Chapter (21)_ ပစ္စည်းများဖြန့်ဝေခြင်းနှင့် လုယက်မှုများ
လော်ရွှင့် ၏အိမ်အပါအဝင် လျှပ်စစ်မီးဖြတ်တောက်ခံရကြောင်း ယန်ဖေးက ယခုအချိန်အထိ မသိခဲ့ပေ။ အရင်က စစ်သားတွေက မီးပျက်တာနဲ့ ပတ်သက်ပြီး လော်ရွှင့် ကို ပြောခဲ့ပေမယ့် ယန်ဖေး ကတော့ သူ့ဒဏ်ရာကို စစ်ဆေးပြီးကတည်းက မကြားခဲ့ရပါဘူး။
အစားအသောက်က ပြဿနာမဟုတ်ပါ၊ ဆန်ပြုတ်တင်မကဘူး ။ လော်ရွှင့် ပြုလုပ်ခဲ့တဲ့ အရာအများစုကို ယန်ဖေး စားသုံးခဲ့ပါတယ်။ သူသည် လက်ရှိရာသီဥတုတွင် ပိုမို သိမ်းဆည်းနိုင်မယ့် ဆန်ဖြင့်ပြုလုပ်သော ရိုးရိုးဆန်မုန့် များကို ပြုလုပ်ခဲ့သည်။ ရက်အနည်းငယ်အတွင်း ကနဦး အခြေစိုက်ခန်းကို တည်ဆောက်ပြီးစီးပြီးသည့်နောက် လူတွေက အပြင်ထွက်ကာ အလုပ်လုပ်နိုင်လိမ့်မည်။ ပြီးရင် သူက သူ လုပ်ထားတဲ့ မုန့်ကိုပဲ စားပြီး စခန်းမှာ အလုပ်လုပ်လို့ရလာမယ့် အခြေခံငွေကြေးအချို့ကို သိမ်းဆည်းကာ အသုံးဝင်သောအရာတစ်ခုခုအတွက် လဲလှယ်နိုင်လိမ့်မည်။
လော်ရွှင့် က ယန်ဖေးရဲ့ အခြေနေကို ကြည့်လိုက်ပြီး သူက နှစ်လ သို့မဟုတ် သုံးလခန့် အနားယူရန် လိုအပ်သည်ဟု ခန့်မှန်းလိုက်သည်။ ဤကာလတွင် သူသည် အခြားတစ်ယောက်ကို အိမ်ပေါ်တင်ပြီး ကျွေးမွေးထားရမည်ဆိုရင်....သူက တွေးလေလေ သူ့ဘက်က ရှုံးတယ်လို့ ခံစားရလေဖြစ်သည်။
အကယ်၍ လော်ရွှင့် က လက်နက်ကို ကိုင်တွယ်အသုံးပြုနိုင်စွမ်းလည်းမရှိပဲ သူ့ကိုယ်ပိုင်အခန်းတစ်ခုရခဲ့ရင်၊ ပြီးတော့ ယန်ဖေးကို ချက်ပြုတ်ကျွေးမွေးတဲ့အလုပ်ပဲ ရှိမယ်ဆိုရင် သူ့ဘဝက အတော်လေးကို လုံခြုံတယ်လို့ပြောလို့ရနိုင်ပါတယ်။
ညစာစားပြီးနောက် မီးဖိုချောင်နှင့် ပန်းကန်တွေကို ဆေးကြောပြီး သပ်ရပ်စွာ သိမ်းဆည်းလိုက်သည်။
လော်ရွှင့် က ရေချိုးပြီးနောက် အခန်းထဲသို့ ညင်သာစွာ တက်လာကာ ယန်ဖေးနှင့် သိပ်မဝေးသော အိပ်ရာပေါ်သို့ လှဲချလိုက်သည်။
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies