Chapter (93) - လွန်လွန်ကဲကဲ လုပ်ဆောင်ချက်
စုတ်ပြဲနေတဲ့ သတ္တုသဲအိတ်တွေကို ကြည့်ပြီး ကျန်းရီ ဟာ သူ့အစွမ်းအစတွေကို နေ့တိုင်း လေ့ကျင့်တယ်ဆိုတာ သိနိုင်သည်။ သို့သော် ယန်ဖေးက တရားဝင် နံရံကြံ့ခိုင်အောင် လုပ်ရသည့်အလုပ်ရှိလို့ နေတိုင်း စခန်းက အမြူတေကို ထောက်ပံ့ကာ နေ့စဉ်စုပ်ယူနိုင်သလို သူ့စွမ်းရည်ကို နေ့စဉ်လေ့ကျင့်နေရသည်။ ကျန်းရီကတော့ ဆေးရုံမှာ တနေကုန် လုပ်ရလို့ သူ့စွမ်းအားကို သုံးရမယ့်နေရာမရှိပေ။ ညဘက် သူ အိမ်ပြန်ရောက်မှ လေ့ကျင့်နိုင်သည် ။ ဒါပေမယ့် အိမ်မှာ ဆူညံသံတွေက ဘေးအိမ်နဲ့ အောက်နားက သူတွေကို အနှောင့်အယှက် မပေးလို့တော်သေးတယ်။
စိတ်ဓာတ်ခွန်အားတွေ ကုန်ဆုံးသွားတိုင်း ခြေလက်တွေ ပင်ပန်းနွမ်းနယ်ပြီး မသယ်နိုင်ဖြစ်သည့်အချိန် သူ့ကို နှစိသိမ့်ပေးမည့် ချစ်သူ ဝမ်သော်ရှိသည်။ ဝမ်သော်က နူးညံ့ သိမ်မွေ့ သော လူငယ်လေးဖြစ်လို့ ယေဘူယျအားဖြင့်ပြောရလျှင် အိပ်ယာထက်က လှုပ်ရှားမှုကို ကျန်းရိက ကျေနပ်မှုမရှိပေ။ ဒါကြောင့် အိပ်ယာပေါ်၌ပင် ကျန်းရီသည် သူနှစ်သက်သော ကိုယ်ဟန်အနေအထား၊ ကြာချိန်စသည်ဖြင့် ညွှန်ကြားကာ ဝမ်သော်ကို အားစိုက်စေခဲ့သည်။ အိပ်ယာထက် ချစ်တင်းနှောပြီးတိုင်း ဝမ်သော်က အတော်လေးကို မောပန်းနွမ်းနယ်နေခဲ့သည်။
ဒါပေမယ့် စွမ်းအားတွေ ကုန်ဆုံးလုနီးပါး လေ့ကျင့်ခဲ့သည့် ဘုရင်မကြီးရဲ့ အမိန့်ကို နာခံပေမယ့် အိပ်ယာထက်မှာ ဝမ်သော်ဟာ အနိုင်ကျင့်ခံမှာ မဟုတ်ဘူး။ ပျော်ရွှင်စရာလှုပ်ရှားမှုလေးတွေကို ဘယ်လိုဖန်တီးသလဲဆိုတာကတော့ ဝမ်သော်နဲ့ ကျန်းရီ ကြားက လျှို့ဝှက်ချက်ဖြစ်ပြီး တခြားသူတွေ မသိနိုင်ပေ။
လော်ရွှင့် နှင့် ယန်ဖေးတို့သည် လီထယ်နှင့် ကျန်းရီ အတွက် သတ္တု ဘောက် စိုက်ပျိုးရေးစင် နှင့် ပြတင်းပေါက်စည်းရိုးများကို နှစ်ရက်ကြာအောင် ဖန်တီးခဲ့သည်။ ကျန်တဲ့အခန်းတွေက အလုပ်ပြီးအောင်လုပ်ဖို့ သတ္တုပိုလိုအပ်လာသည်။ သူတို့နှစ်ဦးသည် အလုပ်ပြီးသောအခါ ထင်းများကို စတင်ခုတ်တော့သည်။
လော်ရွှင့် က ရွှီမိန် နဲ့ အတူ စုဆောင်းထားတဲ့ သစ်ပင်ကို သင့်တော်တဲ့ အရွယ်အစားနဲ့ ခွဲဖို့ လိုသည်။ လွှများကို ယန်ဖေးမှ ပံ့ပိုးပေးခဲ့ပြီး လွှစာသည် အသုံးမဝင်သော အမှိုက်မဟုတ်ပေ၊ သူကို စုဆောင်း၍ အခြောက်ခံကာ ပိုးကောင်များမွေးထားသည့် ပုံးထဲကို ထည့်နိုင်သည်။
ရွှီမိန် ၏အိမ်တွင် သီးနှံစိုက်ရန် သတ္တုစင်အချို့လည်းရှိလာသည်။ အမျိုးသမီးနှစ်ဦးအား ပျိုးပင်အချို့ပေးခဲ့ပြီး စိုက်ပျိုးခြင်းလုပ်ငန်းအစီအစဉ်ကို သူမတို့ ရင်းနှီးလာသည်။ ကျန်တဲ့ သတ္တုတွေကို စောင့်ရဦးမည်ဖြစ်သည်။
အထပ်နှစ်ထပ်တွင် နေထိုင်သူများသည် သူတို့၏ အသိုက်ကို ပြန်လည်တည်ဆောက်ရန် တစ်လနီးပါးကြာခဲ့သည်။ တစ်လအတွင်းမှာပဲ ယန်ဖေးဟာ သူ နောက်ဆုံးအကြိမ် ပြန်ယူလာတဲ့ သတ္တု အားလုံးကို သုံးစွဲခဲ့ပါတယ်။ ကျန်းရီ သည် သတ္တုပစ္စည်းများအပြည့်ဖြင့် ထရပ်ကားတစ်စီးကို ပြန်ယူ လာခဲ့သည်။ လော်ရွှင့် သည်လည်း သူတို့၏ ကပ္ပတိန်ထံမှ သတ္တုများစွာ ရရှိခဲ့သည်။
ရွှီမိန် နှင့် စုန့်လင်လင် တို့သည် လော်ရွှင့် သည် အမျိုးသမီးများ၏စိုက်ခင်းတွင်ရှိသော အညစ်အကြေး များကို ဖယ်ရှားရန် ကူညီပေးခဲ့သည် - မျိုးရိုးဗီဇပြောင်းလဲသော၊ ဖုတ်ကောင်အင်းဆက်များ သို့မဟုတ် အခြားသော သတ္တဝါများကို ရှောင်ရှားနိုင်ခဲ့သည်။ လော်ရွှင့် ၏ အမိန့်ဖြင့် လျှို့ဝှက်စိုက်ပျိုးသည့် မှိုသစ်သားလည်း ရှိခဲ့သည်။ မှိုစတင်ပေါက်လာသည့် သစ်သားအပိုင်းအစတစ်ခုစီကို သတ္တုအံဆွဲတစ်ခုထဲတွင် ထည့်ထားသည်။
ဤအရာများအပြင် လော်ရွှင့် နှင့် ယန်ဖေးသည် တံတိုင်းလုပ်ငန်းကို ပြီးမြောက်ခဲ့ပြီး၊ 10 မီတာမြင့်သော တံတိုင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ ယခု လူနှစ်ယောက်သည် အဖွဲ့လိုက် တန်းလျားဆီသို့ ပြန်သွားကြသည်။ ယခုအခါ တန်းလျား တံတိုင်းများ ဆက်လက် ဆောက်လုပ်ရန် တာဝန် ရှိသည်။
ကျန်းရီ၊ စုန့်လင်လင် နှင့် ယွီရှင်းရန် တို့သည် အဆင့်နှစ်သို့ ချောချောမွေ့မွေ့ တက်ခဲ့ကြသည်။ ပထမအဆင့်တက်ခဲ့ကြသော ယန်ဖေးနှင့် ရွှီမိန် တို့မှ အကြံပြုချက်များနှင့် အခြားသူ၏စွမ်းရည်များ လျင်မြန်စွာ တိုးတက်လာသည်။
စုန့်လင်လင်က အဆင့်တက်တာ အလျင်မြန်ဆုံးဖြစ်သည်- ပထမအချက်မှာ ရွှီမိန် နှင့် အလုပ်လုပ်သော ကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ယခုလတွင် စိုက်ခင်းနှစ်ထပ်ကို ရေလောင်းရန်အတွက် ရေသန့်ကို အပြင်းအထန်လုပ်နေရသောကြောင့်ဖြစ်သည်။ ဤစွမ်းရည်ကိုအသုံးပြုခြင်းဖြင့် အဆင့်မြှင့်တင်မှု အမြန်နှုန်းသည် အလွန်မြန်လာသည်။
ကျန်းရီ သည် ညတိုင်း အိမ်ပြန်ပြီး သူ၏ စွမ်းအားများကို အရူးအမူး လေ့ကျင့်ပြီးကတည်းက သူမထက် ခြေတစ်လှမ်းသာ နောက်ကျတော့သည်။ ရှောင်ရန်လေးအတွက်ကတော့ သူမရဲ့ စွမ်းရည်ရဲ့ အဖျက်စွမ်းအားက အရမ်းကြီးတာကြောင့် နေ့တိုင်း လေ့ကျင့်ခဲ့ပေမယ့် မလုံလောက်ပေ။ လကုန်တွင် သူမသည် ဖုတ်ကောင် အမြူတေ500 ကို အောင်မြင်စွာ စုပ်ယူနိုင်ပြီး အဆင့်နှစ်သို့ တက်လာခဲ့သည်။
အဆောက်အဦတွင်း အလုပ်တိုးတက်မှုက မဆိုးပါဘူး၊ ကျန်းရီ နဲ့ ယန်ဖေးယူလာတဲ့ သတ္တုကို 15 ထပ်က အခန်းနှစ်ခန်းကို ကြမ်းခင်းသည့်နေရာမှာ အသုံးပြုခဲ့ပြီး ကျန်တာတွေက လကုန်အထိ စောင့်ရမယ်။
ဒါပေမယ့် နောက်ကျတဲ့ သီးနှံတွေကော ဘယ်လိုလုပ်မလဲ။ လယ်ယာလုပ်ငန်းကို ခြေတစ်လှမ်းတောင် မစရသေးသောကြောင့် သူတို့ ဒီအတွက် သိပ် စိတ်မပူခဲ့ကြပေ။ အချိန်နောက်ကျပေမယ့်လည်း အချိန်တန်လျှင် သူ့ဖာသာ ဖြစ်သွားလိမ့်မည်။
နောက်ဆုံးတွင် အိမ်တွင်းမှာ သတ္တုကို အသုံးပြု၍ စင်္ကြံများကို စိုက်ပျိုးခင်းအဖြစ် ပြောင်းလဲရန်၊ အလုံပိတ် သတ္တုတံခါးကို 14 နှင့် 15 ထပ်ကြားသို့ ပြောင်းရွှေ့ခဲ့သည်။ လှေကားထစ်များကြားက နေရာလွတ်ကိုလည်း သိမ်းပိုက်ထားပြီး၊ အိမ်တွင်း သီးနှံများရိတ်သိမ်း ပြီးသည်နှင့် ယင်းနေရာများတွင် သီးနှံမျိုးစုံကို စိုက်ပျိုးနိုင်သည်။
ယန်ဖေးသည် သူ၏ 16 လွှာ ဓာတ်လှေကားကို သတ္တုအထူဖြင့် ကာရန် လှည့်ကွက်ဟောင်းကို အသုံးပြုခဲ့သည်။ လူအချို့သာ ဝင်ခွင့်ပြုမည်၊ အမည်မသိ တစ်စုံတစ်ယောက် ဝင်လာပါက မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်နိုင်သည်။
တစ်လလုံး ငြိမ်နေသည့် ကျန်းရီ က အဝတ်အစားထုတ်လုပ်တဲ့ အလုပ်တွေကို ရွှီမိန်လုပ်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတိုင်း သူသည် ချုပ်ရမည့် အထည်တွေကို ယူလာပေးပြီး ထိုအထည်ပြီးပါက အမှတ်နှင့်လဲလှယ်ပေးကာ နောက်ထပ် အထည်တစ်သုတ်ကို ပြန်ယူလာသည်။ ရွှီမိန်ရသည့် လစာက မမြင့်ဘူး၊ အခြေစိုက်စခန်းလုပ်ခ အနိမ့်ဆုံးလို့ ယူဆနိုင်ပေမယ့် အလုပ်ချိန်က အိမ်ကနေ လုပ်ရတာဖြစ်လို့ အဆင်ပြေသည့်အပြင် အချိန်မီပြီးသွားသရွေ့ လူတိုင်းက သူတို့လိုချင်တဲ့ အလုပ်ပမာဏကို ရွေးနိုင်သည်။
ဒီလိုမျိုး အိမ်မှာ ဘယ်တော့မှ ထွက်စရာမလိုပဲ လုပ်နေသည့် အမျိုးသမီးတွေ အများကြီးရှိခဲ့တယ်။ ထိုမိန်းမနှစ်ယောက်သည် နံနက်ခင်းတွင် အခြေစိုက်စခန်း၌ မြေကြီးတူးကြပြီး နေ့လည်ထမင်းစားရန် ပြန်လာကြသည်။ နေ့ခင်းနှင့်ညနေခင်းများကို အိမ်တွင် ပန်းနှင့်အပင်များပြုစုခြင်း၊ စက်ချုပ်ခြင်းနှင့် ယွီရှင်းရန် ပြုစုပျိုးထောင်ခြင်းတို့ကို ပြုလုပ်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မေလကုန် နီးလာပြီး ရာသီဥတုက ပိုပူလာတယ်။ ပြီးခဲ့တဲ့လက အခြေအနေတွေကို လေ့လာရင်း ဖုတ်ကောင်တွေကို အမဲလိုက်ဖို့ ရွေးချယ်ခဲ့ပြီး အမြူတေတွေကို စုဆောင်းခဲ့တယ်။
အားလပ်ရက် လေးရက်မြောက်နေ့။
လီထယ်နှင့် အခြားသူများသည် အားလပ်ရက်ပိုရရန် ခါးခါးသီးသီး ကြိုးစားခဲ့ကြသည်။ အနည်းဆုံးတော့ သူတို့ရဲ့ အားလပ်ရက်ကို တခြားသူတွေနဲ့ ကိုက်ညီအောင် တစ်လကြိုတင် သတ်မှတ်ပေးထားတယ်။ ကျန်းရီ သည် ထိုအတိုင်းပင်၊ သူ၏ သုံးရက်တာ အားလပ်ရက်ကို တစ်ရက်ပြောင်းခဲ့သည်။ ယခုလတွင် အိမ်ရှိ အမျိုးသမီး သုံးဦးသာ အပ်ချုပ်ခြင်းနှင့် အပင်များ ပြုစုခြင်းတို့ ဆက်လက် လုပ်ခဲ့သည်။
ယခုအချိန်တွင် လော်ရွှင့် သည် မှိုကို ကိုင်တွယ်သည့်အခန်းထဲတွင် အဖွဲ့နှင့်အတူရှိနေသည်။ လူတစ်ဦးစီတွင် မှိုကြိတ်ရန်အတွက် ဖန်ခွက်တစ်လုံးစီရှိကြသည်။ ယန်ဖေးသည် ဘေးတွင်ထိုင်ကာ အသားညှပ်ပေါင်မုန့်စားသည်။ ယွီရှင်းရန် သည် လသာဆောင်တွင် ခွေးကလေးနှင့် ဆော့ကစားနေသည် - ကလေးမလေးသည် ပိန်ပိန်ပါးပါးဖြစ်သော်လည်း ယခင်ကထက် ပိုထွားလာသည်။
ခွေးကလေးသည် အရွယ်ရောက်ပြီး သူ၏ကိုယ်ထည်လည်း ထွားလာခဲ့သည်။ လူတစ်ယောက်ရဲ့ အရပ်အမြင့်တစ်ဝက်ရှိနေလို့ ရှောင်ရန် လေးဟာ ခွေးကလေးရဲ့ကျောပေါ် အေးဆေးစွာ စီးနင်းနိုင်ခဲ့တယ်။ မိန်းကလေးတစ်ဦးနှင့် ခွေးကလေးတစ်ကောင်သည် အတူတူဆော့ကစားရင်း ခွေးကလေးကို ကျွေးရန် ဆလတ်ရွက်ကို ကိုင်ဆောင်ထားသည်။
ရွှီမိန် သည် မှိုဖျော်ရည်ကို ဂရုတစိုက်ကိုင်တွယ်ပြီး လသာဆောင်သို့ ရံဖန်ရံခါ လှမ်းကြည့်သည်။ လော်ရွှင့် ၏ လသာဆောင်တွင် စားသုံးနိုင်သော အပင်တွေက ပွင့်လန်းနေပြီး ရွှန်းလဲ့သော ရွှေရောင်တောက်နေသည်။
"ခွေးကလေးက တကယ်သနားစရာပဲ၊ ငယ်ငယ်ကတည်းက တံခါးအပြင်မထွက်ခဲ့ဖူးဘူး။"
လော်ရွှင့် က ကူကယ်ရာမဲ့ ရယ်မောလိုက်သည်။
"ဘယ်လိုမှ မထွက်ခိုင်းရဲဘူး။ ခွေးတွေက အနံ့ခံပြီး တခါတရံ ကြုံရာကျပန်းစားတာကို ကြိုက်တယ်လေ"
"ဟုတ်တယ်၊ ဒါကိုတွေးမိလို့ သူ့ကို ပိုတောင်သနားလာမိတယ်။"
စုန့်လင်လင် လည်း သက်ပြင်းချလိုက်ပြီး လော်ရွှင့် ကို အပြစ်တင်လို့မရဘူး။ ပထမအချက်အနေနဲ့ ခွေးက လျှောက်မစားရင်တောင် ညစ်ပတ်တဲ့အရာတစ်ခုခုကို ထိမိပြီး ကူးစက်နိုင်ပါတယ်။ နောက်ပြီး အခြေစိုက်စခန်းက လူတွေက အသားတွေကို အနံ့မရှုရတာ ဘယ်လောက်ကြာပြီလဲ။ သူ့ကို အခု လွှတ်လိုက်ရင် ခွေးကလေးက တစ်စုံတစ်ယောက်ရဲ့ စားပွဲပေါ်မှာပဲ ဟင်းပွဲအဖြစ် အဆုံးသွားနိုင်တယ် မလား။
လော်ရွှင့် သည်လည်း ကူကယ်ရာမဲ့သလို ခံစားလာရပြီး ကျူးကျော်သူများကို ကြောက်ရွံ့စေရန်အတွက် ခွေးကလေးကို ပြုစုပျိုးထောင်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့အဖော်ရှိဖို့၊ ခွေးကလေးက အဖော်မဲ့နေရရှာသည်။ ကြာရင် ခွေးကလေးက ကြောင်တောင်တောင် ဖြစ်သွားနိုင်မလား?
သူ့အိမ်လုံခြုံရေးကို တိုးမြှင့်ပေးသော ယန်ဖေးရှိရုံနှင့် ယခုအချိန်တွင် ခွေးကလေးသည် အသုံးမဝင် တော့ပေ။ သို့ပေမယ့်လည်း ခွေးကလေးက သူတို့ကို အိမ်ပြန်ရောက်ချိန် အမြီးယမ်းကာ ကြိုဆို နှုတ်ဆက်လိုက်တဲ့အခါ လူနှစ်ယောက်ရဲ့ နှလုံးသားက လန်းဆန်းသွားသလို ခံစားလိုက်ရတယ်။
မျိုးပြောင်းတိရစ္ဆာန်များနှင့်ပတ်သက်၍... အချို့သောတိရစ္ဆာန်များသည် ကမ္ဘာပျက်ကပ်၏ အစောပိုင်း အဆင့်တွင် မျိုးပြောင်းသွားသည်ဟု ဆိုကြသည်။ ဒါပေမယ့် လူတွေက သူတို့ကို မတွေ့တော့ဘူး၊ ဘယ်သူမှ သတင်းအချက်အလက်မသိကြဘူး၊ နောက်နှစ်အစမှာ တိရိစ္ဆာန်တွေက လှည့်ပတ်ပြီး လူသားတွေကို တိုက်ခိုက်လာကြတယ်...ဟုတ်တယ်၊ လူသားတွေဟာ ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့သာမကဘဲ လှည့်ပတ်နေတဲ့ တိရစ္ဆာန်တွေကိုလည်း ရင်ဆိုင်ဖို့ လိုအပ်တယ်။
သေချာတာပေါ့.. အရင်က တိရိစ္ဆာန်တွေကို ထိန်းသိမ်းထားရင် မျိုးပြောင်းပြီးရင် ပိုင်ရှင်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ပိုင်ရှင်ကို ဖုတ်ကောင်များ လိုက်လံဖမ်းဆီးရာတွင် တိရစ္ဆာန်တွေက ကူညီပေးရန် အခွင့်အလမ်း မြင့်မားသည်။
ယခင်က မှိုနှစ်သုတ် ကိုင်တွယ်ပြီးပြီဖြစ်သောကြောင့် ယနေ့ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော မှိုများ အများအပြားမရှိတော့ပေ။
လော်ရွှင့် က ပြန်ယူလာတဲ့ ရေခဲသေတ္တာ နှစ်ခုကို အစားအသောက်သိုလှောင်ရန်အတွက် အသုံးပြုနေပြီး ကျန်နှစ်ခုကတော့ မှိုဖျော်ရည်တွေကို သိမ်းဆည်းထားတယ်။ တစ်ခုက လော်ရွှင့် ရဲ့အိမ်မှာထားပြီး နောက်တစ်ခုကတော့ လီထယ်ရဲ့အိမ်မှာပါ။ အပို ကရိယာတွေလည်း ပြန်ယူလာရန် လိုအပ်နေပုံပေါ်သည်။
လော်ရွှင့် နှင့် ယန်ဖေးတို့၏ အေးခဲထားသည့် မှိုများကို စမ်းသပ်ပြီးနောက် သိုလှောင်ချိန် တစ်လတွင်း မှိုရည် အာနိသင် ပြဿနာမရှိကြောင်း အတည်ပြုခဲ့သည်။ အေးခဲထားသော မှိုအရည်ကို ကျည်ဆန်များထဲသို့ ထည့်ပြီး ပစ်ရာတွင် အာနိသင် ကွာခြားမှု မရှိသလောက်ပင်။ ဘာပဲဖြစ်ဖြစ် ရေခဲသေတ္တာနှစ်လုံးမှာ တစ်လုံးက အထူးကျည်ဆန်တွေအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ ရိုးရိုးမှိုဖျော်ရည်ကို အအေးခံဖို့အတွက် ဖြစ်တယ်။
တစ်နေကုန် အလုပ်ပြီးသောအခါ၊ အဖွဲ့သားများသည် နောက်ဆုံးတွင် မှိုအသုတ်များကို ပြင်ဆင်ပြီး မစ်ရှင်ခရီးအတွက် ပြင်ဆင်ရန်အတွက် ရပ်ထားသောကားသို့ ပို့ပေးလိုက်သည်။ ဤအရာများအပြင် လော်ရွှင့် သည် ဓာတ်ဆီအမြောက်အမြားကို လဲလှယ်ခဲ့ပြီး ဖုတ်ကောင်များကို ရှို့ရန်အတွက် စုဆောင်း ထားသည်။ ဓါတ်ဆီဖြင့် ပေါင်းစပ် ရှို့တာက ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။ ဤကဲ့သို့ ထိရောက်သောနည်းလမ်းကို သူတို့ လုံးဝလက်မလွှတ်နိုင်ပေ။ အိမ်မှာသုံးဖို့ မှိုဖျော်ရည် အလုံအလောက်ရှိရင်တောင် ဒီနည်းကို သုံးရမည်။
၂၈ ရက်နေ့ မနက်ခင်းမှာ လူတိုင်းက အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ ဘွတ်ဖိနပ်တွေ ဝတ်ထားကြတယ် - ရာသီဥတုက အင်္ကျီလက်တိုဝတ်ရလောက်အောင် ပူနေပေမယ့် စခန်းကထွက်တဲ့လူတွေက ကိုယ့်လုံခြုံရေးကို လျှော့လို့မရဘူး။
လော်ရွှင့် သည် အဖွဲ့ရှေ့တွင် ရပ်ကာ အမျိုးသမီးများနှင့်အတူ သူတို့၏ အသုံးအဆောင်ပစ္စည်းများကို စစ်ဆေးခဲ့သည်။ ပြဿနာမရှိဟု အတည်ပြုပြီးနောက် လှေကားဆီသို့ ခေါင်းညိတ်ပြသည်။
"သွားကြရအောင်!"
ယခင်အတွေ့အကြုံနှစ်ခုဖြင့်၊ သူတို့၏ အခြေစိုက်စခန်းမှထွက်ခွာသည့်ခရီးသည် အလွန်ချောမွေ့သွားခဲ့သည်။
ဘဏ်သို့သွားရာလမ်းတွင် ယန်ဖေးသည် အချင်း 20 မီတာရှိသော သတ္တုဘောလုံးကို လမ်းဘေးရှိ အပျက်အစီးအားလုံးကို စုဆောင်းကာ လုပ်ခဲ့သည်။ လီထယ်နှင့် ကျောင်းသားများသည် သတ္တုအပိုင်းအစများစွာ လေထဲသို့ ပျံတက်သွားသည်နှင့်အမျှ၊ ပြန့်ကျဲနေသော သတ္တုများသည် ကားနှင့်တွဲလျက် လှိမ့်နေသော ဘောလုံးဖြစ်လာသည်။ သိပ်မကြာခင်မှာပဲ ဘောလုံးဟာ နှင်းဘောလုံးလို ပိုကြီးလာပြီး... တဟုန်ထိုးမြည်သံများက ဖုတ်ကောင်များ ဆွဲဆောင်နေသည်။ ဖုတ်ကောင်များက ဟိန်းဟောက်ကာ သူတို့"အစားအစာ" တွေနောက် စခန်းချထားတဲ့နေရာအထိ လမ်းတစ်လျှောက်လုံး ပြေးလိုက်လာကြတယ်။
အဖွဲ့သည် ဘဏ်ကိုစစ်ဆေးပြီး တာယာကြိုးအနည်းငယ်မပျက်သေးသည်ကို အတည်ပြုခဲ့သည်။ တစ်စုံတစ်ယောက်သည် ဤနေရာတွင် ရပ်တန့်နေပုံရသော်လည်း အမာခံအဖြစ် အသုံးမပြုခဲ့ပေ။ သူတို့ဒီကိုရောက်တာကြာပြီဖြစ်နိုင်တယ်၊ လော်ရွှင့် နဲ့ တခြားသူတွေက နည်းနည်းတော့ စိတ်အေးသွားသည်။
ယန်ဖေးသည် သတ္တုဘောလုံးများကို "ဖြန့်" ရင်း သတ္တုဘောလုံးများကို စခန်းပတ်လည်ကို လှိမ့်လိုက်သည်။ မကြာမီတွင် ကြီးမားသော သတ္တုနံရံများကို သတ္တုအသစ်ဖြင့် ပေါင်းစပ်ကာ ယခင်ထက် ပိုမြင့်ပြီး ပိုထူအောင် ပြုပြင်ခဲ့သည်။ နံရံတွင် ပစ်ခတ်ရန် အပေါက်အချို့ကို ချန်ထားခဲ့ပြီးနောက်၊ အဖွဲ့သည် ဝင်ပေါက်ဆီသို့ ပြန်သွားကာ ထောင်ချောက်များကို စတင်တပ်ဆင်ခဲ့သည်။
လော်ရွှင့် သည် ယန်ဖေးလုပ်ထားသည့် ကင်းမျှော်စင်ပေါ်သို့ တက်ကာ စောင့်ကြည့်ခဲ့သည်။ ဆင်းမလာခင် မျက်မှောင်ကြုတ်လိုက်သည်။
"တချို့ ဖုတ်ကောင်တွေက မြို့ရဲ့အစွန်းကို ဦးတည်သွားပေမယ့်၊ အနီးနားမှာ ဒီလောက်အများကြီး မရှိတော့ဘူး။"
အမြူတေအတွက် မြို့ပြဧရိယာအတွင်း ပိုမိုနက်ရှိုင်းစွာ စွန့်စားလုပ်ကိုင်ရန် စွန့်လွှတ်နိုင်သော်လည်း အန္တရာယ်ပိုများသည်။ စွမ်းရည်အသုံးပြုသူများသည် အဆင့်နှစ်သို့ မြင့်တက်လာသော်လည်း သာမန်လူများသည် သာမန်လူများဖြစ်သည်။ သူတို့မှာ လက်နက်ကလွဲလို့ တခြားအားသာချက်တွေ မရှိဘူး။
"ဒါဆို ကပ္ပတိန်ဆီမှာ အကြံကောင်းတွေ ရှိသေးလား"
လော်ရွှင့်ကို ကျန်းရီ က မေးလိုက်သည်။ သူ ခြေထောက်ကို လှုပ်ခါပြီး သူ့ဖိနပ်ကို ဘယ်အချိန်က ချွတ်ပစ်လိုက်မှန်း သူ မသိတော့ပေ။
"အသက်ရှိနေတဲ့ ငါးစာ" လော်ရွှင့် က နောက်ပြန်လှည့်ကြည့်သည်။ "အကောင်းဆုံးကတော့ အမြန်နှုန်းနဲ့ စွမ်းအား နှစ်ခုလုံးရှိရမယ်။"
လော်ရွှင့် က မျက်လုံးစွေပြရင်းပြောလိုက်တော့ ကျန်းရီ ၏ ရယ်မောသော အမူအရာ ပျက်ယွင်းသွားသည်။
"မင်းက အပြင်ထွက်ပြီး ပြေးချင်လား"
ဝမ်သော်ကို လှမ်းကြည့်ရင်း လော်ရွှင့် က ခေါင်းကို အမြန်ခါလိုက်သည်။
"ကားမောင်းပြီး သွေးအိတ် ယူသွားလိုက်..."
လှည့်စားခြင်းသည် အထိရောက်ဆုံးဖြေရှင်းချက်ဖြစ်သော်လည်း အပြင်ထွက်သွားသူအတွက် အန္တရာယ်ရှိသည်။ ဤတာဝန်သည် သူ့ကိုယ်ပိုင်အမြန်နှုန်းကို မြှင့်တင်နိုင်သည့် လေအားအသုံးပြုသူ ကျန်းရီ အတွက် အသင့်တော်ဆုံးဖြစ်သည်။
မဟုတ်ပါက ယန်ဖေးသည် အကျပ်အတည်းတစ်ခုတွင် မိမိကိုယ်ကို ကာကွယ်ရန် သတ္တုကို အသုံးပြုနိုင်လို့ အပြင်ထွက်ဖို့ အဖြစ်နိုင်ဆုံးလူပင်။ သူသည် သတ္တုခွံတည်ဆောက်ကာ အထဲက လုံခြုံသောနေရာတွင်နေရင်း တိုက်ရိုက်လှိမ့်နိုင်သည်၊ လူများ မူးသွားနိုင်ပေမယ့် ဘေးကင်းလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သွားမည့်သူနှစ်ဦးသည် အန္တရာယ်ကို ရင်ဆိုင်နိုင်လို့ စိတ်ကို ပြင်ဆင်ထား ရမည်ဖြစ်သည်။ လော်ရွှင့် က ယန်ဖေးကို ပြောသည် ။
"ဒါကို ခင်ဗျား လုပ်နိုင်တယ်၊ ပတ်ဝန်းကျင်ကိုအာရုံစိုက်ဖို့ပဲလိုတယ်။ အန္တရာယ်တစ်ခုခုရှိလျှင် သတ္တု အလုံအလောက်ရှိမရှိ သေချာအောင်လုပ်ပြီး အန္တရာယ်များရင် သတ္တုဘောလုံးထဲမှာ ပုန်းအောင်းနိုင်တယ်..."
ဘောလုံးထဲမှာ ရှုပ်ယှက်ခတ်နေမှာကို စိုးရိမ်တဲ့အတွက် ကျန်းရီ က စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်ချိန်မှာ လော်ရွှင့် က မှာလို့ မပြီးသေးဘူး။
"ငါသွားမယ်ဆိုရင် အဆင်မပြေဘူးလား။ ဘယ်သူက သတ္တုဘောလုံးနဲ့ ပြန်လှည့်ချင်မှာလဲ"
စကားပြောပြီးနောက် တစ်ဖက်သား၏အမူအရာကို မကြည့်ဘဲ ကားဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
ဓာတ်ဆီနှင့် ခဲယမ်းမီးကျောက်များကို ကားပေါ်မှ ဖြုတ်ချပြီး ထောင်ချောက်များကို ယန်ဖေး၏သတ္တုဖြင့် ဖုံးအုပ်ထားသည်။ ကျန်းရီ အရှိန်အဟုန်မြှင့်ရန် အရှိန်မြှင့်လိုက်သော်လည်း လော်ရွှင့် ရေးဆွဲသည့်လမ်းကြောင်းအတိုင်း မလိုက်မီ ဘဏ်ရှေ့လမ်းဆုံကို အရှိန်ဖြင့် ဖြတ်သန်းကာ ဖုန်မှုန့်တွေ လွင့်ပျံနေစေခဲ့သည်။
ကားပျောက်သွားချိန်မှာ ဝမ်သော်က နောင်တရစွာပြောလိုက်သည်။
"ကျွန်တော် သူနဲ့လိုက်သွားသင့်တယ်!"
ဟန်လိက ခေါင်းကို ပုတ်လိုက်ကာ ဆူလိုက်သည်။
"မင်းဘာလုပ်နေလဲ? ခေါင်းက အလုပ်လုပ်သေးရဲ့လား"
"ဟုတ်တယ် မင်းလိုက်ခဲ့မယ်ဆိုရင် ကျန်းရီကို ဆွဲချသလို ဖြစ်မှာ မဟုတ်ဘူးလား"
"မှန်တယ်၊ မင်းမှာ အံ့သြဖွယ် အစွမ်းတွေ ရှိလို့လား။ လေကို ထိန်းကျောင်းနိုင်လို့လား"
ကျန်းရီ နဲ့ အတူအိပ်ခဲ့တဲ့ ဝမ်သော်ပင်လျှင် အဆင့်တက်ပြီးနောက် မည်ကဲ့သို့ စွမ်းအားများ ရရှိခဲ့သည်ကို မသေချာပေ။ သူ့စွမ်းရည်က အခုပိုဝေးတဲ့နေရာကို ရှင်းလင်းစွာ မြင်နိုင်ပြီး ၁၀ မီတာရှိတဲ့ ဟာရီကိန်းဟာ မီတာ ၂၀ အထိ တိုးလာတယ်ဆိုတာက အစ သူ သေချာ အာရုံခံနိုင်ကာ သိနေတယ်။ ဘာကြောင့် ဒီလိုဖြစ်လာတယ်ဆိုတာတော့ သူတို့ မသိသေးဘူး။
တစ်ဖက်တွင်၊ စုန့်လင်လင် နှင့် ယွီရှင်းရန် တို့၏စွမ်းရည်များကို မြင်လွယ်သည်။ ယွီရှင်းရန် သည် ယခုအခါ သတ်မှတ်ထားသော အကွာအဝေးအတွင်း ဖန်တီးထားသော သဲများကို ထိန်းချုပ်နိုင်ပြီး၊ သူမသည် ပစ်မှတ်ထားသည့် လူတွေရဲ့ ခြေထောက်အောက်က သဲကို ထိန်းချုပ်ကာ ထိုလူကို အောက်သို့ တခါတည်း ဆွဲချနိုင်ခဲ့သည်။
သူမ၏စွမ်းရည်ကို လေ့ကျင့်ရန်အတွက် ညီအစ်မနှစ်ယောက်က သူမအား လူသူကင်းမဲ့သောနေရာတစ်ခုသို့ ခေါ်ဆောင်ကာ ကတုတ်ကျင်းအချို့ကို လျှို့ဝှက်တူးဖော်ခဲ့ကြသည်။ အချို့သော အစိတ်အပိုင်းများနှင့် အလွန်နီးကပ်စွာ ဂရုမစိုက်ဘဲ လမ်းလျှောက်လာသောအခါတွင် လူအချို့ ထိခိုက်မှု များနိုင်သည်။
စုန့်လင်လင် ၏ ရေစွမ်းရည်သည် တူညီပြီး သူမသည် ရေပို၍ မြန်ဆန်စွာ ထိန်းချုပ်နိုင်သည်။ သူမတွင် နောက်ထပ်စွမ်းရည်တစ်ခုလည်း ရှိသေးသည် - ရေအပြင် ဒဏ်ရာများမှ စီးထွက်လာသော သွေးများကို ထိန်းချုပ်နိုင်သည်။
အကွာအဝေးမှာ အကန့်အသတ်ရှိနေဆဲပဲ၊ ဥပမာ မနေ့က ကိုင်တွယ်ခဲ့တဲ့ မှိုတွေကို စုန့်လင်လင် က ရေကို ငါးစင်တီမီတာ အကွာအဝေးမှာ ကိုင်တွယ်နိုင်ပါတယ်။ မှိုဖျော်ရည်ကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက် သော်လည်း မှိုကိုယ်တိုင်ကလည်း လူကို ထိခိုက်စေနိုင်လို့ လော်ရွှင့်က စုန့်လင်လင် ကို အဖိုးတန်မှိုများကို ကိုင်တွယ်စေဖို့ ဆန္ဒမရှိပေ။
သူမသည် သေနေသောဖုတ်ကောင်များ၏ကိုယ်ထဲမှာ ပုပ်နေသောအရည်များကို ထုတ်ယူရန် မကြိုးစားနိုင်သေးသော်လည်း၊ သူမက ဒါကို မသုံးချင်ပေ။ ဒီလို စွမ်းရည်နှစ်ခုသည် သိသာထင်ရှားစွာ တိုးတက်လာတယ်ဆိုတော့ ကျန်းရီ ၏ အဆင့်မြင့် လေစွမ်းရည်ကကော မတိုးတက်ပဲ ရှိပါ့မလား။
နာရီဝက်အကြာတွင်၊ အဖွဲ့သည် အံ့သြဖွယ်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်- ကျန်းရီ ၏ကားသည် လေထဲတွင် လှိုင်းစီးသလို တောက်လျှောက် ပြေးလာခဲ့သည်! အားလုံး ပါးစပ်အဟောင်းသားဖြစ်သွား ရသည်။ ဘုရင်မကြီးထံမှ ထိုသို့သော အရာကိုမျှ သူတို့ မမျှော်လင့်ခဲ့မိပေ။
ကျန်းရီ သည် လေထဲမှာပျံနေသလို ရောက်လာပြီး လမ်းတစ်လျှောက် သွေးများ စီးကျနေသည့် သွေးအိတ်က ချိတ်ဆွဲလျက်ပါလာသည်။ လှည့်ပတ်နေတဲ့ ဖုတ်ကောင်တွေကို ဆွဲဆောင်ဖို့ ကားရဲ့အဆုံးမှာ သွေးအိတ်တွေကို ဆွဲထားတယ် မဟုတ်လား။
ကျန်းရီ သည် လမ်းလျှောက်လာပြီး ချောင်းဟန့်ကာရှင်းပြလိုက်သည်။
"လမ်းမှာ သွားနေရင်း ငါ သတိမထားမိဘဲ ကားထဲမှာ သွေးအိတ်တွေရှိနေတာကို မေ့သွားတယ်၊ မြေကြီးပေါ်မှာ ဖျန်းလိုက်သလို ဖြစ်သွားပြီး နောက်က အုပ်လိုက်ပါလာခဲ့တယ်။"
လော်ရွှင့် သည် သွေးအိတ်က အလွတ်နီးပါးသာ ကျန်တော့သည်ကို ကြည့်လိုက်ပြီးနောက် သွေးစွန်းနေသော တာယာသံများကို ကြည့်ကာ တိတ်ဆိတ်နေသည်။ သူက ကျန်းရီ ကို သတိထားပြီး သွေးမဖိတ်အောင် သတ္တုသေတ္တာကို တမင်သက်သက် ထည့်ပေးလိုက်သေးတယ်။
သေတ္တာက ဘယ်ရောက်သွားလဲလို့ မမေးပေမယ့် ကျန်းရီ သတိမထားမိလို့ လမ်းတစ်ဝက်မှာ ပြုတ်ကျသွားတယ်လို့ လော်ရွှင့်က သံသယရှိနေစသည်။ အခြားသူများသည် နောက်ထပ်အမိန့်ကို စောင့်မျှော်နေချိန်တွင် ဝမ်သော်က သူ့ချစ်သူကို ကူညီရန် ကားကို ညွှန်ပြခဲ့သည်။
ကျန်းရီ ဟာ ဖုတ်ကောင်တွေကို တတ်နိုင်သမျှ ဆွဲဆောင်ဖို့ မြို့ပြဧရိယာကို ဖြတ်ပြေးခဲ့တယ်၊ သူ့ကို သွေးအိတ်နဲ့ လှည့်ပတ်ခွင့်ပေးထားခဲ့တာ ဘယ်သူလဲ။
မကြာမီပင် ဖုတ်ကောင်များသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ ဤအချိန်တွင် လော်ရွှင့် သည် အလွန်ရှည်လျားသော လမ်းထဲတွင် ဖုတ်ကောင်တွေ အများကြီးရောက်လာလို့ ပျော်နေသလို ထိုဖုတ်ကောင်အုပ်ကိုဖြေရှင်းဖို့ ခေါင်းကိုက်နေလေသည်။
သူတို့သည် တူညီသောလုပ်ငန်းစဉ်ကို လိုက်နာကာ ပြန့်ကျဲနေသော ဖုတ်ကောင်များကို ဦးစွာ ရှင်းထုတ်ကာ နံရံအပြင်ဘက်တွင် တစ်စုတစ်စည်းတည်း ထောင်ချောက်ဆီကို မောင်းသွင်းလိုက်သည်။ သူတို့ ရင်ဆိုင်ရတာက အရင်လနဲ့တူပေမယ့် အဆင့်နှစ် ဖုတ်ကောင်အရေအတွက်သည် ပြီးခဲ့သည့်လကထက် များစွာပိုမိုများပြားနေခြင်းကြောင့် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ခဲ့သည်။
*******-*********
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies