Chapter (86) _ သတိပေးချက်

2.3K 434 4
                                    

Chapter (86) _ သတိပေးချက်


"ဟုတ်တယ် ယွီရှင်းရန် ရဲ့ စွမ်းရည်က အားကောင်းတယ်။"

စုန့်လင်လင် သည် ကလေးမလေး၏ ခေါင်းကိုထိကာ ထိုလင်လင် စုံတွဲကို ပြုံးပြကာ ပြောလိုက်သည်။

"သူမက ကျွန်မတို့နဲ့အတူ အခြေစိုက်စခန်းကနေ ထွက်ပြီး ထောင်ချောက်တွေကို တူးဖို့ ယန်ဖေးနဲ့ ပူးပေါင်းနိုင်မယ်လို့လည်း ကျွန်မတို့ထင်ပါတယ်။ ဒါပေါ့...မစ်ရှင်မသွားခင် သူ့ရဲ့စွမ်းရည်ကို ဘယ်လိုထိန်းရမလဲဆိုတာ သင်ပေးရမှာပေါ့။"

စုန့်လင်လင် နှင့် ရွှီမိန် တို့သည် သာမန်အမျိုးသမီးများမဟုတ်ကြဘဲ အိမ်ထောင်ပြုရန်နှင့် ကလေးယူရန် ယောက်ျားရှာမည့်အစား သူတို့၏ ရှင်သန်မှုအတွက် တိုက်ပွဲဝင်ရန် ပိုမိုဆန္ဒရှိကြသည်။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမနှစ်ယောက်ကို ကလေးမလေးတစ်ယောက်ကို မွေးစားခွင့်ပေးလိုက်တာက ရလဒ်ကို တွေးကြည့်လို့ကို မရဘူး။

ယန်ဖေးသည် အမျိုးသမီးနှစ်ယောက်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကာ ခေါင်းညိတ်လိုက်သည်။ ထိုမိန်းကလေးသည် ငယ်ရွယ်သေးသော်လည်း ကလေးများ သည် ကမ္ဘာပျက်ကာလတွင် သာမန်ကလေးဘဝကို လုံးဝ မရနိုင်တော့ပေ။

သူက မိန်းကလေးကို ငုံ့ကြည့်လိုက်ပြီး လေပေါ်ဝဲနေသည့် သတ္တုပန်းပွင့်လေးကိုယူကာ ယွီရှင်းရန် ကို ပြုံးပြပြီး ကမ်း ပေးလိုက်သည် ။

"မင်းရဲ့ စွမ်းရည်က အရမ်းသန်မာတယ်၊ ဒီပန်းကို ယူလိုက်ပါ။ ကြိုက်ရင် နောက်မှ ထပ်လုပ်ပေးမယ်။"

ယွီရှင်းရန် က ဘာ့ကြောင့်မှန်းမသိပေမယ့် ပျော်နေမိသည်။ သူမရဲ့ ထူးခြားပြီး အသုံးမဝင်တဲ့ အစွမ်းအစတွေကို မမုန်းသည့် ဦးလေးကြီးနဲ့ အကိုချောချောကိုတွေ့ရလို့ ဝမ်းသာနေခဲ့သည်။ အခြေစိုက်စခန်းကို ရောက်ခါစ ကလေးဘဝရဲ့ ပထမ နှစ်နှစ်က သူမ သိပ်မမှတ်မိပေမယ့် မကြာသေးမီကာလတွင် သူမ၏မှတ်ဉာဏ်တွေက စပြီး အကုန်မှတ်မိခဲ့သည်။ စခန်းကိုရောက်ကတည်းက အိမ်မှာ နေထိုင်ရတာက တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲလာသည်။ မကြာခဏ အိမ်မှာစားဖို့ လုံလောက်တဲ့ အစားအစာ မရှိတော့သည့်အပြင် သူမ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော အိမ်အပျက်စီးတွေကြောင့် သူမ၏ မိသားစုက သူမအပေါ် အဆိုးမြင်သည့် သဘောထားကြောင့် ကလေးတစ်ယောက် ရှိသင့်သည့် ပျော်ရွှင်မှုကို သူမ မေ့လျော့သွားခဲ့တာ ကြာလေပြီ။ သူမရဲ့စွမ်းရည်ကို အသိအမှတ်ပြုကာ ချီးမြှောက်ခြင်းလည်း တစ်ခါမှ မကြုံခဲ့ဖူးပေ။ အခု သူမ ချီးကျူးခံရတော့ အိပ်မက်မက်နေသလို ခံစားနေရသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now