Chapter (98) - သူခိုးများ

2.3K 406 8
                                    


Chapter (98) - သူခိုးများ


နံရံတည်ဆောက်ရေးအဖွဲ့သည် အပြင်ဘက်တွင် စောင့်ကြည့်နေသည့် လူအုပ်ကြီးကို လျစ်လျူရှုကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ သိပ်မကြာခင်မှာပဲ စက်ရုံမှာ ကူညီပေးနေတဲ့ လူနှစ်ယောက်က နံရံမှာ အလုပ်လုပ်ဖို့ ပြန်လာကြပြီး နေ့လယ်စာစားချိန်ရောက်မှ လူတိုင်း စကားစမြည်ပြောဖြစ်ကြတယ်။

"ဘဏ်ဘေးက ရှော့ပင်းမောလ်ကြီးတွေကို စက်ရုံအလုပ်ရုံတွေအဖြစ် ပြောင်းလဲပစ်ဖို့  ပစ္စည်းတွေ အများကြီး သယ်ယူသွားတယ်။ သူတို့ အလုပ်လုပ်မယ့်လူခေါ်ဖို့ သိပ်ကြာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။" လီက အစာစားရင်း ပြောလိုက်သည် ။

"ဘယ်လိုစက်ရုံမျိုးလဲ" တစ်ယောက်ယောက်က စိတ်ဝင်တစား မေးလိုက်တယ်။

"အထည်ချုပ်စက်ရုံဖြစ်မယ့်ပုံပေါ်တယ် မလား?"

"ခေါက်ဆွဲခြောက်အတွက် စက်ရုံရှိတယ်ဆိုလို့ ငါကြားလိုက်ရတယ်!"

"ကျွန်တော်က အထည်အလိပ်စက်ရုံအကြောင်းပဲ ကြားတယ်၊ သူတို့ အလုပ်မခန့်သေးဘူး..."

လော်ရွှင့် ရုတ်တရက်မေးလိုက်သည်။ "အထည်အလိပ်တွေထုတ်မှာလား... အခုအခြေခံ ကုန်ကြမ်းတွေရှိလို့လား"

စကားဝိုင်းက ရုတ်တရတ် တိတ်ဆိတ်ငြိမ်သက်သွားကာ လူတစ်ဦးစီသည် သံသယမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"မြိုထဲကနေ ကြိုပြီး စုဆောင်းထားတာ ဖြစ်နိုင်တယ်"

လယ်မြေအားလုံးသည် စပါးပင်များစိုက်ပျိုးထားပြီးဖြစ်သည်၊ အခြားသီးနှံကို စိုက်ပျိုးလျှင်ပင် စားသုံး၍ မရသော သီးနှံဖြစ်သည့် ဝါကို ဦးစားပေးမည်မဟုတ်ပါ။ တပ်သားအများစုသည် လယ်သမားများ၏ သားသမီးများဖြစ်သောကြောင့် လော်ရွှင့် ၏ အတွေးအကြံကို အမြန်သတိထားလိုက်မိကြသည်။

လော်ရွှင့် သည် အခြေစိုက်စခန်းမှ အထည်အလိပ်စက်ရုံကို တည်ထောင်ဖို့ကို  သုံးနှစ်အတွင်း အပြီးလုပ်ဖို့ရည်မှန်းထားကြောင်း သိလိုက်ရသည်။ အရင်တုန်းကတော့ ဒီလို သတင်းမကြားဖူးခဲ့ပေ။

"ဒါက မြင်းရှေ့မှာ လှည်းဆွဲနေတာ မဟုတ်ဘူးလား" ထို့နောက်တွင် အပြစ်တင်သံများ ထွက်ပေါ်လာခဲ့သည်။

ကုန်ကြမ်းမရှိဘဲ စက်ရုံကို စတင်ဖို့ မဖြစ်နိုင်ပေ။ စက်ရုံများသည် လုံလောက်သော သွင်းအားစုရှိမှသာ လည်ပတ်နိုင်သည်။ စက်ရုံအများအပြားသည် သူတို့၏တရားဝင်အခြေစိုက်စခန်း စတင်တည်ထောင်ပြီးနောက် လူအများကို အလုပ်လုပ်ရန် ခေါ်ယူခဲ့သည်။ ထို့အပြင် စိုက်ပျိုးရေးဌာနအတွက်လည်း ပြင်ပမှ လိုအပ်သ်ကို စုဆောင်းလာသည်။

ပြီးခဲ့သည့်လက ကိုယ်ပိုင် တနိုင်တပိုင် စိုက်ပျိုးမှု စတင်ခဲ့သော်လည်း အခြေစိုက်စခန်းတွင် ရေအခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့ရသည်။ အချို့အဖွဲ့များသည် သူတို့၏ ကောက်ပဲသီးနှံများကို ရေသွင်းရန်အတွက် စစ်ထုတ်ထားသောရေ သို့မဟုတ် ရေစွမ်းအားရှင်က ထုတ်ပေးသည့် ရေကို အသုံးပြုကြသော်လည်း ညနေပိုင်းတွင် ရန်သူတပ်ဖွဲ့များသည် ရိုးရိုးပိုက်ဖြင့်   အပင်များကို ခိုးကြောင်ခိုးဝှက် ရေလောင်းလိုက် ကြကာ အပင်များကို တမင်ပြောင်းလဲစေခဲ့သည် ။ ပိုက်မှလာသောရေသည် အပင်မျိုးပြောင်းစေနိုင်သည်ကို သိလာသောအခါ လူတွေက ပြိုင်ဖက်ရဲ့စိုက်ခင်းကို တမင် ဖျက်ဆီးစေရန် အပြိုင်လုပ်လာကြသည်။

ထိုကဲ့သို့ ဖြစ်ရပ်များသည် ပြီးခဲ့သည့်လအတွင်း အခြေစိုက်စခန်းတွင် အကြိမ်များစွာ ဖြစ်ပွားခဲ့သည်။ တခါတရံ  ထိုသို့လုပ်စဉ် နှစ်ဦးနှစ်ဘက်တွေ့ဆုံသောအခါတွင် ပဋိပက္ခများဖြစ်ကာ သွေးထွက်သံယို တိုက်ပွဲများအဖြစ် ပြင်းထန်လာတတ်သည်။ လော်ရွှင့် သည် ထိုအကြောင်းကြောင့် လမ်းပေါ်၌ လူတွေ တိုက်ခိုက်နေသည်ကို မြင်ခဲ့ဖူးသည်။

ထို့ကြောင့် အခြေစိုက်စခန်းမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု မြှင့်တင်ရေးကို ရပ်ဆိုင်းခဲ့ရသည်။ ဟုတ်တာပေါ့... အပင်တွေက လူတွေကို ထိခိုက်မယ့်အရာအဖြစ် မပြောင်းလဲသရွေ့ သူတို့ရဲ့ လသာဆောင်မှာ တစ်ခုခု စိုက်လို့ရနိုင်သေးတယ်။

ကံကောင်းထောက်မစွာ၊ ပို၍ပြင်းထန်သော မျိုးပြောင်းအပင်များသည် ထူးခြားသော  လက္ခဏာများရှိသည် - သူတို့သည် မီးခိုးရောင်အခိုးအငွေ့များ၊ သို့မဟုတ် တောက်ပသောအနီရောင်နှင့် အစိမ်းရောင်အရောင်များကို ဖြစ်ကြလို့ အလွယ်တကူသိနိုင်သည်။

အခြေစိုက်စခန်းက   ဟင်းသီး ဟင်းရွက်တွေ အထူးစိုက်ပျိုးရန်အတွက် နေရာလွတ်ကို  ရှင်းပေးခဲ့သည်။ သူတို့က  လော်ရွှင့် ၏ စိုက်ပျိုးရေး နည်းလမ်းကို အသုံးပြုခဲ့ပြီး၊ ရေကို စစ်ထုတ်ခြင်း သို့မဟုတ် ရေစွမ်းအားရှင်ကို အသုံးပြုကာ ရေပေးကြသည်။ ဒီနည်းက ကုန်ကျစရိတ်က ပိုများပေမယ့် ဘာမှ မထွက်သည်ထက်တော့  ပိုကောင်းပါတယ်။ အသီးအရွက်တွေက အခြေစိုက်စခန်းပြည်သူတွေ စားဖို့ မလောက်ငှပေမယ့် ကင်တင်းကို ပေးသွင်းဖို့ အဆင်ပြေနေသေးသည်။

လော်ရွှင့် သည် စာရွက်တစ်ရွက်ကိုယူ၍ ယန်ဖေးဘက်သို့လှည့်ကာ တွေးနေသည်။
    "တနေ့ ဒီလိုဖြစ်လာမယ်ဆိုတာ သိသားပဲ။"

အခုခေတ်မှာ အခြေစိုက်စခန်းထဲတွင် လူသစ်တွေ အများကြီးရှိတော့ သူတို့နေထိုင်ရာနေရာအတွက် အခြေစိုက်စခန်းအတွင်းရော အပြင်မှာပါ  အိမ်တွေ အပြည့်ရှိလာခဲ့သည်။ လော်ရွှင့် သည် သူ့အရင်ဘဝက ယခုမြို့ကိုရောက်သောအခါ မြေအောက်ခန်းတွင်သာ ဘာကြောင့် နေထိုင်နိုင်သည်ကို ယခု နားလည်လာခဲ့သည်။

"အဲဒီလမ်းကို အခြေစိုက်စခန်းက  စီမံခန့်ခွဲတယ်။"
 ယန်ဖေးက လော်ရွှင့် ကို ပြုံးပြပြီး သူ့မျက်လုံးထဲက နာကြည်းမှုတွေကို ဖြေဖျောက်လိုက်သည်။

တခြားလမ်းက လယ်မြေနဲ့ ဆက်စပ်နေသည်။ အခြေချနေထိုင်သူ ပိုများလာသဖြင့် မြို့သူမြို့သားများသည် ဖြစ်သလို နေလာရပြီး အချို့မှာ အစားအစာနှင့် မျိုးစေ့များကို ခိုးယူရန် ညဘက်တွင် လယ်မြေထဲသို့ မထင်မှတ်ပဲ ထွက်ခဲ့လို့ လမ်းတစ်လမ်းလုံး တင်းကြပ်သော ဥပဒေကို ချမှတ်ခဲ့ရသည်။

"ဒီနေ့တော့ မှိုတစ်သုတ်ကို ငါတို့ ရိတ်သိမ်းရမယ်။  ပြီးခဲ့တဲ့လက အသုံးမပြုတဲ့ မှိုတွေကို သုံးနိုင်ဦးမလား မသိပါဘူး။"

ပြီးခဲ့သောလကုန်တွင်၊ မှိုကျည်ဆန်များက အဆင့်နှစ် ဖုတ်ကောင်တွေ အပေါ် သိသိသာသာအကျိုး သက်ရောက်မှုရှိခဲ့သည်၊ လီထယ်နှင့် အခြားကျောင်းသားများပင်လျှင် လော်ရွှင့် ကိုမပြောဘဲ ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်တွင် အဆင့်နှစ် ဖုတ်ကောင် တစ်ကောင်ကို သတ်နိုင်ခဲ့သည် ။

"နောက်ထပ် ရက်နည်းနည်းကြာမှ သိရမယ်။ အရင်က ရေခဲသေတ္တာထဲမှာ ထားရင်တော့  ဘာပြဿနာမှ မရှိဘူး။ အဲ့မှိုတွေက သုံးမရတော့ရင်တောင် ငါတို့ဆီမှာ မှိုလုံလုံလောက်လောက်ရှိပါသေးတယ်။ နောက်တခါ မစ်ရှင်မှာ သုံးဖို့လောက်ပါသေးတယ်"

ယန်ဖေးက ပေါ့ပေါ့လေးပြောပြီး အေးခဲထားတဲ့အရာတွေက လွယ်လွယ်နဲ့ မပျက်စီးလောက်ဘူးဟု တွေးနေသည်။
 
အိမ်သို့ ဖြည်းညှင်းစွာ ပြန်လာစဉ် လူနှစ်ယောက် စကားစမြည်ပြောနေကြသည်။ ပုံမှန်အားဖြင့် ဆယ်မိနစ်သာကြာသော ခရီးစဉ်သည် နာရီဝက်ကျော်ကြာလာခဲ့သည်။ အိမ်ပြန်ရောက်သောအခါ... လူအုပ်ကြီးကို တွေ့လိုက်ရပြီး .. တကယ့်လက်တွေ့ဘဝ  တိုက်ပွဲကို ကြည့်လိုက်ရသလိုပင် ။

လော်ရွှင့် သည် သူ၏ ဒူးလေးကို ထုတ်ကာ မျက်လုံးပြူးလျက် ကားမှ ထွက်လာခဲ့သည်။ ကမ ္ဘာပျက်ကပ် ကာလအတွင်း သွားလေရာ အကာအကွယ်လက်နက်ကို ဆောင်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယခုအချိန်သည် သူ၏လက်နက်များကို အသုံးပြုရန် အချိန်တန်ပြီဖြစ်သည်။

"ရွှီမိန်...ဘာဖြစ်နေတာလဲ?!" လော်ရွှင့် က ကျယ်လောင်စွာ မေးလိုက်သည်။

သက်ဝင်လှုပ်ရှားနေသော လူအုပ်သည် အေးခဲသွားပြီး အသစ်ရောက်လာသော ကားဆီသို့ လှည့်ကြည့်လိုက်သည်။ လော်ရွှင့် သည် 16 ထပ်တစ်ဝိုက်တွင် လေထုထဲတွင် လူနှစ်ယောက် ပေါလော မျောနေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်မှာ လေစွမ်းအားရှင်ဖြစ်ကာ နောက်တစ်ယောက်က မီးစွမ်းအားရှင် ဖြစ်သည်။  ထိုလူနှစ်ယောက်သည် ပြတင်းပေါက်မှ မီးလုံးများပစ်ရန် အသင့်ဖြစ်နေသော ရွှီမိန် နှင့် ထိပ်တိုက်တွေ့နေသည်။

လော်ရွှင့် ရဲ့အသံကိုကြားတော့ စုန့်လင်လင် ချက်ချင်းအော်လိုက်သည်။

"သူခိုးတွေ! သူတို့က ငါတို့ ပြတင်းပေါက်က ဆိုလာပြားတွေကို မြင်လို့ ခိုးဖို့တက်လာကြတာ!"

၁၆ လွှာမှာ နေ့ခင်းဘက် အိမ်မှာ တစ်ယောက်မှ မရှိဘူးလို့ လူအုပ်စုက ထင်နေတာကြောင့် ခိုးဖို့ လာခဲ့တာဖြစ်သည်။ လော်ရွှင့် ၏ ဆိုလာပြားများကို ဒီအတိုင်းကြည့်လျှင် မမြင်ရသော်လည်း သေချာစွာ ကြည့်ပါက သတိပြုမိနိုင်သည် -   အခြေစိုက်စခန်းသည် နေရောင်ခြည်စွမ်းအင်သုံး ကိရိယာများ အသုံးပြုမှုကို အပြင်းအထန် မြှင့်တင်ခဲ့သည်။

လမ်းမကြီးအသီးသီးမှ ဆိုလာမီးပြား အများအပြား ခိုးယူခံခဲ့ရသည်။ လော်ရွှင့် သည် ပြတင်းပေါက်  အပြင်ဘက်တွင် ဆိုလာပြားများစွာကို ချိတ်ဆွဲထားသည် မ ဟုတ်လား။

ထိုလေစွမ်းအားရှင်က အဆင့် ၂ ရှိပြီး ကြိုးမှဆွဲထားစဉ် ရွှီမိန် တိုက်ခိုက်ခြင်းမခံရစေရန် လေကိုအသုံးပြု၍ ကာထားခဲ့သည်။ ရွှီမိန်၏ အဖော်တွေ ပြန်ရောက်လာပြီး လက်နက်တွေ ကိုင်ထားတဲ့အခါ သူ ထိတ်လန့်စပြုလာတယ်။

"ရွှီမိန်...ယဉ်ကျေးမနေပါနဲ့၊ သူတို့က အသတ်ခံရဖို့ ထိုက်တန်တယ်!"

သူ့လက်ထဲက လေးထောင့်ကို တိတ်တဆိတ် ပစ်ချလိုက်တယ်။ မြှားသည် 16 ထပ်ဆီသို့ ပျံသန်းသွားသဖြင့် နှေးကွေးမည့်ပုံ မပေါ်ပေ။ အိမ်ခန်း 1503 အနီးတွင် ရှိနေသည့် ရေခဲစွမ်းအားရှင်ကို မြှားတံက မညှာတာစွာ စိုက်ဝင်သွားခဲ့သည်။

"အား..." လေစွမ်းအားရှင်က ထိုတိုက်ခိုက်မှုကြောင့်  အံ့သြသွားပြီး လေကို ထိန်းချုပ်မှု ဆုံးရှုံးသွားသည် ။ လူနှစ်ယောက်သည် ရွှီမိန် ရှိရာဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကျသွားခဲ့သည်။

*ဘုန်း...*

 နှစ်ယောက်သား မီးလုံးကြီးတစ်ခု ထိမှန်သွားသည်။ ရွှီမိန် သည် ပြဿနာဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ယခင်က ကြမ်းတမ်းစွာ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ဒါပေမယ့် အခု လော်ရွှင့် က သတ်ပစ်လို့ရသည်ဆိုမှတော့ သူမက ဘာကြောင့် ထိန်းထားမည်နည်း။

*ဝှစ်...ဝှစ်*
 ဒူးလေးမှ မြှားနှစ်စင်း ပစ်ထွက်ပြီး ထိုလူတွေ တွဲလွဲခိုနေသည့် ကြိုးကို ထိမှန်သွားကာ ပြုတ်ကျလာစဉ်   မြေပြင်ပေါ်သို့ လဲကျသွားပြီး မီးတောက်များ ဖုံးလွှမ်းသွားသည်။

ယန်ဖေးသည် သူ့ဖုန်းကိုထုတ်ကာ ခေါ်ဆိုလိုက်သည်။

"ဗိုလ်ကြငီးတင်းလား...ကျွန်တော်တို့ အလုပ်က ပြန်လာတော့  ကျွန်တော်တို့ တိုက်ခန်းကို ဖောက်ဝင်ပြီး ခိုးနေတဲ့ သူခိုးနှစ်ယောက်ကို တွေ့လိုက်ရတယ်... ပစ္စည်းတွေ ခိုးထုတ်ပြီး ပြတင်းပေါက်ကို ရိုက်ခွဲပစ်ချင် နေကြတယ်။ အမျိုးသမီး နှစ်ယောက်လည်း သူတို့ကြောင့် ထိတ်လန့်သွားတယ။ အခု သူတို့ကို လာဖမ်းပေးလို့ရနိုင်မလား။  သူတို့က ကြိုးနဲ့ဆွဲထားပေမယ့် အရမ်းမခိုင်တဲ့အတွက် နှစ်ယောက်လုံး ပြုတ်ကျသွားတယ်။ အခုတော့  သူတို့အသက်ရှုနေသေးလို့ သေတော့ မသေလောက်သေးပါဘူး။   ဒါကြောင့် ကိုင်တွယ်ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ပို့ပေးပါ။"

အနီးနားရှိ လူအများအပြားက သူ့စကားကိုကြားတော့ မသိစိတ်ဖြင့် ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ကြသည်။ လူသတ်နိုင်စွမ်းရှိခြင်းမှာ ကြီးကြီးမားမား မဟုတ်သော်လည်း အခြားသူများကို သတ်ပြီး အေးအေးဆေးဆေး ဖုန်းခေါ်ဆိုနိုင်သူများက နည်းနည်းနောနော မာကြောသည့် စိတ်မဟုတ်ပေ။ ပြီးတော့ လော်ရွှင့်က အတော်လေးကို ဒေါသဖြစ်နေသည်မှာ သိသာထင်ရှားလှသည်၊ ရန်သူက လေစွမ်းအားရှင်ဖြစ်ပြီး သူက ပြုတ်ကျလာတော့ အထိမနာအောင် လေစွမ်းအားကို သုံးခဲ့သည်။ လော်ရွှင့်က   ထိုလူကို မြားကို ချိန်ရွယ်ကာ မေးလိုက်သည်။

"မင်းက ဘယ်အဖွဲ့လဲ။ မင်းရဲ့ အပေါင်းအသင်းတွေ ဘယ်မှာလဲ"

လေစွမ်းအားရှင်က ရွှီမိန်၏ မီးအား အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ခံစားချက်မရှိအောင် ထိခိုက်သွားခဲ့သည်။ ခိုးဖော်ခိုးဖက် သူ့အဖော်လည်း   သေဆုံးလား၊ အသက်ရှိသေးလား မသိနိုင်ပေ။ ယခု သူ့မျက်နှာကို မြှားတစ်စင်း ဖြင့် ချိန်ထားခံရနေသဖြင့်   မူးမေ့လဲသွားချင်တော့သည်။

ယန်ဖေးက ရှေ့သို့ တိုးလာခဲ့သည်။ သူက ကားထဲက သတ္တုအချို့ကို ထိန်းချုပ်ပြီး ထိုလူ၏လက်များနှင့် ပေါင်များကို မြားများဖြင့် ပစ်လိုက်သည်။

"အာ! မဟုတ်ဘူး! မင်းတို့က ခုလို လုပ်ပိုင်ခွင့် မရှိဘူး!" ထိုလူသည် သွေးထွက်လာသည်ကို မြင်သဖြင့် တုန်လှုပ်သွားသည်။

နာကျင်စွာ ရုန်းကန်နေချိန်တွင် သူ့အဖော်၏ မီးလောင်းကျွမ်းသွားသည့်အဖြစ်ကို သူမြင်လိုက်ရသည်။ သူ နေထိုင်ရာတည်နေရာ၊ စွမ်းအားရှင်အသင်း၊ သူ့အဖွဲ့ဝင်အရေအတွက်နှင့် အခြားအချက်အလက်များကို ကြောက်လန့်တကြား ထုတ်ဖော်ပြောပြခဲ့သည်။

လော်ရွှင့် သည် မျက်ခုံးပင့်လိုက်မိသည်။ ထိုလူကို ပထမတော့ သူ့ကို မမှတ်မိသော်လည်း ယခင်က အကြိမ်အနည်းငယ် တွေ့ဖူးခဲ့သည်။ သူတို့ ပြောင်းရွှေ့လာပြီးမှသာ အခြားသူများသည် စွမ်းအားရှင်များကို စုစည်းခေါ်ယူပြီးနောက် အင်အား  ကြီးထွားလာသော အသင်းထဲကို ထိုလူက ပြောင်းရွှေ့သွားခဲ့သည်။

သူသည် ထိုလူကို သိပ်သတိမထားမိခဲ့ပေမယ့် လမ်းမထက်တွင် အင်အားနည်းပါးသူများကို မိုက်ကြေးခွဲကာ   ကာကွယ်ရေးအခကြေးငွေ တောင်းနေသည့် အဖွဲ့ငယ်၏ ခေါင်းဆောင်ကို သူတွေ့ခဲ့သည်ကို ပြန် သတိရလာသည်။ သူတို့သည် ပိုမိုကြီးမားသော စွမ်းအားရှင်အဖွဲ့သို့ ကူးပြောင်းသွားပြီးနောက်။ ယခုတော့ အိမ်ဖောက်ဝင်သည့်အဆင့်ကိုရောက်လာသည်။

"အခြေအနေက ဘယ်လိုလဲ?"
ဗိုလ်ကြီးတင်း နှင့် လုံခြုံရေးတပ်သား တချို့ ပြေးလာစဉ်   သွေးများနှင့် မီးလောင်ထားသော အလောင်းများကို မြင်လိုက်ရသည်။ တိုက်ပေါ်က  ပြုတ်ကျကာ မေ့မျောနေတဲ့ လူတွေကို မြင်တော့ ပါးစပ်တွေ တွန့်သွားကြသည်။

ယန်ဖေးသည် ထိုလူကို ညွှန်ပြကာ ပြောလိုက်သည်။
"သူတို့နှစ်ယောက်က ပြတင်းပေါက်က လက်ရန်းကိုရောက်ဖို့ ကြိုးကနေ ချိတ်ဆွဲပြီးဆင်းလာကြတယ်၊ ကျွန်တော်တို့ အိမ်ပြန်ရောက်တဲ့အခါ အဲ့ဒီလူ ပြုတ်ကျတာကို တွေ့လိုက်ရတယ်။"

"ဘယ်သူက မီးရှို့လိုက်တာလဲ"
ဗိုလ်ကြီးတင်း သည် ဤလူနှစ်ယောက်အား ကူကယ်ရာမဲ့ စွာ ကြည့်ကာ တုန်လှုပ်နေသော ရင်ကို ဖိကာ မေးလိုက်ရသည်။ အကြမ်းဖက်သောင်းကျန်းတတ်သည့် ကျန်းရီ ရှိနေပြီးသားကို  အခု သူတို့မှာ မီးရှို့သတ်သူ ရှိပြန်နေပြီလား။

ထိုအချိန်တွင် ရွှီမိန် သည် စုန့်လင်လင် နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ရှောင်ရန် လေးကို မခေါ်ခဲ့ပေ။ သွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရတဲ့ ကလေ စိတ်ကို ထိခိုက်စေမှာကို သူတို့ ကြောက်နေကြတယ်။

"ကျွန်မ မတော်တဆ မီးရှို့လိုက်မိတာပါ "

 ရွှီမိန် သည် ရှေ့သို့ တိုးလာသည်၊ သူမ၏ လှပသော မျက်နှာသွင်ပြင်မှာ ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမက ဗိုလ်ကြီးတင်း ကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက မီးတွေတောက်နေတယ်။

"စုန့်လင်လင် နဲ့ ကျွန်မတို့ အိမ်ထဲမှာရှိနေတုန်း ဒီလူဆိုးနှစ်ယောက် ပြတင်းပေါက်အပြင်ဘက်မှာ တွဲလောင်းကျနေတာကို တွေ့လိုက်ရတယ်။ ကျွန်မက အဲ့လူတွေကို ဘာလို့  မီးလုံနဲ့ မပြစ်ရမှာလဲ"

ဗိုလ်ကြီး တင်း သည် တောင့်တင်းနေသော အပြုံးဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။

"မီးရှို့နိုင်ပါတယ်...မီးရှို့နိုင်ပါတယ်......" လို့ သူက  အမြန်ပြောလိုက်ကာ လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။
 "တက်သွားပြီး သူတို့သုံးတဲ့ ကြိုးတွေနဲ့ ကိရိယာတွေကို ရှာကြည့်လိုက်ပါ။"

"မင်းတို့ ထိတ်လန့်သွားခဲ့မိမှာပဲ" အမျိုးသမီးနှစ်ယောက်ကို သူက အမြန်နှစ်သိမ့်ပေးခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် ကပ်ပျက်ခေတ်ကြီး စတင်ပြီး လုံခြုံရေးဇုန်ကို ထူထောင်ပြီးကတည်းက ကင်းလှည့်သူများသည် အတွင်းစခန်းထဲတွင် ဖုတ်ကောင်များကိုမတွေ့ခဲ့ရပါ။ အထူးသဖြင့် အာဏာလုဖို့ စွမ်းအားရှင်များကြား တိုက်ပွဲဖြစ်ကာ သတ်ဖြတ်နေတာ ပိုများသည်။  စွမ်းအားရှင်တွေ ရန်ဖြစ်တယ်ဆိုတဲ့ သတင်းကြားတိုင်း သူတို့ရောက်လာတဲ့အခါ မြေပြင်ပေါ်မှာ အလောင်းတချို့ လဲကျနေတာ ချည်းတွေ့ရသည်။
 

သတ်တဲ့သူကိုသာ ဖမ်းရမယ်ဆိုရင် အခြေစိုက်စခန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေနဲ့ ပြည့်နေလိမ့်မယ်။ ဒါကြောင့်မို့လို့ လူသေတာ မဖြစ်ဘူးဆိုရင် ဒီအတိုင်း လျစ်လျူရှုလိုက်ရတာ ထုံးစံလိုဖြစ်နေသည်။
 
သိပ်မကြာခင်မှာပဲ စစ်သားတွေက ဆင်းလာပြီး ကြိုးပြုတ်ကျကာ မလှုပ်နိုင်သညင့် လူနှစ်ယောက်ကို ခေါ်သွားတယ်။ ထိုလူတွေရဲ့ အပေါင်းအသင်းတွေက  ထွက်ပြေးတာ ကြာပြီ။

လော်ရွှင့် က ရွှီမိန် ကို မျက်လုံး မှိတ်ပြရင်း  ဗိုလ်ကြီးတင်းကို ကူညီကာ သူခိုးနှစ်ယောက်ကို ကားပေါ်တင်လိုက်ကာ သူနှင့် ယန်ဖေးကားထဲသို့ ပြန်ဝင်သွားသည်။

စုန့်လင်လင် သည် ရွှီမိန် ကို အပေါ်ထပ်သို့ လိုက်သွားပြီး မေးလိုက်သည်။
"လော်ရွှင့် က ဘာလို့ ထွက်သွားတာလဲ"

" အိမ်ခန်း 1503 ပြတင်းပေါက်ကို သူခိုးတွေက ဖျက်စီးသွားတယ်လေ။" ရွှီမိန် သည် ထို စုံတွဲ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီး စုန့်လင်လင် အား ရှင်းပြခဲ့သည်။

"ဖန်ပြတင်း လိုက်ရှာနေကြတာလား"

ရွှီမိန် သည် သူမကို အားကိုးတကြီးကြည့်နေသည့် စုန့်လင်လင်၏နဖူးကို ပုတ်လိုက်သည်။

"သူခိုးအဖွဲ့ကိုလိုက်ဖမ်းချင်လို့ ထွက်သွားတာဟဲ့....!"

သူတို့ကိုဒီအတိုင်းလွှတ်ထားလျှင် ထိုဂိုဏ်းက ရက်ပိုင်းအတွင်း ပြန်လာပြီး ဒုက္ခပေးလိမ့်မည်။ သူတို့အိမ်ကို ပစ်မှတ်ထားပြီး အမြဲစောင့်ကြည့်ကာ လစ်ရင်လစ်သလို ခိုးယူနိုင်သည်။  မည်သို့ပင်ဆိုစေကာမူ  အဓိက ကျူးလွန်သူအား ပြင်းထန်သော အပြစ်မပေးနိုင်မချင်း စိတ်အေးလက်အေး နေနိုင်မည် မဟုတ်ပေ။
 
ယန်ဖေးသည် ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ လူအုပ်ကို ကြည့်လိုက်သည်။
"ဒီလူတွေဟာ သိပ်မကြာခင်က စခန်းထဲကို ဝင်သွားနိုင်တယ်။"

လော်ရွှင့် ခေါင်းညိတ်လိုက်သည်။
 "စိတ်မပူပါနဲ့၊ သူတို့နှစ်ယောက်က စွမ်းအားရှင်တွေ ဖြစ်ပေမဲ့ သူတို့က ကြီးမားတဲ့ စွမ်းအားရှိရင် လေထဲ ကြိုးနဲ့ တွဲလောင်းဆင်းလာမှာ  မဟုတ်ဘူး။"

ဒီအချက်ကြောင့် လော်ရွှင့် သည် ယန်ဖေးနှင့် အတူ သူခိုးတွေရဲ့စခန်းကို  စုံစမ်းရန် ရဲရဲတင်းတင်း ထွက်လာခြင်းဖြစ်သည်။  သူသည် လေစွမ်းအားရှင်ကို ယခင်ကမြင်ဖူးပြီး ထိုလူက သူခိုးဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည် - လော်ရွှင့် သည် ယခင်ဘဝတုန်းက သူတို့အဖွဲ့ထံတွင် အကာအကွယ်အခကြေးငွေပေးဆောင်ခဲ့ဖူးသည်။

နောက်တချက်က သူခိုးနှစ်ယောက်ရဲ့စခန်းက   သူတို့ အိမ်တည်နေရာ - အဆောက်အအုံ၏ တောင်ဘက် ခရိုင်အတွင်း၌ တည်ရှိသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ အပြင်ဘက်မှ နေထိုင်သည့် လူများစွာရှိသောကြောင့် သွားလာရလွယ်ကူမည်ဖြစ်သည်။ နေ့ခင်းဘက် အပြင်မှာ ဆူညံသံတွေ အများကြီးကြားရပြီး အိမ်မှာဘယ်သူမှ မရှိဘူးလို့ သူတို့ထင်ခဲ့လိမ့်မည်။

လူတွေက ဒီလို အမြဲလုပ်လေ့ရှိသည်။  ညသန်းခေါင်မှာ လှုပ်ရှားမှုနည်းနည်းက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်နိုင်တယ်။ ဒါပေမယ့် နေ့ခင်းဘက်မှာပဲ  လူတိုင်းအလုပ်သွားနေကြလို့ အခန်းထဲက လူတွေဖောက်ဝင်လျှင်ပင် ဘယ်သူမှ သတိမထားမိ။

ဒီလူအုပ်စုဟာ အချိန်တိုအတွင်း အခြေစိုက်စခန်းမှာ နေထိုင်သူတွေရဲ့ အိမ်တွေကို  အကြိမ်ပေါင်းများစွာ ခိုးယူခဲ့ရပြီး သူတို့ ဘယ်လောက်ကျွမ်းကျင်လဲဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။

လူအုပ်ထဲတွင် ပုန်းနေသည့် အဖွဲ့ဝင်တစ်ယောကက် လဲကျနေသော လေစွမ်းအားရှင်ကိုတွေ့လိုက်ရ သည်။လော်ရွှင့်တို့ နှစ်ယောက်တွဲ ကားဖြင့် ထွက်သွားတာမြင်တော့ တုန်လှုပ်စွာ ဖုန်းခေါ်လိုက်သည်။
"ဘော့စ်... ဟုတ်တယ် နံပါတ်ခြောက်မသေပါဘူး၊ ဒါပေမယ့် ရေခဲကောင်လူသစ်တော့  အသတ်ခံရပြီထင်တယ်။ .. ဟုတ်တယ်၊ မီးလုံးနဲ့ပစ်ခံလိုက်ရတာ...မီးစွမ်းအားရှင်ကို သူတို့ မသတ်နိုင်ခဲ့ဘူး။ သူတို့ရဲ့ ကပ္ပတိန်က အခု ငါတို့နေရာကို လာနေတဲ့ ပုံပေါ်တယ် !"

လူနှစ်ဦးသည် ပစ်မှတ်နေရာကို မောင်းလာကာ ရပ်ထားပြီးနောက် တက်သွားကြသည်။

လော်ရွှင့်တို့ တတိယထပ်သို့ တက်ခဲ့ကြသည်၊ ပစ်မှတ်တွေနေထိုင်သည့် တံခါးသည်  တကယ်တော့ သစ်သားတံခါး ဖြစ်သည်။ လော်ရွှင့် သည် ယန်ဖေးကို ဂုဏ်ယူစွာကြည့်ကာ  သော့တုကို ထုတ်ပြလိုက်သည်။ သော့ကို အလွယ်တကူဖွင့်ပြီး တံခါးကို  ဖွင့်လိုက်တယ်။

ယန်ဖေးက  ပြုံးပြီး တံခါးကိုဖြတ်ပြီး သတ္တုပုံကြီးကို လွှင့်ပစ်လိုက်တယ်။ တကယ်ဆို သူ တံခါးဖွင့်နိုင် ပေမယ့် သူ့ချစ်သူက သူ့စွမ်းရည်ကို ထုတ်ဖော်ပြသဖို့ ဆန္ဒရှိတာကြောင့် သူ လုပ်ခွင့်ပေး လိုက်ခြင်းဖြစ်သည်။

အဆောက်အအုံသည် ခြောက်ထပ်ရှိဖြစ်ကာ ရပ်ကွက်ဟောင်းတစ်ခုတွင် တည်ရှိသည်။ စင်္ကြံတွင် သတ္တု အမြောက်အမြား မျောပါနေသော လူနှစ်ယောက်ကို တွေ့လိုက်ရာ လူအများအပြား လန့်ဖျပ်သွားကြသည်။ မူလက သူတို့ အောက်ကိုဆင်းချင်ပေမယ့် အတွင်းထဲမှာ ပုန်းနေကာ တစ်ခါမှ မတွေ့ဖူးသော လူကို ချောင်းကြည့်နေကြသည်။

ပြီးတော့ သူတို့အိမ်ထဲကို ဝင်သွားကြတယ်... အိမ်ငှားတွေက အဲဒီမှာ ဘယ်လိုလူစားမျိုးနေသလဲဆိုတာ  သိတဲ့အတွက် ဘယ်သူမှ ဝင်မစွက်ဖက်ရဲဘူး။

လူနှစ်ယောက် အခန်းထဲ ဝင်လာတော့ ရှုပ်ပွနေတာ တွေ့လိုက်ရတယ်။ ဟုတ်တယ်၊ အဲဒါက တကယ့်ကို စိတ်ညစ်စရာပဲ။ ထိုင်ခုံအနည်းငယ်သည် မြေပြင်ပေါ်တွင် လဲကျနေပြီး၊ နေရာတိုင်းတွင် ရှုပ်ပွနေသော အိတ်များ အမှိုက်ပုံများနှင့်အတူ လေးလံသော ပရိဘောဂအချို့ဖြင့် အရာအားလုံး ရှုပ်ပွနေခဲ့တယ်။

လော်ရွှင့် က ခေါင်းကိုစောင်းလိုက်ပြီး ယန်ဖေးကို ကြည့်လိုက်သည် ။

"သူတို့က ကျွန်တော်တို့ကို မျှော်လင့်နေလောက်တယ်မလား"

ယန်ဖေးက သူ့နောက်ကို လှမ်းကြည့်လိုက်တော့ အပြင်မှာ မမြင်နိုင်အောင် တံခါးကို ပိတ်ဆို့ထားတဲ့ သတ္တုတချို့ ရှိနေတယ်။ ထိုလူများသည် အခြားအခန်းသို့ ခေတ္တပြောင်းရွှေ့သွားခြင်း သို့မဟုတ် အမှန်တကယ် ထွက်ပြေးသွားခြင်းရှိမရှိ သေချာမသိနိုင်ပေ။
"အသုံးဝင်တဲ့အရာတစ်ခုကိုရှာပါ။" ယန်ဖေးသည် လော်ရွှင့် ၏ ခေါင်းကို အသာလေး ပုတ်လိုက်သည်။

လမ်းခရီးမှာ သူတို့နှစ်ယောက်ဟာ လွတ်နေတဲ့ အိမ်တစ်လုံးကို ရှာဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အမျိုးမျိုး လုပ်ခဲ့ကြတယ်။ သူတို့လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး။ သူတို့နှစ်ယောက်က ဒီအခန်းကို ဂိုဏ်းတစ်ခုရဲ့ အစိတ်အပိုင်းလို့ ထင်ပေမယ့် သူနဲ့ ယန်ဖေးတို့ပဲလာခဲ့တာလေ။ တဖက်အဖွဲ့မှာ စွမ်းအားရှင်တွေ ရှိဦးမှာပါ။ ဘာကြောင့်ထွက်ပြေးသွားတာလဲ။

လော်ရွှင့် နှင့် ယန်ဖေးသည် အဖွဲ့တွင် အခြားစွမ်းအားရှင်များရှိသည်ကို ခန့်မှန်းမိသော်လည်း  ထိုအဖွဲ့သားတွေက သတင်းလက်ခံလိုက်ရသည်ကို သူတို့ မသိပေ။
   "အခု အဖောက်ခံလိုက်ရတဲ့ အသင်းခေါင်းဆောင်က အားလုံးကို ရှင်းပစ်ဖို့ လာနေပြီ !" ဆိုသည့် သတင်းကို ရထားမှတော့ ဘယ်သူက ထွက်မပြေးပဲ စောင့်နေရဲမှာလဲ။

လော်ရွှင့် သည် အသက်ပြင်းပြင်းရှူလိုက်သော်လည်း ဒူးလေးကို မချလိုက်ပေ။ သူက ဖွင့်ထားတဲ့ အိပ်ခန်းထဲကို တိတ်တဆိတ် ဝင်သွားတယ် - အထဲမှာ ဘယ်သူမှ မရှိဘူး။

10 မိနစ်ခန့်ကြာသောအခါ ယန်ဖေးသည် သတ္တုပုံကြီးကို ယူဆောင်လာသည်။ လော်ရွှင့် သည်  ပြတင်းပေါက်အချို့ကို ဖြုတ်ယူခဲ့သည်။ မှန်ခွဲခံလိုက်ရသည့် အိမ်ခန်း 1503 အတွက် ပြုပြင်ရန်   လင်မယားနှစ်ယောက်က သူခိုးတွေဆီကနေ လာယူတယ်လို့ ပြောနိုင်သည်။

လော်ရွှင့် သည် ပြတင်းပေါက်ကို ကြည့်ကာ ညည်းညူလိုက်သည်။ "ဒီက ဖန်ပြတင်းပေါက်နဲ့ ကျွန်တော်တို့အဆောက်အဦးက မတူဘူး!"

ယန်ဖေးက သူ့ချစ်သူကို နှစ်သိမ့်လိုက်တယ်။

"ကိစ္စမရှိပါဘူး၊ အဲဒါကို အရင်ပြန်ယူသွားတာပေါ့၊ အသုံးမဝင်ရင် ရောင်းလို့ရပါတယ်။ အိမ်မှာ ဖန်ကော်ရှိသေးသလိုပဲ၊ အဲ့ဒါနဲ့ ပြန်ပြင်ကြတာပေါ့"

***-***

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now