Chapter (5) -chow chow အမ်ိဳးအစား ခွေးကလေး
ကမ္ဘာကြီး ဆုံးခန်းတိုင်မယ့်နေ့ရောက်ရန် ရက်ပေါင်း နှစ်ဆယ်အလိုတွင် လော်ရွှင့်က ဘာမှ လုပ်စရာ မရှိတော့ဘူး။ လော်ရွှင့် က အစားအသောက်ကို စတင် စိုက်ပျိုးပြင်ဆင်တာ မလုပ်ချင်သေးသလို အချိန်ကို ဒီအတိုင်း အလကားလည်း မဖြစ်စေချင်သောကြောင့် ခွေးဂေဟာမျာ ခွေးသွားကြည့်ရင်ကောင်းမလားဟု တွေးလိုက်သည်။
လော်ရွှင့် သည် သူ၏ဆဲလ်ဖုန်းကို အသုံးပြု၍ မြို့၏အနောက်တောင်ဘက်ရှိ အဓိကခွေးရောင်းချသည့် နေရာတစ်ခုကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာသည် ခွေးမျိုးစိတ်များစွာရှိပြီး အွန်လိုင်းသုံးသပ်ချက်များတွင်လည်း Good Review များစွာ ရထားသောကြောင့် ခွေးဝယ်ယူရန် နေရာကောင်းလေး တစ်ခု ဖြစ်နိုင်သည်ဟု တွေးကာ ထိုနေရာကို မောင်းလာခဲ့သည်။
မြို့က ပိုတိုးချဲ့လာသည်နှင့်အမျှ ခွေးရောင်းသည့် နေရာများကို ပိုမိုဝေးလံခေါင်သီသော ဆင်ခြေဖုံးဒေသများတွင် ဆောက်လုပ်ခဲ့ကြသည်။ သူတို့က ခွေးတွေထားရန် နေရာ လိုအပ်တာကြောင့် မြို့နဲ့ နီးလွန်းတဲ့နေရာက နေရာအတွက် အဆင်မပြေနိုင်ပေ။
လော်ရွှင့် က ကားမောင်းလာရင်း လမ်းတလျှောက် အဆောက်အဦတွေ ပိုရှားပါးလာတယ်။ လော်ရွှင့် သည် ပန်းများစိုက်ပျိုးသည့် ဖန်လုံအိမ်များကို ဖြတ်သွားကာ ပတ်ပတ်လည်တွင် မြက်ပင်များဖြင့် စပါးခင်းများကို ရိတ်သိမ်းနေသည့် လယ်ကွင်းများကို ဖြတ်ကျော်လာပြီး နာရီဝက်အကြာတွင် 'Showtime Dog Kennel' ဆိုသည့် ဆိုင်းဘုတ်ကို သူတွေ့လိုက်ရသည်။
အဲဒါကို ဘာ့ကြောင့် ဒီနာမည် ခေါ်တာလဲ....
လော်ရွှင့် အံ့သြသွားသည်။
သူ လှည့်ပတ်ကြည့်ပြီး ဆယ်မိနစ်အကြာတွင် ခြံနံရံတွင် နာမည်တူ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည့် ခြံဝင်းထဲသို့ ရောက်သွားသည်။
အလားအလာရှိသော ဖောက်သည်တစ်ဦးကို မြင်လိုက်ရသောအခါ၊ အသက် 18-19 နှစ်အရွယ်တစ်ဦးသည် လော်ရွှင့် က မည်သည့်ခွေး အမျိုးစားကို မွေးမြူလိုသလဲဟု မေးမြန်းစဉ် အတွင်းကို ဝင်လာရန် ကြိုဆိုခဲ့သည်။
BẠN ĐANG ĐỌC
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Kinh dịပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies