Chapter 152 -ဉာဏ်ရည် တိုးတက်လာသော ဖုတ်ကောင်များ

602 95 2
                                    

Chapter 152 -ဉာဏ်ရည် တိုးတက်လာသော ဖုတ်ကောင်များ

ကြီးမားသောသတ္တုဘီးများသည် အောက်ခြေနံရံများအပြင်ဘက်သို့ တဟုန်ထိုး ခုန်ပေါက်သွားကာ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များအားလုံးကို လွှမ်းခြုံကာ ချေမှုန်းပစ်လိုက်သည်။ လော်ရွှင့် သည် ရုတ်တရက် တွေးလိုက်မိသည်- ကံကြမ္မာ၏ ဘီးများ လှည့်လာပြီ......

လော်ရွှင့် နှင့် အခြားသူအချို့သည် စွမ်းရည်မရှိသောကြောင့် ယန်ဖေး နှင့် အခြားသတ္တုစွမ်းအားရှင်များ ကို ကာကွယ်ပေးခဲ့သည်။ လော်ရွှင့် သည် ကပ္ပတိန် ကောင်း နှင့်အတူ အနောက်ဘက်မှ ဦးဆောင်ကာ လူတစ်ဦးစီအား သတ္တုဒိုင်းတစ်ခုစီကိုင်ထားသည်။ မျက်နှာသုတ်ပဝါ၊ ရေ၊ လက်နက်များ၊ အမြူတေ နှင့် အခြားအရာများကို ယူဆောင်လာကြသည်။ မြေစွမ်းအားရှင်များ အများအပြားသည် အရေးကြီးသော နေရာများ သတ္တုကြောင့် ကြေမွမသွားအောင် ပြင်ပမြေကို ကိုင်တွယ်ရန် တာဝန်ရှိသည်။

မီးသတ်သမားများသည် တပ်စခန်းမှ ကျည်ဆန်လွဲမှားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရန် ကင်းထောက်နှင့် ကာကွယ်ရေးတွင် တာဝန်ရှိသည်။

တစ်ခါပတ်ပြီးနောက် အဖွဲ့က ခဏ အနားယူကြပြီး နောက်တစ်ကြိမ် တိုက်ပွဲအတွက် ပြင်ဆင်ကြသည်။ ဒီအချိန်မှာ ကောင်းကင်က မှောင်နေပြီး ညနေ ခြောက်နာရီ ထိုးခါနီးပြီ။ ကင်းစောင့်တာဝန်ကျတဲ့ စစ်သားက ကျယ်လောင်စွာ အောလိုက်တယ်။

"သတိထားပါ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဝင်လာပြီ!"

ပြန်ထွက်တော့မယ့် အုပ်စုက ရပ်ပြီး အဝေးကို လှမ်းကြည့်လိုက်ချိန် ပျံသန်းနေတဲ့ ဖုတ်ကောင်တွေရဲ့ မည်းမှောင်တဲ့ အစုလိုက်အပြုံလိုက်လာနေတာကို တွေ့လိုက်ရတယ်...

"အဲ့ဒီ လှည့်စားတဲ့ ငှက်တွေ!"

အဖွဲ့သည် ချဉ်းကပ်လာသော ဖုတ်ကောင်ငှက်များကို စိုက်ကြည့်ရင်း အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။

"ငှက်တွေတင် မဟုတ်ဘူး... ကြည့်ရတာ လေစွမ်းအား ဖုတ်ကောင်တွေ ရှိတယ်!"

လော်ရွှင့် ၏ စူးရှသော မျက်လုံးများက တစ်စုံတစ်ခုကို မြင်လိုက်သည် ။ အမှန်တကယ်ပင် ငှက်အုပ်စုအတွင်း လူသားဖုတ်ကောင်များမှ စိမ်းပြာရောင်အတောင်ပံများ ရှိနေခဲ့သည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now