Chapter (111) အဆင့်သုံး ဖုတ်ကောင် အမြူတေ
"ဖုတ်ကောင်တွေက တိုက်ခိုက်ဖို့ ပစ်မှတ်ကောင်းကို ရွေးနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဖုတ်ကောင်တွေက သူတို့ရှေ့မှာ အစားအသောက်တွေရှိနေလျက်နဲ့ မတိုက်ခိုက်ပဲ ချန်ထားတာ ဖြစ်နိုင်ပ့ါမလား။ ဒီအခြေစိုက်စခန်းမှာ အသက်ရှင်ကျန်ရစ်သူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာ မင်း မမေ့နဲ့။ ဖုတ်ကောင်တွေက လူသားစားချင်တဲ့ သူတို့ရဲ့ ဗီဇကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ..."
"ပြီးတော့ ဖုတ်ကောင်တွေက မျိုးပြုတ်မသွားဘူး! လွန်ခဲ့တဲ့ ရက်တွေက ငါတို့သတ်ခဲ့တဲ့ ဖုတ်ကောင်အားလုံး ဘယ်နှစ်ကောင်ရှိတယ်ဆိုတာ မင်း မှတ်မိလို့လား။ ငါတို့ ဒီအလောင်းတွေ အားလုံးကို သတ်ပြီး မီးရှို့လိုက်ရုံဘဲ ! သူတို့ကို လူတွေလို့ ခံစားမနေနဲ့"
"ဖုတ်ကောင်တွေက လူတွေကို ဘယ်လို သတ်ဖြတ်စားသလဲဆိုတာ မင်း ပြောပြီးပါပြီ။ အခုလက်ရှိ ဖြစ်နေတာက ငါတို့ အခြေစိုက်စခန်းနံရံ တစ်ဝိုက်မှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ တူတဲ့ သူတွေကို တွေ့ခဲ့ပြီး သူတို့ကို ဖုတ်ကောင်တွေက ထွက်မသွားပဲ ကာကွယ်ပေးနေတာပဲဖြစ်တယ်။ ဒီလိုမျိုး လုပ်ရပ်ကို ဖုတ်ကောင်တွေက လုပ်တတ်လို့လား။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်တဲ့ အရာတွေ တကယ်ရှိနေတယ်လို့ ငါ ထင်တယ်၊ စခန်း နံရံတွေကို တိုက်ခိုက်တဲ့အခါ သူတို့ရဲ့ ဗျူဟာကျကျ တိုက်ခိုက်တာကို မင်းတို့ မမေ့နဲ့။ ငါတို့ မသတ်နိုင်ပဲ ကျန်ခဲ့တဲ့ ဖုတ်ကောင်တွေထဲမှာ စစ်တပ်လိုအမိန့် နာခံတတ်တဲ့ဖုတ်ကောင်တွေ ရှိနေတာ အံ့သြစရာတော့ မဟုတ်တော့ဘူး။"
အစည်းဝေးခန်းမကြီးက တိတ်ဆိတ်သွားပြန်သည်။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော ဓာတ်ပုံအများ အပြားရှိနေပြီး မြို့၏ ထောင့်တစ်နေရာကို အနက်ရောင်အစက်များဖြင့် ဖုံးအုပ်ထားသည့် ဂြိုလ်တုမှ ရိုက်ထားသည့်ပုံဖြစ်သည်။ လမ်းပေါ်ရှိလူများသည် ပုရွက်ဆိတ်အသိုက်ထဲက ပုရွတ်ဆိတ်ကဲ့သို့ လှုပ်ရှားနေသည်ကို တွေ့ရလိမ့်မည်။ အလယ်ဗဟိုတွင် အစောင့်များ တင်းတင်းကျပ်ကျပ် စောင့်နေပြီး ဖုတ်ကောင်အနည်းငယ်သာ ရှိနေသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies