Chapter (77) _ ဗီဇပြောင်း မှို
"အို ဘုရား၊ ငါအရမ်းပင်ပန်းနေပြီ"
ဟော်ချန်ခွန်း သည် စောင့်ဆိုင်းရမည့် နေရာမှာ လဲချကာ သူ့ အဆီနဲ့ဝမ်းဗိုက်ကို ပွတ်ရင်း ညည်းညူလိုက်တော့သည်။ လီထယ် နှင့် အခြားသူများလည်း သူ့နားမှာ ဝိုင်းထိုင်လိုက်သည်။
"ဟုတ်ပါ့ကွာ...ငါတို့ ကားနောက်ကို ဖုတ်ကောင်တွေ အများကြီးလိုက်လာ မယ်ဆိုတာ ဘယ်သူက ကြိုသိမှာလဲ။ ကံကောင်းလို့ အလှည့်ကျလေး အိပ်ပြီး ပြန်သတ်နိုင်လို့သာ အသက်ရှင်လျက် ပြန်လာနိုင်တာကွ ။"
လီထယ် လည်း သက်ပြင်းချကာ ပြောလိုက်စဉ် လော်ရွှင့် က ဘေးကနေ ပြုံးပြလိုက်သည်။
"ဘာလဲ? နောက်လမှာ မင်းတို့ ထပ်မထွက်တော့ဘူးလား"
ကျောင်းသားများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အားတက်သရော ခေါင်းညိတ်ကြသည်။
"သွားမှာ! ဘာပဲဖြစ်ဖြစ် တစ်လကို တစ်ကြိမ်တော့ ထွက်မှာပဲ!"
ထိုအသံတွေကိုကြားတော့ စောင့်ဆိုင်းရန် ရေးဆွဲထားသည့် စက်ဝိုင်းထဲက တခြားလူတွေအားလုံးက သူတို့ကို အထင်အမြင်သေးဟန်ဖြင့် ဝိုင်းကြည့်လာကြတယ်၊ သူတို့က တစ်လကို တစ်ကြိမ်သာ အခြေစိုက်စခန်းက ထွက်ရဲတာလား။ သူတို့အသုံးမကျတဲ့ အဖွဲ့ပဲပေါ့။ တစ်လမှ တစ်ခါဆိုတော့ သူတို့ ဒီကြားထဲ ဘာနဲ့ သွားစားသောက်တော့မှာလဲ။
သူတို့အဖွဲ့တွင် ကျောင်းသားနှင့်တူသော လူငယ်အုပ်စုအပြင် အမျိုးသမီး ခယ်နှစ်ဦးကိုလည်း မထင်မှတ်ပဲ တွေ့လိုက်ရသည်။ ထို့အပြင်၊ အမျိုးသမီးထက် မျက်စိကျစေသော အမျိုးသားတစ်ဦးလည်း ရှိသည်။ သူ့ကိုကြည့်ရတာလည်း ဘာမှ အသုံးကျမယ့်ပုံလည်းမတူဘူး။ ဖြူဖြူပျော့ပျော့လေးနဲ့ပဲ။ သူတို့က မျက်နှာအုပ်သည့် mask တပ်ထားသည့် ကျန်းရီနဲ့ ယန်ဖေးကို မတွေ့ရသဖြင့် လော်ရွှင့်ကို ကြည့်ကာ တိတ်တဆိတ် ကဲ့ရဲ့နေကြသည်။
သူတို့ဘေးက ဝိုင်းနေတဲ့လူတစ်ယောက်က ရွှီမိန်ကို ကြည့်ကာ လေချွန်ရင်း သူ့ရဲ့ ညစ်ညမ်းတဲ့အကြည့်တွေက သူမ ရင်ဘတ်ကို စိုက်ကြည့်ရင်း ရိသဲ့သဲ့ပြောလိုက်သည်။
VOCÊ ESTÁ LENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies