Chapter (134) - ကျန်းရီကို အကောက်ကြံခြင်း

1.1K 178 3
                                    

Chapter (134) -  ကျန်းရီကို အကောက်ကြံခြင်း  


လော်ရွှင့် နှင့် ယန်ဖေး တို့က လမ်းလျှောက်ရန် ရွေးချယ်ခဲ့ကြသော်လည်း နှင်းထူထူတွေက လမ်းမများပေါ်တွင် ဖုံးလွှမ်းနေသည်။ ပုံမှန်သန့်ရှင်းရေးအဖွဲ့သားတွေကို မတွေ့ရတာကြာပြီ။ နှင်းတွေ တိုးလာတာနဲ့အမျှ ဖယ်ရှားဖို့က ပိုအဆင်ပြေမယ်လို့ သူတို့ထင်နေလို့လား။  ထို့အပြင် လက်ရှိလမ်းအခြေအနေက  ယာဉ်သွားလာဖို့ မသင့်လျော်ပေ။

အမျိုးသားနှစ်ဦးက မျိုးစေ့လဲလှယ်သည့် ကောင်တာသို့ လျှောက်သွားကြသည်။ အရောင်းစာရေးက ပုံနှိပ်ထားသော ဈေးနှုန်းများနှင့်အတူ ရနိုင်သည့် မျိုးစေ့ စာရင်းကို ပေးခဲ့သည်။ သူတို့ နှစ်ယောက် မျိုးစေ့ အများအပြားကို ရွေးချယ်ခဲ့ကြသော်လည်း ပစ္စည်းများကြည့်ရန် တောင်းဆိုသောအခါ ပြဿနာရှိခဲ့သည်။

ပထမတော့ လူက 'မဝယ်ရင် ၊ မကြည့်ရဘူး' လို့ ပြောပြီး ထုတ်ကုန်ကို ထုတ်ပြပြီးတာနဲ့ ကြိုက် ကြိုက် မကြိုက်ကြိုက် ငွေပေးချေရမှာ ဖြစ်တယ်။ လော်ရွှင့် နဲ့ ယန်ဖေး တို့ဟာ ဒီလိုလုပ်တာကို ဘယ်တော့က လက်ခံမှာ မဟုတ်ဘူး – သူတို့က အဲဒီအစား ငွေလဲကောင်တာကို သွားကြည့်ရင်း စားစရာကို ဝယ်ပြီး စားသောက်ခန်းကို ပို့ပေးဖို့ သွားခဲ့ကြသည်။

အေးသောရာသီဥတုသည် ငွေလဲသည့်ကောင်တာပေါ်တွင် အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိပုံရသည်။ ဝန်ထမ်းတွေက သူတို့အချင်းချင်း တိုးတိုးပြောပြီး နောက်ဆုံးမှာ မုယောစေ့အိတ်သေးသေးလေးကို ထုတ်ယူလိုက်တယ်။

လော်ရွှင့် က "ဒါက မျိုးပြောင်းဂျုံမျိုးစေ့ပဲ မဟုတ်လား? အရင်က မူလ ဂျုံစပါးမျိုးစေ့ မရှိဘူးလား။"

ဝန်ထမ်းက "ဂျုံက ဂျုံပဲလေ၊ မျိုးပြောင်းလား၊ မပြောင်းဘူးလားဆိုတာ ငါတို့ မသိဘူး။ ဘာပဲဖြစ်ဖြစ် အခြေစိုက်စခန်းမှာ ဒီလိုမျိုးစေ့တွေပဲ ရှိတယ်၊ ဝယ်ချင်ဝယ် မဝယ်ချင်နေ....."

လော်ရွှင့်တို့ လင်မယားနှစ်ယောက် မဝယ်ရင် သူတို့ ဆက်မကူညီနိုင်တော့ဘူး လို့ပြောပြီး မျိုးစေ့တွေကို ပြန်ယူလိုက်တယ်။

လော်ရွှင့် အသက်ပြင်းပြင်းရှူပြီး ယန်ဖေး ကို ဆွဲခေါ်လိုက်သည်။ ဒီလို ဖောက်သည်ကို ဆက်ဆံတဲ့ ပုံက တကယ်ကို ဆိုးဝါးလွန်းတယ်။   ဟုတ်တာပေါ့....ဆောင်းရာသီမှာ လူတွေက အအေးဒဏ်ကာကွယ်ဖို့ အနွေးထည် အထူကြီး ဝတ်တဲ့အခါ လူတွေရဲ့ သက်သေခံကတ်ပြားတွေကို ဖုံးအုပ်ထားမိတယ်။ မဟုတ်ရင် ဝန်ထမ်းတွေက ယန်ဖေး ရဲ့ ကတ်နဲ့ အထောက်ထားတွေကို မြင်ခဲ့မယ်ဆိုရင် ဒီသဘောထား ရှိမှာ မဟုတ်ဘူး။

"နောက်တစ်ခါ ကျွန်တော်တို့ ကင်တင်းကို အသီးရွက် ပို့တဲ့အခါမှ မေးကြည့်ရအောင်။ အခု မျိုးစေ့ကို အပြင်မှာ မဝယ်နဲ့တော့  !"
 
တစ်လရသည့် လခက သူတို့ ဗိုက်ဝအောင်တောင် မကျွေးနိုင်တဲ့ ဒီ ဝန်ထမ်းတွေက ဝယ်သူတွေကို သခင်လို အထက်စီးနဲ့ ဆက်ဆံနေကြသည်။

 
ယန်ဖေး က လော်ရွှင့် ရဲ့ ပခုံးကို ကိုင်ရင်း ပြုံးလိုက်ပြီး "အစေ့တွေက ပြဿနာရှိနေလို့လား?"

လော်ရွှင့် က ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်သည်။

 "မျိုးစေ့တွေရဲ့ အရောင်နဲ့ ပုံသဏ္ဍာန်က မမှန်ဘူး၊ သူက ကျွန်တော့်ကို အနီးကပ်ကြည့်ခွင့်မပေးဘူး။ တကယ်တော့ မျိုးပြောင်းမျိုးစေ့များတွေက ပုံမှန်မျိုးစေ့တွေနဲ့ သိသိသာသာ ကွဲတယ်။ ကျွန်တော်တို့ စားခဲ့တဲ့ မျိုးပြောင်းဆန်အသစ်ကို မှတ်မိလား။ သာမန်ဆန်က ထိပ်နှစ်ဖက် ချွန်ပေမယ့် မျိုးပြောင်းဆန်က   အလယ်မှာ ကွေးညွှတ်နေပြီး  သီဟိုဠ်စေ့လို ပုံသဏ္ဍာန်ရှိတယ်၊ ဒီ  အစေ့တွေလည်း  ထူးဆန်းတဲ့ ပုံစံတွေနဲ့  ကွေးနေတယ်။  အရောင်ကို သတိထားမိသေးလား ။ အချို့က အစိမ်း၊ အချို့က လိမ္မော်ရောင်သမ်း နေတယ်။ ဒါက အခြောက်ခံပြီးနောက် သာမန်အစေ့များတွေနဲ့  ကွဲပြားတဲ့ အချက်ဖြစ်တယ် "

လော်ရွှင့် က အအေးကြောင့် တုန်ယင်နေရင်း ဆက်ပြောခဲ့သည်။

  "အစေ့တွေကို ထုပ်ပိုးထားတာ ဖယ်လိုက်ရင် အထဲက အစေ့တွေက  အေးခဲသွားပြီလားဆိုတာ မသိနိုင်ဘူး။ တခြားပြဿနာမရှိရင်တောင်မှ အဲဒါတွေကို မဝယ်သင့်ဘူး။"

ဝန်ထမ်း၏သဘောထားများနှင့်အတူ လော်ရွှင့် သည်လည်း ထိုသို့ လူလည်ကျသည်ကို သည်းမခံနိုင် တော့ပေ။ သူ့အတိတ်ဘဝက ဈေးနှုန်းကြီးမြင့်သည့် ပြဿနာဖြစ်ခဲ့ရင်တောင် လူတွေကို လှည့်စားပြီး အရူးလုပ်တာကို လုံးဝ လက်မခံခဲ့ပေ။
 

"ဒါဆို စစ်တပ်က လဲလှယ်ပေးတာ မဟုတ်ရင်  မဝယ်နဲ့။"

ယန်ဖေး သည် ချစ်သူ၏ ပုခုံးကို ပုတ်ပြီးနောက် "မျိုးပြောင်းသီးနှံများကို ပုံမှန်အတိုင်း ပြန်ပြောင်းနိုင်သလား" ဟု မေးလိုက်သည်။

လော်ရွှင့် က ခေါင်းမယမ်းခင် မျက်မှောင်ကြုတ်ပြီး ပြန်ဖြေခဲ့သည်။
 "အဲဒါကို မကြားဖူးဘူး၊ အရည်အသွေးကောင်းတဲ့ မျိုးပြောင်းမျိုးစေ့တွေနဲ့တောင် ပုံမှန်သီးနှံတွေ ပြန်ဖြစအအောင် လုပ်တဲ့ သတင်းကို တစ်ခါက မကြားဖူးဘူး။"

နှစ်ယောက်သား အိမ်ပြန်လာပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို တခြားသူတွေကို ပြောပြခဲ့သည်။  ရှောင်ရန် နှင့် ကျန်းရီ က ကစားနေပြီး  ရွှီမိန် နှင့် စုန့်လင်းလင်း တို့က လော်ရွှင့်တို့ပြောပြသည်ကို စာနာစိတ်ဖြင့် နားထောင်ကာ ရယ်မောလိုက်သည်။ သူတို့ အစားအစာ ခိုးယူခံရချိန် မတိုင်ခင်က အိမ်မှာ မကြာခဏ ဆိုသလို အဲဒီ အစားအစာ ရောင်းတဲ့ ကောင်တာတွေက ဒီလို အရောင်းစာရေးတွေကို ကြုံလို့ ဖြေရှင်းခဲ့ရသေးသည်။
 
လော်ရွှင့် သည် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ သူတို့ အခက်ကြုံခဲ့သည်ကို ပီတိဖြစ်နေသည့် မိန်းမနှစ်ယောက်၏ ကြည်နူးမှုကို လျစ်လျူရှုကာ မေးလိုက်သည်။

 "အိမ်မှာ တစ်ခုခု လိုတယ်ဆိုရင် အဲဒါကို ချရေးထားလိုက်။ ကျွန်တော်တို့ စခန်းက လူတွေနဲ့ သွားတွေ့တဲ့အခါ ဝယ်ပေးခဲ့မယ်။"

အမျိုးသမီးနှစ်ယောက်က  သဘောတူပြီး စာအုပ်နဲ့ ဘောပင်ကို တံခါးဝမှာ ဆွဲထားတယ်။ တစ်ယောက်ယောက်က တစ်ခုခု စာရင်းထဲ ထည့်ချင်တဲ့အခါ တစ်ခါတည်း ရေးမှတ်လို့ရသည်။

ညနေခြောက်နာရီတွင်လီထယ် နဲ့ အခြားလူများ အိမ်ပြန်ရောက်ကြသည်။ လော်ရွှင့် သည် ထိုနေ့အကြောင်းမေးရန် အခွင့်အရေးမရမီတွင် သူတို့က အခန်းထဲသို့ဝင်ကာ CD Disc တစ်ခုကို သူတို့၏ကွန်ပြူတာနှင့် ချိတ်ဆက်လိုက်သည်။

"ဘာဖြစ်လို့လဲ?" အားလုံးက ဘာတွေဖြစ်နေတာလဲ သိချင်နေကြတယ်။

"အစ်ကို ယန် နဲ့ အကိုကျန်း ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ရှာတုန်းက တစ်ခုခုတွေ့ခဲ့တယ်...။" သူတို့က ဖိုင်တစ်ခုက ဓာတ်ပုံအချို့ကို ဖွင့်လိုက်သည်။

"ဒါက ဘာလဲ?!" ရွှီမိန် နှင့် စုန့်လင်းလင်း က တအံ့တသြ ကြည့်နေသည် ။

ကျန်းရီ လည်း အံ့သြသွားသည် ။ ယန်ဖေး သည် လော်ရွှင့် ကိုကြည့်ရင်း သူ့အမူအရာပြောင်းသွားကာ ထိုအရာများအကြောင်းကို သူ သိခဲ့သည့်တိုင် အနည်းငယ် အံ့သြသွားသည် ။

"မသိဘူး! ဒါပေမယ့် ဖိုင်ကို ကုဒ်ဝှက်ထားပြီး အပေါ်ဆုံးမှာ မထားထားဘူး..."
 ဓာတ်ပုံတွေကို ဇူးမ်ချဲ့ရင်း လီထယ်က  ရှင်းပြခဲ့တယ်။

ရုပ်ပုံများကို အရမ်း အရည်သွေးမကောင်းပေမယ့် ကောင်းကင် အမြင့်ကနေ ဟိုးအဝေးက  ရိုက်ယူထားသည်မှာ ထင်ရှားသည်။ အဲဒီမှာ အရပ်ရှည်ပြီး ရုပ်ဆိုးတဲ့ ဖုတ်ကောင်တစ်ကောင်ရဲ့ ဦးခေါင်း ဖြစ်သည်။

ဖုတ်ကောင်သည် သာမန် ဖုန်ကောင်ထက် အနည်းဆုံး နှစ်ဆခန့်မြင့်ပြီး ခွန်အားပိုမြင့်ကာ ကားတစ်စီးကို အလွယ်တကူ လွင့်ပစ်လိုက်သည့်  ဓာတ်ပုံတစ်ပုံ ဖြစ်သည်။

လူတိုင်းက ဒီပုံကိုကြည့်ပြီး လော်ရွှင့် က စိတ်ငြိမ်အောင်စောင့်ပြီးမှ ပြောလိုက်သည်။

"ဓာတ်ပုံတွေအရ၊ အဲဒါက စွမ်းအားရှင်ဖုတ်ကောင်ပုံစံဖြစ်လောက်တယ်။ တကယ်တော့ သူတို့ရဲ့ အရွယ်အစားက ဒါထက် ပိုကြီးတဲ့အပြင်၊ သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အဆင့် ၃ လောက်ရှိလောက်တယ်... အရွယ်အစားက ပြဿနာတစ်ခုဖြစ်ပေမယ့် ဖျက်ဆီးနိုင်စွမ်းအားက အဆင့်သုံးဖုတ်ကောင်နဲ့ ဆင်တူလောက်တယ်။"

ဟန်လိ  အံ့အားသင့်သွားပြီး "အဆင့် 3 ဖုတ်ကောင်လား? ဒါပေမယ့် အရင်က ငါတို့တွေ့ခဲ့ရတဲ့  အဆင့်သုံး ဖုတ်ကောင်တွေက အဲဒီလို မဟုတ်ဘူး!"

လော်ရွှင့် က လက်ကိုဝှေ့ယမ်းပြပြီး "အဆင့်မြင့်တဲ့ တိရစ္ဆာန်တွေလိုပဲ ဖုတ်ကောင်တွေက သူတို့ရဲ့  တိုးတက်မှုက နှေးကွေးနေသလား မသိဘူး။  သေချာတာကတော့ အဲဒါတွေကို ကျွန်တော်တို့ မမြင်ဖူးတဲ့အတွက် အဆုံးအဖြတ် မပေးနိုင်ဘူး။"

"မြို့ထဲမှာ ပြိုကျတဲ့ အဆောက်အဦတွေက အဲဒါတွေကြောင့် ဖြစ်နိုင်သလား" ဝမ်သော်  က ဖြစ်နိုင်ချေတစ်ခုကို တွေးမိကာ ပြောလိုက်သည်။

"ဖြစ်နိုင်လောက်တယ်။"

 လော်ရွှင့် သည် လက်ရှိတွင် အဖျက်အဆီး အများဆုံး လုပ်နိုင်တာက ထိုဖုတ်ကောင်များ ဖြစ်သောကြောင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့....အဲဒါက မြေစွမ်းအား ဖုတ်ကောင်ဖြစ်နိုင်ပေမယ့် ပြိုကျနေတဲ့ အဆောက်အဦတွေနားက လှုပ်ရှားမှုတွေကို ပြသထားတဲ့ ဒီပုံတွေက ငါတို့အတွက် အခွင့်ကောင်းတွေ ရှိနေပါတယ်။"

"ကျွန်တော်တို့  တွေ့ကြုံခဲ့ရတဲ့ အဆင့်သုံး ဖုတ်ကောင်တွေထက် သူတို့ဟာ အဖျက်စွမ်းအား ပိုရှိသေးတယ်... အနည်းဆုံးတော့ အဲဒီ အဆင့်သုံး ဖုတ်ကောင်တွေက အဆောက်အဦးကြီးတွေကို မဖြိုဖျက်ခဲ့ဘူး!" ဟော်ချန်ခွန်း သည် ထိတ်လန့်သော အမူအရာဖြင့် ပြောလိုက်သည်။

ကျန်းရီ က ပင့်သက် ရှိုက်ပြီး မျက်လုံးပြူးပြီး ပြောလိုက်သည်။
 "မင်းရဲ့ဦးနှောက်တွေကို ဖုတ်ကောင်တွေကို ကျွေးလိုက်ပြီလား။ အဆင့်သုံး ဖုတ်ကောင်တွေ ဖျက်ဆီးပစ်နိုင်တဲ့ တောင်ဘက်မှာ အထပ်မြင့် အဆောက်အအုံတွေ ရှိသေးလို့လား။"

လူတွေ ကျဲချတဲ့ ဗုံးဒဏ်ကြောင့် မြို့ တောင်ပိုင် းတစ်ခုလုံးက အပျက်အစီးဖြစ်နေပြီ၊ အစွမ်းထက်သော ဖုတ်ကောင်များသည် ထိုသက်ရောက်မှုကနေ သူတို့ အားကောင်းလာစေမယ့် အခွင့်ရေးကို   မတော်တဆတွေ့ရှိသွားတာ ဖြစ်နိုင်သည်။

တက္ကသိုလ်ကျောင်းသားငါးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။ သူတို့က ဓါတ်ပုံတွေကိုကြည့်ကာ  ကြောက်လန့် လွန်းလို့ အတွေးလွန်သွားပုံရသည်။

လော်ရွှင့် က ပြုံးသော်လည်း ဘာမှ ပြန်မပြော သူ့အတိတ်ဘဝက စခန်းကို ဖုတ်ကောင်လှိုင်း ဝိုင်းရံထားစဉ်အတွင်း ထိုသုံးမီတာမြင့်သော ဖုတ်ကောင်များကို မြင်ဖူးခဲ့သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အရွယ်အစားနှင့် တိုက်ပွဲနည်းဗျူဟာဖြစ်သည်။ ပိုကြီးတဲ့ ဖုတ်ကောင်တွေက အဓိကအားဖြင့် သေးငယ်တဲ့ ဖုတ်ကောင်တွေကို နံရံပေါ် ပစ်တင်လိမ့်မယ်။ သို့သော်လည်း ယနေ့ခေတ် တံတိုင်းများသည် အလွန်မြင့်မားပြီး ဒီထက်လည်း တိုးမြှင့် ဦးမည်ဟု မျှော်လင့်ရသည်။

ဟော်ချန်ခွန်း သည်  စိတ် ငြိမ်သွားပြီးနောက် ယနေ့ရလဒ်များကို အစီရင်ခံခဲ့သည်။

" အကို ယန်ဖေး နဲ့ လော်ရွှင့် တို့ ကိုယ်ရေးအချက်လက်ထဲမှာ  ကျွန်တော်တို့ အကုန်ဖျက်ပြီး အခု ဖုန်းနံပါတ်ပဲ ကျန်တော့တယ်။ အခြေစိုက်စခန်းက နေထိုင်သူများရဲ့ မှတ်ပုံတင် အချက်လက်ထဲမှာ အကိုယန်ဖေးက   စစ်တပ်မှာ  အလုပ်မလုပ်ဘူးလို့ ထည့်ထားတယ်။  အကိုကျန်းရီ အတွက်တော့ အိမ်နံပါတ် နဲ့ တယ်လီဖုန်းနံပါတ်ကို ဖျက်လိုက်ပါပြီ။"

အခြေစိုက်စခန်းလူအများစုတွင် သူတို့၏အမည်နှင့် ID နံပါတ်သာ ရှိသော်လည်း လိပ်စာ သို့မဟုတ် ဖုန်း နံ့ပါတ် မရှိတော့ပေ။ ဒီလိုမျိုး  အချက်အလက်တွေက သာမန်လူတွေအတွက် ပုံမှန်ပါပဲ။

ဟော်ချန်ခွန်း သည် အလွန်ကောင်းမွန်သော အလုပ်ကို လုပ်ဆောင်ခဲ့သည်။ လော်ရွှင့် သည် သူ့ကို ဆုချဖို့  စားချင်နေသည့်    သခွားသီးချဉ်ကို ထုတ်ယူလိုက်သည်။ မနက်ဖြန်နေ့လည်စာအတွက် တခြားအစားအစာတွေကိုတော့ ယူလာပေးမှာ မဟုတ်ဘူး။

လော်ရွှင့် ယန်ဖေး နှင့် ကျန်းရီ တို့က Otaku ဘဝပုံစံသို့ လျင်မြန်စွာ လိုက်လျောညီထွေဖြစ်လာပြီး အချိန်ကုန်သွားသည်။ အိမ်မှာနေ့စဉ်အလုပ်တွေနဲ့ အလုပ်ရှုပ်ပြီး စခန်း ဒါကမဟုတ် တခြားအဖွဲ့တွေကို ဟင်းသီးဟင်းရွက်တွေ ရံဖန်ရံခါရောင်းပြီး ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ကနေ ပစ္စည်းတွေ ဖလှယ်တယ်။ နေ့ရက်များကို ချောမွေ့စွာ ဖြတ်သန်းခဲ့သည်။

လကုန်ရက် နီးကပ်လာသော်လည်း အခြေစိုက်စခန်းစည်းမျဉ်းများ ပြန်လည်ဖွဲ့စည်းခြင်းမှာ မပြီးပြတ်သေးပေ။ ဒါကြောင့် လီထယ် နဲ့ တခြားသူတွေက အပြင်ထွက်ပြီး  အမြူတေတွေကိုလိုက်ရှာဖို့ စီစဉ်ခဲ့ကြတယ်။

လက်ရှိတွင် သူတို့တွင်  အမြူတေကိုရရန် အခြားနည်းလမ်းမရှိတော့ပေ၊ သူတို့၏ ပိုက်ဆံအိတ်ကြိုး များကို  ပိုမိုတင်းကျပ်ထားရတော့မည်။ ဒါပေမယ့် အရင်နေ့တွေက နှင်းတွေကျလို့ အိမ်တွင်းနဲ့ အပြင်က လမ်းတွေကို ဖြတ်ဖို့ခက်ခဲလှတယ်။ အကယ်၍ သူတို့ အခြေစိုက်စခန်းက ထွက်ခွာမည်ဆိုပါက သူတို့က အဆင်ပြေသော နှင်းတောထဲ သွားမယ့်ယာဉ် လိုအပ်မည်မှာ သေချာသည်၊ သူတို့၏ ကားများသည် နှင်းထဲတွင် အသုံးမဝင်တော့ပေ။

"လျှပ်စစ် စွတ်ဖားလေးတွေ လုပ်ကြရအောင်။" လော်ရွှင့် က လက်ခုပ်တီးကာ ပြောလိုက်သည်။

"လျှပ်စစ်စွတ်ဖားလား? ငါတို့ ဒါကိုဘယ်လိုလုပ်မလဲ။"
ယန်ဖေး က လော်ရွှင့် ကို သံသယဝင်နေသေးသော်လည်း သူက  သတ္တုဖြင့် လုပ်ရမယ့် အရာ ဖြစ်သရွေ့  ကူညီနိုင်သည်။

"ကျွန်တော်တို့အိမ်မှာ မော်တာတွေနဲ့ ဂက်စ်တွေရှိတယ်။ စွတ်ဖားအတွက်ကတော့ ချောမွေ့တဲ့ သံပြားနဲ့ လုပ်ရတာ ကောင်းပါတယ်။"
လော်ရွှင့် သည် အခန်းကို နှစ်ကြိမ် လှည့်ပတ်ကာ ပြောလိုက်သည်။

 "လီထယ်က  ဒေတာဘေ့စ်ကနေ တစ်ဆင့် အချက်အလက်အချို့ကို ဂရုတစိုက်စုဆောင်းနိုင်တယ်။ ကျွန်တော်တို့  လျှပ်စစ်ကားကို လှည်း အဖြစ် အသွင်ပြောင်းနိုင်ပေမယ့်  အခက်အခဲရှိနိုင်တယ်။ အသေးစိတ်ပုံစံတွေကို သူတို့တိုက်ရိုက်ရှာနိုင်ရင် ပိုအဆင်ပြေလိမ့်မယ် "

"ဒီည သူတို့နဲ့ ဆွေးနွေးလို့ရတယ်၊ ဆောင်းရာသီမှာ နှင်းတွေ အများကြီးကျဦးမယ် လို့ ကြေငြာထားလို့ ကိုယ်တို့ ဖုတ်ကောင်လိုက် ထွက်မယ်ဆိုရင် ပြင်ဆင်ဖို့ ကိရိယာတွေ တကယ်လိုတယ်"
ယန်ဖေး က ရုတ်တရက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
 "ခွေးကလေးက အရမ်းသေးနေသေးလို့သာပေါ့... မဟုတ်ရင် သူ့ကို စွတ်ဖားဆွဲတာ ပိုကောင်းတယ်"

"သူမက လူတစ်ယောက်ကိုတော့ တင်ဆွဲနိုင်လောက်ပြီ....... "
လော်ရွှင့် က ပြုံးပြီး ခေါင်းခါလိုက်ကာ သူ့ခွေးငတုံးမလေးကို မညှဉ်းဆဲချင်တော့ပေ။

ရုတ်တရက် လော်ရွှင့် ၏ မိုဘိုင်းဖုန်းမြည်လာသည့်အချိန်က သူတို့လင်မယားက ဒီနေ့ည ဘာစားကြမလဲဆိုတာ  ဆွေးနွေးကြသည့် အချိန်ဖြစ်သည်။

"အစားအသောက်ဝယ်ဖို့ လာမေးနေတာလား။"
လော်ရွှင့် က ဖုန်းကို ကောက်ကိုင်ရင်း ညည်းညူလိုက်သည်။ ခေါ်ဆိုသူအမည်ကိုမြင်လိုက်ရသောအခါ အေးခဲသွားပြီး "ကပ္ပတိန်ဝမ်လား?"

ဖုန်းတစ်ဖက်က လူမှာ  လော်ရွှင့်  အရင်က ဆက်သွယ်ခဲ့တဲ့ ထောက်ပံ့ပို့ဆောင်ရေးက ကပ္ပတိန်  ဝမ် ပဲ ဖြစ်တယ်။ ကပ္ပတိန်က တိုးတိုးလေးပြောခဲ့သည်။

"မင်း ထောက်ပံ့ပို့ဆောင်ရေးမှာ နောက်ဆုံးအချိန်တုန်းက သတ္တု အမြူတေတွေကို ရှာနေတယ်လို့ ပြောခဲ့တယ် မလား..."  

လော်ရွှင့် သည် အေးခဲသွားပြီး သူ့နားရွက်ကိုဆွဲနေသော ယန်ဖေး ကို ကြည့်လိုက်ကာ ဖြေလိုက်သည်။
 "ဟုတ်တယ်၊  ကျွန်တော်တို့က သတ္တု အမြူတေကို  တခြားအရာနဲ့ လဲဖို့  လိုက်ရှာနေတယ်။"

သဲနှင့် သတ္တု အမြူတေ လဲလှယ်ရန်  သူတို့ စခန်းများသို့ ရံဖန်ရံခါ သွားကြပေမယ့်  ကပ္ပတိန်ဝမ်ကို ပထမအကြိမ်တွေ့ပြီးကတည်းက သူတို့ ထပ် မတွေ့ခဲ့ကြပေ။

ကပ္ပတိန် ဝမ် က စိတ်သက်သာရာရဟန်ဖြင့် ပြောခဲ့သည်။

 "အခု မင်းတို့ သတ္တု အမြူတေ လိုချင်သေးလား?"

"ခင်ဗျားဆီမှာ ရှိတယ်ဆိုရင် လိုချင်ပါတယ်"

"မင်းဘယ်လောက်လိုချင်လဲ?"

"အိုး... ပိုများလေ ပိုကောင်းလေပဲ။ ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာ လဲလှယ်ဖို့ အခြား  အမြူတေ ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ်။"

ကပ္ပတိန် ဝမ် က သက်ပြင်းချရင်း  ပြောခဲ့သည်။
"မနက်ဖြန် ၉ နာရီမှာ  မင်း လာလို့ရတယ်။  မင်းကို ငါစောင့်နေမယ်... အဆင့်တစ်  အမြူတေတွေကို ယူခဲ့၊ ဒါကမဟုတ် အမှတ်တွေယူခဲ့... ငါတို့အဲဒီမှာ ထပ်တွေ့မယ်"

"ဒါက ဘယ်လိုအခြေအနေလဲ" ဖုန်းချပြီးနောက် လော်ရွှင့် က စိတ်ရှုပ်ထွေးစွာ ဖြင့် မေးလိုက်သည် ။

 "သတ္တု အမြူတေကို များသောအားဖြင့် စစ်ဘက်ဆိုင်ရာ အဖွဲ့သားတွေအတွက် သိမ်းဆည်းထားပြီး ကောင်တာတွေမှာ နည်းနည်းလေးပဲ လဲလှယ်လို့ရတယ် မဟုတ်လား "

ကပ္ပတိန် ဝမ် ၏ လေသံကို နားထောင်ရင်း... သူ့လက်ထဲတွင် ထိုအရာများ အနည်းငယ် ရှိနေပုံရသည်။

"မနက်ဖြန်ကိုယ်တို့ သွားတဲ့အခါ ရှင်းသွားလိမ့်မယ်။" ယန်ဖေး က ခေါင်းခါလိုက်ပြီး "အရင်က ကိစ္စတစ်ခုခုရှိလို့ ကိုယ်တို့ သတိထားဖို့ တော့ လိုတယ်"

"ကောင်းပြီ။" လော်ရွှင့် သည် သူ၏ အသစ်ပြုပြင်မွမ်းမံထားသော ပိုမိုအားကောင်းသော ဒူးလေးဖြင့် မနက်ဖြန်တွင် အပြင်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။

အခြေစိုက်စခန်း ဗဟိုဆေးရုံတွင် ဌာနမှူးနှင့် အထက်အရာရှိများစွာက  လူစာရင်းကို ဆွေးနွေးနေကြသည်။

သူတို့ထဲက တချို့က မျက်နှာအမူယာ သိပ်မကောင်းလှပေ။ စစ်တပ်မှာ ပုံမှန်အခြေစိုက်စခန်းမှ ဝန်ထမ်းတွေထက် အလုပ်တွေ ပိုလုပ်ရတယ်။ မြေပြင်သည် ဆီးနှင်းများဖုံးလွှမ်းနေပြီး လမ်းများ အားလုံးနီးပါး ပိတ်ဆို့နေပြီး ဆောင်းရာသီမှာ လူအတော်များများ သေသွားခဲ့သည်။ အဆုံးမရှိသော နှင်းများက ဘယ်အချိန်ထိ ဆက်ကျနေဦးမည်ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

ဒီနှင်းဆဲသွားလျှင် နောက်ထပ် ဖုတ်ကောင်အသစ်များထပ်ပေါ်လာနိုင်ချေလည်း များလှသည်။

အခြေစိုက်စခန်းအားဖြင့် ပစ္စည်းပြတ်လပ်မှုမရှိပါက၊ အခြေစိုက်စခန်းကမထွက်ခွာမီ ရာသီဥတု ပူလာသည်အထိ စောင့်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ထို့ကြောင့် မစ်ရှင်အတွက် ထွက်သွားသော ဆေးမှူးများ သေဆုံးသွားတာက အရမ်း  စိတ်မကောင်း ဖွယ်ကောင်းလှသည်။  ထိုလူများသည် စစ်တပ်မှ စစ်သားများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်- စစ်တပ်တွင် စွမ်းအားရှင် အချိုးအစား မြင့်မားသော်လည်း ဆေးရုံတွင် စွမ်းအားရှင် ဆရာဝန် မရှိသလောက်ပင် ဖြစ်သည်။ သူတို့မှာ တစ်ခုရှိခဲ့ရင်တောင် ဒါဟာ နိမ့်ပါးတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်သာ ပိုင်ဆိုင်ကြသည်။

ဒါကြောင့် မစ်ရှင်ကို ဆေးရုံကို အပ်ပြီးတာနဲ့ ခေါင်းဆောင်တွေက ကျန်းရီကို စခန်းအပြင်ဘက် ထွက်ရသည့် မစ်ရှင်ကို ပို့ရန် လှမ်းကြည့်လိုက်ကြသည်။ သူတို့ဘက်တော်သားများကို ထိန်းသိမ်းပြီး သူတို့ အမိန့်ကို မနာခံသည့်  ဝန်ထမ်းကို  စတေးပစ်ရမည်။
  သူတို့မမျှော်လင့်ထားတဲ့အရာက ကျန်းရီက တကယ် အလုပ်ထွက်သွားခဲ့တယ်။

"အဲဒါ... ခွဲစိတ်ခန်းထဲက ဒေါက်တာကျန်းရီလား၊ မင်း သူ့ကို ထပ်ရှာလို့ရမလား"
 ဒုဌာနမှူးက ခွဲစိတ်ဆရာဝန်ကြီးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ကျန်းရီ ၏ အထက်လူကြီးဟောင်းသည် ခပ်ချဉ်ချဉ် အမူအရာဖြင့် ပြောလိုက်သည်။

"... ဆက်သွယ်ရမယ့်လိပ်စာ မရှိဘူး... သူ့ကို တွေ့ရင်တောင် သူ မသွားချင်ရင် အတင်း သွားအောင် လုပ်လို့ မဖြစ်ဘူး..."

"ဘာလဲ?! သူက ဘယ်လို လူဖြစ်နေလို့လဲ! အသက်ကို ကယ်တင်တာက ဆရာဝန်တစ်ယောက်အနေနဲ့ လုပ်သင့်တာ မဟုတ်လား။ ဆေးမှူးတစ်ယောက်အနေနဲ့ သူ့မှာ အသိတရား မရှိဘူးလား။"
 ဒုဌာနမှူးက ကျန်းရီကို ကျိန်ဆဲရင်း စားပွဲကို ဒေါသတကြီး ခေါက်လိုက်သည် ။

လူအားလုံး နှုတ်ဆိတ်နေကြသည်၊ သူ့သား စာရင်းထဲတွင်မပါလျှင် ဒုဌာနမှူးက ထိုကဲ့သို့ ပြုမူမည် မဟုတ်ပေ။ တခြားတစ်ယောက်ယောက်ကို သွားအောင် အကြံဖန်လုပ်ပြီးတော့ သူ့သားကို ထားခဲ့ဖို့ ကြိုးစားနေတာ မထင်ရှားလွန်းဘူးလား။ ယခင်စစ်တပ်စစ်ဆင်ရေးများအတွင်း သူ၏သားကို အခြေစိုက်စခန်းတွင်နေရန် ဒုဌာနမှူးက အကြောင်းပြချက်ရှာခဲ့သည်။ သားဖြစ်သူ ကျန်ရစ်နေစေဖို့ သူက အခြားလူများကို အစားထိုး ထည့်ချင်နေသည်။

ဌာနမှူးက ချောင်းဟန့်လိုက်ကာ အချက်ပြလိုက်မှ ဒုဌာနမှူးက ငြိမ်သွားခဲ့သည်။
  *အဟမ်း...အဟမ်း*

 "ဒေါက်တာကျန်းက ငါတို့ဆေးရုံမှာ ခေတ္တပဲ အလုပ်လုပ်နေတာလေ။  သူ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်က သက်တမ်းကုန်သွားပြီ... ငါတို့နောက်မှ ဒါကို ဆက်ဆွေးနွေးလို့ရတယ်။ ဒီတခေါက် စစ်တပ်နဲ့ လိုက်သွားရမယ့်  သူတွေက.."

ဌာနမှူး၏ စကားများက လူတွေရဲ့ အာရုံလွှဲတာ  အောင်မြင်ခဲ့သည်။ ကျန်းရီ သည် အလွန်အားပြင်းသော လေ စွမ်းအားရှင် တစ်ဦးဖြစ်ကြောင်း လူတိုင်းအား ရှင်းရှင်းလင်းလင်းသိရပြီး ဆေးရုံက သူ့ကို အတင်းအကျပ်ခိုင်းစေနိုင်ခြင်းမရှိပေ။

တစ်ယောက်ယောက်က သူ့ကို မနှစ်မြို့စရာတွေ လုပ်ခဲ့ရင်တောင် ပြန်လည် ဒုက္ခပေးဖို့  တိတ်တဆိတ်  ကြံစည်နေနိုင်တယ်။ တစ်ဖက်မှာ သူ့ စွမ်းအား နဲ့ သူ့စရိုက်ကြောင့်... ကျန်းရီက ကိုင်တွယ်ရခက်တယ်။ ထို့ကြောင့် ထိုစစ်တပ်စစ်ဆင်ရေးသည် အခွင့်ကောင်းတစ်ခုဟု သူတို့ အားလုံး ထင်ကြသည်၊ အလုပ်မှာ အန္တရာယ်များပြီး ပုံမှန်ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက်  ကာကွယ်ရေး အစီစဉ်က အနည်းငယ်သာ ရှိသည်။ ခွဲစိတ်ဆရာဝန်ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုနှစ်ခုလုံးရှိတဲ့ ကျန်းရီ အတွက် သူ့ကို မစ်ရှင်ပို့ကာ လုပ်ဆောင်စေခြင်းဖြင့် ရှင်းပစ်တာက အကောင်းဆုံး မဟုတ်ဘူးလား။

ထို့အပြင် သူသည် ထိုမစ်ရှင်များထဲက တစ်ခုကိုမှ ကျန်းရီက တစ်ခါမျှ မပါဝင်ဖူးသေးပေ၊ နောက်ဆုံးတော့ သူ့အလှည့်ဖြစ်ကျတယ်လို့ ပြောလို့ရသည်။ တကယ်လို့ ကျန်းရီ  မသွားချင်ဘူးဆိုရင်တောင် ပြစ်ဒဏ်မျိုးစုံ၊ လစာလျှော့၊ ဆဲဆိုကြိမ်းမောင်းတာတွေ ကြုံရလိမ့်မယ်။

မမျှော်လင့်ထား သူတို့ ကျန်းရီကို ထိုသို့ ထောင်ချောက်ဆင်ပေမယ့် ကျန်းရီက သူတို့ထက် အရင် အလုပ်ထွက်သွားတာကို တွေ့လိုက်ရတယ်။

တစ်စုံတစ်ယောက်သည် ကျန်းရီ ကို သတင်းကြိုတင်ပေးခဲ့တာ သေချာသည်။  အန္တရာယ်ရှိတဲ့ မစ်ရှင်တွေကို ကိုင်တွယ်ဖြေရှင်းချင်သူတွေကတော့ တိတ်ဆိတ်နေကြပေမယ့်။ သို့သော် ကျန်းရီ သည် အမျိုးသားဆရာဝန်များနှင့် ဆက်ဆံရာတွင် အနည်းငယ်သာဖြစ်သော်လည်း အမျိုးသမီးသူနာပြုများနှင့် အမျိုးသမီး လူနာများစွာဖြင့် ရင်းနှီးသော သူငယ်ချင်းများဖြစ်သည်။

  ဆေးရုံမှာ အများဆုံးဝန်ထမ်းက  သူနာပြုတွေ မဟုတ်လား...

ဆေးရုံတစ်ခုလုံး...အချို့နေရာများတွင် ဆရာဝန်မရှိသော်လည်း နေရာတိုင်းတွင် သူနာပြုများ ရှိသည်။ အများစုမှာ ကျန်းရီ ၏ ပင်ကိုယ်စရိုက်ကို သိသော်လည်း ယဉ်ကျေးဖော်ရွေကာ ရုပ်ချောသည့် ဆရာဝန် ကျန်းရီကြောင့်   အမျိုးကောင်းသမီးများသည် သူ၏အသွင်အပြင်နှင့် အရည်အချင်းကြောင့် သူ့ ဆိုးကွက်ကို လျစ်လျူရှုခဲ့ကြသည်။

ရလဒ်အနေနဲ့ ဆေးရုံမှာ ကျန်းရီ နဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခု ရှိခဲ့မယ်ဆိုရင် ကူးစက်မှု အရှိန်က မြန်ပြီး ကျန်းရီရဲ့ နားထဲကို အချိန်တိုအတွင်း  ရောက်သွားမှာဖြစ်သည်။

ထို့ကြောင့် ခိုင်မာသည်ဖြစ်စေ၊ မခိုင်မာသည် ဖြစ်စေ ပြဿနာ၏ အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ပါက၊ ကျန်းရီက နူတ်ထွက်ပြီး အိမ်ပြန်ဖို့ တွန့်ဆုတ်နေမည် မဟုတ်ပေ။

တကယ်တော့ လော်ရွှင့် နဲ့ ယန်ဖေး က နုတ်ထွက်တာ မဟုတ်ရင်တောင် သူ တစ်ရက်နှစ်ရက် ရွှေ့ဆိုင်းထားနိုင်ပေမယ့် နောက်ဆုံးတော့ သူလည်း အလုပ်မလုပ်လည်း အိမ်မှာပဲ လယ်စိုက်နေလို့ ရတုန်း ပဲဖြစ်သည်။

ဆေးရုံရှိ သူနာပြုများသည် ထိုသတင်းအတွက် အားလုံး ဒေါသတကြီး ဖြစ်ကုန်သည်။ ငါတို့ ဆေးရုံက ဆရာဝန် အလှလေး ထွက်ပြေးသွားပြီ။  အလှလေးကို ထွက်ပြေးအောင် လုပ်နိုင်တဲ့ ဒီ  ဆေးရုံက  တကယ် ကြောက်စရာကောင်းတယ်။ ကျန်းရီ က သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သည် မဟုတ်လား။

နောက်နေ့မနက်မှာတော့ လော်ရွှင့် နဲ့ ယန်ဖေး တို့ဟာ သူတို့ရဲ့လက်နက်တွေနဲ့ အမြူတေလေးတွေကို စုစည်းကာ သဘောတူထားတဲ့နေရာကို ရောက်လာကြတယ်။ နှစ်ဖက်တွေ့ဆုံပြီးနောက်တွင် တပ်မှူးက သူတို့နှစ်ဦးအား ထောက်ပံ့ပို့ဆောင်ရေးဌာနရှိ သူ၏ရုံးခန်းအပေါ်ထပ်တွင် နွေးထွေးစွာကြိုဆိုခဲ့သည်။

********-**********

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now