Chapter (101-1) _ ဖွင့်ဟဝန်ခံခြင်း
Otaku အဖွဲ့မှ တတိယမြောက် အမျိုးသမီးလေး ယွီရှင်းရန် သည် သူမ၏ မွေးစားမိခင်နှစ်ဦးနှင့် ဆင်တူ အဝတ်စားများကို ဝတ်ဆင်ထားသည်။ ခေါင်းပေါ်တွင် ဘေ့စ်ဘောဦးထုပ်သေးသေးလေးဆောင်းကာ အနက်ရောင် နေကာမျက်မှန်ကြီးတစ်ခုနှင့် သူမ၏မျက်လုံးများကို ဖုံးအုပ်ထားသည်။ မျက်နှာကို Mask ဖြင့် အုပ်ထားတာက Otaku အဖွဲ့အတွက် ယူနီဖောင်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မှတ်ယူလို့ရသည်။ ကျား၊မ အားလုံး ဦးခေါင်းမှ ခြေဖျားအထိ ဝတ်စုံဖြင့် ဖုံးအုပ်ထားသည်။ နေ့လယ်စာအတွက် အစားအသောက်ဝယ်ရန် အပြင်ထွက်စဉ်လည်း အမျိုးသမီးနှစ်ဦးက ထိုသို့ ဝတ်ဆင်ထားသည်။
ဒါကြောင့် အဝေးကကြည့်လျှင် သူတို့အဖွဲ့ထဲ အမျိုးသမီး နှစ်ဦးပါကြောင်းပင် မသိသာပေ။ ယွီရှင်းရန် ကတော့ သူမရဲ့အဝတ်အစားက သေးငယ်သည့်အပြင် လုံခြုံလှသည်။ အခြားအဖွဲ့မှ မိန်းကလေးတွေက တခါတရံ မိန်းကလေးဆန်ဆန် စကတ်ကို ဝတ်ဆင်တတ်သည်။
သုံးနာရီကြာအောင် စောင့်ဆိုင်းပြီးနောက် လော်ရွှင့်တို့က ကားကို အခြေစိုက်စခန်းထဲ မောင်းဝင်လာသည်။
"ဒီနေ့ လမ်းမပေါ်မှာ လူတွေ များနေတယ်"
တစ်ချိန်တည်းမှာပင် အနောက်တောင် အခြေစိုက်စခန်းသို့ ဒုက္ခသည်အားလုံး စုပုံ ရောက်ရှိလာပုံရသည်။
လော်ရွှင့် သည် သက်ပြင်းတစ်ချက်ချကာ စောင့်ဆိုင်းချိန်ကျော်လွန်လို့ ထွက်သွားသော အခြားယာဉ်များကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထရပ်ကားပေါ်မှာ ဘယ်သူပါသလဲဆိုတာ မှတ်မိတော့ပေ။
ထိုလူများသည် အရပ်ရပ်မှ လာခဲ့ကြသော်လည်း ကားရှေ့ခန်းတွင် ထိုင်နိုင်သော လူများမှာ အရင်းအနှီး တောင့်တင်းပုံပေါ်သည်။ ထိုသူတွေမှာ ကားတစ်စီး၊ စွမ်းရည် သို့မဟုတ် အသုံးဝင်သော ကျွမ်းကျင်မှုတစ်ခု ရှိကြသည်။ ယောက်ျား မိန်းမအချို့သည် အချင်းချင်း ပေါင်တွေကို ကိုင်လျက်.. ပွတ်သပ်နေသည်ကိုပင် တွေ့ရသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies