Chapter (23)_ လူသစ်များ ရောက်ရှိလာကြခြင်း
ဝက်ခြေစွပ်ပြုတ်၏ အရသာရှိသော ရနံ့သည် အနံ့စုပ်သည့် ပန်ကာမှတဆင့် အဆောက်အဦးထဲသို့ ပျံ့လွင့်သွားသည်။ ဒါပေမယ့် ဘယ်သူ့အိမ်က အနံ့ရတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ သူတို့က ကမ္ဘာပျက်ကာလတွင် စားစရာကောင်းကောင်းမရှိတဲ့ကြားက အခုလို သွားရည်ယိုချင်စရာ ဟင်းရနံ့ကို ထုတ်လွှတ်နေသည့် အိမ်ကို ကျိန်ဆဲရုံသာရှိတော့သည်။
လော်ရွှင့် သည် ဟင်းချိုနှင့် အရံဟင်းလျာများ ချက်ပြုတ်ပြီးသည်နှင့် အစားအသောက်ကို အပေါ်ထပ်သို့ သယ်သွားခဲ့သည်။ ဒုတိယအကြိမ် ဆင်းလာတော့ စင်္ကြံမှာ အသံတွေ ယောင်ဝါးဝါး ကြားလိုက်ရတယ်။ သူ့နှလုံးလေးက ခုန်ပေါက်သွားကာ ဝင်ပေါက်ကျဉ်းကျဉ်းလေးတွင် သူ သတိကြီးစွာ ရပ်နေမိသည်။
ဒီထပ်ကို ဘယ်သူတွေ လာလည်ကြတာလဲ။ လောလောဆယ် လော်ရွှင့် ရဲ့အိမ်နဲ့ အောက်ထပ်တစ်လွှာမှာ သူကလွဲရင် တခြားဘယ်သူမှ မရှိတော့ဘူး။
စင်္ကြံထဲရှိ အခြေအနေကို စီစီတီဗီကင်မရာကနေ ကြည့်လိုက်တော့ စစ်သားနှစ်ဦးက သေနတ်များကိုင်ဆောင်ကာ လူငယ်တစ်အုပ်စုကို ၁၆ လွှာသို့ ထပ်သို့ ခေါ်ဆောင်လာခဲ့သည်။ လူငယ်တွေက ကောလိပ်ကျောင်းသားတွေနဲ့ တူနေပြီး လူတိုင်းက ကျောပိုးအိတ်တစ်လုံးနဲ့ ပလတ်စတစ်အိတ်ကို လက်ထဲမှာ ကိုင်ဆောင်ထားကြသည်။
လှေကားထစ်တက်ရတာ ပင်ပန်းပေမယ့် စိတ်လှုပ်ရှားနေတဲ့ မျက်နှာလေးတွေနဲ့ နောက်ဆုံး သူတို့လိုရာကို ရောက်လာပါပြီ။
"ဒီအထပ်မှာ လစ်လပ်နေတဲ့ အခန်းနှစ်ခန်းရှိပြီး အတွင်းအကျဆုံးအိမ်နှစ်အိမ်မှာ လူတွေကျန်ခဲ့ပြီး အဲဒီနှစ်ယောက်က ဒီမှာနေကြတယ်။"
စစ်သားတစ်ယောက်က ကျန်တိုက်ခန်းတွေကို ညွှန်ပြကာ ပြောလိုက်တယ်။
"ကျွန်တော်တို့မှာ ငါးယောက်ရှိတယ်။ ဘယ်တိုက်ခန်းက ပိုကျယ်သလဲ အကိုပင်း..."
လိမ္မာပါးနပ်တဲ့ လူငယ်တစ်ယောက်က ကမန်းကတန်း မေးလိုက်တယ်။
"၁၆၀၁၊ ဒီအခန်းမှာ အိပ်ခန်းသုံးခန်းပါပြီး ကျန်တိုက်ခန်းက အိပ်ခန်းနှစ်ခန်းပဲရှိတယ်။ မင်တို့ငါးယောက် အတူတူနေချင်ရင် မင်းတို့ ဒီတိုက်ခန်းထဲက ကြပ်ကြပ်ညှပ်ညှပ်နေကြပေါ့...အခန်းထဲမှာ နှစ်ယောက်ကို ညှစ်ရလိမ့်မယ်။"
"ကောင်းပါပြီ။ အခန်းတခန်းထဲမှာ လူနှစ်ယောက်နေတာ ကြပ်လို့လား။ ကျွန်တော်တို့ ကျောင်းအိပ်ဆောင်ဆိုရင် ဘယ်လောက်ကျယ်လို့လဲ။ တစ်ခန်းထဲမှာ လူလေးယောက်နေရတယ်!"
"ကောလိပ်အဆောင်က ဘာမှ မဟုတ်သေးဘူး။ ငါတို့ အထက်တန်းကျောင်းက အိပ်ဆောင်ဆိုရင် တစ်ခန်းကို လူ ရှစ်ယောက် ရှိလို့ ကျပ်ညှပ်နေတာပဲ။ ညဘက်ဆို အိပ်ခန်းက ခြေထောက်တွေက အနံ့ဆိုးတွေနဲ့ ပြည့်နေတယ်။"
"ဝတုတ်လေး....မင်း ဒီ 16 ထပ်မှာနေမယ်ဆိုရင် မင်းဗိုက်အဆီတွေက သေချာပေါက် အဆီတွေကျလာမှာပဲ "
"ပြီးခဲ့တဲ့နှစ်ရက်အတွင်း ကျွန်တော် ပေါင်နှစ်ဆယ်လောက် ကျသွားပြီလို့ ထင်တယ်။"
"အကိုကြီးစစ်သားတို့၊ ဒီထပ်မှာနေတဲ့ နှစ်ယောက်က တော်တော်လေး ချောလား"
ကျောင်းသားတစ်ယောက်က လော်ရွှင့် နေသည့် တိုက်ခန်း၏ တံခါးကို ညွှန်ပြပြီး စူးစမ်းလိုစိတ်ဖြင့် မျက်လုံးများ တောက်ပနေသည်။
"မင်းဘယ်လိုထင်လဲ၊ ရင်ခုန်စရာကောင်းတဲ့ အလှလေးတွေကို မျှော်လင့်နေတာလား။ အဲဒီမှာ ယောက်ျားတွေပဲ ရှိတယ်!"
စစ်သားနှစ်ဦးသည် 1604 ခုနှစ်တွင် အမှန်တကယ် ဘယ်သူ နေထိုင်ကြသည်ကို မသိသော်လည်း လူငယ်လေးတွေရဲ့ မျှော်လင့်ချက်များကို ကရုဏာသက်စွာဖြင့် တမင်တကာ ချိုးဖျက်ပစ်လိုက်ပါသည်။ သေချာပါတယ်၊ လူပျိကျောင်းသားလေး ငါးယောက် အသည်းကွဲပြီး 1601 တိုက်ခန်းမှာ နေဖို့ စစ်သားတွေနောက်ကို လိမ်လိမ်မာမာလိုက်လာတော့သည်။
လော်ရွှင့် သည် နောက်ဆုံးလူက ထိုတိုက်ခန်းထဲကို ဝင်သွားသည်အထိ ကြည့်ပြီးမှ စိတ်သက်သာရာ ရသွားသည်၊ ငယ်ရွယ်ပြီး တက်ကြွသော ကောလိပ်ကျောင်းသားငါးဦးသည် မှုန်ကုပ်ကုပ် နှင့် လူကြီးများထက် ပိုနှစ်သက်စရာကောင်းသည်။ သူက တံခါးပိတ်ပြီး စားစရာ ကျန်တာတွေယူဖို့ မီးဖိုချောင်ကို ပြန်လာခဲ့သည်။
"အခု 1601 တိုက်ခန်းမှာ နေထိုင်မယ့် ကောလိပ်ကျောင်းသားငါးယောက် ရောက်လာတယ်။"
ယန်ဖေးသည် မွှေးကြိုင်သော ဝက်ခြေထောက်ဟင်းချိုကို မျိုချလိုက်ပြီး သူ့ကို ကျွေးမွေးသော အစားအစာနှင့် အိပ်ရာကုတင်ထက်မှာ တချိန်လုံး လှဲနေသည့်ပုံစံနှင့်ဆိုရင် ကိုယ်အလေးချိန် အနည်းငယ်တက်လာမည်ကို သံသယ ဖြစ်စရာမလိုပေ။
"ကျောင်းသားတွေ? ဘေးခန်းမှာဘယ်သူမှ မနေဘူးလား"
"လောလောဆယ်တော့ ဘယ်သူမှ မရှိလို့ လွတ်နေတယ်။"
ယနေ့တွင် အဆောက်အအုံ ခုနစ်လုံးကို လည်ပတ်ကြည့်ရှုသူ အနည်းငယ်သာရှိသည်။ လော်ရွှင့် သည် ကောလိပ်ကျောင်းသားငါးဦးကို ဒီလောက်မြင့်မားသောအထပ်တွင် အဘယ်ကြောင့်ရွေးချယ်ခဲ့သည်ဆိုတာကို မသိခဲ့ပေ။
"မနက်ဖြန်၊ မင်း အားတဲ့ အချိန် အဲ့ဒီ ကောလိပ်ကျောင်းသားငါးယောက်နဲ့ သွားတွေ့လိုက်ပေါ့။ မင်းနဲ့ အဆက်အသွယ်ရနိုင်တယ်။ သူတို့ဟာ လူကောင်းတွေဖြစ်ရင် တစ်ယောက်တည်းနေတာထက် ပိုလုံခြုံလိမ့်မယ်"
လော်ရွှင့် သည် ပြုံးပြီး မျက်မှိတ်ပြကာ ပြောလိုက်သော ယန်ဖေးကို ကို အံ့သြစွာ လှည့်ကြည့်လိုက်သည်။
"မနေ့ က အဲဒီဒေသမှာ လုယက်သူ တွေ ရှိလာတယ်မဟုတ်လား။ သူငယ်ချင်းဖွဲ့တာ မကောင်းတဲ့အလုပ် မဟုတ်ပါဘူး "
မှန်တယ်... သူတို့နဲ့ မရင်းနှီးသော်လည်း အကျပ်အတည်းတစ်ခုကြုံနေရစဉ် အတွင်း တစ်ယောက်တည်း နေခြင်းထက် အဖော်ရှိတာ ပိုကောင်းသည်။ ယန်ဖေးသည် ယခုအခါ ဒဏ်ရာများ ရနေသော်လည်း သူ၏ စွမ်းရည်မှာ အားကောင်းနေသေးပေမယ့် သူက ယခုအချိန်တွင် အပြင်မထွက်နိုင်သေးပေ။ လော်ရွှင့် သည် အခြားသူများကို အသက် အန္တရာယ်ဖြစ်စေအောင် လုပ်မည် မဟုတ်ပေ။ လူအများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းမယ်ဆိုရင် သူ့ရဲ့ သံသယကြီးတတ်တဲ့စရိုက်က အဖွဲ့နဲ့နေရင်း တဖြည်းဖြည်းပျောက်သွားမယ်လို့ မျှော်လင့်မိသည်။
သူက ခေါင်းညိတ်ပြပြီး ဟင်းချိုကို ဆက်သောက်ရင်း ယန်ဖေးရဲ့ ဆိုလိုရင်းကို နားလည်သည်ဟု ဆိုသည်။ ခွေးကလေးသည် ဝက်အရိုးများကို ပျော်ရွှင်စွာ ကိုက်နေကာ ဟောင်သံလေးပေးပြီး သူတို့ ခြေရင်းတွင် လှဲနေသည်။ အသားမရှိရင်တောင် အရိုးတွေက အရမ်းမွှေးတယ်လေ။
နှိုးစက်ပေးထားပြီး၊ ယူသွားရမယ့် လိုအပ်သည့် ကိရိယာများ၊ အစားအစာစသည်ဖြင့် နောက်နေ့အတွက် အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ နှစ်ယောက်သား အစောကြီး မီးပိတ်ပြီး မိုးလင်းတဲ့အထိ အိပ်ကြတယ်။ လော်ရွှင့် နိုးလာသောအခါ မှောင်နေသေးသည်။
ယန်ဖေးအသုံးပြုရန် လိုအပ်သည့်အရာအားလုံးကို ကုတင်ဘေး စားပွဲပေါ်တွင် အဆင်သင့်ဖြစ်စေရန် ထားပေးခဲ့ကာ လှေကားမှ အောက်ထပ်ကို ဆင်းခဲ့သည်။ လော်ရွှင့် သည် Puppy ၏လှောင်အိမ်အားဖွင့်ပြီး ပန်းကန်များထဲတွင် နွားနို့နှင့် ခွေးစာများဖြင့် အ ပြည့်ဖြည့်ပေးခဲ့သည်။ ထို့နောက် သူ့အိမ်ရှိ သီးနှံပင်များ၏ အခြေအနေကို စစ်ဆေးသည်။ လော်ရွှင့် သည် သူ၏အဝတ်အစားများ၊ ကျောပိုးအိတ်နှင့် ဘေ့စ်ဘောရိုက်တံများဖြင့် အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကံကောင်းထောက်မစွာပဲ တက္ကသိုလ်ကျောင်းသားငါးဦးလည်း သူတို့ရဲ့ ရိက္ခာတွေသယ်ပြီး ထွက်လာခဲ့ပါတယ်။ အရေအတွက်နည်းသောကြောင့် ခုလို ဆုံစည်းလိုကြခြင်းဖြစ်နိုင်သည်။ သူတို့အတွက် အဓိက အချက်ကတော့ ဘေးကင်းလံြုခုံဖို့ဖြစ်တယ်။
လော်ရွှင့် ၏ အခန်းတံခါးနှင့် မျက်နှာချင်းဆိုင် အခန်းတံခါးက တပြိုင်နက်တည်း ပွင့်လာခဲ့သည်။
"အာ...ခင်ဗျားက ဘေးအိမ်ကလား။ မနေ့က ကျွန်တော်တို့ ဒီကို ပြောင်းလာခဲ့တယ်။"
စိတ်အားထက်သန်သော ကျောင်းသားတစ်ယောက်က လော်ရွှင့် ကို နှုတ်ဆက်လိုက်သည်။
လော်ရွှင့် သည် သူတို့နှင့် အသက်ရွယ်တူကြောင်း လူငါးယောက်က မြင်လိုက်ရသည့်အပြင် လော်ရွှင့် ၏ မျက်နှာထက်မှာ ဆိုးသွမ်းသည့် အရိပ်အယောင် မတွေ့ရသဖြင့် စိတ်လျှော့လိုက်ကြသည်။
" အလုပ်မရှိတာ မကောင်းဘူး။ မနေ့တနေ့ကမှ တစ်ယောက်ယောက်က အခြေစိုက်စခန်းမှာ လူတိုင်းက အလုပ်တစ်ခုခုလုပ်ရမယ်လို့ ပြောတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ အများလုပ်နေတဲ့ ဆောက်လုပ်ရေးလုပင်းငန်းခွင်မှာ မပါဝင်ရင် ဒဏ်ရိုက်ခံရမယ်တဲ့...."
ကောင်လေးတစ်ယောက်က ရှင်းပြနေစဉ် နောက်တစ်ယောက်က ရုတ်တရက်မေးလိုက်သည်။
"မင်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေထဲကလား။ ကိုယ့်အိမ်မှာကိုယ်ပဲ နေတာလား? ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်ရက်အတွင်းကမှ မင်းကို ဒီနေရာမှာ နေရာချထားပေးခဲ့တာလား။"
"ကျွန်တော့်အိမ်က ဒီမှာပါ၊ ဒါတွေမဖြစ်ခင်လေးမှ ဒီကို ပြောင်းရွှေ့ခဲ့တာပါ။ မင်းတို့တွေကော ဘယ်ကလာတာလဲ။ အားလုံး အောက်ထပ်ကို အတူတူဆင်းကြမလား"
"ငါတို့က X-Universityက ကျောင်းသားတွေဖြစ်ပြီး အခန်းဖော်နဲ့ အတန်းဖော်တွေဖြစ်တယ်။"
"X-တက္ကသိုလ်လား? ဒီနေရာနဲ့ သိပ်မဝေးဘူးပေါ့။"
လော်ရွှင့် ၏မှတ်ချက်ကိုကြားတော့ တချို့က သက်ပြင်းချလိုက်စဉ် အလယ်မှာ တစ်ယောက်က မှတ်ချက်ချခဲ့သည်။
"ဟောကိန်းထုတ်တဲ့ပို့စ်တစ်ခု အွန်လိုင်းပေါ်မတက်ခင်ညက ဖုတ်ကောင်ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကို တင်ခဲ့တယ်။ နောက်တစ်နေ့ဟာ လူသားတွေရဲ့ အေးချမ်းတဲ့အခြေနေအတွက် နောက်ဆုံးဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ လီထယ်....... အဲဒါ သူပဲ၊ သူက အဲ့ဒီ ပို့စ်ကို ရက်အတော်ကြာကတည်းက တင်ခဲ့ပြီး ဒီအကြောင်းကို စောင့်ကြည့်ပြီး ဆွေးနွေးခဲ့တယ်လေ။ အဲ့ဒါက တကယ်ကော ဟုတ်ရဲ့လားလို့ တောင် ငါ တွေးမိသေးတယ်။ ဘာပဲပြောပြော နောက်နေ့ တနင်္ဂနွေ ဆိုတော့ ကျောင်းမှာ လူတော်တော် များများရှိတဲ့အတွက် ဒီလိုဖြစ်လာတဲ့အချိန် ပုန်းအောင်းဖို့ ရာက အန္တရာယ် များလွန်းတယ်။ ဒါကြောင့် ငါတို့ ကျောင်းဆောင်ထဲမှာ အနားယူမယ့်အစား အစားအသောက်ဝယ်ဖို့ စူပါမားကတ်ကိုသွားပြီး ဟိုတယ်တစ်ခုဆီ ပြေးပြီး ဌားနေကြတယ်။"
လော်ရွှင့် သည် အေးခဲသွားပြီး လူငါးဦးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ပို့စ်? ဘာပို့စ်လဲ"
"ကမ္ဘာပျက်ကပ်ကြီးဆိုက်ရောက်လာတဲ့အချိန်အတွင်း နည်းပညာကို ဘယ်လိုဖန်တီးပြီး အသုံးပြုရမလဲဆိုတဲ့အကြောင်းကို တင်တဲ့ ပို့စ်ကိုပြောတာ။"
လီထယ်သည် လူငယ်အဖွဲ့၏ ဒုတိယ အရပ်အမောင်းမြင့်မြင့်နှင့် အပိတ်ပါးဆုံးဖြစ်ပြီး ရိုသေလေးစားဖွယ်ကောင်းသော မျက်နှာရှိသည်။ သူက လက်ခုပ်တီးကာ ပြောလိုက်သည်။
"အဲ့ဒီစာရေးဆရာက အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်မယ်လို့ အခုမှ ငါ ယုံကြည်လာတော့တယ်။ ဒါမှမဟုတ် သူက ပြန်လည်မွေးဖွားလာခဲ့တစ်ယောက်လား!"
"သူက အခု WasteWoodHouse ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်နေပြီလေ။"
ထွားကြိုင်းသော ဝဝနဲ့ကောင်လေးက ထိုလူငယ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"မင်းကော အဲ့စာရေးဆရာကို ယုံကြည်သူမဟုတ်ဘူးလား?"
"ယုံကြည်သူ ပရိတ်သတ် ၊ အမာခံ ပရိတ်သတ် ဆိုတာ သေချာတာပေါ့ကွ..... !"
လော်ရွှင့် ၏ နားရွက်များ နီရဲလာသည်။ သူ့ပို့စ်ကို ဘယ်သူကမှ ယုံလိမ့်မှာ မဟုတ်ဘူးလို့ ထင်ခဲ့သည်။ ဒါပေမယ့် မထင်မှတ်ပဲ သူ့ကို ယုံကြည်လေးစားတဲ့ ဖန်တွေနဲ့ အခုလို တွေ့ရမယ်လို့ လော်ရွှင့် လုံးဝ မမျှော်လင့်ထားခဲ့ဘူး။
သူ့မှာ အတွေးတစ်ခုရှိပြီး မျှော်လင့်ချက်ကို ဆုပ်ကိုင်ရင်း လူငယ်အုပ်စုကို မေးလိုက်သည်။
"ဒီလောက်မြင့်တဲ့အထပ်မှာ မင်းတို့ ဘာလို့ရွေးနေတာလဲ။ အပေါ်ဆုံးထပ်က တက်ဆင်းရ မဆင်မပြေဘူးမဟုတ်လား။ ငါ့အိမ်က 16 လွှာမှာဆိုတော့ ရွေးချယ်စရာ မရှိတော့လို့ နေရတာ..."
လူငါးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လော်ရွှင့် သည် လူဆိုးမဟုတ်ဟု ထင်လိုက်သည်။ သူ့မှာ အခန်းတစ်ခန်းရှိထားပြီးသားဆိုတော့ အနှေးနဲ့အမြန်ဆိုသလို သိလာမှာပဲလို့ တွေးပြီး သူတို့က ခပ်တိုးတိုးလေးပြောလာတယ်။
"တကယ်တော့ ကျွန်တော်တို့က သဘာဝအလင်းရောင်ကောင်းကောင်းရတဲ့ အခန်းကို လိုချင်တာပါ။ ဒီအဆောက်အဦးက အလင်းရောင် အရှိဆုံး အဆောက်အဦး မဟုတ်လား။"
"မှန်ပါတယ်၊ အဲဒီဘေးကပ်လျက် နေရာကို တခြားအဆောက်ဦးဆောက်ဖို့ အသုံးပြုထားရင်တောင် ၁၆ လွှာကို အလင်းရောင် ပိတ်ဆို့ဖို့ မဖြစ်နိုင်ပါဘူး။"
လီထယ်လို့ခေါ်တဲ့တစ်ယောက်က လော်ရွှင့်ရဲ့ ပခုံးကို ပုတ်လိုက်သည် ။
"အခု ကမ္ဘာတစ်ဝှမ်းလုံးက ဖုတ်ကောင်တွေနဲ့ ပြည့်နေပြီ။ လူသားတွေရဲ့ နေထိုင်ရာနေရာ အရွယ်အစားက ကျုံ့သွားမှာ သေချာပါတယ်၊ အရင်းအမြစ်တွေက အသုံးမဝင်တော့ပါဘူး။ အနာဂတ်မှာ အစိမ်းရောင်အပင်တွေ အတွက်နဲ့ ညစ်ညမ်းမှု ကင်းစင်တဲ့ စွမ်းအင်ဟာ အဓိက အားထားစရာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။"
"ဒါနဲ့ မင်းက အိမ်မှာ တစ်ယောက်တည်းနေတာလား"
နောက်ကျောင်းသားတစ်ယောက်က မေးတယ်။
"ငါ့ဝမ်းကွဲနဲ့အတူနေတာပါ"
လော်ရွှင့် က ပြုံးပြီး သူတို့ရဲ့ ပဟေဋ္ဌိဖြစ်နေတဲ့ မျက်နှာတွေကို မြင်ပြီး အမြန်ရှင်းပြလိုက်သည်။
"ငါ့ မိဘတွေ ဆုံးပါးသွားခဲ့ပြီး ငါတစ်ယောက်တည်း နေခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ ဝမ်းကွဲက လှေကားကနေ ပြုတ်ကျပြီး ခြေထောက်ကို ဒဏ်ရာရသွားတယ်။ ဒီအချိန်မှာ သူ မလှုပ်နိုင်တော့လို့ အိမ်မှာ အိမ်စောင့်လုပ်နေရတယ်။"
"အိုး သူ့ခြေထောက်က အဆင်ပြေရဲ့လား"
"လွန်ခဲ့တဲ့ ၂ ရက်လောက်က စစ်တပ်က လာစစ်ဆေးပေးသွားတယ်။ အရိုး နည်းနည်းလေး ကျိုးတာကလွဲရင် ဘာမှ မရှိဘူး။ မလှုပ်မယှက်နဲ့ အနားယူဖို့ပဲ လိုတယ်။"
လော်ရွှင့် က ထိုအဖွဲ့သည် ဒဏ်ရာ၏ အရင်းအမြစ်ကို စိုးရိမ်နေသောကြောင့် ရှင်းပြခဲ့သည်။
ယန်ဖေးက အမှန်တကယ် တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြရန် မလိုအပ်ပါ။ နောက်ဆုံးတော့ ယန်ဖေးကို နာကျင်စေခဲ့တဲ့လူက အဲဒီနေရာမှာပဲ ရှိနေသေးတယ်။
နှစ်ဖွဲ့လုံး အောက်ထပ်သို့ဆင်းလာရင်း အချင်းချင်း မိတ်ဆက်ခဲ့ကြသည်။
WasteWoodHouse ၏ အမာခံပရိတ်သတ်ကို လီထယ် ဟုခေါ်ပြီး ဖက်တီးလေးမှာ ဟော်ချန်ခွန်း ဟုခေါ်သည်။ သူ့ဗိုက်က စကြဝဠာလောကို ကျယ်တယ်လို့ သူတို့အုပ်စုက အရွှန်းဖောက်ကာပြောခဲ့သည်။ အရပ်အရှည်ဆုံးကတော့ ဟန်လိဟုခေါ်သည်။ ၊ ဝက်ခြံပေါက်နေတဲ့သူက ဝူရှင်းဟုခေါ်ပြီး နောက်ဆုံး တစ်ယောက်ကတော့ ရိုးသားပြီး ကြည့်တဲ့ကောင်လေးဖြစ်ပြီး ဝမ်သော် ဟု ခေါ်သည်။ သူတို့ အားလုံးက ဂျူနီယာ ကျောင်းသားတွေဖြစ်ပြီး သတင်းအချက်အလက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်ကို သင်ယူကြသူတွေဖြစ်သည်။
လူခြောက်ယောက်သည် အောက်ထပ်သို့ ဆင်းလာရာ ဧရိယာ အပြင်ဘက်တွင် အခြားသူများ သွားလာနေကြသည်ကို တွေ့လိုက်ရသည်။ လော်ရွှင့်နှင့် တက္ကသိုလ်ကျောင်းသားငါးဦးတို့သည် ရှေ့သို့ လျှောက်လာခဲ့စဉ် ထိုနေရာတွငသ် ရှိသည့် လူတွေက နှစ်ဖွဲ့ကွဲနေပြီး တဖွဲ့က အေးအေးဆေးဆေး စကားစမြည်ပြောဆိုကြပြီး ကျန်တဖွဲ့သည် သူတို့ပတ်ဝန်းကျင်ရှိ လူများကို စောင့်ကြည့်နေကြသည်။
လော်ရွှင့် က ရန်ဖေးကို တိုက်ခိုက်ခဲ့သောသူကို တွေ့နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဟိုဟိုသည်သည်ကြည့်လိုက်တော့ မထင်မှတ်ပဲ အသိမိတ်ဆွေ အနည်းငယ်ကို တွေ့လိုက်ရသည်။ အရင်ဘဝက ဖုတ်ကောင်မဖြစ်အောင်နေထိုင်နည်း၊ ရေထုညစ်ညမ်းမှုရန်မှ ကာကွယ်နည်း၊ သီးနှံများ မျိုးပြောင်းသွားမည့် ဘေးအန္တရာယ်များ၊ တိရိစ္ဆာန်မျိုးပွားခြင်းနှင့် မျိုးရိုးဗီဇပြောင်းလဲခြင်းဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးခဲ့သည့်အတွက် လွတ်မြောက်ခဲ့ကြသူအများစုသည် လော်ရွှင့် အပေါ် အထင်ကြီးကျန်ရစ်ခဲ့ကြသည်။
ဒီအချိန်မှာ အသက်ဆက်ရှင်ခဲ့ကြတဲ့အချိန်တွေမှာ လော်ရွှင့်နှင့် ရင်းနှီးတဲ့ မျက်နှာတွေရှိသလို လော်ရွှင့် မေ့ပစ်ရန် အလိုရှိခဲ့သူလည်း ရှိခဲ့သည်။
ဟော်ချန်ခွန်းထက် ပိုဝသည့် သားဖြစ်သူ ကျောင်းသားတစ်ယောက်နှင့် ခင်ပွန်း ရှိသည့် အမျိုးသမီးတစ်ဦးကို လော်ရွှင့် တွေ့လိုက်ရသည်။ သူတို့ကို လော်ရွှင့် က အပြစ်မကင်းဟန်ဖြင့် ကြည့်နေခဲ့သည်။ သူတို့ကို အရင်က ထိုဒေသတွင် မတွေ့ဖူးသောကြောင့် မိသားစုသုံးယောက်က ဒီဘဝမှ ထပ်ပေါ်လာမည်မဟုတ်ဟု သူ ထင်ခဲ့သည်။
မထင်မှတ်ပဲ သူတို့ အခြားနေရာကို လှည့်ပတ်သွားလာခဲ့ပြီး ဒီကိုပြန်လာခဲ့တယ်။ ဒီသုံးယောက်ဟာ သူ့အရင်ဘဝတုန်းက အခန်း 1604 ၊ အဆောက်အဦး 7 မှာ နေထိုင်ခဲ့တဲ့ မိသားစု ၃ ယောက်ဖြစ်တယ်။
*********-************
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies