Chapter (26-2) – နောက်နှစ် နှစ်သစ်ကူးမှာ ဖက်ထုပ်ထုပ်နည်း သင်ပေးမယ်
"ပိုကောင်းတဲ့ မြှားတံနဲ့ ဒီဒူးလေးကို ဘယ်လိုထင်လဲ။ သေနှုန်းက ပိုမြင့်လာလောတယ်။"
တခြားလုပ်စရာ အလုပ်လည်း မရှိသောကြောင့် ယန်ဖေးက ထိုလက်နက်များကို ပိုကောင်းအောင်လုပ်ဖို့ အာရုံစိုက်ထားခဲ့သည်။ လော်ရွှင့်က ယန်ဖေးကို ကြည့်ပြီး၊ သူသာ ဒီလိုကျည်ဆန်မျိုး တကယ်လုပ်နိုင်ရင် သာမာန်လူတွေက သေချာ ပြင်ဆင်ထားသရွေ့ ဒီလိုလက်နက်မျိုးနဲ့ ဖုတ်ကောင်ကို ရင်ဆိုင်ရနိုင်မှာပါ။
"ဒီဇိုင်းအသစ် တစ်မျိုးမျိုး ဖန်တီးနိုင်မလားဆိုတာ ကြည့်ကြည့်မယ်။"
လော်ရွှင်သည် ဤတစ်ကြိမ်တွင် သူတကယ် ရတနာတစ်ခုကို ကောက်ရလိုက်သလို ခံစားလိုက်ရသည်။ နေ့တိုင်း ဘာဟင်းချက်ကျွေးရမလဲလို့ တွေးခဲ့၇တာတွေ၊ ယန်ဖေးကို ကိုယ်လက်သန့်ရှင်းပြီး သန့်စင်ခန်းသွားတာ ကူညီပေးခဲ့တာတွေ ၊ အိပ်ယာတဝက်ကို ပေးအိပ်ခဲ့တာတွေက အလကားမဖြစ်ခဲ့ဘူးပဲ။
ဒီတံတိုင်းကိုလုပ်ခဲ့တာက ဒီဇင်ဘာ ၇ ရက်က စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ပြီးစီးခဲ့သည်။ အနောက်တိုင်း ပြက္ခဒိန်အရ တစ်လအတွင်း တံတိုင်းကို မမျှော်လင့်ဘဲ တည်ဆောက်ခဲ့သည်။
နံရံအပြင်ဘက်ရှိ ကတုတ်ကျင်းများကို နက်ရှိုင်းစွာ တူးဖော်ခဲ့ပြီး နံရံများသည် ခိုင်ခံ့ကာ ထူလာခဲ့သည်။ ထိုအချိန်တွင် လုံခြုံရေးဇုန်အတွင်း နေထိုင်သူဦးရေမှာ ၃၀,၀၀၀ ခန့်အထိ ရှိလာပြီဖြစ်သည်။ ဤမျှများပြားသော လူဦးရေဖြင့် အူ လုပ်သားအင်အားမှာ များပြားလာပါသည်။
မူလက စစ်တပ်မှ စစ်သားများအပြင် နေထိုင်သူ ပြည်သူဦးရေတိုးပွားလာပြီး အခြားသော အခြေစိုက်စခန်းနေရာကိုလည်း ထပ်မံတိုးချဲ့လာခဲ့သည်။
လူဦးရေ အတိုင်းအတာတစ်ခုအထိ ရောက်နေပြီ ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များသည် အိမ်များကို ခွဲဝေပေးစရာမလိုတော့ပေ။ အဆောက်အဦး များစွာတွင် အသစ်ရောက်ရှိလာသော လူတွေကို ခန်းမလွတ်များတွင် စုပေါင်းထားရှိခဲ့သည်။ အနောက်တောင် ခရိုင်က အခန်းများ၏ သုံးဆယ်ရာခိုင်နှုန်းမှာ လစ်လပ်နေပြီး အစားအသောက် သို့မဟုတ် အမှတ်များဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies