Chapter (109) _ သံဘီးလုံးကြီး

1.4K 262 3
                                    

Chapter (109) _ သံဘီးလုံးကြီး

အခြားလူများနှင့် အရာရှိများ စုဝေးကာ ကျန်းရီ ပြောခဲ့သည့် စကားလုံးကို ဆွေးနွေးနေကြသည်။

"သူ ဘာပြောလိုက်တာလဲ"

"အိုတခု ဆိုတာ ဘယ်အဖွဲ့လဲ။ ကြားဖူးတယ်လို့ မထင်ဘူး"

"လူ"လို အသံထွက်တာလား? ဒါမှမဟုတ် 'တောင်ဘက်' လို့ ပြောလိုက်တာလား။

"တော်ပိုင်းမုန်းတီးသူများလား? သူက တောင်ပိုင်းသားတွေနဲ့ ရန်ငြိုးရှိသလား"

"တောင်ဘက်အဖွဲ့တဲ့လား" သူက တောင်ဘက်ကနေ ဖြစ်နိုင်သလား။ ဒါမှမဟုတ် တောင်ပိုင်းက လာတာလား။

"Otaku Squad" ၏ တကယ့် အဓိပ္ပါယ်ကို မည်သူမှ နားလည်နိုင်ခြင်း မရှိသဖြင့် ကျန်းရီ သည် အခြားသူများ၏ ထင်မြင်ယူဆချက်များကို စိတ်မဝင်စားပေ။ သိပ်မကြာခင်မှာပဲ စုန့်လင်းလင်း၊ ရှောင်ရန် နဲ့ မီးစွမ်းအားရှင်တွေက နံရံပေါ်ကို တက်လာခဲ့သည်။

မီး စွမ်းအားရှင်များကို အဖွဲ့ ကြီး ဖွဲ့ စည်း ထား ပြီး အခြေ စိုက်စခန်းက အခြားစွမ်းအားရှင်နှင့် စာလျှင် လူ ဦးရေ သည် မနည်းလှပေ။ ကျန်းရီ က တစ်ချက်ကြည့်လိုက်ပြီး ရွှီမိန် ဆီသို့ မေးစေ့ကို တစ်ချက်ပင့်ပြကာ ကျန်လူတွေကို ပြောလိုက်သည်။

"မင်းတို့အဖွဲ့ပြီးမှလုပ်....လောလောဆယ် ငါ အရင် သရုပ်ပြမယ်"

မီးစွမ်းအားရှင်တွေက အနောက်ကို ပြန်မခွာသေးဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ အဲဒီလူက ဘယ်သူလဲ ဆိုတာ သိချင်နေကြတယ်။

ရွှီမိန် က သူဘာကိုဆိုလိုသည်ကို နားလည်သည်။ သူမသည် ရှောင်ရန် ၏လက်ကို လွှတ်လိုက်သည် – *ဝုန်း* နံရံပေါ်တွင် ရုတ်တရက် မီးလုံးကြီးတစ်ခု ပေါ်လာသည်။

ကျန်းရီ လည်း သူ့လက်ကို မြှောက်လိုက်ပြီး လေမုန်တိုင်းကို ထွက်ပေါ်စေပြီး မီးတောက်ကို ပိုကြီးလာစေတယ်။ ပြင်းထန်သော မီးလုံးတွေက ဖုတ်ကောင်အုပ်စုထံသို့ အစုလိုက်အပြုံလိုက် ကျဆင်းသွားတော့သည်။

လူတိုင်းသည် ထိုမြင်ကွင်းကြောင့် နောက်ကျောများအေးစက်လာပြီး ပင့်သက်ရှိုက်သံကို ကြားလိုက်ရသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now