လေစွမ်းအင်ကို ရက်စက်စွာသုံးကာ အကုန်လုံးကို သတ်ဖြတ်ခဲ့သည့် သတင်းကိုကြားပြီးနောက် လော်ရွှင့်မှာ ဒီလူငယ်လေးနဲ့ပတ်သတ်ပြီး အိပ်မက်ဆိုးတွေတောင် မက်ခဲ့မိသေးသည်။
 

ယန်ဖေးက လျှို့ဝှက်စွာ ပြုံးပြလိုက်ပြီး လော်ရွှင့်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

 "ဒါကို ထားလိုက်ပါ။ မင်း ညအိပ်ဖို့ နေရာကို ကားမောင်းလိုက်၊ ဒီမှာ မလုံခြုံဘူး"

ယန်ဖေး၏ အသံသည် နူးညံ့ညင်သာသော်လည်း     ဘာကြောင့်မှန်းမသိ လော်ရွှင့် ခမျာ လည်ပင်းနောက်က အေးစက်စက် လေတိုက်လာသလို ခံစားလိုက်ရကာ  ချမ်းတုန်လာသလို ခံစားလိုက်ရသည်...သို့သော် ကားဆီ သွားခြင်းသည် ဒဏ်ရာရသူကို ကူညီခြင်းထက် ပိုလုံခြုံသည် ။ လော်ရွှင့်သည် ကားမောင်းသူ၏ထိုင်ခုံတွင် ပြတ်ပြတ်သားသား ပြန်ထိုင်လိုက်ပြီး အင်ဂျင်ကို နှိုးကာ ကားမောင်းနှင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ယန်ဖေး သည် ထိုချောမောလှပသည့် လူ၏မျက်နှာကို ကျဉ်းမြောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ့မျက်နှာနှင့် နှိုင်းယှဉ်ကြည့်သည် - လေစွမ်းအားရှင် လူငယ်၏ ့ အကြည့်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယန်ဖေးကတော့ သူ့ရဲ့ မျက်နှာမျိုးကို သူ ပိုနှစ်သက်သည် ။

ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ ယန်ဖေး ၏မျက်နှာသည် အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့်ဆက်ဆံရာတွင် အဆင်ပြေသည်ဟု ခံစားခဲ့ရသည်။ ငယ်ငယ်က အပြင်ထွက်ပြီး စတိုးဆိုင်မှာ သွားဝယ်လျှင် အခမဲ့ ပေးတာ၊ လျှော့ဈေးပေးတာကို ကြုံရစမြဲဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ ယန်ဖေး ဟာ ပိုက်ဆံကို ဘယ်တုန်းကမှ မလိုချင်ခဲ့လို့ ငြင်းဆန်ခဲ့သည်။
 

ဒါပေမယ့် အခုတော့ ဒါဟာ မလိုအပ်တဲ့ ဒုက္ခတစ်ခုလို့ သူ ခံစားလာရတယ်။ ချောမောလှပတာခြင်း အဆင့်တူတဲ့ တခြားသူတစ်ယောက်ရဲ့ မျက်နှာကို မြင်လိုက်ရချိန်မှာ လော်ရွှင့်က  တစ်ဖက်လူကို ပိုတန်ဖိုးထားသွား ပြီလား? လော်ရွှင့်ကို အရင်ရအောင် မလိုက်ထားနိုင်လို့ အခု ပြိုင်ဖက် လူချောလေး တစ်ယောက်ပေါ်လာတော့ သူ ရှုံးတော့မလား။

ဒီစိတ်ကူးကြောင့် ယန်ဖေးက စိတ်ထဲမှာ မကျေနပ်မှုတို့ ပေါ်လာပြီး ယန်ဖေး ကားမောင်းနေစဉ် ထိုသတိမေ့နေတဲ့ လူချောလေးရဲ့လက်ကို ပတ်တီးစဖြင့် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

 သွေးနံ့ရလျှင် ဖုတ်ကောင်တွေက သူတို့ဆီကို ဝိုင်းလာလိမ့်မည်။ ကား စထွက်တော ယန်ဖေးသည်   မေ့လဲနေသောလူနှင့်အတူ နောက်ဘက်က ထိုင်ခုံမှာ ထိုင်ကာ  လက်ပိုက်ထိုင်ရင်း   သတိလစ်နေသောလူကို အေးစက်စွာကြည့် လိုက်သည်။

သူ့ရဲ့ လက်ရှိ ခံစားချက်အရ  ဒီကောင်က သူနဲ့ အပြိုင် ဖြစ်လာမယ်ဆိုတာ ထင်ရှားတယ်။
 

ယန်ဖေး က ရယ်လိုက်ပြီး ထိုချောမောသော ယောက်ျားကို နောက်တစ်ကြိမ် တစ်ချက်ကြည့်လိုက်သည်။ သူသည် ကားနံရံတွင်  အပေါက်တစ်ခု ဖန်တီးလိုက်ပြီး ကားခေါင်မိုးပေါ် တက်သွားသည်။ လော်ရွှင့်က ကားမောင်းနေရင်း ယန်ဖေးက  ကားနံရံကို အပေါက်ဖောက်လိုက်တာမြင်တော့     ထိတ်လန့်သွားပြီး အနည်းငယ် ညည်းညူသော်လည်း ကားကို ဆက်မောင်းသွားခဲ့သည်။

ယန်ဖေးက ကားခေါင်မိုးပေါ်မှ တဆင့် ရှေ့ခန်းကို အပေါက်ဖောက်ကာ ဆင်းလာပြီး လော်ရွှင့်၏   ခေါင်းကို ပွတ်သပ်ရင်း သူ့မျက်နှာကို လော်ရွှင့်၏ နားရွက်နားကို ကပ်ထားလိုက်တယ်။ လော်ရွှင့်က ယန်ဖေးရဲ့ရုတ်တရက် လုပ်ရပ်ကြောင့် လန့်ဖြတ်ကာ ကားကာ ယိုင်ထိုးသွားခဲ့သည်။

 ဒီကောင်က ဘယ်လိုဖြစ်ပြီး ညစ်တီးညစ်ပတ်နည်းနဲ့ သူ့ကို လာပြီး ကလူကျီစယ်နေရတာလဲ။ ယန်ဖေး လုပ်လို့ သူ ကားမှောက်ပြီး သေတော့မလို့....

 ယန်ဖေးက စွမ်းအားရှင် လူချောတစ်ယောက်ကို ကြုံလိုက်ရချိန်မှာ ထိုလူကို အနိုင်ရဖို့ လော်ရွှင့်ကို ခြေမြန်လက်မြန် အပိုင်ချုပ်လိုက်တာ ပိုကောင်းမည်ဟု တွေးနေသည်။ လော်ရွှင့် နှင့် သူ့ကြားမှာ ယုံကြည်မှုရှိပြီးနေပြီ။ ခံစားချက်ကို ပိုတိုးလာအောင် ပျိုးထောင်လိုက်ဖို့ပဲလိုအပ်တယ် မဟုတ်လား။

 သူ့ရှေ့က အသားတုံးလေးက သူ့ပန်းကန်ထဲကို ခုန်ဆင်းလာမယ်ဆိုရင် ကားနောက်ခန်းက လူက သူ့ကို ဘယ်လိုမှ အနိုင်မရနိုင်တော့ပေ။ ယန်ဖေးက စိတ်မြန်တဲ့လူမဟုတ်ပေမယ့် ပြိုင်ဖက်ကို အရှုံးပေးမယ့် လူမျိုးလည်းမဟုတ်ပေ။ သူ့ဘက်က အသာစီးရနေသည်ကို သိထားမှတော့ ပြိုင်ဖက်ကို စိတ်ပူစရာမလိုတော့ပေ။

 
  ဖုတ်ကောင်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းတစ်လမ်းမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် အခြေအနေဆိုးကို ကျော်ဖြတ်ဖို့ လိုနေသည်။  ကောင်းကင်ကြီး လုံးဝမှောင်နေပြီး သိပ်မကြာခင်မှာပဲ ဖုတ်ကောင်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာမှာ ညဘက် ခရီးဆက်ကာ ဉာဏ်နည်းရာကျသည်။ လော်ရွှင့်  နှင့် အခြားသူများသည် ညအိပ်ရန် နေရာရှာခဲ့ကြသည်။

ဒုတိယထပ်ရှိ အလှပြင်ဆိုင်တွင် ပုန်းအောင်းဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအလှပြင်ဆင်ကို သွားဖို့ လှေကားထစ်များ မီးလောင်ပျက်စီးသွားသဖြင့်   ပြတင်းပေါက်မှ တဆင့် အပေါ်ထပ်ကို တွယ် တက်ခဲ့ကြသည်။ ယန်ဖေး က သတ္တုနဲ့ ရိုးရိုးလှေကားထစ်တစ်ခုကို ဖန်တီးပေးခဲ့သည်။


လီထယ်နှင့် အဖွဲ့က လော်ရွှင့်  ကယ်ဆယ်ထားရသောလူကို တွေ့သောအခါ   မိုးကြိုးပစ်ခံရသလို ငေးကြောင်သွားကြသည်။
 သူတို့အဖွဲ့ထဲမှာ အရပ်မြင့်မြင့်နှင့် ချောမောလှပသည့် ယန်ဖေး  ရှိတာနဲ့ လုံလောက်နေပြီ မဟုတ်လား။ ယန်ဖေး တစ်ယောက်နဲ့ သူတို့ ခမျာ အားကျ မနာလို ဖြစ်ရလွန်းလို့ အူတောင် စိမ်းနေပြီ ။ အခု ဘယ်လိုလုပ်ပြီး ယန်ဖေး ထက် မလျော့တဲ့ ချောမောလှပတဲ့အပြင် စွမ်းအားရှင် လူချောတစ်ယောက် ထပ်ပေါ်လာတာလဲ။

 

 
အိုး၊ ဒီလောကကြီးက ချောမောတဲ့ ယောက်ျားတွေကိုပဲ နှစ်သက်တာလား။ ဘာကြောင့် ဒီလို ချောမောလှပတဲ့ လူတွေကို အမြဲတမ်း ကောင်းချီးပေးခဲ့တာလဲ။ ချောတဲ့သူတွေဆီမှာ စွမ်းအားတွေ ပိုင်ဆိုင်နေမှတော့ စွမ်းရည်မရှိတဲ့ တခြားသူတွေ ဘယ်လိုနေနိုင်မလဲ။ ဒီလောကကြီးမှာ ဘယ်လို ဆက်ပြီး နေထိုင်ရတော့မလဲ!


*******-***********

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)حيث تعيش القصص. اكتشف الآن