Chapter (114) ထမင်းစားလက်မှတ်
ကျန်းရီ က ထိုင်ဖို့ လုပ်နေစဉ် မထင်မှတ်ပဲ ဖြေလိုက်သည့် ယန်ဖေး၏ စကားကြောင့် လော်ရွှင့် က မှင်တက်သွားသည်။ ကျန်းရီ၏ ဝိုင်းက လူတွေက အခုမှ သတိဝင်လာသည်။ အလှလေးက သူတို့ဝိုင်းက အသားတွေကို ခိုးသွားပြီးအခြားဝိုင်းကို ပြေးသွားတာလား။
လူတွေက သတိပြန်ဝင်လာချိန် ကျန်သည့် စားပွဲထက်က အစားစာအတွက် တိုက်ပွဲဝင်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လော်ရွှင့် နှင့် ယောက်ျားတစ်ဦးကိုရှာဖွေရန် ရောက်လာသော အမျိုးသမီးလေး၏ စကားကို နားစွင့်နေခဲ့သည်။
ကျူးဟုန်သည် သူမ၏အမှားကိုသိပြီးနောက် တခဏ အေးခဲသွားပြီး တခစ်ခစ်ရယ်မောလာခဲ့သည်။ ယန်ဖေး ၏ မျက်နှာသည် ကျန်းရီ ထက် နည်းနည်းမှ မနိမ့်ကျကြောင်း သူမ သိလိုက်ရသည်။ ယန်ဖေး ကို ညွှန်ပြရင်းပြောလိုက်သည်။
"ရှင်က အပေါ်ထပ်ကပဲ...!" ထို့နောက် သူမသည် လော်ရွှင့် ကို ပို၍တောက်ပသောအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ရှင်ကတော့ အောက်ထပ်ဖြစ်မယ်!"
ယန်ဖေး၏ တင်းကျပ်သည့် ပွေ့ဖက်ခြင်းကို ခံနေရစဉ်တွင် လော်ရွှင့် သည် အမျိုးသမီးလေး၏ စကားကြောင့် မသိမသာ နောက်သို့ ယို့သွားမိသည်။ ကျန်းရီ၏ဒဏ္ဍာရီလာအမျိုးသမီးသူငယ်ချင်းက သူတို့နှစ်ယောက်ကို အပေါ်အောက် ဘယ်လို သိသွားတာလဲ။
ဒီ ပုပ်ပွနေတဲ့ ဖူဂျိုးရှိမိန်းကလေးတော့...လူကြားထဲ ဒီလို အရာကို ဘယ်လိုလုပ်ပြီး ကျယ်ကျယ်ထုတ်ပြောရတာလဲ။
ယန်ဖေးသည် အရူးမလို အမျိုးသမီးများနှင့် စကားပြောရာတွင် ပို၍ အတွေ့အကြုံရှိသည်။ သူက သူ့အမူအရာကို ပြောင်းလဲပြီး မေးလိုက်သည်။
"မစ်ကျူးက .. ရည်းစားအတုရှာနေတာလား?"
ကျူးဟုန်သည် အခုမှ သူမ ကိစ္စကိုပြန်သတိရကာ တောက်ပြောင်သော မျက်လုံးများဖြင့် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
ယန်ဖေး ခေတ္တရပ်လိုက်ပြီး သူ့မျက်နှာမှာ နောင်တတွေရဟန်ဖြင့် ပြောလိုက်သည်။
"တကယ်တောင်းပန်ပါတယ်၊ ငါတို့ မင်းကို မကူညီနိုင်ဘူး၊ အရှုပ်အရှင်းတစ်ခုခု ရှိလာရင် ........... ငါတို့နှစ်ယောက်အတူရှိဖို့က မလွယ်ဘူးလေ..."
သူက စကားကို အဆုံးထိမပြောပဲ တစ်ဝက်တစ်ပျက်ချန်ထားခဲ့တာက လူတွေကို သူတို့ဖာသာ ဖြည့်တွေးအောင် လုပ်လိုက်ခြင်းဖြစ်သည်။
သူမက ခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက်ရဲ့ အခက်အခဲကို နားလည်စွာပြောလိုက်သည်။
"စိတ်ချနေပါ! ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရဘူး။ ရှင်တို့ လုံခြုံရေးကို စိတ်မပူနဲ့ ။ ကျွန်မက တစ်စုံတစ်ယောက်ကို ငှားချင်ရုံပါ....."
တကယ်ကို ငယ်ရွယ်၊ နုပျိုသည့် အပျိုစင်မိန်းကလေးက ရည်စားအဌားလိုက်ရှာတယ်တဲ့လား...
ကျန်းရီ နဲ့ အစားအသောက်အတွက် ငြင်းခုံနေကြတဲ့ စားပွဲဝိုင်းက လူတွေအားလုံး ရပ်တန့်သွားပြီး နားစိုက်ထောင်လာသည်။ ဒီလို ငယ်ရွယ်သည့် ညီမလေးနဲ့အတူတူ နေရမယ်ဆိုရင် ... အတူဟန်ဆောင်ရင်း နှစ်ယောက်သား ခံစားချက်တွေ တိုးလာပြီး အဟမ်း..အဟမ်း လုပ်နိုင်လိမ့်မည်။
အဲဒါကို တွေးကြည့်တော့ ယောက်ျားတွေက သူတို့ကိုယ်သူတို့ ထောက်ခံဖို့ စဉ်းစားနေကြသည်။
"ငါတို့... သေချာတော့...မပြောနိုင်ဘူး..." လော်ရွှင့် က စားပွဲဝိုင်းကို မဝံ့မရဲ လှမ်းကြည့်ကာ ပြောလိုက်သည်။
သတ္တု အဖွဲ့တွင် အဖွဲ့ဝင်များ ရှိသော်လည်း ထိုလူများအကြောင်းကို သူ သိပ် မသိပေ။ လော်ရွှင့်က အကူအညီတောင်းရန် ကပ္ပတိန် ကောင်း ကို လှည့်ကြည့်လိုက်သည်။
ကပ္ပတိန် ကောင်း က ရယ်ပြီး မိန်းကလေးကို လက်ညှိုးထိုးပြလိုက်သည်။
"အိပ်မက်မက်နေတာကို ရပ်လိုက်တော့....သူမက ဘယ်သူလဲ သိလား။ သူ့အဘိုးကြီးတွေ့ရင် မင်းတော့ မချောင်ဘူး။ သူ့အဖေက တတိယတပ်စုရဲ့ အကြီးအကဲကျူးဖြစ်တယ်။ သူမက တပ်စုမှုးကျူးရဲ့သမီးပဲ။ မင်းမှာ အသက်ဘယ်နှစ်ချောင်း ရှိနေလို့သူမကို ကူညီရဲမှာလဲ "
ယန်ဖေး က မျက်ခုံးပင့်ပြီး ကျူးဟုန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဒါက ရိုးရိုးသားသား တိုက်ဆိုင်မှုလား။
တစ်ချို့အရာတွေက တိုက်ဆိုင်လွန်းနေတယ် မဟုတ်လား။ လတ်တလော ရည်စားအတု အကူအညီလိုနေတဲ့ အမျိုးသမီးက သူ့အဖေပြောခဲ့တဲ့ မိသားစုက သားမက်ရှာနေပြီး သူ့ကို သွားတွေ့စေချင်နေသူ ဖြစ်နေသည်။ သူမက ကျန်းရီ နဲ့တွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ ဘယ်သူမှ မသိခဲ့ပေ။
ကပ္ပတိန် ကောင်း ၏ စကားကိုကြားတော့ ကျူးဟုန်က ဒေါသတကြီး သူ့လက်ကို တင်ပါးပေါ်တင်လိုက်ပြီး "မင်းက ငါက မိုက်တယ်လို့ ထင်နေတာလား။ အကူအညီရှာပြီး တခြားသူကို နာကျင်စေတာလား"
ကပ္ပတိန် ကောင်း သည် သူမကို ဘာမှ နားမလည်သည့် ကလေးကို ပြုံးပြသလို ပြုံးပြလိုက်သည်။
"ချစ်စရာကလေးလေး...ဦးလေးက မင်းအဖေကိုသိတယ်၊ ဒါကြောင့် မင်းဘာလို့ လိင်တူကြိုက်တဲ့သူရဲ့ အကူအညီကို ရှာနေဦးမှာလဲ"
ကျူးဟုန်ဒေါသတကြီး မေးစေ့ကို မြှောက်လိုက်သည်။
"လိင်ကွဲကိုကြိုက်တဲ့ ကိုယ့်ကိုယ်ကိုယ် အဖြောင့်လို့ ခေါ်နေတဲ့ ယောကျာ်းတွေက သူတို့ကိုယ်သူတို့သာ အတော်ဆုံး၊ မိန်းမတွေထက် သာလွန်တယ်လို့ ထင်နေကြတယ်လေ။ လိင်ကွဲ မိန်းကလေးတွေက သူတို့လောက် အရည်ချင်းမရှိဘူးလို့ အထင်သေးကြလို့ ဒင်းတို့လို အဖြောင့်ကောင်တွေကို ကျွန်မက စိတ်ကိုမဝင်စားဘူး !"
.........
စားပွဲရှိလူအားလုံးသည် သူမ၏စကားကို ကြားသည်နှင့် အံ့သြသွားကြသည်။ လိင်တူစုံတွဲ လော်ရွှင့် နှင့် ယန်ဖေး တို့ပင် မယုံနိုင်သည့် အမူယာတွေပေါ်လာသည်။ သူတို့ပင်လျှင် ကမ္ဘာပျက်ကပ်ဆိုက်ပြီး နောက်ပိုင်းမှ လိင်တူကြိုက်သူတွေ ဖြစ်လာကြသည်။ တကယ်လို့ ပုံမှန်အခြေနေသာဆိုလျှင် သူတို့လည်း လိင်ကွဲကို နှစ်သက်သူ ဖြစ်ကောင်းဖြစ်နိုင်သည်။ လော်ရွှင့်ပင် ယခင်က လိင်ကွဲနှစ်သက်ခဲ့သေးသည်။
ကျန်းရီ သည် သူ၏ စားပွဲနှစ်ခုလုံးမှ အသားတွေကို ဝအောင် စားလိုက်သည်။ နောက်ဆုံး သူ ဗိုက်ဝမှ တူကို ချကာ စစ်သားများ၏ အာရုံစိုက်မှုကို တစ်ဖန် ဆွဲဆောင်ခဲ့သည်။
"ငါပြောချင်တာက ....မင်းမျက်လုံးထဲမှာ ဘယ်သူ့ကိုမှ မျက်စိမကျေနိုင်ဘူး။ ငါ့မှာလည်း မင်းကို ကူညီဖို့ တခြားနည်းလမ်းမရှိတော့ဘူး၊ ဒီနေ့အသင်းထဲမှာ လူတိုင်းရှိမနေပါဘူး။"
ကပ္ပတိန် ကောင်း ၏ စကားကြောင့် ကျူးစုန်နောက်ကို ဘယ်သူမှ အတင်း မလိုက်ရဲကြတော့ပေ။ ရာထူးကြီးအရာရှိ၏သမီးကို အတင်း နှောင့်ယှက်ရင် အသက်ဆုံးရှုံးမယ်။
ယခင်စိတ်လှုပ်ရှားနေသည့် လူတွေရဲ့ တက်ကြွမှု ပျောက်ကွယ်သွားကာ စားပွဲရှိလူများက တိတ်ဆိတ်နေပြီး ကျူးဟုန်ကိုပင် မကြည့်ဝံ့ကြပေ။
ကျူးဟုန်သည် လူအုပ်ကိုကြည့်ကာ ကပ္ပတိန် ကောင်း ကို ညွှန်ပြရင်း ခြေထောက်ကို ဆောင့်နင်းလိုက်သည်။
"အဲဒါက အဓိပ္ပါယ်မရှိရင်တောင် ကျွန်မကို ကူညီမယ့်လူ တွေ့အောင် ရှာရလိမ့်မယ်!"
ကျန်းရီ က ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို မင်း Capitaion ကောင်းကိုပဲ ခေါ်သွားပြီးတော့ မင်းအတွက် ဟန်ဆောင်ရည်းစားသာ လုပ်ခိုင်းလိုက်တော့ "
ထို့နောက် ကျန်းရီက ကျူးဟုန်၏ စိတ်ပျက်လက်ပျက် အမူယာကို လျစ်လျူရှုရင်း လော်ရွှင့် ဘက်လှည့်သွားသည်။
"ငါဗိုက်ဝပြီ။ မင်းတို့စားပြီးပြီလား? ငါပြန်တော့မယ်၊ တခြား ဘာမှ လုပ်စရာ မရှိတော့ဘူး"
လော်ရွှင့် က အေးစက်စွာဖြင့် ကျန်းရီ စားပြီး ကျန်ခဲ့သည့် ရှုပ်ပွနေသည့် စားပွဲကိုကြည့်ကာ ပြောလိုက်သည်။
"မင်း ဗိုက်ဝပြီပေါ့လေ...မင်းစားသွားတာ ငါ့တို့အတွက် မရှိတော့ဘူး..."
ကျန်းရီ အပြစ်ကင်းစွာ သူ့လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။ "ငါလည်း ဘာမှမလုပ်လိုက်ရပါဘူး"
စားပွဲဝိုင်းမှလူများက တိတ်တိတ်ဆိတ်ဆိတ် စိုက်ကြည့်နေကြသည်၊ ဤလူက တကယ့်ကို သူ့ရုပ်ရည်လေးနဲ့မလိုက်ဖက်စွာ မျက်နှာပြောင်လှချည်လား။
ယန်ဖေး သည် ဝမ်းနည်းသော်လည်း ထုတ်ဖော်မပြတတ်သည့် လော်ရွှင့်လက်ကို အသာ ပွတ်သပ်လိုက်သည်။ ကံကောင်းထောက်မစွာ သူသည် စားသောက်ကုန် လက်မှတ် အပိုအချို့ကို သိမ်းနိုင်ခဲ့သည်၊ သို့မဟုတ်ပါက လော်ရွှင့် သည် ကျန်းရီ ကို အရှင်လတ်လတ် ပြုတ်စားမိမလား မသိနိုင်ပေ။
ငြင်းခုံနေကြသော Capitain ကောင်း နှင့် ကျူးဟုန်ကို ကြည့်လိုက်သည် ။
"ဘာမှ မဖြစ်ရင် ငါတို့ အရင်ပြန်သွားမယ်။"
ပွဲက ကျင်းပဖို့ သိပ်မရှိတော့ဘဲ လူတော်တော်များများက စားပွဲဝိုင်းမှာ လမ်းလျှောက်ပြီး အချင်းချင်း စကားပြောနေကြသည်။ အခြားအသင်းအချို့တွင် အချိန်စာရင်းအတိုင်း လိုက်နာရန်စည်းကမ်းမရှိပေ။ ကပ္ပတိန် ကောင်း သည် နူတ်ဆက်သွားသည့် ထိုစုံတွဲကို ဝှေ့ယမ်းပြီး ကျူးဟုန်ကို ဆက်လက် စိုက်ကြည့်နေသည်။ အဖြစ်အပျက်ကို စတင်ခဲ့သည့် ကျန်းရီ ကိုလည်း ထထွက်သွားသည်ကို မသိလိုက်ပေ။
"အင်း ဒီနေ့ ဗိုက် အရမ်းပြည့်နေတယ်"
ကျန်းရီ သည် သွယ်လျသော ကျောက်စိမ်းလက်ဖြင့် သူ့ ခါးကို ပွတ်သပ်ကာ ပြောလိုက်သည်။ ဒါကိုကြားတော့ ဆာလောင်မွတ်သိပ်နေသော လော်ရွှင့် သည် အံကြိတ်လိုက်သည်။
"ဒီဆောင်းဦးရာသီမှာ မွေးထားတဲ့ငုံးကို ငါတို့သတ်တဲ့အခါ မင်းအတွက် ဝေစု အပိုင်းတစ်ပိုင်းရဖို့ တောင် မစဉ်းစားနဲ့!"
ကျန်းရီ က ဘာမှမထူးခြားဘဲ ပြုံးပြလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဝမ်သော် ရဲ့ဝေစုက ငါစားဖို့ လုံလောက်ပါလိမ့်မယ်။"
ဘာပဲဖြစ်ဖြစ် သူ့ ယောကျာ်းဝမ်သော်က သူ မစားရမည်ကို စိုးရိမ်နေသူ မဟုတ်လား။
လော်ရွှင့် က သူအံကြိတ်ကာ ပြောလိုက်သည်။
"ငါတို့ အသားမစားရတာကြာပြီ၊ ဒီညတော့ မင်းကို သတ်ပြီး မချက်စားမိအောင် သတိထားနေလိုက်!"
ကျန်းရီ ၏ မက်မွန်ပွင့် မျက်လုံးများက အပြုံးဖြင့် တောက်ပလာသည်။
"ဒါဆို အဆင်ပြေတာပေါ့၊ ညနေ ငါတို့ လင်မယား အိပ်ယာထဲ လေ့ကျင့်ခန်းလုပ်ပြီးရင် ငါက ဘာပဲဖြစ်ဖြစ် သန့်ရှင်းရေး လုပ်လေ့ရှိတယ်။ မသန့်ရှင်းမှာ မပူနဲ့။"
.............
အချို့သောလူများသည် ဒီလောက်ရှိ အရှက်မဲ့တာက တကယ့်ကို အံ့ဖွယ်ပင်။
သုံးယောက်သား တိတ်တဆိတ် ဂိတ်ပေါက်ဆီ ဦးတည်သွားကြသည်။ လမ်းတစ်လျှောက်တွင် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားသူတစ်ယောက် အလွန်အမင်းမူးနေပြီး ယန်ဖေးကို မတော်တဆ ဝင်တိုက်မိသွားသည်။
"အိုး......တောင်းပန်ပါတယ်..."
ယန်ဖေး က ခေါင်းခါပြီး လော်ရွှင့် ကို ပွေ့ဖက်ကာ ဆက်ခေါ်လာသည်။ ကွက်လပ် ကွင်းပြင်မှ ထွက်ခွာစဉ် ကျန်းရီ က မေးလိုက်သည်။
"အဘိုးကြီးကို သိကြလား"
လော်ရွှင့် သည် ထိုမေးခွန်းကို ကူကယ်ရာမဲ့ဖြေလိုက်သည်။
" အခမ်းအနားမှာ မင်း သတိမထားမိဘူးလား။ သူက ဆုချီးမြှင့်ခြင်းခံရသည့် ပထမဆုံးသော သုတေသီဖြစ်တယ်။"
ကျန်းရီ ခေါင်းယမ်းလိုက်သည်။
"မကြည့်မိလိုက်ဘူး။"
ထို့အပြင်၊ တစ်ဖက်လူက အဘိုးကြီးဖြစ်သည်၊ သူဘာကြောင့်အာရုံစိုက်ရမှာလဲ။ သူက စားပွဲပေါ် ချပေးသည့် အသားများကိုသာ အာရုံစိုက်ချင်သည်။
လော်ရွှင့် သည် ခပ်လှမ်းလှမ်းမှ ရင်ပြင်ကို ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"သူ့ရဲ့ မျိုးရိုးကရွှီ... သူက 'အထူးလက်နက်' ကို ဖန်တီးခဲ့တယ်။ သူက ဖုတ်ကောင် လိုင်း ဝန်းရံထားတဲ့ အချိန်အတွင်း ကာကွယ်ရေးမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်လို့ ပြောတယ် "
ကျန်းရီက မျက်ခုံးပင့်လိုက်သည်။ "မင်းပြောတာ..."
လော်ရွှင့် က ခေါင်းညိတ်လိုက်ပြီး "ဒါက လီထယ် နဲ့ တခြားသူတွေ သုံးတဲ့ 'ပိုးသတ်ဆေးရည် ထည့်ထားတဲ့ သေနတ်' ပဲ"
ပင်မဝင်ပေါက်ကို ထွက်ဖို့ရင် အမြဲတမ်း ဖုတ်ကောင်များစွာဖြင့် ဝန်းရံထားသည်။
ဖုတ်ကောင်အရေအတွက်က အတော်လေး များပြားသောကြောင့် ကာကွယ်ရေးကို အားကောင်းစေရန်အတွက် အားပြင်းသောလက်နက်များစွာ လိုအပ်သည်။ လီထယ် နှင့် အခြားသူများ၏ အဆိုအရ၊ စစ်သားများသည် ရေသေနတ်နှင့်တူသော လက်နက်ကို အသုံးပြု၍ အိမ်တွင် မှိုဖျော်ရည်နှင့် တူညီသော အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ခဲ့ရသည်။
ကျန်းရီ က လမ်းမှာ လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
"မှိုမစိုက်ရဘူးလို့ ပညာရှင်တွေက ပြောတာ မထူးဆန်းတော့ဘူး~"
သုတေသီဆိုတဲ့ကောင်တွေက တခြားသူတွေတွေ့တဲ့ရလဒ်ကိုယူပြီး ဒီသေစေလောက်တဲ့လက်နက်ကို သူတို့ တီထွင်ထားသယောင်ပြောကာ အရှက်မရှိ ဆုတက်ယူရဲသေးသည်။
လော်ရွှင့် က ဒါကိုသိပေမယ့် စိတ်မဆိုးပါဘူး၊ ဒီလိုမျိုးက ပုံမှန်ပဲ မဟုတ်ဘူးလား။
"မှိုတွေက တော်တော်အန္တရာယ်များတယ်။" သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
"သူက ငါတို့ကို နှုတ်ပိတ်ဖို့ မကြိုးစားတာ ကြင်နာတယ်လို့ပြောနိုင်သေးတယ်။"
ကျန်းရီ က နှစ်ကြိမ်လောက် တောက်ခါက်လိုက်သည်။ "အဲဒီလူ ရတဲ့ ဆုကြေးက ဘယ်နှစ်နပ်စာဖြစ်နိုင်မလဲ~"
ဒါပေမယ့် လော်ရွှင့်က ကျန်းရီကို ထပ်ပြောလိုက်သည်။
"...ဒီဆောင်းဦးရာသီမှာ ငုံးတစ်ကောင်မှ ရနိုင်မယ် မထင်နဲ့!"
ကောင်းကင်က မှောင်နေတဲ့အချိန်မှာ သူတို့ စခန်းက ထွက်သွားကြသည်။ ယန်ဖေး သည် ကားမောင်းသူဖြစ်ပြီး နောက်ခန်းတွင် ကျန်းရီ နှင့် လော်ရွှင့် တို့က ဆုပေးပွဲမှာ ရသည့် ဆုလာဘ်ကို စစ်ဆေးခဲ့သည်။ အခြေစိုက်စခန်းသည် အလွန်ရက်ရောလှသည်၊ ကျန်းရီ သည် အဆင့်သုံး အမြူတေများစွာကို ရရှိခဲ့ပြီး ယန်ဖေး နှင့် လော်ရွှင့် တို့သည် နည်းပါးသော အမြူတေတချို့ကို ရခဲ့သည်။ ဒါ့အပြင် သူတို့ လင်မယားနှစ်ယောက် ထမင်းစားဖို့ လက်မှတ် ဆယ်စောင်စီ ရခဲ့တယ်။
"ထမင်းစားလက်မှတ်တွေ!" လော်ရွှင့် သည် လိပ်ကို စိတ်လှုပ်ရှားစွာ မြှောက်လိုက်သော်လည်း ကျန်းရီ က သူ့အပေါ် ရေအေးကို လောင်းချလိုက်သည်။
"အဲဒါကို စောင့်မနေနဲ့၊ သူတို့က အစားအသောက် လက်မှတ်တွေ အများကြီး ပို့ပေးတယ်။ နောက်လမှာ Canteen အဆင့်တွေ ကျိန်းသေပေါက် ကျဆင်းလာမယ်လို့ ထင်တယ်။"
လော်ရွှင့် သည် ယနေ့ည အသားဟင်း အားလုံးကို အရှက်မရှိ စားခဲ့သူအား စိုက်ကြည့်ရင်း စကားမပြောဘဲ နေလိုက်သည်။
ယန်ဖေး က စ ကားစကို ဖြတ်လိုက်သည်။
"ကိုယ် အဆင့်သုံးကို ရောက်သွားပြီ။ ယခု အဆင့်သုံး အမြူတေတွေ ရှိနေသေးတယ်။ နောက်ထပ် အဆင့်သုံး အမြူတေ အချို့ကိုလဲလှယ်ရန် နည်းလမ်းရှာဖို့လိုတယ်။ ဒါမှ တခြားသူတွေကလည်း အဆင့်မြှင့်နိုင်မယ်။"
****-***
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies