Chapter (48) - လိုက်ဖက်ညီသည့် လူနှစ်ယောက်

4.7K 755 12
                                    

Chapter (48) - လိုက်ဖက်ညီသည့် လူနှစ်ယောက်


ယန်ဖေး သည် ဟန်လိ၏စကားကိုကြားပြီးနောက် ပခုံးတွန့်ကာ ကျန်းရီကို စိုက်ကြည့်လိုက်သည်။

"ဆိုးရွားတဲ့ ဖြစ်ရပ်ကြောင့် ဒီအပေါက်ကို အလုံပိတ်လိုက်ရတာပါ။ တကယ်လို့ မင်း အောက်ထပ်ကို ဆင်းစရာရှိတယ်ဆိုရင် ငါတို့နောက်မှ အပေါက်ကို ပိတ်လိုက်မယ် "

ယန်ဖေးက ညတိုင်းဝင်ပေါက်ကို သံမဏိပြားကြီးဖြင့် ပိတ်ဆို့လိုက်ခြင်းက နေ့စဉ်လေ့ကျင့်နေတာနဲ့ ညီပြီး သူ့စွမ်းအား ဖြည့်တင်းဖို့ ဖုတ်ကောင် အမြူတေ ကို အသုံးမပြုရင်တောင် တည နားလိုက်ပြီးရင် ကုန်ဆုံးသွားတဲ့ ခွန်အားတွေ ပြန်ရရုံသာမက အနည်းငယ်ပိုလို့ သန်မာလာသလို ခံစားရသည်။ ဒီစွမ်းအား တိုးတက်နှုန်းက နှေးကွေးပေမယ့် တကယ် တိုးတက်နေတာဖြစ်သည်။

ယန်ဖေးက သူ့ရဲ့ စွမ်းအားတိုးလာတာက ဖုတ်ကောင် အမြူတေ ကြောင့်သာ ဖြစ်သလားဆိုတာ မသေချာပေမယ့် နောက်ပိုင်း တိုးတက်မှုက နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။ ဒါပေမယ့် လုံလောက်တဲ့ စွမ်းအားတွေ စုစည်းနိုင်တဲ့အချိန် နောက်တဆင့်ကို မြှင့်တက်သွားလိမ့်မည်။ ဒါကြောင့် ည အိပ်ရာမဝင်ခင် နေ့စဉ် လေ့ကျင့်လေ့ရှိသည်။ ကံကောင်းတာက သူတို့အိမ်မှာ သတ္တုပစ္စည်းများ လုံလောက်စွာရှိနေသည်။

ကျန်းရီ က ရယ်ရင်း ခေါင်းကို နောက်ပြန်ဆုတ်ကာ ပြောလိုက်သည်။

"ငါက အပြင်ထွက်စရာမလိုဘဲ ငါ့ ဒဏ်ရာ ပြန်သက်သာလာတဲ့အထိ အေးအေးဆေးဆေး အိမ်ခန်းထဲမှာ နေနိုင်၊ စားနိုင်ပါတယ်"

အပြင်ထွက်ရတဲ့ ဘဝက သိပ်မှမကောင်းပေပဲ။ သူ အပြင်ထွက် ရိက္ခာတွေခဲ့လို့ သူ့ကို ဖုတ်ကောင်တွေကြားမှ ချန်ထားရစ်မယ့် အဖွဲ့ဝင်တွေကို တွေ့ခဲ့ရတာပဲ မဟုတ်လား။ တကယ်တော့လည်း သူက မကြာခဏ အပြင်ထွက်လေ့မရှိပေ၊ ကမ္ဘာပျက်ကပ် မတိုင်ခင် အချိန်ကတည်းက သူ လိုအပ်တာမှန်သမျှကို အွန်လိုင်းကနေပဲ မှာယူလေ့ရှိသည်။ ယောက်ျား မိန်းမ အုပ်စုတွေ ဆူညံနေတဲ့ ကုန်တိုက်လိုနေရာမျိုးကို ဘယ်သူက ဈေးဝယ်ထွက်ချင်မှာတဲ့လဲ။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Tahanan ng mga kuwento. Tumuklas ngayon