Chapter (85) - အမျိုးသားများကို ကြောက်ရွံ့သည့် ရောဂါ

2.6K 479 4
                                    

Chapter (85) - Androphobia - အမျိုးသားများကို ကြောက်ရွံ့သည့် ရောဂါ

စုန့်လင်လင် ချောင်းဟန့်လိုက်ပြီး အကျပ်တွေ့နေသည့် ရွှီမိန် ကို ကယ်တင်ခဲ့သည်။

"ကလေးမလေး ငိုနေတဲ့အချိန်မှာ ကျွန်မတို့ သူမကိုတွေ့ခဲ့တယ်၊ ရွှီမိန် က မေးပေမယ့် ကလေးမလေးကို ဝယ်ခဲ့တဲ့သူတွေက ဘာမှမပြောကြဘူး။"

ရွှီမိန် သည် သူမ၏ ရည်းစားဟောင်းကို လက်စားချေရန် ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆက်တွဲ ကလေးမလေးရဲ့ သွေးကို သောက်ဖို့လုပ်နေသည့် ရူးကြောင်ကြောင် လူအုပ်စုနဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့ မရည်ရွယ်ခဲ့ပေ။ စုန့်လင်လင် သည် အနိုင်ကျင့်ခံဘဝမှ ယခု စွမ်းအားရှိလာချိန် မိမိကဲ့သို့ ဘဝတူ အနိုင်ကျင့်ခံရသည့် အခြားသူများကို ကူညီပေးချင်ခဲ့သည်။ ရွှီမိန် ဟာ သူမကို ထားရစ်ခဲ့သည့် ချစ်သူကို ပညာပေး ရိုက်နှက်ပြီးနောက် သွေးထုတ်ခံရသည့် ကလေးကို ကယ်တင်ခဲ့ပေမယ့် ကလေးမလေးက ငိုကြွေးရလွန်းလို့ မူးမေ့လဲသွားတာကြောင့် သူ့မိသားစုအကြောင်း မေးဖို့ အချိန်မရှိခဲ့ပေ။

"အဟမ်း...ခင်ဗျားတို့ သူမကို ကယ်ခဲ့တာလား။"

လော်ရွှင့် သည် အမျိုးသမီးနှစ်ယောက်ကို ပြုံးပြရင်း နေရခက်နေသည့် အခြေနေကို ဖြေလျော့လိုက်သည်။

ကျန်းရီ က ဘာမှပြောစရာမရှိတာကိုမြင်တော့ မတ်တပ်ရပ်ပြီး ဆေးသေတ္တာကို ညွှန်ပြလိုက်ကာ ဝမ်သော်၏ မေးစေ့ကို ကိုင်လိုက်ကာ အမိန့်ပေးလိုက်သည် ။

"ပြန်ရအောင်။"

ဇနီးအပေါ် သစ္စာရှိတဲ့ ဝမ်သော်က ဆေးသေတ္တာကို ရုတ်သိမ်းပြီး သူ့ဘုရင် ဘေးမှာ ရပ်လိုက်တယ်။ သူက သူ၏ သူငယ်ချင်းကောင်းများကို လက်ပြနှုတ်ဆက်ကာ ချိုမြိန်သော အချစ်သိုက်မြုံလေးဆီသို့ ပြန်သွားခဲ့သည်။

စုန့်လင်လင် က ကလေးကိုပွေ့နေစဉ် ရွှီမိန် လည်း မတ်တပ် ရပ်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ မနက်ဖြန်မနက်မှာ ဖုတ်ကောင် အမြူတေ လာပို့ပေးပါ့မယ်။"

လီထယ်က ကမန်းကတန်း လက်ပြလိုက်သည်။

"မလိုပါဘူး၊ အားနာဖို့ မလိုဘူး!"

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now