Chapter (72) - မီးလုံး ထုတ်နိုင်သည့် ဖုတ်ကောင်
လော်ရွှင့် နှင့် ကာကွယ်ရေးတပ်သားလေးဦးတို့သည် သူတို့အလုပ်စလုပ် ကတည်းက သူ့တာဝန် ကိုယ့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်။ ကျန်လူများသည် ပစ္စည်းများကို ရွှေ့ပြောင်းနေစဉ် သူတို့က ဖုတ်ကောင်များကို သတ်ကာ အမြူတေကို အသီးသီး စုဆောင်းနေသည်။ လော်ရွှင့် သည် ဖုတ်ကောင်များကို သတ်သည့်အဖွဲ့တွင် ချက်ချင်းမပါဝင်ခဲ့ပေ။ သူက ယန်ဖေးဘေးမှာပဲ သေချာစောင့်ကြပ်ပြီး ယန်ဖေးနားကို ကပ်လာတဲ့ဖုတ်ကောင်တိုင်းကို သေချာပစ်သတ်ပေးနေခဲ့သည်။
ရုတ်တရတ် လော်ရွှင့် ရဲ့နှလုံးခုန်သံ ဆောင့်ခုန်လာပြီး ယန်ဖေး ကို ဆွဲချကာ နှစ်ယောက်သား ငုတ်တုတ်ထိုင်ချလိုက်တယ်။
"သတိထား!"
ယန်ဖေးနှင့် လော်ရွှင့်တို့ကို မီးလုံးကြီးတစ်ခု ဖြတ်ကျော်သွားခဲ့သည်။
မီးစွမ်းအားပဲ..! မီးစွမ်းအားရှိတဲ့ ဖုတ်ကောင်လား....
လူအုပ်ကြီးလည်း အံ့အားသင့်သွားကာ မီးလုံးကြီးက အရှိန်ပြင်းပြင်းနှင့် မြေပြင်တွင် အပေါက်တစ်ပေါက် ဖြစ်ကာ ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။ ဖုတ်ကောင်တွေမှာ အစွမ်းအစ ရှိနေသလား။ ဒါမှမဟုတ် လူက တိုက်ခိုက်ခဲ့တာလား။
မဟုတ်ဘူး... စွမ်းအားရှင် တစ်ဦးသည် လော်ရွှင့် ကို တိုက်ခိုက်ချင်ရင်တောင် နံရံအောက်ခြေကနေ မီးလုံးကို ပစ်လိုက်မှာ မဟုတ်ဘူး။
ကပ္ပတိန်သည် အကာအရံဖြင့် နံရံပေါ်သို့ တက်သွားသည်။ သူ သတိထားပြီး ကြည့်လိုက်တော့ ဖုတ်ကောင်တစ်ကောင်က မီးလုံးကြီးတွေ ထပ်ပစ်နေတာကို တွေ့လိုက်ရသည်။ မီးလုံးက နံရံကို ကျော်သွားတယ်။
"သတိထား! ဖုတ်ကောင်တွေမှာ အစွမ်းအစရှိတယ်။ အဝေးကနေ တိုက်ခိုက်နိုင်တယ်!"
ကပ္ပတိန်က ဟောက်ပြီး မီးဖုတ်ကောင်ကို ညွှန်ပြသည်။
"ပစ်! အဲဒီကောင်ကို အရင်ပစ်!"
ဖုတ်ကောင်များသည် အစွမ်းအစရှိလာနိုင်ဖို့ ဆင့်ကဲပြောင်းလဲလာနေပြီလား။ ဒါက ဒေါသထွက်စရာ စိုးရိမ်စရာပဲ။ ဒီပုံစံနဲ့ဆိုရင် စခန်းက လူတိုင်းက ရက်ပိုင်းအတွင်း သေကုန်တော့မှာပေါ့။
VOUS LISEZ
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horreurပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies