Chapter (9) - ဖုတ်ကောင်ခွေးကို တိုက်ခိုက်ခြင်း

8K 1.2K 26
                                    

Chapter (9) - ဖုတ်ကောင်ခွေးကို တိုက်ခိုက်ခြင်း

လော်ရွှင့် သည် စင်္ကြံအတွင်းသို့ ဖြတ်ဝင်လာပြီး အနီးနားတွင် မည်သူမျှ မရှိစေရန် အပြင်ကို သေချာ စစ်ဆေးသည်။ပြီးမှ ဓါတ်လှေကားထဲက ထွက်ပြီး ကားပါကင်မှာ ရပ်ထားသည့် သူဝယ်ထားသည့် တပတ်ဟောင်းကားလေးပေါ်ကို အမြန်ပြေးတက်ကာ ကားစက်နိုးလိုက်သည်။

ထူးဆန်းသော အသံတွေကို ကြားခဲ့ရပြီးနောက် ဖုတ်ကောင် မဖြစ်ပဲ အကောင်းတိုင်း ကျန်ရစ်ခဲံသည့် မိသားစုအနည်းငယ်က အလုပ်ရှုပ်ပြီး အပြင်ဘက်တွင် ပြောင်းလဲနေသော ကမ္ဘာကြီးကို စတင် သတိပြုမိလာခဲ့သည်။

လော်ရွှင့် သည် အခြားသော အသက်ရှင်ကျန်ရစ်သူများကို လျစ်လျူရှုထား လိုက်သည်။ တကယ်လို့ ထိုသူတို့သည် ဖုတ်ကောင်များသတ်ဖြတ်ခံရပါက လက်ရှိနေထိုင်မှု အရ "မင်းဟာ ကမ္ဘာပျက်ကြီးမှာ အသက်ရှင်သန်ဖို့ မသင့်တော်ဘူး" ဟုသာ ပြောနိုင်တော့မည် ဖြစ်သည်။

ကိုယ့်ဖာသာပင် အသက်ရှင်ဖို့ အနိုင်နိုင် ရုန်းကန်နေရမည့် အချိန်တွင် အခြားဘယ်သူ့ကိုမှ လှည့်မကြည့်နိုင်သေးပေ။

ယနေ့သည် သန္ဓေပြောင်းခြင်း၏ ပထမဆုံးနေ့ ဖြစ်ပြီး ကမ္ဘာပျက်ကပ်ကာလ အပြောင်းအလဲသည် ညသန်းခေါင်တွင် ပေါ်ပေါက်လာသောကြောင့် ဖုတ်ကောင်အများအပြားကို သူတို့၏ အိမ်များတွင် သော့ပိတ်ထားသည့် အခန်းထဲတွင် အများစု တွေးနေရသည်။

ပထမဆုံး ဖုတ်ကောင်ဖြစ်စသူတွေက လှုပ်ရှားမှု တောင့်တင်းကာ သော့ပိတ်ထားသည့် တံခါးကို မဖွင့်နိုင်ကြပဲ အထဲကနေပဲ အော်ဟစ် မာန်ဖီနေကြသည်။

လော်ရွှင့် သည် မြို့၏ အနောက်တောင်ဘက်လမ်းမကြီးတလျှောက် မောင်းလာခဲ့ပြီး သူ့ ကားနောက်မှ တုန်တုန်ယင်ယင်ဖြင့် လိုက်ဖို့လုပ်နေသော ဖုတ်ကောင်နှစ်ကောင်ကို ချန်ထားကာ ဆက်လက်မောင်းထွက်လာခဲ့သည်။

အမြူတေ မရှိသေးသော ကနဦးဖုတ်ကောင်ကို ရှင်းလင်းဖို့ သူ့မှာ အချိန်မရှိသေးပေ။

သူ့ကားနှင့် လိုအပ်သော ရိက္ခာပစ္စည်းများ စုဆောင်းရန်အတွက် သူ သွားနေသည့် နေရာကို မရောက်ခင် နာရီဝက်ခန့် မောင်းနှင်လာခဲ့ရသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now