Chapter (41) _ အမိုက်ဆုံး အလန်းဆုံး လူချောလေး
ခဏနေဦး....အခုအချိန်က ယန်ဖေးရဲ့ ကိုယ်ကာယကို အကဲဖြတ်ရမယ့် အချိန်မဟုတ်သေးဘူး။
"ခင်ဗျား ဘာလို့ အဝတ် မဝတ်သေးတာလဲ!"
ဒါက ကယောင်ကတမ်းနဲ့ လော်ရွှင့် ပြောလိုက်မိသည့် စကားတွေပဲဖြစ်တယ်။ Luo Xun ရဲ့ တုံ့ပြန်မှုရဲ့တရားခံပဲ။
လော်ရွှင်ရဲ့စကားကိုကြားတော့ ယန်ဖေးက အံ့သြဟန်ဆောင်ကာ မျက်ခုံးပင့်ကာ သူ့ ကိုယ်ပေါ်က 'အဝတ်အစားများ' ဟု ဆိုရမယ့် ခါးကို ပတ်ထားသည့် တဘတ်ကို ငုံ့ကြည့်သည်။
"အပေါ်ထပ်မှာ အဝတ်ထပ်ထားတယ်လေ..."
ခါးမှာ ပတ်ထားရုံလေးနဲ့ အဝတ်ထပ်ထားတယ်လို့ ဘယ်လိုခေါ်နိုင်တာလဲ.... အဲ့ဒါက တဘတ်လေ.... ဟမ်...ဘာလဲ ခင်ဗျားက ခင်ဗျားရဲ့ Body အလှကို မီးမောင်းထိုးပြချင်နေတာလား။
"ခင်ဗျား... ခင်ဗျားအဝတ်စားတွေကို ကျွန်တော် ယူလာပေးမယ်"
လော်ရွှင်က အရမ်းမိုက်တဲ့ ယန်ဖေးကို တွန်းလှဲကာ ခုန်အုပ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ပြီး ပြောလိုက်သည်။ လောလောဆယ် သူက မျက်နှာကို တဖက်ကိုလွှဲလိုက်ကာ အသက်ပြင်းပြင်းရှုရင်း ပုံမှန်ဖြစ်အောင် ထိန်းထားပေမယ့် သူ့မျက်လုံးတွေက မနေနိုင်ပဲ ယန်ဖေး ခါးနားက အဖြူရောင်ပုဝါသေးသေးလေးဆီ ရောက်သွားသလိုဘဲ... သူက ဝံပုလွေတစ်ကောင်ဖြစ်သွားမှာကို ကြောက်နေမိတယ်။
ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ အဖြောင့်လူချောလေးနဲ့ တစ်သက်လုံး အတူတူ နေဖို့ ဖြစ်နိုင်ပါ့မလား။ တသက်လုံး မပြောနဲ့ နှစ်နှစ်လောက် နေဖို့တောင် လွယ်မှာလား။ ဒီလို ညှို့ယူဖမ်းစားနိုင်တဲ့ ယောကျာ်းပီသတဲ့ အချောလေးကို မြင်သာမြင်ရပြီး တကိုက်လေးတောင် မကိုက်ရရင် သူ ဆက်ပြီး အသက်ရှင်နိုင်ပါ့မလား....
သူ အသားစားချင်တယ်....
(အသား mean ယန်ဖေး)
ထားလိုက်ပါ...ခဏနေရင် သူကိုယ်တိုင်ချက်ထားတဲ့ ဟင်းတွေရတော့မှာပဲ။ လူကို မစားရပေမယ့် အသားဟင်းကိုပဲ စားတော့မယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies