Chapter (66) _ ဒုတိယ အုပ်စု ဖုတ်ကောင်ဆွဲခံရပြီ

3.5K 575 2
                                    

Chapter (66) _ ဒုတိယ အုပ်စု ဖုတ်ကောင်ဆွဲခံရပြီ


စစ်ဂျစ်ကားပေါ်တွင်ထိုင်နေသော ယန်ဖေးက ကပ္ပတိန် တစ်ယောက် နံရံပေါ်သို့ တက်နေသော သူ့လူများကို ကျယ်လောင်စွာအော်ခေါ်လိုက်သည်ကို ကြည့်နေသည်။
 "မြေစွမ်းအားရှင်တွေဟာ ပြင်ပတံတိုင်းကို  ၂ ကြိမ်တောင် ပိုမြင့်၊ ပိုထူအောင် တိုးချဲ့ပြီပြီလို့ သတင်းပို့ခဲ့တယ်။   ဒါကြောင့် ငါတို့ရဲ့ နံရံကြံ့ခိုင်မှုဖြစ်စဉ်ကို တတ်နိုင်သမျှ အမြန်ဆုံး မြှင့်တင်ဖို့လိုတယ်။ မဟုတ်ရင် ဒီဟာက ဟန်ချက်ညီမှာမဟုတ်ဘူး။  "

ယနေ့ မြို့ရိုးသည် ခြောက်မီတာမြင့်ပြီး အထူတစ်မီတာခန့်ရှိသည်။ အပြင်ဘက် သတ္တုနံရံသည် အထူ ၁၀ စင်တီမီတာသာ ရှိပြီး အနည်းဆုံး သတ္တုနံရံ တစ်ဝက်ခန့် တည်ဆောက်ရန် လိုသေးသည်။

"ဗိုလ်ကြီး၊ သတ္တုနံရံ့ ပိုထူဖို့ လိုသလား"
သတ္တုစွမ်းအားရှင်  တစ်ဦးသည်   အမြူတေ ကို စုပ်ယူနေစဉ် မေးခဲ့သည်။

"ဟုတ်တယ်၊ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။ အနာဂတ်သတ္တုနံရံကို အနည်းဆုံး တစ်မီတာအထူဖြစ်အောင် ပြုပြင်ရမှာဖြစ်ပြီး စခန်းမှာ  သတ္တုအလုံအလောက် မရှိသေးဘူး။ နောက်ထပ် သတ္တုရလာတဲ့အထိ စောင့်ရဦးမယ်။အပြင် နံရံကို ချဲ့ထွင်ဖို့ လိုရုံမကဘူး အတွင်းနံရံလည်း ခိုင်ခံ့ပြီး ထူဖို့ လိုတယ်။"
ကပ္ပတိန်က သက်ပြင်းချကာ အတွင်းမြို့ရိုးဘက်ကို လှမ်းကြည့်ကာ ပြောလိုက် သည်။ တကယ်တော့ မြို့ရိုးဆိုတာ အကာတစ်ခုသာဖြစ်ပြီး တကယ်လို့ ဖုတ်ကောင်သာ မြို့ထဲဝင်လာနိုင်ရင်     ဖုတ်ကောင်များကို လူသားများနှင့်အတူ ပိတ်ဆို့ထားသလို ဖြစ်မယ်ဆိုပေမယ့်  ထူထဲသောနံရံနဲ့ အကာအကွယ်ပေးမှသာ လူတွေ စိတ်ထဲ လုံခြုံသလို ခံစားရမည် ဖြစ်သည်။
စစ်သားတစ်ယောက်က ဒီစကားကိုကြားတော့ ရယ်လိုက်တယ်။
 "နောက်တစ်ကြိမ် ဒီတံတိုင်းကို ထပ်မြင့်မယ်ဆိုရင် မကြာခင်မှာ ဥရောပက ရဲတိုက်ကြီးတွေလို ဖြစ်လာတော့မှာပဲ။"
အခြားစစ်သားက ပြုံးပြီး ထောက်လှမ်းရေးမျှော်စင်ကို ညွှန်ပြကာ ဆက်ပြော သည်။
 "အဲ့လိုဖြစ်ဖို့ သိပ်မလိုတော့ဘူး။ မနေ့ က အထက်လူကြီးတွေဆီက ကင်းမျှော်စင်နဲ့ ငါတို့ အုတ်ရိုးကို ချိတ်ဆက်ထားတဲ့  ကျောက်တံတား  နောက်ထပ် ဆောက်မယ် လို့ ကြားတယ်။"

အရင်ကလို ပိတ်မိနေတာမျိုးကို ရှောင်ရှားဖို့အတွက် အစောင့်တွေရှိတဲ့ ကင်းမျှော်စင်နဲ့     အခြေစိုက်စခန်းက ကင်းတဲတစ်ခုစီနဲ့ ချိတ်ထားတဲ့ အုတ်တံတားတခုကို တည်ဆောက်ဖို့  နည်းလမ်းကို ရှာတွေ့ခဲ့ကြတယ်။ သေးငယ်တဲ့ တံတားက    နံရံနှင့် ချိတ်ဆက်ထားကာ  တစ်ကြိမ်လျှင် လူတစ်ဦးသာ လမ်းလျှောက်နိုင်ပြီး ရှေးဟောင်း ရဲတိုက်အစောင့်မျှော်စင်တစ်ခုကဲ့သို့ ဖြစ်နေသည်။

အောက်ခြေဖောင်ဒေးရှင်းကို  မြေစွမ်းအားရှင်  နှင့် အတွေ့အကြုံရှိ  စခန်းရဲ့ ဗိသုကာပညာရှင်များပူးပေါင်းဆောင်ရွက်ကြပြီး တံတားက  တစ်ဝက်ကွေး ခုံးတံတားနဲ့  ဆင်တူသည်။ ထို့နောက် သတ္တုစွမ်းအားရှင်များကို ခိုင်ခံ့အောင်ကူညီတည်ဆောက်ပေးဖို့ ဖိတ်ခေါ်ခဲ့သည်။

နောက်ပိုင်းတွင် ထိုတံတားအတွက် အကာအရံများ ထပ်မံတည်ဆောက်ရန် လိုအပ်ပြီး ထောက်ပံ့ရေးဝန်ထမ်းများ သွားလာနိုင်စေဖို့  ဆက်သွယ်ရေး လမ်းကြောင်း အချို့ကို တည်ဆောက်ရန် စိတ်ကူးရှိခဲ့သည်။ ထိုသို့လုပ်တာက ဆုံးရှုံးသွားတဲ့ တံတားတွေကို ပြန်လည်ဆယ်ယူနိုင်မပါ့မလားလိ့ လော်ရွှင့် က သံသယရှိခဲ့တယ်။

ထို့အပြင် လော်ရွှင့် သည် သူ၏ အတိတ်ဘဝက ဖြစ်စဉ်အကြောင်းကို ရှင်းရှင်းလင်းလင်း အမှတ်ရနေခဲ့ပြီး မကြာမီတွင် အခြေစိုက်စခန်းသည် တကယ့် ရဲတိုက်ကို တည်ဆောက်တော့ မည်ဖြစ်သည်။ ရဲတိုက်က အထပ်မြင့် တံတိုင်းများရှိသော စစ်တန်းလျားများအနီးတွင် တည်ဆောက်လိမ့်မည်။ ကံမကောင်းစွာပဲ လော်ရွှင့် သည် သူ၏အရင်ဘဝတွင် ထိုရဲတိုက် အတွင်းပိုင်းရှိသောအရာများကို မြင်ခွင့်မရှိခဲ့သော်လည်း ယခုဘဝတွင်... သူနှင့် ယန်ဖေး တို့သည် အလုပ်ခွင်မှာ ပါဝင်နေလို့ သေချာမြင်ရလိမ့်မည်။ ဒါပေါ့.... သူက တည်ဆောက်ရေးမှာ တိုက်ရိုက် မပါဝင်ပေမယ့် ယန်ဖေး က အလုပ်မှာ သေချာပေါက် ကူညီပေးရလိမ့်မယ်။

ကပ္ပတိန်က သတင်းကိုပြောပြပြီးနောက် ယန်ဖေး နှင့် အခြားသူများသည် အမြူတေမှ စွမ်းအင်အများစုကို စုပ်ယူလိုက်ကြပြီး နံနက်ပိုင်းအလုပ်များကို အဆုံးသတ် လိုက်ကြသည်။ ယခင်ကကဲ့သို့ သူတို့ ခင်ပွန်းလင် နှစ်ဦးက ဆုံရပ်ကို ပြန်လာပြီး ကင်တင်းသို့ သူတို့ ကားဖြင့် ဆက်ထွက်လာခဲ့သည်။
 နွေဦးပွဲတော်အပြီးတွင် အိမ်တွင်နေထိုင်သူ နည်းပါးလာကာ အများစုသည် ရိက္ခာ ရနိုင်ဖို့ အလုပ်ရှာကြသည်။ အလုပ်ကြမ်းလုပ်ဖို့ရှက်သူများသည် ဖုတ်ကောင် နယ်မြေ အတွင်း ရိက္ခာများစုဆောင်းရန် ပိုမိုရဲရင့်သော လူများဖြင့် အဖွဲ့ ဖွဲ့ထားသော်လည်း ထိုအဖွဲ့ထဲ မပါနိုင်သူတွေက အခြေစိုက်စခန်းထဲတွင် အလုပ်ရှာကြမည်ဖြစ်သည်။ လူ များစွာ စားစရာတွေ၊ အမှတ်တွေကို စုဆောင်းပြီး တကယ် အစွမ်းအစရှိသူများနှင့် အဖွဲ့ကို ဖွဲ့စည်းရန် ကြိုးစားခဲ့ကြသည်။ စုဆောင်းရေးအဖွဲ့ ဆိုသည့် စာတန်းပါသော လူခေါ်သည့် စားပွဲတွေများပြားလာသည်နှင့်အမျှ လမ်းများပေါ်တွင် ဈေးဆိုင်များ လျော့နည်းလာသည်။
သူတို့နှစ်ယောက် ကားမောင်းလာရင်း လမ်းအလယ်မှာ ရပ်နေတဲ့ အမျိုးသားတချို့က သူတို့ရဲ့ကားထဲကို လက်ကမ်းစာစောင်တွေ ပေးခဲ့လို့ လော်ရွှင့် က ယန်ဖေး ကို မေးလိုက်သည်။
 "အဲဒီထဲမှာ ဘာရေးထားလဲ"
သူသည် အခြေစိုက်စခန်းအပြင်သို့  ထွက်ခွာရန် ပျင်းလွန်းသဖြင့် အိမ်တွင် စိုက်ပျိုးရေးလုပ်ကာ အသက်မွေးဝမ်းကျောင်းပြုရန် လိုလားပေမယ့် သူ့ နှလုံးသားထဲတွင်   ဖျော်ဖြေရေး ဘာမှ မရှိသည့် အိမ်ထဲ အမြဲထာဝရနေဖို့ကို မလိုလားပေ။ အခုလို  အဖွဲ့ပေါင်းစုံက လူတွေကို နည်းပေါင်းစုံနဲ့ ဆွဲဆောင်နေတယ်ဆိုတာ မြင်နေရတော့ အရည်ချင်းရှိသည့် လူသစ်လေးတွေအတွက် ဒါက အခွင့်ကောင်းပဲလို့တွေးနေမိသည်။
 ယန်ဖေး သည် လက်ကမ်းစာစောင်များကို ကြည့်ကာ နူတ်ခမ်း တွန့်သွားသည်။
"ဘာတွေ ထူးလို့လဲ?"
 လော်ရွှင့် သည်   လမ်းများတွင်  ဖြတ်သွားဖြတ်လာ များနေသဖြင့်  ဂရုတစိုက် မောင်းနှင်ခဲ့သည်။ ကားက အရမ်းမြန်တာမဟုတ်ပေမယ့် ရုတ်တရက် အမြန်ပြေးထွက်လာသူ ရှိတတ်လို့  ကားမောင်းနေစဉ် တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခုခုကို ဂရုမစိုက်ဘဲ ဝင်တိုက်လေ့ရှိသည်။
"ရိုးရိုးအဖြူရောင်စက္ကူပေါ်မှာ လက်ရေးနဲ့ရေးတားတာ။"
ယန်ဖေးက စာရွက်ကို ဂရုတစိုက်ကြည့်ကာ ကပ်ဆိုးကာလ မတိုင်ခင်က ကွန်ပြူတာဖြင့် ရိုက်နှိပ်ထားသော စာရွက်ပေါ်တွင် လူခေါ်သည့် စာကို ဘောပင်နဲ့ ထပ်ရေးထားတာကို  တွေ့ရှိခဲ့သည်။
"အိုး၊ စာရွက်တွေ ပြတ်လပ်နေပြီပဲ"
လော်ရွှင့် က ဒါက ပုံမှန်ပဲလို့ ထင်တယ်။ ဒီလိုကပ်ဆိုးကာလမှာ စာရွက်ကို ဘယ်သူက ရှာနိုင်မလဲ၊ နောက်ထပ်တစ်နှစ်လောက် စောင့်လိုက်မယ်ဆိုရင် လူတိုင်းက  ဒဏ္ဍာရီထဲကလို ကျူရိုးပေလွှာတွေကို ပြန်လည်သုံးရလိမ့်မယ်။
"... စာလုံးပေါင်းက မှားနေတယ်"
 ယန်ဖေးက ရေးထားတဲ့ စကားလုံးတွေကို စိုက်ကြည့်ရင်းပြောခဲ့တယ်။
"ဒါက ပုံမှန်ပါပဲ။ စာရိုက်ဖို့ လူတိုင်းက မိုဘိုင်းလ်ဖုန်းနဲ့ ကွန်ပြူတာကို သုံးနေခဲ့ကြလို့ လက်နဲ့ရေးချိန်မှာ စာလုံးပေါင်းမှားတာက ပုံမှန်ပါပဲ။"
လော်ရွှင့် က အရင်ဘဝကဖြစ်ရပ်ကို သတိရပြီး ခေါင်းညိတ်ပြလိုက်သည် - သူ ဘာမှ မရေးဖြစ်တာ အတော်ကြာပြီ... အရင်ဘဝကတော့ ရှားရှားပါးပါး ဘောပင် တစ်ချောင်း သုံးပြီး ရေးတတ်တယ်။အခု ပြန်လည်မွေးဖွားလာပြီးချိန်  စကားလုံးတစ်လုံး ရေးဖို့ လုပ်တိုင်း သူ့ဖုန်းနဲ့တိုက်စစ်ကြည့်တယ်။ ဒါဆို သူ့စာရေးစွမ်းရည်က မဆိုးဘူး မလား?
ယန်ဖေးက ဒါကိုကြားတော့ သက်ပြင်းချလိုက်သည်။
 "သူတို့က တရုတ်ရိုးရာတိုင်းရင်းဆေးညွှန်းထဲက စာလုံးတွေကိုတောင် ကိုးကားပြီးရေးခဲ့မယ် ထင်တယ်၊ ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်က သိဖို့တောင် ခက်ခဲတယ်"
 "...ကျန်တဲ့ စာရွက်တွေကရော?"
လော်ရွှင့် က ရယ်မနေဘဲ မနေနိုင်တော့ပေ။ လော်ရွှင့် နားထောင်ဖို့ လူခေါ်တဲ့ ကြေငြာစာရွက်ထဲက ဖတ်ရန် အနည်းငယ်ကို ရွေးထုတ်လိုက်သည်။
 "အဲ့အဖွဲ့တွေလည်း သိပ်ပြီး စိတ်မချရပါဘူး၊ ထောက်ပံ့ရေးပစ္စည်းတွေရှာဖို့ အဖွဲ့လိုက်လုပ်ရတာ သိပ်မဟုတ်ဘူး"
"စိတ်ချရတာလား? မဖြစ်နိုင်ဘူး။ စာရွက်ထဲက လူခေါ်တဲ့စာအားလုံးက အလယ်လတ် စွမ်းအားရှင်ကို လိုချင်ပေမယ့် အဲ့လိုလူတွေကို ဆွဲဆောင်နိုင်စွမ်းမရှိဘူး။ အားလုံးက အလကား လျှောက်ရေးထားတာချည်းပဲ။ လူ့စိတ်ကို မဆွဲဆောင်နိုင်ဘူး"
ယန်ဖေး က စာရွက်တွေကို ခေါက်ပြီး ကားထဲမှာ ထားလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။ ဒီစက္ကူက နောင်အနာဂတ်မှာ အသုံးဝင်နိုင်လို့ သူတို့ ဖြုန်းတီးပစ်လို့ မရဘူး။
"ဟုတ်တယ်၊ သူတို့က လူခေါ်ဖို့ကြိုးစားနေတယ်ဆိုရင်  အပြင်ထွက်ချင်တဲ့သူ တွေကို ရှာဖို့ မြို့တံခါးနားကို တခါတည်း သွားသင့်တယ်။ ဒါဆို သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သင့်တော်တဲ့ လူတချို့ကို ရှာတွေ့နိုင်တယ်။"
အနီးနားသို့ လူနှစ်ဦး တိုးတိုးတိတ်တိတ် စကားစမြည်ပြောကြချိန် ကားဆီသို့ လူအများအပြား စုပြုံလာကြသည်။ ရုတ်တရက် လူတစ်ယောက် အော်လိုက်တယ်။
"ယန်...ယန်..." မိန်းမတစ်ယောက်ရဲ့ အသံထွက်ပေါ်လာပြီးနောက် လော်ရွှင့် က  အေးခဲသွားပြီး ယန်ဖေးဘက်ခြမ်းက ကားပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ ရိုးရိုးသားသား ပုံစံရှိတဲ့ အသက် 20 အရွယ် အမျိုးသမီးတစ်ဦးသည် ယန်ဖေး ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဒီအမျိုးသမီးပုံစံကို  နည်းနည်းတော့ ရင်းနှီးပုံရပေမယ့်...သူမက ဘယ်သူလဲ။ ယန်ဖေး က သူမကို အသိအကျွမ်းအဖြစ် အသိအမှတ်မပြုပဲ mask ကို တပ်ထားတုန်းပဲဖြစ်သည်။
 ယန်ဖေး က မကျေမနပ် မော့ကြည့်လိုက်တော့ လော်ရွှင့် သည် ကားထဲကို  အမြန်ဝင်လိုက်သည်။ ယန်ဖေး သည် ခေါက်ထားသော စာရွက်များကို မဖယ်ထုတ်မီ ထိုအမျိုးသမီးကို  တစ်ချက်ကြည့်လိုက်သည်။   လော်ရွှင့် သည် ထိုအမျိုးသမီးက လမ်းဆုံကနေ သူတို့ထွက်လာသည့်နောက်ကို လျှို့ဝှက်လိုက်လာသည်ကို တွေ့လိုက်ရသည်။ သူမက သူမရဲ့ ကားပေါ်က ခုန်ဆင်းပြီး တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူမက ဘယ်သူလဲ?"
ဒါဆို သူမက ယန်ဖေးရဲ့ အသိအကျွမ်း မဟုတ်ဘူးပေါ့... လော်ရွှင့် ၏နှလုံးတွင် မသက်မသာဖြစ်နေတာတွေ အတော်လေးကို လျော့ကျသွားသည်။
"ကမ္ဘာပျက်ကပ်စစခြင်း ငါတွေ့ခဲ့တဲ့ ပထမဆုံး လူအုပ်စုထဲက ဖြစ်လောက်တယ်။ ငါ့ကို နံရိုးကျိုးအောင် လုပ်ခဲ့တဲ့အဖွဲ့ထဲမှာ ဒီမိန်းမ ပါပုံရတယ်"
ယန်ဖေးက လော်ရွှင့်ရဲ့ အမူအရာမှာ မပြောင်းလဲသည်ကိုတွေ့တော့  သူပြုံးပြီး ရှင်းပြခဲ့သည်။ ယန်ဖေးအတွက် ထိုအဖွဲ့က သိပ်မှတ်မိစရာ မရှိပေ။ ထိုအဖွဲ့ထဲမှာ   ရုပ်ရည်ပေါ်လွင်ပြီး ရင့်ကျက်တဲ့ အမျိုးသမီး နှစ်ဦးနဲ့ ပိုပြီး အပြစ်ကင်းတဲ့ ပုံစံနဲ့ ကောလိပ်ကျောင်းသူလည်း ရှိခဲ့ဖူးတယ်- အဲဒီ အမျိုးသမီး နှစ်ယောက်က နေ့တိုင်း သူ့ဘေးနားမှာ ကပ်စေးနဲလို ကပ်နေခဲ့တယ်။ သူ ထင်တာ မမှားဘူးဆိုရင် အဲဒီမိန်းကလေးက ကောလိပ်ကျောင်းသား တွေနဲ့ ဆက်ဆံရေးကောင်းကောင်း ရှိပုံရတယ်။ ရုပ်ရည်ပိုပေါ်လွင်တဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ နာမည်ကိုတောင် မမှတ်မိတော့ဘူးလား။

"အိုး! သူတို့လား!"
လော်ရွှင့် သည် ထိုအဖွဲ့နှင့်တွေ့ဆုံဖူးသော်လည်း အဖွဲ့ခေါင်းဆောင်လုပ်သူထံ သူ အာရုံစိုက်နေလို့ ကျန်သူတွေကို သတိမထားခဲ့မိပေ။  ယန်ဖေးကို လုပ်ကြံခဲ့သည်ကိုတွေးမိပြီး လော်ရွှင့်    လူသတ်ချင်စိတ် ပေါက်သွားတယ်။
"သူတို့ဘယ်မှာနေလဲ။ ငါတို့ သွားစစ်ဆေးသင့်လား"
ယန်ဖေး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
 "လောလောဆယ်တော့ အရေးမကြီးသေးဘူး။"

ဒါကို သူ မေ့မှာ မဟုတ်ဘူး၊ သူက သဘောထားမကြီးဘူး။   တကယ်တော့ လော်ရွှင့် ဟာ အရင်က သတိမထားမိခဲ့ပေမယ့် သူတို့အဖွဲ့ကို မနက်ခင်းမှာ အလုပ်သွားဖို့ ထွက်လာတိုင်း လမ်းပေါ်မှာ အကြိမ်ပေါင်းများစွာ တွေ့ဖူးပါတယ်။ သို့သော် သူတို့က သူတို့ကားနဲ့ အလှမ်းဝေးနေပြီး ဒီကိစ္စကိုလည်း မပြောခဲ့ကြလို့  လော်ရွှင့် က မသိခဲ့တာ ဖြစ်သည်။။ သို့သော်လည်း ယန်ဖေး သည် သူတို့နေထိုင်သည့် အဆောက်အဦနံပါတ်ကို ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် မကြာသေးမီက သူသည် ရင့်ကျက်သော အမျိုးသမီး နှစ်ဦးနဲ့    ကောလိပ်ကျောင်းသူ အမျိုးသမီးငယ်များကို မတွေ့ခဲ့ရပေ။ အိမ်မှာ အိမ်သန့်ရှင်းရေး လုပ်ကြသလား။ ဒါမှမဟုတ် သူတို့ သီးခြားလမ်းက သွားခဲ့တာလား မသိဘူး။
လော်ရွှင့် သည် ကျောပိုးအိတ်နှင့် အခြားပစ္စည်းများကို သူတို့နေထိုင်သည့် 16 လွှာသို့  သယ်ဆောင်လာစဉ် ခေါင်းညိတ်လိုက်သည်။ ယန်ဖေးကို   ဒဏ်ရာအပြင်း အထန်ရ စေတဲ့ ဒီလူတွေကို ဒီအတိုင်း မထားနိုင်ဘူး။  လော်ရွှင့် သည် ထိုလူများက ယန်ဖေး အသက်ရှင်နေပြီဖြစ်ကြောင်း သိလိုက်သည်နှင့် ယန်ဖေး နောက်သို့ ယုတ်မာသော ရည်ရွယ်ချက်များဖြင့် မလိုက်လာဘူးဆိုတာ လုံးဝ မယုံပေ။

ဒီလိုကိစ္စမျိုးကို တတ်နိုင်သမျှ မြန်မြန်မဖြေရှင်းရင် မမျှော်လင့်ထားတဲ့ အခြေအနေမျိုးမှာ သူတို့က လုပ်ကြံလာနိုင်တယ်။ လော်ရွှင့် သည် ထိုသို့သော လျှို့ဝှက်အကောက်ကြံမယ့် လူတွေကို သူ့ အနီးတွင် မရှိစေချင်ပေ။   အဲဒီလူတွေကို ဖယ်ရှားဖို့ အခွင့်အရေးရှိနေသရွေ့ ပြဿနာမရှိပါဘူး။ သို့သော် သူ၏ လေးထောင့် ဒူးလေး ပစ်ခတ်သည့် စွမ်းရည် နဲ့ ကျန်းရီ ၏ လေစွမ်းအင်သည် တဖက်သားကို လုပ်ကြံရာမှာ အတော်ကို ထင်ရှားနေလို့   သာမန်လူများက သတိမထားမိနိုင်ပေမယ့်  သူတို့နှင့် ပူးပေါင်းဆောင်ရွက်လေ့ရှိသော စစ်သားများသည် ဒီကိစ္စကို ကောင်းစွာ  သိကြလိမ့်မည်။

လက်တစ်ဖက်က သူ့ခေါင်းပေါ် ရုတ်တရက် ရောက်လာစဉ် လော်ရွှင့် က အတွေးရပ်ကာ မော့ကြည့်လိုက်တော့ ယန်ဖေး ပြုံးနေတာကို မြင်လိုက်ရတယ်။
"စိတ်မပူပါနဲ့ ငါဖြေရှင်းလိုက်ပါ့မယ်။"
သူက ရန်ငြိုးကို ဘယ်တော့မှ  ချန်ထားခဲ့မှာ မဟုတ်ဘူး၊ သူတို့ကို နောက်မှ ကလဲ့စားချေလည်း သိပ်နောက်မကျသေးဘူး။ အခြားသူတွေကို မေ့ပေးလိုက်ရင်တောင်  အဖွဲ့ခေါင်းဆောင်နှင့် လူတချို့ကိုတော့်   လက်တုန့်ပြန်ဖို့ လုပ်ရမည်။  လောလောဆယ် သူတို့နေထိုင်ရာ နေရာကို သိနေပေမယ့် ကလဲ့စားချေမယ့်   အခွင့်အလမ်း မတွေ့ရှိသေးပေ။

နွေဦးပွဲတော်အပြီးတွင် ရာသီဥတုက  ပူနွေးလာသည်။ နေ့လည် နှစ်နာရီတွင် နေရောင်သည် နွေးထွေးစွာ တောက်ပနေပြီး နံရံတွေဆောက်နေတဲ့ စစ်သားတွေနဲ့ လုံခြုံရေးသမားတွေက အနည်းငယ် အိပ်ငိုက်နေပုံရတယ်။ တပ်သားသုံးယောက်က  အဆောက်အဦနံရံမှာ တွဲလောင်းခိုထားရင်း အသံတိုးတိုးနဲ့ ညည်းညူကာ တည်ဆောက်ရေးကို ဆက်လက်လုပ်နေရသည်။
  "ဒီလို ရာသီဥတုမျိုးနဲ့ လေထဲ တွဲလောင်းခိုပြီးလုပ်ရတာ ပုခက်ထဲ ရောက်နေသလို ခံစားရပြီး အိပ်ငိုက်လာစေတယ်ကွ  "

"မြေကြီးသမားတွေက အုတ်ခြံစည်းရိုးထပ်ချဲ့တော့မယ်လို့ ကပ္ပတိန်က မပြောခဲ့ဘူးလား။ နောက်တစ်ခါ နံရံတွေ ပြင်ရင် 10 မီတာထိ တိုးချဲ့မယ် လို့ ကြားတယ် ။"

"ခြောက်မီတာနဲ့ မလုံလောက်ဘူးလား"
ဖုတ်ကောင်တွေက ခုန်မတက်နိုင်ဘူး...မဟုတ်လား
"အထက်လူကြီးရဲ့ အမိန့်ကို ငါတို့က လိုက်လုပ်ရတာပဲလေ။ ဘာပဲဖြစ်ဖြစ် ပိုမြင့်လေ ပိုကောင်းလေပါပဲ။"
လူများစွာ   တီးတိုးပြောရင်း ရုတ်တရက် ကြိုးအနေအထားကို ချိန်ညှိလိုက်သည်..။

"မြန်မြန်! ဆွဲသွင်းလိုက်!"
ထိုစဉ်နံရံပေါ်က လူတွေ ရုတ်တရက် အော်လိုက်ကြပြီး ဖုတ်ကောင်တချို့ မမျှော်လင့်ဘဲ သံချပ်ကာ ကားပေါ်ကို တက်သွားတာ တွေ့လိုက်ရတယ်။ နှစ်ယောက်က ကားပေါ်ကနေတဆင့် လေထဲမှာတွဲလောင်းဖြစ်နေသည့် လူ သုံးယောက်ဆီ ခုန် ဝင်သွားတယ်။

"အား!"
"ကြိုးကိုဆွဲယူ!"
"ဆွဲပါ! မြန်မြန် ဆွဲပါ!"
"နောက်ထပ် ဖုတ်ကောင်တွေ ပြေးဝင်လာတယ်!!"
"ဆွဲ..ဆွဲ! မြန်မြန်လုပ်!"

နံရံပေါ်က စစ်သားတွေက ကြိုးကို ဆွဲဖို့ တာဝန်ရှိပြီး သူတို့ထဲက နှစ်ယောက်က ရုတ်တရက် လဲကျသွားတယ်။ သူတို့ ကြိုးကို ဆွဲယူလိုက်ပေမယ့် တစ်ဖက်မှာ ဘယ်သူမှ မရှိတော့ဘူး... လေထဲ တွဲလောင်း ဖြစ်နေတဲ့ တပ်သား သုံးယောက်ရဲ့ အရိပ်ယောင်က လုံးဝပျောက်ကွယ်သွားလေပြီ။

ဖုတ်ကောင်ဝင်ရောက်စီးနင်းမှုတွင် ကားပေါ်ရှိ အခြေစိုက်စခန်းမှ တပ်သား ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ကြိုးုဖြင့် တွဲလောင်း ချိတ်ဆွဲထားသောသတ္တုစွမ်းအားရှင်  တစ်ဦးကို ဖုတ်ကောင်တစ်ဦးက ဆွဲချသွားခဲ့သည်။ ကျန်လူ တွေက လက်နှစ်ဖက်နှင့် ပေါင်နှစ်ချောင်း ကျိုးသွားခဲ့သည်။ အခြားသူများလည်း သေဆုံးကြသော်လည်း ကံကောင်းထောက်မစွာပင် ဖုတ်ကောင်များ မဖြစ်ခဲ့ကြပေ။ သို့သော်လည်း အခြား စွမ်းအားရှင်တစ်ယောက်က ပေါင်ပေါ်တွင် အကိုက်ခံရပြီး ဖုတ်ကောင်ဖြစ်သွားသည်။
သတ္တုစွမ်းအားရှင်သုံးဦးရှိသည့် ဒုတိယအဖွဲ့သည် ရုတ်တရက် နှစ်ဦးဆုံးရှုံး သွားခဲ့ရသည်...
"ဟင့်အင်း! ရေနွေးနဲ့ လျှပ်စစ်မီးကို ငါ ထပ် မစောင့်နိုင်တော့ဘူး!"
လီထယ် နဲ့ တခြားသူတွေက ဧည့်ခန်းထဲမှာ ရပ်နေတဲ့ ယန်ဖေး ကို ကြည့်ရင်း တံခါးနားမှာ နာခံစွာ ရပ်လိုက်တယ်။ အခန်းထောင့်ရှိ သတ္တုတွေက  ယခု လေထဲ ပျံသန်းနေပြီဖြစ်သည်။ ယန်ဖေး ၏ ထိန်းချုပ်မှုအောက်တွင် အခန်းတစ်ခန်းမှ တစ်ခန်းသို့ ကွဲထွက်သွားကာ  တဖြည်းဖြည်း အခန်းများနှင့် တန်းအားလုံးကို သတ္တုဖြင့် ဖုံးအုပ်ထားသည်။  ရေပူတပ်ဆင်ခြင်းအတွက် လော်ရွှင့် ရေးဆွဲထားသော ဒီဇိုင်းများအတိုင်း ဆက်လုပ်ခဲ့သည်။ ယန်ဖေး လက်ခုပ်တီးကာ တံခါးဘက်သို့ လှည့်လိုက်သည်။

"ရေနဲ့လျှပ်စစ်ကို စမ်းကြည့်လိုက်တော့...."

"အိုကေ!"
လူအုပ်ကြီးသည်   တိုးဝင်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရေပိုက်ဖွင့် လိုက်စဉ်  ရေအချို့ကို ပူစပြုလာသည်ကို တွေ့လိုက်ရသည်။  ရေအပူပေးစက်ကို နေစွမ်းအားဖြင့် လျှပ်စစ်ထုတ်ပေးသည့် စက်ဖြင့် ချိတ်ဆက်ထားပြီး ထိုစွမ်းအားကို လွှတ်လိုက်တာနဲ့ အပူပေးပိုက်သည်  အခန်းအတွင်းမှ ဖြတ်သန်းလာပြီး အပူပေးသည့်ရေကို ထွက်လာစေလိမ့်မည်။ ထို့ကြောင့် တစ်ခန်းလုံး ပူလာရန် အချိန်အနည်းငယ် ယူရပေမည်။ သို့သော်လည်း ရေစီးဆင်းမှုတွင် အပူချိန်ထိန်း ကိရိယာလည်းပါရှိပြီး အချို့သော အပူချိန်သို့ရောက်သည်နှင့် အပူချိန်ကို ခေတ္တ ရပ်ထားနိုင်လိမ့်မည်ဖြစ်သည်။ လိုအပ်သလို အပူချိန်ကို ချိန်ညှိရန် ပြဿနာ အမျိုးမျိုး ရှိသော်လည်း၊   ယခုအချိန်တွင် ယန်ဖေး တစ်ယောက်လုံး  ရှိနေလို့ ဒါက အဆင်ပြေသွားလေပြီ။
 
လော်ရွှင့် သည် ကျောင်းသားများက ရေပူရလို့ အလုပ်ရှုပ်နေသည်ကို  ကျေနပ်စွာ ကြည့်နေသည်။ မကြာမီ ပိုက်များ နွေးထွေးလာပြီး အဖွဲ့သားများက ရွှင်မြူးနေကြသည်။ လော်ရွှင့်က သူ့ကိုယ်သူ အတော်လေး ထက်မြက်သူလို့ မြင်လာ မိတယ်၊ သူက ဒီဟာတွေကို ဒီဇိုင်းထုတ်ထားတာ မဟုတ်လား။

ယန်ဖေး က လော်ရွှင့် ၏ ဂုဏ်ယူဝင့်ကြွားနေသည့် မျက်နှာလေးကို ကြည့်ပြီး ပြုံးကာ ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ အိပ်ရာပေါ်သို့ လှဲချလိုက်ကာ   ပျော်ရွှင်နေမိသည်။ မကြာသေးမီက ဒီစိတ်ကူးယဉ်ထားသည့် အရာများကို အကောင်အထည်ဖော်ဖို့ သူ လုပ်ဆောင်ပေးနိုင်ခဲ့သည်။

သို့သော်လည်း ဝမ်သော် သည် ယန်ဖေးကို ချော့မော့သော အပြုံးဖြင့် ပြေးကပ် လာသည်။
 "ယန်ဖေးငါတို့လည်း ပစ္စည်းတွေ စုဆောင်းနေတယ်၊ နှစ်ရက်လောက်ကြလို့ အားလုံးစုံရင် ငါတို့အခန်းကို အပူပေးပိုက်တွေ တပ်ဖို့ မင်းကို ဒုက္ခပေးရအုံးမယ်။"

ယန်ဖေး က သူ့ကို ခက်ခက်ခဲခဲကြည့်လိုက်သည်။
"အပူပေးပိုက်ကို ဘယ်အခန်းမှာ ထားရမယ်ဆိုတာ မင်းတို့ ဆုံးဖြတ်ပြီးပြီလား။ အခု မင်းတို့ဆီမှာ အပူပိုက်က မရှိသေးရင် လုပ်လို့ မရနိုင်သေးဘူး"

လီထယ် ၏အခန်းရှိ အပူပေးပိုက်သည် သူတို့လဲလှယ်ပေးခဲ့သည့်အရာဖြစ်သည်။ လော်ရွှင့် ၏အိမ်တွင်အချို့ရှိသေးပေမယ့် တကယ်လို့ သူတို့အိမ်က အပူပေးပိုက်က ပျက်သွားရင် အစားထိုးဖို့ ချန်ထားရအုံးမည်။  ထို့ကြောင့် သူသည် ကမ္ဘာပျက်ခါနီးတွင် နှစ်စုံစာ ဝယ်ခဲ့ပြီး အိမ်ဆောက်ပစ္စည်း ရောင်းသည့် ကုန်တိုက်မှ နောက်ထပ်အနည်းငယ်ကို ထပ် သယ်လာခဲ့သည်။ လော်ရွှင့် မှာ တစ်ချို့ရှိပေမယ့် အရာအားလုံးကို သူတို့ကို ဘယ်လို ပေးပစ်လို့ရမှာလဲ။

ဝမ်သော် က သူ့ရင်ဘတ်ကို ဝံ့ကြွားစွာ  ပုတ်ကာ ကတိပေးလိုက်သည်။
 "စိတ်ချနေပါ! ငါ လိုအပ်တာကို သေချာရှာလိုက်ပါ့မယ်!"
တံခါးမှာ ရောက်နေသည့် ကျနးရီက ထိုစကားကိုကြားလိုက်ရသောအခါ  ပြုံးလိုက်သည်။
"အားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်။ ငါ သွားတော့မယ်။"

ဝမ်သော် ၏မျက်နှာသည် ချက်ချင်းနီရဲသွားပြီး ကျန်းရီ ၏အဝတ်အစားများကို ဆုပ်ကိုင်ကာ နောက်က တကောက်ကောက် လိုက်သွားတော့သည်။ သူ့ အလုပ်က ရတဲ့  အမှတ်အလုံအလောက် မရှိလို့ဆိုပြီး သတ္တုပစ္စည်းတွေဝယ်ပေးဖို့ သူ့ကို  ဘယ်သူက တိတ်တိတ်လေး လာပြောခဲ့တာလဲ။  ခုတော့ အရာအားလုံးကို သူပဲ လုပ်ထားတဲ့ ပုံဖမ်းနေတယ်။ ကျန်းရီ က အကြွားသန်သည့် ဝမ်သော်ကို  အေးစက်စွာ ပြုံးပြလိုက်သည်။
 
လော်ရွှင့် သည် သူ့ရှေ့မှာ ကျန်းရီကို အသည်းအသန် ချော့နေရသည့် ဝမ်သော်ကို ကြည့်ပြီး သူ့မျက်လုံးလေး ညစ်နွမ်းသွားပြီလို့ ခံစားလိုက်ရသည်။ ဒီစုံတွဲကြားက အချစ်စမ်းပွဲကို ကြည့်ဖို့ ဘယ်သူက   ဒုက္ခချင်မှာလဲ။ ဒီစုံတွဲမှာ ဘယ်သူက အထက်ကလဲ။ ဝမ်သော်ရဲ့ ယောကျာ်းပီသမှုက ဘယ်ကိုရောက်ကုန်ပြီလဲ။ သူ့ခမျာ ဘုရင်မကြီး ကျန်းရီရဲ့ခြေရင်းမှာ ပျာယာခတ်နေရတယ် မဟုတ်လား။ ဒါကို ကြည့်လိုက်တာနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်သူက အရှင်သခင်လဲဆိုတာ သိသာနေပြီ။
 အိမ်ခန်း 1601 အတွင်းတွင် ရေပူ လှည့်ပတ်မှုစနစ်သည် အလုပ်လုပ်နေ သော်လည်း လီထယ် နှင့် အခြားသူများမှာ ခဏကြာတော့ နောင်တရသွားကြသည်။ အိပ်ခန်းအတွက် အလုပ်ကို အရှိန်မြှင့်ရမယ်။ မဟုတ်ရင် သူတို့ အိပ်စရာနေရာ ကောင်းကောင်း မရှိနိုင်ပေ။  

အိမ်နီးနားချင်းများက သူတို့အိမ်ခန်းကြမ်းပြင်ကို စောင့်ကြည့်မည်ဖြစ်ပြီး လော်ရွှင့် နှင့် ယန်ဖေး တို့သည် အနားယူရန် အိမ်သို့မပြန်မီ အစည်းအဝေးကို လုပ်ခဲ့ကြသည်။ ဝမ်သော် က တခြားကျောင်းသားတွေရဲ့ အကူအညီနဲ့ အနာဂတ်မှာ  အပူပိုက်ရဖို့ ကြိုးစားမယ်လို့ ကတိပြုခဲ့တယ်။

ကျန်းရီ က စကားမပြောပဲ သူ့အခန်းထဲကို ပြန်လှည့်လာရင်း သံသယစိတ်တွေ ဝင်လာသည်။
သူ လူမှားရွေးခဲ့ပြီလား။ IQ နိမ့်တဲ့ ရည်းစား ထားရတာ အဆင်ပြေပါ့မလား။
ယန်ဖေး နဲ့ စကားပြောထားပြီးသားဖြစ်လို့ အိမ်က သတ္တုကို  သုံးပြီး သူတို့ အခန်းကို ပြင်ပေးလိမ့်မယ်။  လီထယ် နှင့် အခြားသူများကို ကူညီရန် မလိုအပ်ဘဲ သူ့ အိပ်ခန်းအတွက် လုံလောက်ရုံတော့ ရှိသေးသည်... ဝမ်သော်ကို မောင်းထုတ်ပစ်ဖို့ အရမ်းနောက်ကျနေပြီလား? နှစ်ယောက်သား အတူတူရှိနေပြီးပြီလေ...
ထိုပြဿနာများကို တွေးတောရင်း ကျန်းရီ ကိုယ်တိုင် တွေဝေနေသည်။ ဝမ်သော် ကို သူ့ရည်းစားအဖြစ်က ပြတ်စဲရမလား။ ဒါမှမဟုတ် သူ့ အိမ်ခန်းတံခါးကို သော့ခတ်ပြီး စင်္ကြံမှာပဲ အိပ်ခိုင်းလိုက်ရမလား...
ကျန်းရီ အတွေးပွားနေချိန် လော်ရွှင့် ကို တစ်ယောက်ယောက်က သူ့အိမ်မှာ သော့ခတ်ထားတယ်။

"မင်းဘာလုပ်နေလဲ?"
လော်ရွှင့် သည် ယန်ဖေးက သူ့ကို ပုခုံးပေါ်ထမ်းတင်ကာ  လှေကားထစ်ပေါ်ကို လျှောက်နေတာကြောင့်  ပြုတ်ကျမှာကို ကြောက်၍ မရုန်းကန်ဝံ့ဘဲ ငြိမ်ပြီးပါလာခဲ့သည်။

ယန်ဖေး သည် လော်ရွှင့်ရဲ့ ဖင်ကို အသာရိုက်လိုက်ပြီး လော်ရွှင့် ကို အိပ်ရာ ပေါ်သို့ သယ်ဆောင်လာရင်း  ရှေ့ဆက်ဖို့ လုပ်ရမယ့်အရာတွေကို တွေးနေတယ်။

ခွေးကလေးက သူ့သခင်နှစ်ယောက် အပျော်တမ်းကစားနေတာလို့ တွေးပြီး သူ့အမြီးလေး တနှံ့နှံ့နဲ့  ဒုတိယထပ်အထိလိုက်လာပေမယ့် သူမ မဝင်နိုင်ခင် သခင်က အိပ်ခန်းကို  အခန်းတွင်းမှ သော့ခတ်ထားလိုက်သည်။ သူမ ခြေသည်းကို မြှောက်လိုက်ပြီး တံခါးကို ကုတ်နေပေမယ့် တံခါးနောက်မှ ညည်းသံတွေ ပေါ်လာလို့ နားစွင့်ရန် သူမက   တံခါးနောက်ဘက်သို့ အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။ ကံမကောင်းစွာပဲ၊ ပိုင်ရှင်က တံခါးမဖွင့်ပေးလို့ သူမ စိတ်ဓါတ်ကျစွာဖြင့် အောက်ထပ်ကို ပြန်လာရသည်။     
နောက်တခါ သခင်တွေနဲ့ မကစားချင်တော့ဘူး...  
XXX

လော်ရွှင့် သည် ကားမောင်းသူဘေးက ခုံမှာ ထိုင်ရင်း သမ်းဝေနေစဉ်   ကားနောက်ခန်းမှာ လူငါးယောက် တယောက်ပြီး တယောက် သမ်းဝေသွားတယ်။ လူငယ်တွေက သူတို့ အိပ်ခန်းတစ်ခုပြီးအောင်လုပ်ဖို့ တစ်ညတာကုန်ဆုံးခဲ့ပြီး၊ ဒီညပြန်လာရင်လည်းလုပ်စရာ ကျန်သေးသည်။ ကံကောင်းစွာပဲ မနေ့ညက ကြမ်းပြင်ပေါ်မှာ လှဲအိပ်လိုက်ရပြီးနောက် နောင်မှာ သူတို့ အိပ်ခန်းပြင်ဆင်ခြင်းနဲ့ အသက်မွေးလို့ရလောက်ပြီလို့ တွေးနေကြသည်။
 
သို့သော် ကပ်ဆိုးကာလတွင် လူဘယ်နှစ်ယောက်က သူတို့၏အိမ်ကို ပြန်လည်ပြုပြင်ကြမှာတဲ့လဲ...ဒီနည်းနဲ့ အသက်မွေးရင် ဒီလူငယ်အုပ်စု ငတ်သေဖို့ သေချာနေပြီ....

************-**************

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Dove le storie prendono vita. Scoprilo ora