Chapter (4) _ Home Renovation - အိမ်ကို ပြင်ဆင်ခြင်း
မြို့ထဲမှာတော့ နေ့ထက် ညက ပိုစည်ကားတယ်။ အမျိုးသားနှင့် အမျိုးသမီးတွေက ဘားတွေမှာ လျှောက်သွားပြီး ပျော်ရွှင်နေကြသည်။ ညုတုတုနှင့် အမျိုးသမီးတစ်ယောက်က သေးသွယ်တဲ့ သူမရဲ့ခါးလေးကို ပိုပေါ်လွင်စေမယ့် အဝတ်ခပ်ကျပ်ကျပ်ကို ဝတ်ဆင်ထားပြီး တင်သားတွေကို တုန်ခါအောင် တမင်လျှောက်လှမ်းရင်း ဆိုဖာဆီကို လျှောက်လာခဲ့တယ်။
"ဟေ့ ကိုလူချောလေး.. ကျွန်မ နဲ့ သောက်ချင်လား"
အမျိုးသမီးက မျက်တောင်တွေ တဖျတ်ဖျတ် လှုပ်နေပေမယ့် အမျိုးသားကတော့ အေးအေးဆေးဆေးပဲ လှည့်ထွက်သွားခဲ့တယ်။ ထိုအမျိုးသားလေးရဲ့ ဘယ်ဘက်မျက်လုံးထောင့်မှာ မှဲ့လေးရှိပြီး မက်မွန်ပွင့်လို လှပသည့် မျက်တောင်များ ကာရံထားသည့် မျက်လုံးတစ်စုံရှိနေတယ်။ ထိုအမျိုးသားလေးက ဆိုဖာပေါ်ထိုင်ချလိုက်ပြီး သူ့ရဲ့ ရုပ်ဆင်းအသွင်အပြင်နဲ့ အဖက်မလုပ်သလို စိတ်နေစိတ်ထားက ဘားမှာရှိတဲ့ အမျိုးသမီးအားလုံးကို ဆွဲဆောင်နေ တယ်။
"ထွက်သွား...."
ထိုလူရွယ်ရဲ့ မျက်လုံးများက တောက်ပရွှန်းလက်နေပေမယ့် အကြင်နာတရားကင်းမဲ့စွာဖြင့် မိန်းကလေးကို မောင်းထုတ်လိုက်သည်။ သူ့မျက်ဝန်းထဲက အေးစက်စက် အလင်းရောင် လက်သွားချိန်မှာ မိန်းကလေးက ငေးကြောင်နေမိပြီး သူ ပြောတာကို မကြားလိုက်ပေ။
ထိုစဉ် လက်တစ်ဖက်က သူမ ပခုံးကို ဆုပ်ကိုင်လိုက်သည်။
"မိန်းကလေး... ဒီမှာ မင်းအတွက် နေရာမရှိဘူး"
သူမ လှည့်ပတ်ကြည့်သော်လည်း အသက် ၄၀-၅၀ အရွယ် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ ဆိုဖာအနီးရှိသူများသည် ယနေ့ည ကံဆိုးမှုကို ကျိန်ဆဲကာ ထိုနေရာကနေ အမြန်ထွက် သွားကြသည်။
"မင်းအမေကိုပေးဖို့ ဒီကတ်ထဲမှာ ယွမ်တစ်သန်းရှိတယ်။"
လူလတ်ပိုင်းအရွယ်က လူငယ်လေးဘေးမှာထိုင်ပြီး စားပွဲပေါ်ကို ဘဏ်ကဒ်တစ်ကဒ် တင်ပေးလိုက်သည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies