Chapter (73) - သူခိုး

3K 570 10
                                    

Chapter (73) - သူခိုး


ယန်ဖေး သည် လော်ရွှင့် ၏ ကျောကို ပုတ်ကာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။
  "ကျန်းရီလို အရည်အချင်းရှိတဲ့သူတွေကို လုူတိုင်းခေါ်ချင်တာက ပုံမှန်ပါပဲ။   သူ့ရဲ့ စွမ်းရည်က အရမ်းသန်မာတယ်လေ။"

ယန်ဖေး က စွမ်းအားရှင်တစ်ယောက်ကို ဆရာဝန်တစ်ဦးအဖြစ် ဆေးရုံမှာ ထားရှိခြင်းက စွမ်းအားကို အလကားဖြစ်စေတယ်လို့ ယူဆသည်။   ဖုတ်ကောင်များကို သတ်ဖို့ အပြင်ထွက်ခြင်းက ကိုယ့် စွမ်းအားတန်ဖိုးကို ပြသရာရောက်မယ်လို့ ခံစာမးိပေမယ့် ကျန်းရီက အပြင်ထွက် အမဲလိုက်ရမှာကို ပျင်းလွန်းလို့   ဆေးရုံမှာ အလုပ်လုပ်ဖို့ ကျန်းရီ ရဲ့ ရွေးချယ်မှုကို သူနားလည်နိုင်ခဲ့တယ်။

 လီထယ် နဲ့ တခြားသူတွေဟာ ဒီအကြောင်းကိုပြောရင်း သူတို့ရဲ့မျက်နှာပေါ်မှာ   အပြုံးတွေဝေနေခဲ့တယ်။ ဟော်ချန်ခွန်း က ယန်ဖေးကို ဂုဏ်ယူစွာ ထုတ်ဖော်ပြောကြားလိုက်သည်။

 "ကျန်းရီ က ငါတို့အဖွဲ့ရဲ့ နာမည်က ကောင်းတယ်လို့ ပြောတယ်။ သူက ဒီစိတ်ကူးကို သဘောကျပြီး အခု ကျွန်တော်တို့ အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်နေပါပြီ။"

ယန်ဖေး သည် ခဏတာ တိတ်ဆိတ်သွားကာ သူ့စိတ်ထဲကနေ တီးတိုးပြောနေမိသည်။

  "ငါတို့အဖွဲ့" အကြောင်း သိချင်နေတာလား။ အရင်က သူတို့နှစ်ယောက်နဲ့ လီထယ်တို့ အဖွဲ့ပေါင်းပြီး အိုတာ့ခု ဆိုတဲ့ အဖွဲ့ကို ဖွဲ့ခဲ့တာကို သူ ပြန်သတိရလိုက်တယ်။
 "မှန်တယ်! (Otaku)  အိုတာ့ခု အဖွဲ့ က တော်တော် အသံကောင်းတယ်!"

ဟုတ်တယ်... Otaku အဖွဲ့။

ယန်ဖေး  တိတ်တဆိတ် စဉ်းစားလိုက်တော့ Otaku ဆိုတဲ့နာမည်က မဆိုးလှဘူး။ သူ့ချစ်သူက သူ့အိမ်မှာ အခြေချနေထိုင်ပြီး အိမ်တွင်းအပင်စိုက် အလုပ်လုပ်ပြီး နေ့တွေကို ဖြတ်သန်းခဲ့တယ်။ လော်ရွှင့်ရဲ့ဘဝမှာ အခြား အပျော်ပါးလိုက်စားတာ ဘာမှကို စိတ်မဝင်စားခဲ့ဘူး။  သူ ဆိုတဲ့ ယန်ဖေးကတော့ ကမ္ဘာပျက်မသွားခင်မှာ အပျော်ပါး လိုက်စားမှုတွေအားလုံးကို လိုက်ရှာပြီးသွားပြီ။ ဒီလက်ရှိ ဘဝပုံစံက အရမ်းကို ကောင်းမွန်လှတယ်။ တကယ်လို့ သူတို့ပျင်းလာရင်း အခုလို ကပ်ဆိုးကာလကြီးမှာ အပြင်ထွက်ပြီး   ဖုတ်ကောင်များကို သတ်ပြီး  အမြူတေကို စုဆောင်းနိုင်သည်။

ဟန်လိက လီထယ်ရဲ့ စကားကို ဖြတ်ပြီး ထို ဇနီးမောင်နှံအား စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။

"ဒါပေမယ့် ဒီလူတွေက အရည်အချင်းရှိတဲ့သူကို ဘယ်လို မြှူဆွယ်ရမလဲဆိုတာ သေချာသိနေတယ် ..သူတို့အဖွဲ့ထဲ ဝင်ရင် စွမ်းအားမြှင့်တင်နည်းကို သင်ပေးနိုင်တယ်လို့ ပြောခဲ့သေးတယ်"
ကျန်းရီ တင်မကဘူး၊ ယန်ဖေးကိုတွေ့ရင်လည်း ထိုလူတွေက လာဆွယ်နိုင်တယ် မဟုတ်လား။
 ဒါကြောင့် သူတို့က ယန်ဖေးကို ဒီအကြောင်းကို ပြောပြရတာ ဖြစ်တယ်။ သူတို့အဖွဲ့ထဲက နှစ်ဦးတည်းသော စွမ်းအားရှင်တွေ သူများနောက်ပါသွားရင် သူတို့ အဖွဲ့က ဘယ်လိုရပ်တည်နိုင်တော့မလဲ။ အကောင်းဆုံးကတော့ သူတို့ဆီက လူကို သူများ မခိုးနိုင်အောင် ကာကွယ်ဖို့ပဲဖြစ်တယ်။
 
ယန်ဖေး မျက်ခုံးပင့်လိုက်သည်။
 "စွမ်းရည်မြှင့်တင်တယ် ဟုတ်လား? အဲဒါကို ဘယ်လိုလုပ်ရမလဲ ဆိုတာ ငါလည်း သိသားပဲ"

"အမ်!?"
 လူလေးယောက်က သူ့ကိုကြည့်လိုက်တယ်။ ယန်ဖေး က သူ့ အရည်အချင်းတွေကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲဆိုတာ သိတယ်ပေါ့။  

ယန်ဖေး က မျက်မှောင်ကြုတ်ကာ သူ့မေးစေ့ကို ထိလိုက်ကာ ပြောလိုက်သည်။

 "ငါ ခုတလော အရမ်းအလုပ်များလွန်းလို့ ပြောဖို့မေ့နေခဲ့တာ ဖြစ်မယ်။ သူ ပြန်လာရင် ငါပြောပြလိုက်မယ်။"

ယန်ဖေး သည် စွမ်းရည်မြှင့်တင်ရန် အထိရောက်ဆုံးနည်းလမ်းများကို  အကျဉ်းချုပ်လိုက်တော့ နည်းလမ်းနှစ်သွယ်ရှိသည်ကို သိလိုက်ရသည်၊   တစ်နည်းမှာ ကိုယ့်စွမ်းရည်ကို ကုန်အောင် သုံးပြီး ပြန်လည်ကျင့်ကြံခြင်းနဲ့   ဒုတိယနည်းမှာ အမြူတေကနေ  စုပ်ယူခြင်းဖြစ်သည်။
Chaos အဖွဲ့ ကပ္ပတိန်က ပြောတဲ့ "စွမ်းအင် အဆင့်တက်အောင် လုပ်တဲ့နည်းလမ်း" ဆိုတာ   အမြူတေ ကို စုပ်ယူတဲ့နည်းဖြစ်ရမယ်လို့ ယန်ဖေး သံသယဖြစ်မိသည်။ ဒါဟာ လျှို့ဝှက်ချက်မဟုတ်ဘူး၊ အခြေစိုက်စခန်း ကာကွယ်ရေးတပ်ဖွဲ့ က ဒီနည်းလမ်းကို သုံးနေတာ ကြာပါပြီ၊ အပြင်လူတွေကို ထုတ်မပြောတာပဲဖြစ်သည်။

  ကျန်းရီ သည် အခြားသော နေရာကနေ သိနိုင်ပေမယ့် ဒီလူငယ် အုပ်စုကို ဘာမှ ထူးထူးခြားခြား မပြောခဲ့ဘူး။  ဘာကြောင့်လဲဆိုတော့ ဒီအလွှာမှာ  သူနှင့် ယန်ဖေး သာ စွမ်းအားရှင်တွေဖြစ်ပြီး ကျန်လူတွေက သာမန်လူတွေဖြစ်နေလို့ပဲ။ လီထယ်တို့ အုပ်စုနဲ့ စကားပြောရင် သူက ဒီလိုအရာတွေကို ပြောမှာ မဟုတ်ဘူး။
 
ကျန်းရီ က... ဒီကောင်က လူတွေနဲ့ စကားပြောတာ ဘယ်လောက်ကြာသေး လို့လဲ။ သူ့ဦးနှောက်က ထူးဆန်းလွန်းတယ်၊ ယန်ဖေး က ကျန်းရီကို နားလည်ဖို့ သူ ဆက်ကြိုးစားဖို့ကို ပျင်းတယ်။

 အခန်းထဲပြန်ရောက်တော့ နှစ်ယောက်သား အလုပ်ဆက်လုပ်ပြီး နံရံကို မြန်မြန် ဆေးသုတ်လိုက်တယ်။ သူတို့ ထမင်းစားပြီးပြီးချင်း လုပ်လိုက်လို့ အခု အခန်းနှစ်ခန်းပဲ ကျန်တော့တယ်။ နောက်ဆုံးအခန်းကို ဆေးသုတ်ပြီးနောက် လူနှစ်ယောက် သက်သာရာရစွာ ပြုံးလိုက်ကြသည်။ အိပ်ရာမဝင်မီ တံခါးနှင့် ပြတင်းပေါက်များဖွင့်ကာ ဆေးတွေကို အခြောက်ခံကြသည်။

ယန်ဖေး သည် သူခိုး မဝင်နိုင်အောင်  ပြတင်းပေါက်ကိုပိတ်ဆို့ရန် အထူးသံဘားတစ်ခုကို တပ်ဆင်ထားပြီးနောက် အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူနိုင်ကြတယ်။

"မနက်ဖြန်မှာ ပစ္စည်းတွေ ထပ်ရောက်လာမယ်။ ခင်ဗျား သူတို့နေရာကို အနွေးပိုက်တွေ တပ်တာကို အရင်စီစဉ်မှာလား"

 ရေချိုးပြီး အိပ်ခန်းထဲသို့ ပြန်ဝင်ပြီးနောက် လော်ရွှင့် သည် နံရံကို မှီကာ အခန်းတွင်းရှိ သံဘောလုံးကို ယန်ဖေး  တိုက်ခိုက်သည်ကို ကြည့်လိုက်သည်။

"အင်း၊ သူ့အိမ်နဲ့ အရင် တပ်ပေးလိုက်တယ်။ တချို့နေရာတွေ ပြန်ဆောက်ရင် ပိုကောင်းမယ်လို့ နောက်ဆုံးအကြိမ်က ပြောဖူးတယ် မလား။ သူ့အိမ်က အနွေးပိုက် စမ်းသပ် တပ်ဆင်တာ ဖြစ်နိုင်လောက်တယ်။ အဆင်ပြေရင် ငါတို့ အိမ်ခန်းကို အဲ့လို တပ်ကြတာပေါ့"
ယန်ဖေး က အေးအေးဆေးဆေး ပြောသည်၊ သူ့အတွက် သူ့စွမ်းအားကို လေ့ကျင့်ရန် ကျန်းရီနဲ့ လီထယ်တို့ အိမ်နှစ်အိမ် ရှိနေသည် ။ အပူပေး စနစ်နှစ်ခုကို ပြီးအောင် လုပ်ပြီးတဲ့အချိန် လော်ရွှင့် ၏အိမ်ကို အကောင်းဆုံး ဘယ်လို တပ်ဆင်ရ မလဲဆိုတာ သူ သိနိုင်လောက်ပြီ။
 
လော်ရွှင့် က မထိန်းနိုင်ဘဲ ရယ်မောကာ ခေါင်းညိတ်လိုက်သည်။
 "လီထယ် နဲ့ တခြားသူတွေရဲ့ အဆိုအရ သူတို့အိမ်က တဖြည်းဖြည်း ပူလာပြီး လျှပ်စစ်ဓာတ်အား တော်တော်ကုန်သွားတယ်။ ကျန်းရီရဲ့ အိမ်က အခြေအနေကို အရင် ကြည့်ပြီး အကောင်းဆုံး လုပ်နိုင်မယ့် နည်းကို ဆုံးဖြတ်နိုင်လောက်တယ် "

 သူ့ချစ်သူ၏ အစီအစဉ်ကို လော်ရွှင့် အပြည့်အဝ ထောက်ခံကြောင်း ပြသခဲ့သည်။

နောက်တစ်နေ့ ညနေခင်းတွင် ကျန်းရီသည် သတ္တုပစ္စည်းများ တင်ဆောင်ထား သော ထရပ်ကားတစ်စီးဖြင့် ခါတိုင်းထက်စောပြီး ပြန်လာခဲ့သည်။ အောက်ထပ်သို့ ဆင်းသွားပြီးနောက် လော်ရွှင့် ၏ မျက်လုံးများ ပြူးသွားခဲ့သည်။
  "ခင်ဗျားက သတ္တုအများကြီး ဘယ်လိုရလာတာလဲ"  

ယန်ဖေး တစ်ယောက် နံရံကို အကုန် ပြန်ပြင်ဖို့ တစ်ရက်စာ အလုပ်လုပ်ရန် သတ္တုအလုံအလောက်ရှိနေခဲ့သည်။

ကျန်းရီ သည် မက်မွန်ပွင့်မျက်လုံးများကို ကျဉ်းမြောင်းပြီး လူများကို ရင်ဖိုသွားစေသည့် စူးရှသောအပြုံးဖြင့် ရယ်မောလိုက်ကာ ထရပ်ကားကို လက်ညှိုးထိုးပြသည်။

 "လူနာက ပေးခဲ့တာ။ ဝေဒနာခံစားနေရတဲ့ အမျိုးသမီးကို  ကုသပေးခဲ့လို့ သူတို့က ပြန်ကူညီပေးခဲ့တာ။"

"...ဘယ်မိန်းမလဲ။ အဲ့ဒီ လူနာက မျက်စိကန်းနေတာလား။ ရှားပါးပစ္စည်းတွေကို မင်းကို ကားတစ်စီးစာ ပို့ပေးလိုက်နိုင်တာလား။"
လော်ရွှင့် က သူ့မျက်လုံးတွေ ကျိန်းလာသလိုတောင် ခံစားရတယ်။ အခြေစိုက်စခန်းမှာ  အခြေခံသတ္တု ဘယ်လောက်ရှားပါးတယ်ဆိုတာ သူမ မသိလို့လား။ လှပသောလူတွေများ ကံကောင်းလိုက်ကြတာ.... အိပ်ရာပေါ်မှာ တက်ချင်တာနဲ့ကို တန်ဖိုးရှိတဲ့  ပစ္စည်းတွေ လွှဲပေးနေကြတာပဲ....

ကျန်းရီ က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"သူ့အဖေက စုဆောင်းထားတဲ့ ပစ္စည်းတွေကို ဖြန့်ဖြူးဖို့ တာဝန်ရှိပုံရတယ်။ အိမ်ကို ပြုပြင်ဖို့ သတ္တုကားတစ်စီးတိုက်စာလောက် လိုနေတယ်လို့ ကြားတာနဲ့ အဲ့ဒီ အမျိုးသမီးက ငါ့ကို ပေးခဲ့တယ်။ အင်း.... Fujoushi  သူငယ်ချင်းမတွေက   တကယ့် သူငယ်ချင်းကောင်းပဲ"

"သြေ? မိန်းမလား?"
လော်ရွှင့် က သူ နားကြားမှားတယ်လို့တောင် ထင်သွားတယ်။  ဒီလို အခြေအနေမျိုးမှာ အခြေစိုက်စခန်းမှ အသည်းအသန် လိုအပ်နေတဲ့ သတ္တုကို  ဘယ်လို fujoushi အမျိုးသမီးက ကျန်းရီကို စေတနာအပြည့်နဲ့ ပေးလိုက်နိုင်တာလဲ။ ဒီလိုမျိုး ရှိမယ်လို့ သူ လုံးဝ မမျှော်လင့်ထားမိဘူး။
 
ကျန်းရီ က မျက်ခုံးပင့်ကာ အဓိပ္ပါယ်ရှိစွာ ရယ်လိုက်သည်။

"မင်းပြောတာ မှားတာ မဟုတ်လို့  ငြင်းစရာ မလိုဘူး။"

စကားပြောပြီးနောက် ကားဘက်သို့လှည့်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ခိုးရန် ကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရလို့ ကျန်းရီက ထိုလူကို  လေဘောလုံးဖြင့် ပစ်ကာ  သုံးမီတာလောက် လွှတ်တင်လိုက်တယ်။

လော်ရွှင့် က ကျန်းရီ ကို အသေးစိတ်မေးချင်နေတယ်။ ဒီလို အမျိုးသမီးနဲ့ ခင်မင်ရင် ဘယ်လို ပြန်ပေးဆပ်ဖို့ လိုအပ်သလဲ။ သူလည်း ယောကျာ်းကို ကြိုက်တယ်လေ။ အဟမ်း.... သူတို့ အတွဲက ဒီအချက်ကို သုံးပြီး အကျိုးရှိနိုင်လောက်မလား။ ဒါပေမယ့် သူတို့အကြောင်းပေါ်သွားရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်လို့ ဒီအတိုင်း ရိုးရိုးသားသားပဲ နေဖို့ကိုပဲ ဆုံးဖြတ် လိုက်တယ်။

ယန်ဖေး က 16 ထပ်သို့ ယူလာသည့်  သတ္တု အကုန်ကို တစ်ယောက်တည်း သယ်နေရလို့  မျက်နှာမကောင်းပေ၊ မတတ်နိုင်ဘူး။ ဘယ်သူက သူ့ကို သတ္တု စွမ်းအားရှင်ဖြစ်ခိုင်းလို့လဲ။ သူကလွဲပြီး ဘယ်သူက ဒါကို သယ်နိုင်မှာလဲ။   သတ္တုကို သူကိုယ်တိုင် သယ်လာရတာက တခြားသူတွေကို နဲနဲချင်းစီ သယ်ခွင့်ပေးတာထက် ပိုမြန်တယ်။

သူသည် လေထုထဲတွင် ဝဲနေသည့် သတ္တုကို ထိန်းချုပ်ကာ 16 ထပ်အထိ "လွင့်မျော" ကာ သယ်သွား နိုင်သည် ။ ကျန်းရီ က ပြန်ယူလာတဲ့ ပစ္စည်းအမြောက်အမြား ကြောင့် တစ်ကြိမ်တည်းနဲ့ သယ်လို့မရဘူး။ တစ်ခါတည်း အကုန်သယ်ရင်   စင်္ကြံတစ်ခု လုံးကို ပိတ်ဆို့စေမည်ဖြစ်သည်။

ဝမ်းနည်းစရာကတော့  ကျန်းရီ ၏ ပျားရည်လို ချိုတဲ့ စကားက တကယ်ကို အစွမ်းထက်လွန်းသည်၊ ကားကနေ နှစ်ခေါက်သုံးခေါက်လောက် ထိ ယန်ဖေးက  သည်းခံက သယ်ပေးနိုင်ခဲ့သည်။
 လော်ရွှင့် နှင့် ကျန်းရီ သည် ကားရှိသည့် အောက်ထပ်ကို အတူတူကြည့်လိုက်သည်။ သနားစရာ ယန်ဖေး သည် 16 ထပ်ဆီသို့ ဖြည်းညှင်းစွာ လွင့်ပျံသွား စေရန် ပစ္စည်းအပုံကြီးကို ထိန်းချုပ်သည့်  မြင်ကွင်းကို တွေ့လိုက်ရသည်။
 
"ဒီနေ့နောက်ကျရင် ကားပြန်ပေးရဦးမလား။"
လော်ရွှင့် သည် ပစ္စည်းအပြည့်ရှိသော ပစ်ကပ်ကားကို ညွှန်ပြသည်။

ကျန်းရီ ခေါင်းယမ်းလိုက်သည်။ "မနက်ဖြန်မနက် ပြန်မောင်းသွားလိုက်မယ်"

လော်ရွှင့် က သူ့ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး ရက်ရောတဲ့အမျိုးသမီးက ကျန်းရီ ကို ထရပ်ကားနဲ့တောင် လက်ဆောင်ပေးခဲ့တယ်လို့ သူ ထင်ခဲ့တယ်။
"မင်းရဲ့ ပစ္စည်းတွေ အကုန်သုံးရမယ် မထင်ဘူး"

လော်ရွှင့် သည် ကားထဲမှ ကျန်ပစ္စည်းများကို ကြည့်လိုက်သည်။ လီထယ် ၏ အခန်းအတွက် လိုအပ်သော သတ္တုပစ္စည်းတွေကို သူ က တွက်ဆနေသည်။   ကျန်းရီ သည် သူ့ တိုက်ခန်းကို ပြန်လည်ပြုပြင်ရန် လုံလောက်သည်ထက် များပြားလွန်းသော ပစ္စည်းများကို ပြန်ယူလာခဲ့သည်။

ကျန်းရီ ပေါ့ပေါ့ဆဆ လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရေပိုက်ကလွဲလို့ ကြမ်းပြင်ခင်းပြီး အတွင်းနံရံကို အားဖြည့်ပေးပြီး ကျန်တာက မင်းအတွက်ပဲ ။ ကျန်နေရင် ငါ့အတွက် အသုံးမကျဘူး။ မင်းအိမ်မှာရှိတဲ့ ထိုင်ခုံတွေလို ငါ့အတွက် ကုလားထိုင်တွေ နည်းလည်းလုပ်ပေးရင် ရပြီ။"

အိမ်ခန်း 1603 တွင် ပရိဘောဂများ မရှိသော်လည်း ကျန်းရီ သည် ထိုသတ္တုပစ္စည်းများကို သုံးကာ ပရိဘောက လုပ်ဖို့ သတ္တု စွမ်းအားရှင်ယန်ဖေး သာ လိုအပ်သည်။ သံမဏိကဲ့သို့ တောက်ပသော ငွေရောင်မဟုတ်သော်လည်း ပရိဘောဂများ ခိုင်ခံ့တယ်ဆို အဆင်ပြေပါတယ်၊

အသွင်အပြင်က အရေးမကြီးဘူး၊ လိုအပ်ရင် ပုံသဏ္ဍာန်ပြောင်းဖို့ ယန်ဖေး ကို သွားရှာလို့ရတယ်။ ယန်ဖေး အတွက် လက်ဆောင်ပေးဖို့ က အရမ်း လွယ်ပါတယ်။    သာမန်သတ္တုပစ္စည်းများလည်း အဆင်ပြေသည်၊ အဖိုးတန်သတ္တုများပေးဖို့ မလိုအပ်ပေ။

ကံဆိုးသော ယန်ဖေး သည် စင်္ကြံလမ်းတွင် လက်ဖြင့် ပစ္စည်းတစ်ပိုင်းကို ညွှန်ပြကာ ထိန်းချုပ်ရင်း တိုက်ပေါ်ကို တက်ပြီး ပြန်ဆင်းလာခဲ့သည်။ သူက မထင်မှတ်ပဲ   လှည့်ကြည့်လိုက်တော့ သူ လန့်သွားသည်။

"အိုး-"

 လော်ရွှင့် လည်း လန့်ကာ ခုန်ထပြီး ပတ်ပတ်လည်ကို ကမန်းကတန်း ကြည့်လိုက်တယ်။ ကောင်းလိုက်တာ၊ လူတွေ ဒီလောက်အများကြီး ဘယ်အချိန်ကတည်းက ဝိုင်းကြည့်နေကြတာလဲ။
 
  လူတွေ ပိုပိုပြီး တက်ကြွနေပြီး အစောပိုင်းက  ကုန်ပစ္စည်းခိုးဖို့ ကြိုးစားတဲ့ အချိန်နဲ့မတူပဲ ဒီလူတွေ  ရုန်းရင်းဆန်ခတ်ဖြစ်တာကို မြင်လိုက်ရတယ်။

"ဘာလို့ လူတွေ ဒီလောက်များနေတာလဲ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က လူတော်တော် များများ အပြင် မထွက်ခဲ့ဘူး မလား"

လော်ရွှင့် သည် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့် လူအများအပြားသည် မြို့တွင်းမှ အပြင်ဘက်အခြေစိုက်စခန်းသို့ ပြောင်းရွှေ့သွားကြသည် ။ ယခုအခါ အိမ်အလွတ်များ ပြည့်နေပြီး လူများစွာက နေရာ ရှာရန် အခက်ကြုံနေရသည်။

အခြားသူများပြောသည့်စကားအရ အပြင်ဘက်အိမ်များသည် အလွန်ကျယ်သည်။ အချို့နေရာများတွင် လူတစ်ဦးကို တစ်လွှာနေထိုင်ကြသည်။ တကယ်လို့ အခြေစိုက်စခန်း အုပ်ချုပ်သူတွေက အချိန်မှီ မထိန်းချုပ်နိုင်ရင် လူတစ်ယောက်ကို   တိုက်ခန်းတစ်ခန်းနှုန်းဖြင့် ကိုယ်ပိုင်အဖြစ် တောင်းဆိုခဲ့လိမ့်သည်။

ဒါပေမယ့် စခန်းအပြင်ဘက်မှာ အိမ်ရာတွေက ပိုက်ဆံ အတော်ပေးရတယ်။  မူလက လူငါးယောက် ခြောက်ယောက်ပါတဲ့ အုပ်စုတွေက အခန်းတစ်ခန်းထဲမှာ လူစု လူဝေးနဲ့နေရင် အခန်းခကို မျှခံနိုင်လို့ ကုန်ကျစရိတ်သက်သာတယ်။ အပြင်က သီးသန့်လုံးချင်းအိမ်ယာမှာ နေသူတွေက အခန်းခတွေကို တူညီတဲ့နှုန်းနဲ့ ပေးဆောင်ရလို့ အခန်းများများယူရင် ပိုကုန်လိမ့်မည်။
 
နှစ်ယောက်သား ဝိုင်းရပ်ပြီး စကားပြောနေကြစဉ် ယန်ဖေး သည်   ထွက်သွားသဖြင့် လှေကားပေါ်သို့ တက်သွားသည်။ ထိုအချိန် လှေကားတွင် အခြားအုပ်စုနဲ့ မျက်နှာချင်းဆိုင် တိုးမိသည်။ ထိုအုပ်စုထဲတွင် အရင်က လော်ရွှင့်ဆီက အမှတ်ကို လုဖို့ လုပ်လို့ ယန်ဖေးဆီက သံမှိုနဲ့ အစိုက်ခံရလို့ ငိုယို ထွက်ပြေးသွားတဲ့ ကောလိပ်ကျောင်းသူ အမျိုးသမီး နှစ်ယောက်ကိုပါ ထိုအုပ်စုထဲမှာ တွေ့လိုက်ရသည်။

အထူးသဖြင့် လက်ကို သံချောင်း ထိုးစိုက်ခံလိုက်ရလို့ နာကျင်ခဲ့သော ကောင်မလေး နှစ်ယောက်က ယန်ဖေးကို တွေ့တော့   သူတို့မျက်နှာတွေ ဖြူဖျော့ပြီး ချွေးတွေ ထွက်နေတယ်။ အောက်ထပ်သို့ဆင်းလာချိန် ယန်ဖေးသည် သတ္တုအမြောက်အမြားကို လေထဲ  မျောကာ သယ်ဆောင်လာသည်ကို တွေ့သဖြင့် ထိတ်လန့်သွားပုံရသည်။

ကောင်မလေးနှစ်ယောက်က ယောက်ျားတစ်ယောက်တစ်ယောက် ဆီကို မှီတွဲထားကြသည်။  အမျိုးသားရဲ့လက်ကသည် ဒဏ်ရာမရှိသော မိန်းကလေး၏ င်္အကျီထဲကို လက်ရောက်ကာ နှိုက်ချွတ်နေပြီး အခြားလူတွက မထူးခြားသလို သူတို့ကို ကြည့်နေသည်။
 
လော်ရွှင့် နှင့် အခြားလူများသည် ထရပ်ကားတံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရာ မိန်းကလေးနှစ်ယောက် အံ့သြတကြီး တုန်လှုပ်သွား သော်လည်း ခေါင်းကို အမြန်ငုံ့လိုက်သည်။ သူတို့ဘေးက လူက ဘာကိုမှ သတိမထားမိဘဲ မာနကြီးတဲ့ အပြုံးနဲ့ ထွက်သွားတယ်။

သူတို့အနောက်မှာ ထိုမိန်းကလေးတွေအခန်းကနေ ပြတင်းပေါက် ဘောင်နဲ့တစ်ကွ မှန်ချပ်တွေ ခွာယူလာပုံရတဲ့ လူနှစ်ယောက်က ပြတင်းပေါက် ဘောင်တွေကို ကိုင်ထားကြတယ်...

လော်ရွှင့် သည် သူ့မေးစေ့ကို ထိလိုက်သည်၊ ဒီဂိုဏ်းထဲက ယောကျာ်းတွေက အဲ့ဒီမိန်းမတွေရဲ့ အရင်က အပေါင်းအဖော်များမဟုတ်တော့ဘူးပဲ...

ကျန်းရီ သည် အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး   ပြုံးလိုက်သည်။

"သူတို့က နောက်ထပ် အမှီတစ်ယောက်ကို တွေ့ပြီး ထွက်သွားပုံရတယ်။"

အုပ်စုဖွဲ့ လုယက်ခံရသော အမျိုးသမီး နှစ်ဦးသည် သူတို့၏ အိမ်တွင် ဘာမှ မရှိပေ။ ထိုပြတင်းပေါက်နှစ်ခုမှလွဲ၍ တန်ဖိုးမရှိသော ပြောင်းရွှေ့သွားကြလျှင် သူတို့နှစ်ဦးသာ ရှိတော့သည် ။

လော်ရွှင့် က ခေါင်းညိတ်လိုက်ပြီး  ရေရွတ်လိုက်သည်။

"ပြတင်းပေါက်မှန်ချပ် အပိုတွေကို ဘယ်လိုဖြစ်ပြီး မေ့သွားခဲ့မိတာလဲ..."

ကပ်ဆိုးကာလ မစခင်မှာ မှန်ချပ်ကို စုဆောင်းဖို့ သူဘယ်လိုမေ့သွားတာလဲ။ သူ့အရင်ဘဝတုန်းက မြေအောက်ခန်းမှာ ပြတင်းပေါက်မရှိလို့  ဒါကို သတိမရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျန်းရီ က သူ့ကိုကြည့်တယ်။ သူသည် အခြားတစ်ယောက်ထံမှ ပြတင်းပေါက်စခရင်များကို ရှာချင်နေသည့် ေ ကာင်လေးကို ကြည့်ကာ ပြောလိုက်သည်။

 "မင်းခင်ပွန်းက မင်းကို သတ္တု တံခါးကို လုပ်ပေးနိုင်တယ်လေ။ အဲ့ဒါက နည်းနည်း ပိုထူပေမယ့် သုံးလို့ရပါတယ်။ မဟုတ်လည်း သူ့မှာ ဘာမှ လုပ်စရာမှ မရှိပဲ။  "

လော်ရွှင့် ၏ မျက်လုံးများ တောက်ပလာသည်။

"မှန်တယ်! ဒါလည်း အလုပ်ဖြစ်နိုင်တယ်!" ဖန်သားချပ်များဝယ်မည့်အစား ငွေစုနိုင်တယ်မဟုတ်လား ။

သူတို့ ဘာပြောနေတယ်ဆိုတာ သတိမထားမိသော ယန်ဖေး သည် အောက်ထပ်သို့ ဆင်းလာချိန် သူ့ချစ်သူဆီက သူ့ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလို့  သူ့ကိုယ်သူ မသိမသာ ငုံ့ကြည့်ရင်းတွေးနေမိသည်- အဝတ်အစားက သန့်တယ်၊ သူ့မျက်နှာမှာ တစ်ခုခုရှိနေလို့လား။

နောက်ဆုံးအသုတ် သတ္တုပစ္စည်းများ လေထဲ ဝဲပျံကာ သယ်ပြီးနောက် ကျန်းရီ သည် ကားပါကင်နေရာတွင် ကားကို ထားခဲ့ကာ တံခါးကို သော့ခတ်လိုက်ကာ သူတို့ သုံးဦးသည် ၁၆ လွှာအထိ တက်ခဲ့ကြသည်။

အပေါ်ထပ်တွင်၊ လော်ရွှင့် သည် စင်္ကြံတွင် သတ္တုကြမ်းခင်းရှိနေပြီဖြစ်ပြီး ကျန်းရီ ၏ တံခါးတွင် သတ္တုပစ္စည်းအနည်းငယ်ပါသော ဧရာမအပေါက်တစ်ခုကို တွေ့လိုက်ရသည်။

ကျန်းရီ သည် နားထင်ကို  ပွတ်သပ်လိုက်ကာ ညည်းတွားလိုက်မိသည်။

"ငါ့တံခါးကို သော့ခတ်ထားခဲ့မိတာလား"

ယန်ဖေး သည် ရှေ့တွင်ရှိနေသော်လည်း သတ္တုကို ထိန်းချုပ်နေချိန်တွင် သူ့ကို ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ အလယ်မှာရှိနေသည့် လော်ရွှင့် က ရယ်လိုက်သည်။

 "ငါ့တိုက်ခန်းကို တိုက်ရိုက်သွားချင်လား။ ငါတို့ စိတ်မဆိုးဘူး။"

ကျန်းရီ လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါ့တံခါးက မင်းခင်ပွန်းအတွက် အတားအဆီးတော့ မရှိပါဘူး။"

လော်ရွှင့် ခေါင်းညိတ်လိုက်သည်။ "မှန်တယ်!"

ယန်ဖေး သည် ကျန်းရီ၏ "မင်းရဲ့ခင်ပွန်း" ဆိုတဲ့ အခေါ်ဝေါ်အတွက် ကျေနပ်စွာ ပြုံးကာ ကြမ်းပြင်ကို ပိုခိုင်မာအောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ငတုံးလေး လော်ရွှင့် သည် အပေါ်ထပ်တွင် နေချင်ခဲ့သည့် သူ့ မူလ ရည်မှန်းချက်ကို လုံး ဝ မေ့ပစ်လိုက်ကာ ပျော်ရွှင်နေတော့သည်။   "ယန်ဖေးက သူ့ရဲ့ခင်ပွန်း" ဆိုတဲ့အချက်ကို  ပုံသေသတ်မှတ်ထားလိုက်ပုံ ရသည်။

သတ္တုအားလုံးကို ဖယ်ထုတ်ပြီးနောက် ယန်ဖေးသည် ကျန်းရီအား ပြောရန် သတိရလာသည်။

 "မှန်တယ်၊ ငါ ပြောဖို့မေ့သွားတဲ့အရာတစ်ခုရှိတယ်။ အမြူတေက စွမ်းအင်ကို တိုက်ရိုက်  စုပ်ယူနိုင်တယ်။ ဖုတ်ကောင် အမြူတေထဲက စွမ်းအင်က ကိုယ့်စွမ်းအားကို တိုးမြှင့်အောင် လုပ်တဲ့နေရာမှာ အဓိက ကျတယ်လို့ မင်းလည်း ကြားဖူးမှာပဲ။ ငါ့ အတွေ့အကြုံအရ၊ ကိုယ်ထဲက စွမ်းအား အကုန်သုံးပြီးမှ စွမ်းအားကို စုပ်ယူတာက ပိုအကျိုးရှိတယ်။ အားမကုန်ချင် စုပ်ယူတာထက် ဒီနည်းက ပိုကောင်းတယ်။  "

ကျန်းရီ မျက်ခုံးပင့်လိုက်သည်။

"မင်းက အမြူတေ ကို စုပ်ယူနိုင်ပြီး စွမ်းရည်မြှင့်တင်နိုင်စွမ်းရှိတယ်ဆိုတာ ငါ ကြားတယ်၊ ကာကွယ်ရေးတပ်က နည်းလမ်းကို သုံးနေပုံရတယ်။ မင်း နံရံတည်ဆောက်ရေးမှာ အလုပ်လုပ်နေတာလား"

ယန်ဖေး က ခေါင်းညိတ်ပြပြီး သူ့အိတ်ကပ်ထဲက အမြူတေ တစ်တုံးကို ထုတ်လိုက်တယ်။  
 "ဒါတွေကို ဆေးရုံမှာ သုံးခွင့်မပေးဘူးလား"

ကျန်းရီ ပခုံးတွန့်လိုက်သည်။
 "ငါတို့ လူတွေကို ကုစားဖို့ စွမ်းအား မလိုဘူးလား? ဘာကြောင့် ပေးကြမှာလဲ။ ဒီအရာတွေကို မင်း ဘယ်လိုစုပ်တာလဲ။"

"စိတ်ခွန်အားကိုသုံးပြီး လက်ကနေ တဆင့် စုပ်ယူ..."
ယန်ဖေး ၏အသံသည် တည်ငြိမ်နေခဲ့သည်။

ကျန်းရီ ရဲ့လက်ထဲက အမြူတေ ဟာ  စိမ်းပြာရောင်အလင်းတန်းတစ်ချို့နဲ့ သူ့ခန္ဓာကိုယ်ထဲကို လင်းလက်စွာ ဝင်သွားခဲ့သည်။ အခု အမြူတေ တစ်ခုကို သူ သုံးလိုက်မိတာလား?! အခုလေးပဲ သူ့ကိုရှင်းပြခဲ့တာကို သူ လုပ်လိုက်နိုင်တာလား။

ကျန်းရီ သည် ရှားရှားပါးပါး ရှက်ရွံ့သော အမူအရာကို ပြသပြီး အပြုံးဖြင့် ဝှေ့ယမ်းလိုက်သည်။

"မင်းကို နောက်ပိုင်း ငါ ပြန်ပေးပါ့မယ်"

သူကို ပြန်ပေးနိုင်ရုံသာမက ပစ္စည်းကို သီးသန့်ထိန်းချုပ်ထားတဲ့  ဘာမဆို လဲလှယ်လိုစိတ်ရှိကြ လူအနည်းငယ်နဲ့ သိတယ်။ ဒီအမြူတေကို အခြေစိုက်စခန်း လုံခြုံရေး အဖွဲ့က ရောင်းဝယ်ဖြန့်ဖြူးတာကို    ထိန်းချုပ်ထားလို့ အခြားလူတွေက အမြူတေကို လိုချင်ရင် ကိုယ့်ဖာသာ ဖုတ်ကောင်ကို သွားသတ်ရမယ်။
 မနက်ဖြန်မှာ ဖုတ်ကောင်တွေကို အမဲလိုက်ဖို့ အခြေစိုက်စခန်းကနေ ထွက်သွားသင့်လား။ သူ့စွမ်းရည်နဲ့ဆိုရင် အမြူတေကို ချက်ချင်းရနိုင်သည်!

ယန်ဖေး က သူ့ကို အနည်းငယ် အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ သူက လောဘကြီးသူ မ ဟုတ်လို့ အမြူတေလေး တစ်ခုကို အတင်းအကျပ်ပြန်တောင်း နေမည် မဟုတ်ပေ။
"မင်း တစ်ခုခု ရတဲ့အထိ စောင့်ပါ။ အခြေစိုက်စခန်းကနေထွက်ဖို့ မစီစဉ်ဘူးဆိုရင်၊ အမြူတေကို ရဖို့ နည်းလမ်းတွေရှာရမယ်။"

ကျန်းရီ က အံ့သြနေရင်း မေးစေ့ကို ကိုင်လိုက်ပြီး ခေါင်းကို စောင်းလိုက်သည်။
"မနက်ဖြန် ကားပြန်ရတဲ့အခါ ဒီကိစ္စကို မေးကြည့်မယ်၊ ဒါက နည်းလမ်းဖြစ်နိုင်တယ်။ မဟုတ်ရင် ပြင်ပအခြေစိုက်စခန်းမှာ စူးစမ်းလေ့လာဖို့ အခွင့်အလမ်း ရှာတွေ့နိုင်မှာပဲ"

fujoushi အမျိုးသမီးသည်  အစပြု လုပ်ဆောင်ပေးနိုင်သူဖြစ်လို့ သူက  အားစိုက်ထုတ်မှုအနည်းငယ်ဖြင့် သူမကို  သိချင်တာကို မေးနိုင်သည်။ မဖြစ်နိုင်ရင် မနက်ဖြန် အလုပ်က အားလပ်ရက် ယူပြီး ကြည်လင်တဲ့ အမြူတေ ကို ရှာဖွေဖို့ အခြေစိုက်စခန်းကနေ ထွက်သွားရမယ်။

ကျန်းရီ သည် ယခုအခါ အားလပ်ရက်ကို ကြောက်နေပြီဖြစ်သည်။ အားလပ်ရက် အိမ်မှာနေရင် အလုပ်ကနေ အရေးတကြီးခေါ်လို့ ခွဲစိတ်မှုလုပ်ဖို့၊ ချုပ်ပေးဖို့ ဆေးရုံ သွားနေရတယ်။    သူ့ရဲ့စွမ်းရည်နဲ့ ဖုတ်ကောင်တွေကို သတ်ဖို့ စခန်းအပြင်ကို ထွက်သွားတာက နည်းနည်းအပမ်းဖြေနိုင်မယ့်    နည်းလမ်းကောင်းတစ်ခုပါပဲ။ သူတွေးထားသလိုပဲ၊ အပြင်ထွက်ပြီး ဖုတ်ကောင်တွေကို အမဲလိုက်ဖို့က ပိုကုန်ကျမှာလား။  ဒုက္ခချင်တဲ့  ရည်ရွယ်ချက်နဲ့ လူတွေကို တွေ့ရင် သူတို့ကို သတ်ပစ်လို့ရတယ်လေ။

အား...   ~ အဲဒါက စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး ပျော်ရွှင်ဖို့ အကောင်းဆုံးနည်းလမ်းပဲ ။

ကျန်းရီ သည် အခြေစိုက်စခန်းသို့ မရောက်မီ အပြင်တွင် ခဏနေခဲ့သည်။ ဒါပေမယ့် အဲဒီအချိန်မှာ သူ့ကိုယ်သူ သာမာန်လူတစ်ယောက်လို ရုပ်ဖျက်ချင်ခဲ့တယ်။ သူသည် ဖုတ်ကောင်များကို တိုက်ခိုက်ရန် သူ၏စွမ်းအားကို မသုံးခဲ့ပဲ ရံဖန်ရံခါတွင်သာ   စွမ်းအားကို သုံးကာ ရန်သူကို ရှင်းခဲ့သည်။   သူသည် ဖုတ်ကောင်များကို လိုက်လံရှာဖွေ ရန်အတွက် သူ၏စွမ်းအားများကို အပြည့်အဝ သုံးရဖို့ မျှော်လင့်ထားမိသည်။

ကျန်းရီ ၏ မျက်လုံးများ လှည့်ပတ်သွားပြီး သူ့မျက်နှာအမူအရာ ပြောင်းသွားသည်ကို မြင်လိုက်ရတော့ လော်ရွှင့် သည် တစ်ဖက်သား၏ စိတ်တွေ ဘယ်ရောက်သွားမှန်း သိလိုက်သည် ။ နှစ်ယောက်စလုံး သတ္တုပုံကြီးကို ကြည့်လိုက်ကြသည်။
"ဒီနေ့ ဒါတွေကိုအပြီးလုပ်မလို့လား?"

ယန်ဖေး ခေါင်းယမ်းလိုက်သည်။

 "ဒီနေ့ ပိုပင်ပန်းနေတယ်။ ညစာစားပြီးတာနဲ့အိပ်ခန်းကို ပိုက်တွေ ခင်းနိုင်ပေမယ့် ကျန်တာကို မနက်ဖြန် အလုပ်က ပြန်လာမှ ဆက်လုပ်နိုင်လိမ့်မယ် "

ကျန်းရီ လက်ကို ဝှေ့ယမ်းလိုက်သည်။
"တစ်ရက် နှစ်ရက်က ဘာမှ မထူးဘူး။  တံခါးက မင်းကို ဘယ်လိုမှ ပိတ်ဆို့ထားလို့ မရတာကြောင့် မင်းပြန်လာတဲ့အခါ မင်းဖာသာ ဝင်လုပ် လို့ရနေတာပဲ။  ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေးနဲ့ လုပ်ပါ။"

လော်ရွှင့် က ကြင်နာစွာ သတိပေးသည်။

 "မင်းရဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းထားသင့်တယ်"
သည် အနာဂတ်တွင် အငြင်းပွားမှုဖြင့် စိတ်အနှောက်အယှက် မဖြစ်စေလိုပေ။

ကျန်းရီ ၏အပြုံးသည် နက်ရှိုင်းလာပြီး လော်ရွှင့် ကို မော့ကြည့်လိုက်သည်။
"ကွန်ဒုံးကလွဲလို့ ငါ့အိမ်က ဘာမှတန်ဖိုးမရှိဘူး။  ကွန်ဒုံးနဲ့ ပတ်သက်ရင်... မင်းလိုချင်ရင် ငါ နည်းနည်းပေးလို့ရတယ်..."

သူက နောက်တောက်တောက်ပြောကာ သူ့အိတ်ကပ်ကို ပွတ်သပ်လိုက်သည်။  

သူ ဘာလို့အဲဒါကို ကိုယ်နဲ့မကွယ သယ်လာတာလဲ။ အဟွာ လုပ်တဲ့အခါတိုင်း  အဆင်သင့် သုံးနိုင်အောင်လို့လား...ဝမ်သော် ရဲ့ ဦးခေါင်းပေါ်က ဦးထုပ်က စိမ်းနေ ပြီလား။

အိမ်ပြန်ရောက်တော့ လော်ရွှင့် က ညစာပြင်ဆင်တယ်။ မနေ့က ဘေကွန် ကြော်နဲ့  ကင်မ်ချီက အရသာပိုပြင်းတာမို့ အများကြီးကျန်သေးတယ်။ လော်ရွှင့် က  ဟင်းချက်ဖို့ ငုံးဥအချို့ကို ယူဖို့ လသာဆောင်ဘက်သို့ လှည့်လိုက်သည်။

ဆလတ်ရွက်နည်းနည်းကိုကြည့်လိုက်တော့ လော်ရွှင့် က သူ့နဖူးကို ပွတ်ကာ  သူ့လက်ကိုင်ဖုန်းကို ယူလိုက်ပြီး မနေ့ညက ဓာတ်ပုံတွေကို ယှဉ်ကြည့်တယ်။

 "ယန်ဖေး! ကြည့်စမ်း!"

လော်ရွှင့် ၏အသံကိုကြားတော့ ယန်ဖေး သည်  ပိုက်လိုင်းများကို အမြန်ချပစ်ပြီး တစ်ဖက်သို့သွားခဲ့သည်။

"ဘာဖြစ်လို့လဲ?"

"ကြည့်! ဒါ မနေ့ညက ကျွန်တော် ရိုက်ထားတဲ့ အရွက်ပုံနဲ့  အခုပုံကို ယှဉ်ကြည့်လိုက်!"

လော်ရွှင့် သည် ဓာတ်ပုံများကို အကျယ်ချဲ့ပြီး ဆလတ်ရွက်၏ အောက်ခြေတွင် ညွှန်ပြသည်။

"အရွက်နည်းနည်းပဲရှိတော့တယ်။"
အပြင်ဘက်စွန်းရှိ ဆလတ်ရွက်က  သဲလွန်စ မကျန်ပဲ ပျောက်ကွယ် သွားခဲ့သည်။  

"အိမ်မှာ ပိုးကောင်လည်း မရှိဘူး၊ တစ်ကောင်ရှိရင်တောင် အရွက်တစ်ရွက်လုံးကို ကုန်အောင် မစားနိုင်ဘူး။ အရွက်မပျောက်တဲ့ နေရာလည်း ရှိတယ်။ မနေ့က အရွက်တွေမှာ တခြားအမှတ်အသားတွေမရှိဘူး..."
 လော်ရွှင့် ရဲ့ မျက်နှာ တင်းမာသွားသည်။

ယန်ဖေးလည်း မျက်မှောင်ကြုတ်ကာ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
"ကျွန်တော်တို့ သွားတဲ့အခါ တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်ထားတယ်။ ဘယ်သူမှ ဝင်ပြီး ခိုးစားလို့မရဘူး..."

*****-******

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ