Chapter (150) - အကူညီတောင်းခံခြင်း

443 89 1
                                    

Chapter (150) - အကူညီတောင်းခံခြင်း

"ဟယ်လို... ယန်ဖေး လား?" အချိန်အတော်ကြာ အဆက်အသွယ်မရှိသော ကပ္ပတိန်ကောင်း ၏ အသံဖြစ်သည်။

ဒီအချိန်မှာ သူဖုန်းဆက်နေတယ်... လော်ရွှင့် နဲ့ ယန်ဖေး က အကြည့်ချင်းဖလှယ်ပြီး သူဖုန်းခေါ်ရတဲ့ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းလိုက်မိတယ်။

"ဟုတ်တယ် ကပ္ပတိန်ကောင်း... ခင်ဗျားအတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ"

 ယန်ဖေးက တဖက်သား၏ အပြောကို စောင့်ရင်း တုံ့ပြန်ခဲ့သည်။

သေချာတာကတော့ ကပ္ပတိန်ကောင်း က တံတိုင်းကာဖို့ တောင်းဆိုနေတယ်။ ယန်ဖေး သည် အသံ အချို့ကို ကြားလိုက်ရပြီး ဗိုလ်ကြီး ကောင်း သည် နံရံအနားတွင် မရှိနေလောက်ပေ။

ယန်ဖေး ကို သူ ဖုန်းဆက်လိုက်သောအခါ ညသန်းခေါင်အဆိုင်းတွင် သူတို့တာဝန်ယူထားပြီး ကောင်းကောင်း မအိပ်ရသေးကြောင်း သူ သိသောကြောင့် လိုရင်းပြောလိုက်သည်။

"အထက်လူကြီးတွေက ငါ့ကို အရင်က သတ္တုစွမ်းအားရှင် အဖွဲ့သားတွေကို ပြန်ဆက်သွယ်ခိုင်းနေတယ်။   ဖုတ်ကောင်တွေ တူးထားလို့ အရှေ့ဘက် ခုခံကာကွယ်ရေး အဖွဲ့သားတွေ ရှိနေတဲ့ နံရံက အပေါက်ကြီးတစ်ခုဖြစ်ပြီး   သတ္တုနံရံတွေ ပျက်စီးသွားတဲ့အတွက် သတ္တုစွမ်းအားရှင်တွေ အမြန်ပြုပြင်ဖို့ လိုအပ်နေတယ်။"

ယန်ဖေး နှင့် လော်ရွှင့် တို့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။  ဒီလို အပေါက်ကြီး ဘယ်လို ပေါ်လာတာလဲ။
"အုတ်ရိုး ကျိုးသွားပြီလား?"

ကပ္ပတိန် ကောင်း အသံ နစ်မြုပ်သွားသည်။

 "ဟုတ်ပါတယ်၊ အဲ့ဒီမှာ ဖုတ်ကောင်ကြွက်တချို့က စခန်းထဲဝင်သွားတဲ့အတွက် နံရံ တည်ဆောက်ရေးအဖွဲ့က အမြန်ပြေးကုန်တယ်လို့ ကြားတယ်။ မင်းကို ငါ ဆက်သွယ်လို့ရတယ်ဆိုတော့  မင်း ချက်ချင်းလာလို့ရမလား၊ တန်းလျား တောင်တံခါးမှာ စုပြီး မင်းကိုလာခေါ်ဖို့ ကားရှိလိမ့်မယ်။  "

လူနှစ်ယောက် ကူကယ်ရာမဲ့ စွာ ဆင်းသွားရုံပဲ ရှိတော့သည်။ တပ်မတော်က သူတို့ကို ခုခံကာကွယ်ဖို့သာ လိုလားတယ်ဆိုရင် သူတို့အဖွဲ့ အလုပ်ပြီးပြီမို့ မသွားဖြစ်လောက်ဘူး။ ဒါပေမယ့် ကျိုးသွားတဲ့ တံတိုင်းဟာ တကယ်တော့ မတော်တဆမှုတစ်ခုပါ။

အုတ်တံတိုင်း ကျိုးသွားသည်နှင့် အခြေစိုက်စခန်းက ဘယ်သူမှ အသက်မရှင်နိုင်လောက်တော့ပေ။ သူတို့ ထိုလူတွေရဲ့ သဘောထားကို  မကြိုက်ရင်တောင် ရှောင်ဖို့ မဖြစ်နိုင်ဘူး။ သူတို့နှစ်ဦးသည် လျင်မြန်စွာ ထကာ ရိုးရှင်းသောအစားအစာနှင့် ရေကိုယူကာ လီထယ် နှင့် အခြားသူများထံ သတင်းအချက်အလက်များ ဖြန့်ဝေခဲ့သည်။ ထို့နောက် တန်းလျားဆီသို့ ပြေးသွားကြသည်။

ဝင်ပေါက်မှာ နှင်းတွေနဲ့ ရေခဲတွေကို နင်းမိနေတာကြောင့် သူတို့ လိုရာကို ရောက်ဖို့ ပိုလို့တောင် မလွယ်လှပေ။ လော်ရွှင့် သည် ခါးသီးနေဆဲဖြစ်ပြီး ကားမရှိသော ဆောင်းရာသီသည် ဆိုးရွားလှသည်။

ချိန်းထားတဲ့ နေရာကို ရောက်သောအခါတွင် သံချပ်ကာယာဉ်များက  တန်းလျားများထဲ အဆက်မပြတ် ဝင်ထွက်ထွက်နေသည်ကို တွေ့လိုက်ရသည်။ ကပ္ပတိန်ကောင်း ကို လောလောဆယ် မတွေ့ရလို့ ဖုန်းသာ ခေါ်လိုက်သည်။


"ငါ ဒီမှာ!" ကပ္ပတိန်ကောင်း ပြောခဲ့တဲ့ကားဟာ တကယ်တော့ တင့်ကားတစ်ကားဖြစ်ခဲ့တယ်...
 
လော်ရွှင့် သည် စကားမပြောနိုင်တော့ပေ။  သူ့ဘဝတွင် ဤမျှလောက်များပြားသော ကုန်ကြမ်းပစ္စည်းများကို တစ်ခါမှ မတွေ့ဖူးသေးသလို ခံစားရသည်။ သို့သော် အချိန်မရှိသဖြင့် သုံးယောက်သား တက်လာပြီး အသင်းဟောင်းမှ လီဆိုသည့် လူလည်း အထဲမှာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုလူဟောင်း လင်လင် စုံတွဲကို မြင်ပြီးနောက် လီသည် အလွန်ပျော်ရွှင်သွားပြီး အပြုံးဖြင့် ပြေးလာသည်။ လီ နဲ့  သူ့လုပ်ဖော်ကိုင်ဖက် ကပ္ပတိန် ကောင်း မှလွဲ၍ အခြားစစ်သားများကို သူတို့မသိကြပေ။

ကပ္ပတိန် ကောင်း က သူတို့ကို ခေါင်းညိတ်ပြပြီး မျက်မှောင်ကြုတ်ကာ ထိုင်လိုက်သည်။ လော်ရွှင့် သည် ကားပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ လက်နှစ်ဖက်နှင့် ခြေထောက်များ ပုတ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားသည် စစ်အင်္ကျီဝတ်ထားသော်လည်း သူ၏ရာထူးမှာ ကပ္ပတိန်ကောင်း ထက် ပိုမြင့်နေပုံရသည်။

လေထုက အရမ်းဆိုးနေတယ်၊ လူတွေက ဖိအားတွေကို ခံစားနေရတယ်။ လီ သည် မူလက စကားများပေမယ့် အခု သူ့အဖော်နှင့် နှုတ်ဆိတ်နေခဲ့သည်။ လော်ရွှင့် သည် အသိဉာဏ်ရှိရှိ ဖြင့် ဘာ မေးခွန်းမှ မမေးခဲ့ပေ။ ကားပေါ်ကလူက စိတ်မရှည်စွာနဲ့ ကပ္ပတိန် ကောင်း ကို အမိန့်ပေးလိုက်သည်။
 "ဟိုလူတွေက ဘယ်လို ရောက်လာမှာလဲ၊ မင်း သူတို့ကိုတောင် ခေါ်တင်လာတာလား"

ကပ္ပတိန် ကောင်း ပျင်းရိစွာ ပြန်ဖြေလိုက်သည်။
"လမ်းက လျှောက်ရခက်တယ်၊ လူတွေက အတားအဆီးတွေကို ကျော်လွှားလို့မရဘူး။"

"မင်းရဲ့ သဘောထားက ဘယ်လိုလဲ! မင်း အပြစ်ပေးခံရတုန်းပဲဆိုတာ သိလား! ငါ မင်းရဲ့ အဆက်အသွယ် တွေကို ဒီတခေါက် မလိုအပ်ဘူးဆိုရင် မင်းကို မစ်ရှင်တစ်ခု လွှတ်လိုက်တာ ကြာပြီ..."

ကပ္ပတိန်ကောင်း သည် သူ့လက်ကိုင်ဖုန်းမြည်လာသောအခါတွင် မျက်လုံးဖွင့်ရန်ပင် ပျင်းနေလေသည်။

စန်းရှောင်ရန့် သည် လော်ရွှင့် ကဲ့သို့ပင်၊ ဂိတ်ဝသို့ ဘယ်ကားချဉ်းကပ်ရမည်ကို မသိပေ။ ဒါပေမယ့် သူ့မှာ စစ်တပ်နောက်ခံရှိလို့ ကားမော်ဒယ်နံပါတ်ကို သိဖို့ပဲ လိုတယ်။

စန်းရှောင်ရန့် သည် စစ်ယူနီဖောင်းကို မဝတ်ထားဘူးဆိုရင် သူက ဘာကောင်မှ မဟုတ်တော့ဘူး။  အခြားအရာရှိက သူ့ကို မျက်နှာသာ မပေးတော့ သူက အေးစက်စက်ဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။

ကပ္ပတိန် ကောင်း က နောက်ဆုံးထည့်ထားတဲ့ အပိုခုံကို ဆွဲထုတ်လိုက်တယ်။
"ကောင်းပြီလေ၊ သွားကြစို့။"

တံခါးပိတ်ပြီး ကားက အရှေ့ဘက်နံရံကို မောင်းသွားတယ်။ လမ်းတလျှောက်မှာ ကားတွေ တဟုန်ထိုး တဟုန်ထိုး ပြေးလွှားနေကြသည် ။ အရှေ့ဘက်တံခါးအားလုံး ဖောက်ထွင်းခံရပြီးနောက် စစ်တပ်က လူတွေ အားလုံးကို ကယ်တင်ရမည်ဖြစ်သည်။

သူတို့၏ကားများသည်   ဦးတည်ရာသို့ ရွေ့လျားသွားကြသည်။ အရှေ့ဘက်တံတိုင်းသို့ ရောက်သောအခါတွင် မြေကြီးစွမ်းအားရှင်များနှင့်အတူ စစ်ကားအမြောက်အမြားရှိခဲ့သည်။

"ကားထဲက ထွက်ပြီး နံရံပေါ်ကို တက်လိုက်။ မင်းခြေထောက်ကို သတိထား....ဖုတ်ကောင်ကြွက်တွေ ဝင်လာပြီ"
ကပ္ပတိန် ကောင်း က လက်နက်ကို ကိုင်ပြီး အော်လိုက်တယ်။

ရာထူးကြီးသော တဖက်လူက ရုပ်ဆိုးသော အမူအရာ ရှိသော်လည်း ရှေ့သို့ ဆက်သွားနေသည် ။

အဖွဲ့သားတွေက  မြေစွမ်းအားရှင်များကို တွေ့ရန်သာ နံရံပေါ်သို့ တက်ခဲ့ကြသည် - မီတာဝက်ခန့်မြင့်သော အပေါက်ကြီးသည် နံရံတွင် ရှိနေသည်။ ဖုတ်ကောင်များသည် သေနတ်နှင့် အမြောက်များကြောင့်  နံရံပေါက်မှ အပြင်ကို အဆက်မပြတ် လွှင့်ထွက်နေခဲ့သည်။

"မြန်မြန်သွား။ နံရံတွေကို ပိတ်ဖို့  ဦးစားပေးလိုက်ပါ။ အောက်မှာ သတ္တုနဲ့ မြေစွမ်းအား ဖုတ်ကောင်တွေ ရှိနိုင်တယ်။" ကပ္ပတိန် ကောင်း က အမိန့်ပေးလိုက်တယ်။

သတ္တုစွမ်းအားရှင် သုံးဦးသည် တည်ငြိမ်စွာ လိုက်ပါလာခဲ့သည်။ သဘောထားဆိုးသည့် စစ်ဘက်အရာရှိက မစောင့်နိုင်ဘဲ အနီးကပ်တပ်သားအနည်းငယ်ဖြင့် နောက်မှ ကပ်လျက်ပါလာသည်။

လော်ရွှင့် သည် စိတ်ရှုပ်သွားပြီး နောက်ပြန်လှည့်ကြည့်တော့ ထိုလူသည် မောပန်းနေပြီး သူတို့ဘေးကနေ  ကျော်တက်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက စန်းရှောင်ရန့် ကိုကြည့်ကာ စကားစမြည် ပြောရမည့်အချိန်မဟုတ်မှန်း သိလိုက်သည်။

အဖွဲ့သည် အခင်းဖြစ်ရာသို့ အမြန်ရောက်သွားပြီး ယန်ဖေး နှင့် အဖွဲ့ သည် သူတို့၏ စွမ်းရည်များကို ချက်ခြင်း အသက်သွင်းလိုက်သည်။ ပြန့်ကျဲနေသောသတ္တုကို ဆင့်ခေါ်ပြီး အပေါက်အောက်၌ တွင်းနက်တစ်ခု ရှိနေကြောင်း ထင်ရှားသည်။ အပေါက်ကိုဖန်တီးတဲ့ ဖုတ်ကောင်ကြွက်တွေနဲ့ အခြား ဖုတ်ကောင်တွေ တူးထားပုံရတယ်။

သတ္တုသည် နံရံအပြင်ဘက်သို့ လျင်မြန်စွာ စိမ့်ဝင်သွားပြီး အပေါက်ကို ပြုပြင်ပေးသည်။ အချိန်တွေ ကုန်သွားပေမယ့် သုံးယောက်သား ပူးပေါင်းဆောင်ရွက်မှုရဲ့ စည်းချက်ထဲကို အမြန်ပြန်ဝင်ပြီး တစ်ယောက်ကို တစ်ယောက် ကူညီစပြုလာတယ်။ တွင်းပေါက်ကြီးတွေကို ဖုံးပြီး အောက်ခြေကို ဖုတ်ကောင်တွေနဲ့ ခွဲထုတ်ပြီး သိပ်မကြာခင်မှာ ရန်သူတွေ ရောက်လာသည်။ ။

"ဖုတ်ကောင်လား ကြွက်လား မသိပေမယ့် သတ္တုစွမ်းရည်ရှိတဲ့ ဖုတ်ကောင်ပါနေတာ သေချာတယ်"

 ယန်ဖေး သည် သတ္တုများကို ထိန်းချုပ်ရန်အတွက် တစ်စုံတစ်ခုက သူနှင့် ပြိုင်ဆိုင်နေသည်ဟု ခံစားမိကာ မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်သည်။

"ဘယ်မှာလဲ?" ကပ္ပတိန်ကောင်း သည် လက်ပစ်ဗုံးကို ချက်ချင်းထုတ်သည်။

"ဟိုမှာ။"

*ဘုန်း* ယန်ဖေး ညွှန်ပြရာ ကပ္ပတိန် ကောင်း သည် လက်ပစ်ဗုံးကို ပစ်ချရန် တွန့်ဆုတ်မနေပေ။

"မင်း အမိန့် ချိုးဖောက်နေတာလား။   ဒီမှာ နံရံတွေ ပျက်စီးအောင် လုပ်မိရင် မင်းတာဝန်ခံနိုင်လို့လား ?"

နောက်ဆုံး သူတို့ လက်ပစ်ဗုံးသုံးတာကို ဖမ်းမိပြီးနောက်  အရာရှိက ဆူပူကြိမ်းမောင်းသည်။

ယခင်သတ္တုအဖွဲ့မှအဖွဲ့ဝင်များသည် ထိုလူကို အဖက်လုပ်ကာ တုံ့ပြန်ခြင်းမပြုပဲ ယန်ဖေးနှင့် ကပ္ပတိန်ဘက်သို့ လှည့်သွားကာ မေးလိုက်သည်။

 "ငါတို့ဘာဆက်လုပ်ကြမလဲ?"

ကပ္ပတိန် ကောင်း သည် သူ၏မေးစေ့ကိုထိကာ နံရံကိုကြည့်ပြီးနောက် ဖုတ်ကောင်များကို ကြည့်ကာ ပြောလိုက်သည်။

 "တံတိုင်းကို ဝိုင်းကြည့်ရအောင်... မင်းမှာ ခွန်အားတွေ ရှိသေးလား"

တစ်စုံတစ်ယောက်ရယ်လိုက်သည်။

 "ငါတို့ ဘယ်လိုမှ မတတ်နိုင်ဘူး။"

ကပ္ပတိန်ကောင်း က ဘာကိုဆိုလိုသည်ကို လူတိုင်းသိသည်။ သူက အဖွဲ့ကို ကြိတ်စက်ကို ပြန်ဖန်တီးပြီး ဖုတ်ကောင်ကြွက်တွေကို ကိုင်တွယ်ဖို့ နံရံကို လှည့်ပတ်ခွင့်ပြုလိုက်တယ်။

လော်ရွှင့် အမြန်သတိပေးလိုက်သည်။

"နှင်းတွေနဲ့ ရေခဲတွေကို မရှင်းနိုင်ဘူးဆိုရင် ကြိတ်ဆုံနဲ့ ကြိတ်လည်း ဖုတ်ကောင်ကြွက်တချို့ ရှင်သန်နေဦးမှာပဲ။ သတ္တုကြွက်တွေ သေတာကို အတည်ပြုဖို့ နံရံကိုလည်း စစ်ဆေးဖို့ လိုတယ်။ မြေကြီးစွမ်းအားရှင် နဲ့ ပူးပေါင်းဆောင်ရွက်မှုက အကောင်းဆုံးပါပဲ။"

သူ စကားပြောနေစဉ်တွင် ကပ္ပတိန်ကောင်း သည် အရာရှိ ထိတ်လန့်နေချိန်တွင် ခေါင်းညိတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ ဒါ အမိန့်နဲ့မဆိုင်ဘူး!"

နံရံအစွန်းကို ရောက်သွားတဲ့အခါ ဖုတ်ကောင်ငှက်တွေ မရှိတော့ဘူး။ လော်ရွှင့် သည် ထိုဌက်တွေက မောပန်း နွမ်းနယ်နေပြီး အနားယူရန် ခေတ္တပြန်ဆုတ်သွားသည်ဟု ခန့်မှန်းခဲ့သည်။ ဘယ်အချိန် ပြန်ဝင်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ။

ကပ္ပတိန် ကောင်း က ခေါင်းညိတ်ပြပြီး တစ်စုံတစ်ယောက်ကို ဆက်သွယ်ရန် ဖုန်းကိုဖွင့်လိုက်သည်။

တစ်ဖက်တွင်မူ အရာရှိ၏ မျက်နှာသည် နီရဲနေသည်။ ကပ္ပတိန်ကောင်း ကို မကျေမနပ် စိုက်ကြည့်ရင်း အသက်အနည်းငယ် ရှူပြီး အောက်ထပ်သို့ ဆင်းသွားခဲ့ကာ သူ့လက်ကိုင်ဖုန်းကိုလည်း ဆွဲထုတ်လိုက်တယ်။

**-**

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Tempat cerita menjadi hidup. Temukan sekarang