Chapter (97)_ ဗုံးကျဲတိုက်ခိုက်ခြင်း
ငုံးများအပြင်၊ လော်ရွှင့် ၏အိမ်တွင် မြေသြဇာအတွက် အသုံးဝင်သည့် ၊ ငုံးကျွေးသည့် ပိုးကောင်များလည်း တိုးပွားလာသည်ကို သူ မသိသော်လည်း၊ အစာအဖြစ်ကျွေးသော ပိုးကောင်ပေါက်နှုန်းက ငုံးများထက် ပိုမြန်သည်။ ထိုအင်းဆက်များ ရှိနေခြင်းကြောင့် ဟင်းရွက်ဟောင်းများနှင့် အခြားအရာများသည် မကြာမီ မြေသြဇာအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ မီးဖိုချောင်မှ စွန့်ပစ်ပစ္စည်းများကို ဖျက်ဆီးရာတွင်လည်း အသုံးပြုရာရောက်ပြီး အပင်အာဟာရအတွက် စိတ်ပူစရာမလိုပေ။
ပိုးကောင်များသည် ရွံရှာဖွယ်ကောင်းသော်လည်း ရွှီမိန် နှင့် စုန့်လင်လင် တို့သည် ဖုတ်ကောင်များအနီးတွင် ကျင်လည်နေရသဖြင့် ထိုပိုးကောင်များကို ကိုင်တွယ်ရတာက ပြဿနာမရှိပေ။ အမျိုးသမီးနှစ်ဦးသည် ပိုးကောင်ဖမ်းကာ ငုံးကျွေးရသည့်တိုင် မတုန်လှုပ်ပေ။ လော်ရွှင့် က သူ့လည်ကုတ်က အမွေးတွေ ထောင်ထလာစေအောင် အူယားစရာကောင်းသည့် ထိုအလုပ်တာဝန်တွေကို သူမတို့လက်ထဲ အပ်လိုက်သည်။
သူတို့အိမ်ပြန်ရောက်သောအခါ လော်ရွှင့် သည် ယွီရှင်းရန် နှင့်ကစားရန် Puppy ကို ရွှီမိန် ၏အိမ်သို့ ဦးစွာသွားပို့ပေးခဲ့သည်။ သေချာတာကတော့ သူတို့နှစ်ယောက်ဟာ ဖန်ကန်ဘေးက စောင်တစ်ထည်ပေါ်မှာ အိပ်နေပြီး အတွင်းထဲက ငုံးလေးတွေကို ရံဖန်ရံခါ ကြည့်နေတတ်သည်။
"ဒီနေ့ ခုနစ်လွှာလာမြင့်တဲ့ နောက်ထပ် အဆောက်အအုံတချို့ ဆောက်နေတာကို တွေ့ခဲ့သေးတယ်။"
ရွှီမိန် နှင့် စုန့်လင်လင် တို့ က လော်ရွှင့်တို့ ဇနီးမောင်နှံသည် အိမ်ပြန်ရောက်သောအခါ သတင်းပို့ခဲ့သည်။
"တကယ်လား? ဒီ ခရိုင်မှာ ကားတွေ ပိုရှိလာတယ်လို့ထင်တာ အံ့သြစရာ မဟုတ်တော့ဘူး" လော်ရွှင့်အံ့သြသွားသည်။
"လော်ရွှင့်....ရှင် နောက်တစ်ခါ အပြင်ထွက်ရင် စာအုပ်တွေရှာဖို့ စိတ်ကူးထားသေးလား။" ရွှီမိန် သည် သူမ၏လက်ကိုပွတ်သပ်ရင်း မီးဖိုချောင်မှထွက်လာသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies