Chapter (18)_ မနက်ခင်းမှာ နိုးထနေတဲ့ အရှေ့အလယ်ပိုင်း

7.2K 1.2K 48
                                    

Chapter (18)_ မနက်ခင်းမှာ နိုးထနေတဲ့ အရှေ့အလယ်ပိုင်း



လော်ရွှင့် သည် ဆူညံနေသည့် နာရီနှိုးစက်ကြောင့် နိုးလာကာ လှမ်းယူသော်လည်း သူ့လက်ကို တစ်ယောက်ယောက်က ဆုပ်ကိုင်ထားသည်ကို သိလိုက်ရပြီး သူ့လက်ကို ဆုပ်ကိုင်ထားသူကို စိတ်ရှုပ်စွာ လှည့်ကြည့်လိုက်သည့်အချိန် အိပ်ယာနိုးစ အိပ်ငိုက်နေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ နံနက်ခင်းတွင် ယောက်ျားလေးတို့ သဘာဝ၏တုံ့ပြန်ချက်အရ လော်ရွှင့် ခြုံထားသော စောင်လေးက အရှေ့အလယ်ပိုင်းမှာ ဖုဖောင်းထောင်မတ်ကာ တဲငယ်တစ်ခုပမာ ဖြစ်နေသည်။

လော်ရွှင့် တုန်လှုပ်သွားပြီး သူ့လက်ကို ပြန်ရုပ်လိုက်မိသည်။ သူက မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်ချိန် ကုတင်ပေါ်မှ ပြုတ်ကျသွားသည်။ အောက်ထပ်တွင်အိပ်နေသည့် ခွေးကလေးသည် အပေါ်ထပ် အိပ်ခန်းမှ ဆူညံသံကို တုံ့ပြန်သောအားဖြင့် အကြိမ်အနည်းငယ် ဟောင်လိုက်သည်။

ယခင်က အိပ်ငိုက်နေသော ယန်ဖေးသည် ယခုအခါ လုံးဝ နိုးကြားလာခဲ့သည်။ သူနှင့် မျက်လုံးချင်းမဆုံမိအောင် ရှက်နေကာ မျက်နှာနီရဲနေသည့် လော်ရွှင့် ၏ မျက်နှာကို ကြည့်လိုက်သည်။ လော်ရွှင့် သည် နောက်ဆုံးတွင် အားတင်းကာ မော့ကြည့်လိုက်သည်။ လော်ရွှင့် က ပြုတ်ကျသွားတဲ့အတွက် စောင်နှင့်လည်း လွတ်သွားသည်။ ဒါကြောင့် သူနဲ့ အနီးဆုံးမှ အဝတ်အစားများကို အမြန်ဆွဲယူကာ ထိုနေရာကို ဖုံးဖိပြီး အခန်းတွင်းမှ ထွက်ပြေးသွားခဲ့သည်။

ယန်ဖေးသည် မျက်ခုံးပင့်ကာ သဘောပေါက်စွာ ပြုံးလိုက်သည်။ လော်ရွှင့် သည် မနေ့ညက သူ့ရဲ့ မျက်ရည်ကျလာက်ဖွယ် ဇာတ်လမ်းကြောင့် သဘောထားပျော့ပြောင်းခဲ့သော်လည်း ဒီလူယန်ဖေးက အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သူသတိရမိသည်။ သို့ပေမယ့် အခုလေးတင် သာမာန်ယောက်ျား တစ်ယောက်ဟာ ချောမောတဲ့လူကို မြင်တာနဲ့ အောက်ပိုင်းက တုံ့ပြန်လာပြီး ထောင်မတ်လာမှာတဲ့လား။

ပြီးတော့ သူ့ ပါးလွှာတဲ့အသားအရည်က နီရဲလာ ပြီး သူ့အဖြစ်မှန်ကို ဖော်ထုတ်နေသလို ဖြစ်နေတယ် မဟုတ်လား...

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now