Chapter (92) _ ထပ်မံအားဖြည့်ခြင်း

2.4K 398 4
                                    


Chapter (92) _ ထပ်မံအားဖြည့်ခြင်း




လော်ရွှင့် သည် စုန့်လင်လင် စကားကိုကြားပြီး သူမကို ပြုံးပြကာ ပြောလိုက်သည်။

"ဒါက မင်းကို ကူညီပေးလိမ့်မယ်၊ စွမ်းအားပိုသုံးလေလေ အမြူတေထဲက ပါဝင်စွမ်းအားစုပ်ယူမှုကို အရှိန်မြှင့်ပေးနိုင်ပြီး မင်းအဆင့်ကို မြန်မြန်တက်နိုင်လိမ့်မယ်။ မြေသန့်ကို ရှာဖို့ သိပ်မခက်ပါဘူး၊ အခြေစိုက်စခန်းရဲ့နောက်ဘက်မှာ သန့်ရှင်းတဲ့ မြေဆီလွှာကို ရှာတွေ့နိုင်ပါသေးတယ်"

ယခု အရေးကြီးဆုံးမှာ ဆိုလာပြားများ၊ ဘက်ထရီများနှင့် မီးချောင်းများဖြစ်သည့်အပြင် သူတို့အခန်းက မီးရောင်ကို ပိတ်ဆို့ထားနိုင်မည့် ကြီးမားသော ကန့်လန့်ကာများလည်းလိုအပ်သေးသည်။ အခုလို  အသက်ရှင်ဖို့ရုန်းကန်ရသည့် ကပ်ဘေးကာလတွင် ဘေးကင်းလုံခြုံရေးသည် အရင်ဆုံး ကာကွယ်ဖို့လိုအပ်သည်။ မဟုတ်ရင် တခြားသူတွေ သူတို့အခန်းတံခါးကို ဖောက်ဝင်ပြီး အကုန်မသွားမယ်ဆိုရင် ငိုနေရဦးမည်။
 
လီထယ်က စာရွက်နဲ့ ဘောပင်ကို ထုတ်ပြီး လော်ရွှင့် ပြောတာကို ချရေးလိုက်သည်။

"တချို့ပစ္စည်းတွေကို အခြေစိုက်စခန်းကနေ တိုက်ရိုက်ဝယ်နိုင်ပြီး တခြားဟာတွေကို နောက်ထွက်မယ့်အချိန်မှာ စုဆောင်းရမယ်။ လော်ရွှင့် စိတ်မပူပါနဲ့၊ အခု ငါတို့ လိုအပ်တဲ့ အရာအားလုံးသိပြီဖြစ်လို့ စုဆောင်းဖို့ စိတ်ပူနေစရာ မလိုတော့ဘူး။"

ဟုတ်တာပေါ့... ပထမနှစ်မှာ အရာအားလုံးက သိပ်မရှားပါးသေးတဲ့အတွက် ဒါကိုရှာဖွေဖို့  အရေးမကြီးသေးဘူး။ လာမယ့်နှစ် အစစအရာရာရှားပါးပြတ်လပ်လာချိန်မှ သူတို့အခန်းမှ စိုက်ပျိုးထားတာ၊ ပိုင်ဆိုင်ထားတာတွေက အရမ်းကို အဖိုးတန်လာလိမ့်မယ်..

ရွှီမိန် ရယ်လိုက်သည်။ "အခု ကောက်ပဲသီးနှံစိုက်တာဆိုတော့ အခြေစိုက်စခန်းထဲမှာ မြေကြီးတူးတာက ပိုအဆင်ပြေတယ်။ မြေတူးပြီး အိမ်ပြန်သွားတဲ့လူတွေလည်းရှိတယ်၊ တချို့လိုအပ်တဲ့အရာတွေကို ရှာတွေ့နိုင်ပါသေးတယ်။"

ဟုတ်တယ်၊ အခြေစိုက်စခန်းရဲ့ အကြီးစားစိုက်ပျိုးမှု မအောင်မြင်တဲ့အခါမှ သူတို့က စိုက်ပျိုးဖို့လုပ်ရင် လူတွေက သံသယဖြစ်လာလိမ့်မယ်။
 
လော်ရွှင့် က ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။

 "အခုလောလောဆယ်တော့ မှိုတွေအကြောင်း အဖွဲ့ထဲက လူတိုင်းသိသင့်တယ်၊ အဲဒါက လျှို့ဝှက်ချက်တွေပဲ၊ အခြေစိုက်စခန်းက သိပေမယ့် သတင်းမပြန့်စေချင်ဘူး။ မှိုတွေက လူတိုင်းသိရင် အန္တရာယ်များတဲ့အတွက် ကျွန်တော်တို့ လျှို့ဝှက်ပြီး စိုက်ရမယ်။ ဒီအတွက် ယန်ဖေးနဲ့ ကျွန်တော့်မှာ အဖြေတစ်ခုရှိပြီးသားပါ၊ အိမ်နံပါတ် 1603 ရဲ့ စိုက်ပျိုးစင်တွေအောက်မှာ အံဝှက်တွေထည့်ပြီး မှိုစိုက်မျာပါ။ အပြင်လူတွေရှိရင် သူတို့ကို ခဏဖုံးကွယ်ထားမယ်။ ဒါဆိုရင် အဆင်ပြေတယ်။ သတ်မှတ်ချိန်အတွင်း မှိုရိတ်သိမ်းဖို့ပဲ စောင့်ဖို့လိုတယ်။"

ရှင်းပြပြီးနောက် အားလုံးက နားလည်သွားကာ ခေါင်းညိတ်ကြသည်။ လော်ရွှင့် သည် အမျိုးသမီးနှစ်ယောက်ကို ကြည့်ကာ စကားဆက်လိုက်သည်။

 "မင်းတို့နှစ်ယောက် အိမ်မှာ ကောက်ပဲစိုက်နိုင်ရင် အကောင်းဆုံးပဲ။ ရိတ်သိမ်းတဲ့အခါတိုင်း မင်းတို့အတွက် ဝေစုပါမယ်။ ဒါက မင်းတို့ အစားစာအတွက် အဓိက ထောက်ပံ့ပေးလိမ့်မယ်..."

ရွှီမိန် က သူ့အဖွဲ့ကို ပြုံးပြကာ မေးလိုက်သည်။ "လကုန်မှာ ဖုတ်ကောင် အမြူတေစုဆောင်းဖို့ အပြင်ထွက်မယ် မလား?"

"ကျွန်တော်တို့ အရင်နှစ်ခေါက်ကအတိုင်းပဲ နောက်ပိုင်းလည်း ဆက်ထွက်သွားမယ်။" လော်ရွှင့် က အတည်ပြုသည်။

ရွှီမိန် က ရယ်မောပြီး ပြောလိုက်သည်။

 "ကောင်းပြီ။ ကျွန်မတို့က စခန်းက အခြားအသင်းတွေနဲ့ တွဲလုပ်လေ့ရှိပေမယ့် ဒီအသင်းလောက် လုပ်နိုင်စွမ်းမရှိကြဘူး။"

 သူမသည် လော်ရွှင့် အား ကြည့်ကာ ခပ်ရွှင်ရွှင်ပြောခဲ့သည်။

 "အမိန့်ပေးတာတွေ၊ အဖွဲ့သားတွေကို စနစ်တကျ စည်းရုံးတတ်တာတွေ၊ တိုက်ပွဲမှာ အခြေအနေကို သုံးသပ်ပြီး အေးအေးဆေးဆေး ဗျူဟာချနိုင်တဲ့ ရှင့်လို အသင်းခေါင်းဆောင်ကို ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ရှင်တို့နဲ့ တစ်လတစ်ခါ ထွက်သွားတာက တခြားအသင်းတွေနဲ့ အကြိမ်များစွာ မစ်ရှင်ထွက်လုပ်တာထက် ကျွန်မတို့ကို ပိုရစေတယ်။"

သူ့အနားက စုန့်လင်လင် လည်း အကြိမ်ကြိမ် ခေါင်းညိတ်ပြကာ ထောက်ခံလိုက်သည်။ ရွှီမိန် က သန်မာပြီး သူမကိုယ်တိုင် ဦးဆောင်ကာ ထွက်ရင်တောင်မှ သူမတို့ ကိုယ်ပိုင် အသင်းမဟုတ်တဲ့အတွက် ထိုအသင်းက ခေါင်းဆောင်တွေ ခွဲပြီးမှ အကျန်ကို သူမတို့ ရလိမ့်မည်။

လော်ရွှင့် စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။
"အိမ်မှာ အပင်တွေရဲ့ လိုအပ်ချက်အလိုက်  ပြုစုနည်းကို ဖြည်းဖြည်းချင်း သင်ပေးမယ်။ စတင်ချိန်နှင့် ရိတ်သိမ်းချိန်တွေလောက်ပဲ အရမ်း အလုပ်များတာပါ.."

ကျန်းရီ ရုတ်တရက် ကြားဝင်ပြောလိုက်သည်။
 "အခြေစိုက်စခန်းမှာလည်း အိမ်ယူပြီး လုပ်လို့ရတဲ့အလုပ်တွေရှိတယ်။  မင်းမှာအချိန်ရှိလို့ အမှတ်များများရချင်ရင် မနက်ဖြန်မှာ ငါ ကူညီပေးနိုင်ပါတယ်။"

သူစိမ်း၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် ပျင်းလွန်းလှသည့် ကျန်းရီ သည် အမျိုးသမီးနှစ်ဦးကို အဖွဲ့ထဲသို့ အပြည့်အဝလက်ခံပြီးသည့်တိုင်အောင် သူက အရေးယူခြင်းမပြုခဲ့ပေ။ လွန်ခဲ့သည့် နှစ်ရက်က ပူးပေါင်းဆောင်ရွက်မှုက သူ့ကို အထင်ကြီးစရာ ဖြစ်စေခဲ့သည်၊ သူမတို့ပါမည်ဆိုပါက အိုတာ့ခု အဖွဲ့သည် လာမယ့်လတွင် မစ်ရှင်၏ အသီးပွင့်များစွာ ခံစားနိုင်ဦးမှာ သေချာသည်။

ရွှီမိန်က ခေါင်းညိတ်ပြလိုက်သည်။ "အခုထက်ပိုပြီးလုပ်ရင် ပိုကောင်းတာပေါ့!"

လော်ရွှင့် ၏ လယ်ယာစိုက်ပျိုးနည်း လမ်းညွှန်မှုအောက်တွင် စပါးရိတ်သိမ်းမှုကောင်းများ ရရှိမည်မှာ သေချာသည်။ သူတို့သည် သူတို့၏ လော်ရွှင့်လို မချမ်းသာရင်တောင် ကိုယ်ပိုင်အလုပ်ဖြင့် ဝင်ငွေပိုကောင်းကိုတော့ လိုချင်သည်။

လော်ရွှင့် ကဲ့သို့ပင်၊ လီထယ်နှင့် အခြားကျောင်းသားများသည် အခြေစိုက်စခန်းတွင် တရားဝင်အလုပ်များ ရှိသည်။ သူတို့မှာ အပင်စိုက်ဖို့ တာဝန် နဲ့ ဖုတ်ကောင် အမြူတေရဖို့အတွက် မစ်ရှင်လုပ်သည့် အလုပ်ရှိသည်။ သူတို့ အိမ်မှာ နေရာလွတ်ရှိလို့ စိုက်ပျိုးထားပေမယ့် ဂရုမစိုက်အားလို့ အမျိုးသမီးတွေက ဂရုစိုက်ပေးနိုင်သည်။ ဒီအလုပ်က ဘယ်လောက်အကျိုးအမြတ်ရှိလဲဆိုတာ ရွှီမိန်က ကျန်းရီကို မမေးဘဲ နည်းနည်းချင်းစီ သူမတို့ ကူညီပေးနိုင်မှာ သေချာသည်။

လော်ရွှင့် က ဇနီးမောင်နှံသည် အပင်စိုက်ပျိုးသည့် အဓိက အစိတ်အပိုင်းများကိုသာ တာဝန်ယူ ရသော်လည်း လူတိုင်းသည်   ပြင်ဆင်ရန် လိုအပ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။ သူက လက်ခုပ်တီးပြီး ဆက်ပြောလိုက်သည်။

"ငါတို့ ခဏစောင့်ရမယ်။ ကျန်းရီက 15 လွှာက အခန်းသုံးခန်းကို ငါတို့ အုပ်စု နာမည်အောက် သွင်းဖို့ လိုအပ်တာကို လုပ်ဖို့လိုသေးတယ်။  ယန်ဖေးက စခန်းရဲ့ အပြင်ဘက် တံတိုင်းကို ကြံ့ခိုင်အောင် နောက်တဆင့် အဆင့်မြှင့် လုပ်ဆောင်ရဦးမယ်။"  

ဒီနှစ်မှာ စပါး စိုက်ပျိုးနိုင်ရင်တောင် တစ်ကြိမ်ပဲ ရိတ်သိမ်းနိုင်မှာ ဖြစ်သည့်အတွက် အများကြီး မျှော်လင့်လို့မရပေ။ ဒါပေမယ့် အသီးအရွက်တွေကို ဖုတ်ကောင် အမြူတေနဲ့ လဲလှယ်နိုင်သေးသည်။  မနက်ဖြန်တွင် လော်ရွှင့်က ဘယ်သူက ဘာလုပ်ဆိုပြီး တာဝန်အတိကျမခွဲပေးခင် လိုအပ်သည့် အဆင့်ကို စီစဉ်ရဦးမည် ဖြစ်သည်။
 

"ကောင်းပါပြီ!" လူအုပ်ကြီးက ရွှင်မြူးနေကြပြီး သူတို့၏ မျက်လုံးများသည် ပိုကောင်းသည့် အနာဂတ်ကို မျှော်မှန်းကာ စိတ်လှုပ်ရှားစွာ တောက်ပလာကြသည်။

လော်ရွှင့် သည် အိမ်ပြန်ရောက်သည်နှင့်  ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ အခန်းသုံးခန်းအတွက် သူက စိုက်ပျိုးရေးအစီအစဉ်ဆွဲကာ ပြင်ဆင်ဖို့ စဉ်းစားနေရတော့သည်။ နေဦး... စင်္ကြံဧရိယာကို အခု သူက အပြည့်အဝ အသုံးမချနိုင်ပေမယ့် တကယ်လို့ နှစ်လွှာလုံးက သူတို့ အုပ်စု နာမည်အောက်ကို ရောက်လာခဲ့ရင် စင်္ကြံမှာလည်း သူတို့ စိုက်ပျိုးနိုင်လိမ့်မည်။
ယန်ဖေးက ပြုံးပြပြီး လော်ရွှင့် ကို  အတွေးထဲက ဆွဲထုတ်လိုက်သည်။
"မနက်ဖြန်ကိစ္စတွေကို ဒီနေ့ ကြိုတင်အစီအစဉ်ဆွဲထားနိုင်ပေမယ့် မင်းရဲ့ အနားယူမှုကို မထိခိုက်စေနဲ့။ မနက်ဖြန် စခန်းတည်ဆောက်တဲ့အချိန် တက်တက်ကြွကြွမရှိရင် ကပ္ပတိန် ကောင်းဆီက ဆုံးမ စကားကို နားထောင်ချင်လို့လား။"

လော်ရွှင့် က ရယ်မောလျက် သူ့လောင်ကုန်းကို မေးခွန်းတစ်ခုမေးလိုက်သည်။

 "ကျွန်တော်က အသင်းခေါင်းဆောင် ကပ္ပတိန် ...ဟမ်....အဲဒါက ဘယ်လိုကိစ္စလဲ။ ခင်ဗျားတို့ အားလုံး ဘယ်လိုဖြစ်ပြီး ဒီလိုတွေးလိုက်တာလဲ။ ကျွန်တော် ဘာမှ မသိလိုက်ပါလား  "

ယန်ဖေးက "မင်း ကပ္ပတိန် မဟုတ်ရင် ဘယ်သူက ဖြစ်နိုင်ဦးမှာလဲ" လို့ ကျယ်ကျယ်လောင်လောင် မေးလိုက်သည်။

"ခင်ဗျားလေ!" လော်ရွှင့် က လန့်ဖျပ်သွားကာ ပြန်ဖြေလိုက်သည်။

သူ၏ အရင်ဘဝတွင် အပြင်ထွက် မစ်ရှင်လုပ်သည့် အသင်းများ၏ ကပ္ပတိန်များကို အသန်မာဆုံးလူဟု အမြဲယူဆခဲ့သည် -  တကယ်လည်း အသင်းအများစုတွင် ကပ္ပတိန်က အသန်မာဆုံးဖြစ်ကြတယ် မဟုတ်လား။

ယန်ဖေးက ရယ်ပြီး ခေါင်းယမ်းလိုက်သည်။
 "စွမ်းအားကို တွေးကြည့်ရင်၊ ငါ့စွမ်းရည်က ပထမအဆင့်ကနေ အဆင့် 2 အထိ တက်လာပေမယ့် ကျန်းရီ လည်း တော်တော် သန်မာတယ်။ တကယ်လို့ ငါတို့က ပိုသင့်လျော်တယ်လို့ မင်းထင်ရင်တောင် ငါတို့ ကို ကပ္ပတိန်  အဖြစ်ရွေးချယ်ရမယ်ဆိုရင် ဝမ်သော်နဲ့ တခြားသူတွေက သဘောမတူနိုင်လောက်ဘူး"

တကယ်တော့ ကျန်းရီ နဲ့ ယန်ဖေးကြားမှာ ဘယ်သူကမှ ကျန်းရီ ကို ကပ္ပတိန် အဖြစ် ရွေးမည် မဟုတ်ပေ။ ကျန်းရီရဲ့စိတ်ကို မထိန်းနိုင်ပဲ သတ်ဖြတ်မှု လုပ်မည်ကို လူတိုင်းကြောက်နေကြသည်။
 
လော်ရွှင့် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆိုရင်တောင် ကျွန်တောက် ကပ္ပတိန်  အဖြစ် မသင့်တော်ဘူး၊ ကျွန်တော်က သာမန်လူပဲလေ"
ကမ္ဘာပျက်ကပ် ကာလတွင် လူတွေကြား အစပိုင်းမှာတော့ ပြဿနာမရှိပေမယ့် အခြေချနေထိုင်သူတွေ ထဲက စွမ်းအားရှင်တွေ ပိုအားကောင်းလာတဲ့အခါ စစ်တပ်က သူတို့ရဲ့ ထင်ရာစိုင်းလုပ်ရပ်တွေကို မျက်ကွယ်ပြုထားလိမ့်မည်။ အခြေစိုက်စခန်းမှ အုပ်ချုပ်သူ၊ စွမ်းအားရှင်နှင့် သာမာန်လူများရှိလာပြီး သာမာန်လူတွေကို တတိယတန်းစား နိုင်ငံသားများအဖြစ်သို့ လျှော့ချပစ်လိမ့်မည်။


ယန်ဖေးပြုံးပြီး ခေါင်းယမ်းလိုက်သည်။
"ပထမဆုံး မင်းက ငါတို့နှစ်ယောက်ရဲ့ အိမ်ယာပိုင်ဆိုင်မှုကို စီစဉ်နိုင်ပြီးရင် ရှေ့ဆက်လုပ်မယ့် အစီစဉ်အတော်များများကို ချမှတ်နိုင်ခဲ့တယ်။  လီထယ်နဲ့ တခြားသူတွေအတွက် လိုအပ်ပစ္စည်းတွေနဲ့ တစ်ချို့အရာတွေကို လုပ်ဆောင်ပေးခဲ့တယ်။ ကဲ ငါတို့အဖွဲ့ရဲ့ အလုပ် အများစုကို မင်းလုပ်ခဲ့ပြီးပြီလေ။ ဒါကို  မင်းသဘောမပေါက်သေးဘူးလား?"

လော်ရွှင့် က ခေါင်းခါနေတာကိုမြင်တော့ သူက ဆက်ပြောခဲ့သည်။
 "မင်း သတိမထားမိခဲ့တဲ့  နောက်ထပ်အရေးကြီးသောအချက်က တိုက်ပွဲဝင်တဲ့အခါ မင်းရဲ့ တိကျတဲ့ အမိန့်ပေးနိုင်မှုနဲ့ ဗျူဟာချနိုင်တာပဲဖြစ်တယ်။ ကျန်းရီနဲ့ ငါက တိုက်ခိုက်ရေးစွမ်းရည်မြင့်ပေမယ့်   ဖုတ်ကောင်တွေကို အပြုတ်တိုက်မယ့် ဗျူဟာမျိုးကို ငါတို့ လုပ်နိုင်စွမ်းမရှိဘူး။ ဒီအချက်က အခုလို  ကမ္ဘာကြီးရဲ့ အဆုံးသတ်ကာလမှ ခိုင်မာတဲ့ စွမ်းရည်ရှိတာထက် ပို အရေးကြီးတယ်။"

စွမ်းအားရှိခြင်းသည် ဖုတ်ကောင်များကို အမဲလိုက်ရန် အုပ်စုကို ညွှန်ကြားနိုင်စွမ်းရှိခြင်းဟု မဆိုလိုပေမယ့်  လော်ရွှင့် ဟာ သာမန်လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တိုက်ပွဲအခြေနေပေါ် နားလည်မှု၊ နေရာယူမှုနဲ့ စွမ်းအားရှင်တွေကို ညွှန်ကြားနိုင်စွမ်းက အရမ်းကောင်းလှတယ်။ ဒါက အသင်းခေါင်းဆောင်အဖြစ် သူ့ရာထူးကို ခိုင်မြဲစေမှာ သေချာတယ်။

လော်ရွှင့် သည် သူ့အတိတ်ဘဝတွင် သူ့ အရည်ချင်းကို သတိမထားမိခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်၊ ဘာကြောင့်လဲ ဆိုတော့ သူက  ဖုတ်ကောင်များကို တိုက်ခိုက်သည့် စွမ်းအားရှင် အဖွဲ့ထဲကို တစ်ခါမှ မဝင်ခဲ့ဖူးလို့ဖြစ်နိုင်သည်။    သူသည် တိုက်ပွဲဝင်ရန် အခွင့်ရေးမရှိသလို၊ သူ၏ အရည်အချင်းကို စဉ်းစားနိုင်ချေလည်း  နည်းပါးလွန်းလှသည်။ ပြန်လည်မွေးဖွားလာပြီးနောက် ယန်ဖေးနှင့် အခြားသူများနှင့် ထိတွေ့ကာ အိမ်နီးနားချင်းများဖြစ်လာပြီးနောက်တွင် သူ၏စွမ်းရည်ကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။

သူက မျက်လွှာချကာ ခေါင်းငုံ့ပြီး တိုးတိုးပြောလိုက်သည်။

 "ဒါပေမယ့် နောက်ပိုင်းမှာ ဖုတ်ကောင်တွေက ပိုအားကောင်းလာလိမ့်မယ်။ လောလောဆယ်မှာ အမိန့်ပေးနိုင်ပေမယ့် အနာဂတ်မှာ..."

လော်ရွှင့် သည် သူတို့ အဖွဲ့ငယ်လေးသည် အခြားအသင်းများနှင့် ပုံစံတူ အသတ်ခံရမည်ကို   စိုးရိမ်နေပြီး ပုံမှန်လူများက စွမ်းအားရှင်များကို  ဒုက္ခရောက်အောင် ဆွဲချနိုင်သည်ဟု ခံစားလိုက်ရသည်။ ခေါင်းဆောင်ရာထူးကို ပြောင်းလဲရန်နှင့် အဖွဲ့ကို သေချာထောက်ပံ့ပေးနိုင်မည့် နည်းလမ်းကို ရှာရမည်ဟု တွေးနေသည်။

ယန်ဖေးက ရယ်ပြီး သူ့ပါးကို ခပ်ဖွဖွ ကိုက်လိုက်သည်။
 "ဘာစိုးရိမ်နေတာလဲ? မမေ့နဲ့ဦးလေ၊ မင်းချစ်သူက အသင်းမှာ အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမား မဟုတ်ဘူးလား။"

ဟုတ်တယ်၊ အနာဂတ်မှာ အခြေနေတွေ ပိုဆိုးဝါးလာရင်တောင် သူ့အနားမှာ ယန်ဖေး ရှိနေဦးမည် ဖြစ်သည်။  ယန်ဖေးသည် ကမ္ဘာပျက်မတိုင်မီက စီမံခန့်ခွဲမှုအတွေ့အကြုံရှိခဲ့သည်။ အသင်းကို စီမံခန့်ခွဲရတာက သူ့အတွက် ပိုသင့်လျော်ပေမယ့် ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်မှာတော့ သူအနားယူချင်ခဲ့တာလည်း ဖြစ်နိုင်သည်။  သူက  ဖုတ်ကောင် အမြူတေကို စုဆောင်းရန် မစ်ရှင်ထွက်ခဲ့စဉ် လော်ရွှင့်ကို စိုးရိမ်လို့ သူ့ဘေးမှာ အမြဲထားခဲ့ရာကနေ  သူ့ချစ်သူရဲ့ ထူးထူးခြားခြား အရည်အချင်းတွေကို မထင်မှတ်ဘဲ တူးဖော်တွေ့ရှိခဲ့သည်။

ယန်ဖေးသည်   အမြတ်အစွန်းအတွက် အဖွဲ့တစ်ခုကို စီမံခန့်ခွဲနိုင်သော်လည်း ဖုတ်ကောင်များကို တိုက်ခိုက်ရာတွင် ခုလို ထိရောက်စွာ အမိန့်ပေးနိုင်မည်မဟုတ်ကြောင်း သိနေခဲ့သည်။ ဒါပေမယ့် လော်ရွှင့် က မတူဘူး၊ သူ့မှာ မိုးကောင်းကင်က ပေးအပ်သည့် လက်ဆောင်တစ်ခုရှိတာပဲ။  အဲဒါကို လူတိုင်းဆီက  အသိအမှတ်ပြုခံရတာ သဘာဝကျတယ်လေ။

နောက်နေ့တွင် တံတိုင်းတည်ဆောက်ရေးလုပ်ငန်းက အတော့်ကို ချောမောစွာ အောင်ရွက်နိုင်ခဲ့သည်။  အလုပ်ပြီးတော့ နှစ်ယောက်သား 16 ထပ်အထိ လေထဲ လွင့်မျောနေတဲ့ သတ္တုပစ္စည်းတွေကို သယ်ကာ  အိမ်ပြန်သွားကြသည်။ ဒီတစ်ခါတော့ လော်ရွှင့် က ပစ္စည်းတွေကို 15 ထပ်မှာ ခဏထားခဲ့လိုက်သည်။

ရွှီမိန် နှင့် အဖွဲ့သည် သူတို့ လှုပ်ရှားမှုကိုကြားပြီး ထွက်လာခဲ့သည်။ လော်ရွှင့် နှင့်အတူ အခန်းလွတ်သုံးခန်းကို စစ်ဆေးကာ   စိုက်ပျိုးရေး အစီအစဉ်ကောင်းတစ်ခုကို ဆုံးဖြတ်ကြသည်။ အိမ်သုံးလုံးအတွင်းရှိ အခန်းများသည်  အရွယ်အစားတူညီသောကြောင့် ပျိုးခင်း ဒီဇိုင်းပြုလုပ်ရန် အလွန်လွယ်ကူသည်။

ဒီအခန်းများကို သီးနှံစိုက်ပျိုးရန်သာ အသုံးပြုထားသောကြောင့် ဧရိယာကို အလှဆင်ရန် မလိုပေ။ ရေနှင့် အစိုဓာတ်ထိန်းရန်၊ နံရံကို မထိခိုက်ရန်၊ သီးနှံစိုက်ခင်း အညစ်အကြေးများက နံရံများကို ထိခိုက်မည်ကို စိုးရိမ်သဖြင့်   အခန်းများကို သတ္တုဖြင့်ဖုံးအုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။သတ္တုသည် သံချေးတက်နိုင်သော်လည်း ယန်ဖေးသည် ထိုအခါတိုင်း အစားထိုးပေးနိုင်သည်။ အခန်း ရှင်းလင်းခြင်းသည် အလွန်ရိုးရှင်းပြီး အဆင်ပြေပေမယ့်  တစ်ခုတည်းသောပြဿနာမှာ...

"သတ္တုအလုံအလောက်မယူခဲ့ပါဘူး..."
လာ်ရွှင့် သည် အခန်းလွတ်တွင် ဝမ်းနည်းမှုဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။

လမ်းမပေါ်၌ လှိမ့်နေသော သတ္တုဘောလုံးကြီးကို တွေးရင်း အမျိုးသမီး၏ ပါးစပ်များ လှုပ်ယမ်းသွားသော်လည်း ပြန်မဖြေလိုက်တော့ပေ။ ကြီးမားသော သတ္တုဘောလုံးနှစ်လုံးကို ကားထဲသို့ ရောစပ်ကာ  ဘောလုံးတစ်ဝက်သာ ယူဆောင်လာပြီး ကျန်တစ် ဝက်ကို ဘဏ်တွင်ထား ရှိခဲ့သည်။

လော်ရွှင့် သည် သစ်ပင်များနှင့်ရေခဲသေတ္တာများကိုယူရန်ဆုံးဖြတ်ပြီးနောက်၊ နေရာများစွာကို ပြုလုပ်ခဲ့ရသည်။ ဒါပေမယ့် အခု သူတို့ တွေးကြည့်တော့ ပစ္စည်းတွေ အားလုံးကို ပြန်ယူခဲ့သင့်တယ်။

ရွှီမိန် သည် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

 "ဒီမနက်က မြေကြီးရှာဖို့ ထွက်သွားတော့  အတော်များများတွေ့ခဲ့တယ်။ အများစုကို အောက်ထပ်မှာ ထားခဲ့တယ်။  ဓာတ်လှေကားသုံးနိုင်ရင် အပေါ်ကို တင်ပေးမယ်။"

စုန့်လင်လင် က ပြုံးပြီး ထပ်ပြောသည်။
 "မြေကြီးအပြင် အမြစ်အတုံးအခဲကြီးကိုလည်း တူးခဲ့တယ်။ မှိုစိုက်ဖို့အတွက်သုံးနိုင်လားဆိုတာ မင်းကြည့်ပေးနိုင်မလား။

"ကောင်းပြီ ငါတို့ ငါးနာရီထိုးရင် ဆင်းလာမယ်"
လော်ရွှင့် က သူတို့စကားကြားတော့ ခေါင်းညိတ်လိုက်တယ်။ စုဆောင်းထားသည့် အရာတွေများလေလေ ပိုကောင်းလေလေ သူ့မှာ ပြသနာတွေ နည်းလေလေပါပဲ။

စိုက်ပျိုးရေးအဆင့်မြှင့်တင်ပေးရန် စီစဉ်နေသည့် အခြေစိုက်စခန်းကို ကျေးဇူးတင်ရမည်၊ အမျိုးသမီးနှစ်ဦး မြေကြီးတူးသည့်အခါတွင် လူအများအပြားနှင့် တွေ့ဆုံကြသည်။ ရွှီမိန် ကဲ့သို့ အချို့သောလူများက ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် နေရာမငှားနိုင်ဘဲ အိမ်သို့ မြေကြီးတွေ ယူဆောင်လာကာ သီးနှံများ စိုက်ပျိုးရန် ကြိုးစားကြသည်။ ဒါကြောင့် ဘယ်သူမှ သူမတို့ကို သတိမထားမိကြပေ။ မြေကြီးတူးသူ    အများစုမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်သည်။

သီးနှံစိုက်ပျိုးရန် အိမ်ကိုစစ်ဆေးပြီး ပြန်လာသည့်  လော်ရွှင့် နဲ့ ယန်ဖေးဟာ အစီစဉ်ချဖို့ ဆိုဖာပေါ်မှာ ထိုင်လိုက်စဉ် ခွေးကလေးသည် သခင်နှစ်ယောက်ကြားတိုးကာ ထိုင်လိုက်သည်။ ယခုတလော   သူမ၏ ပိုင်ရှင်များသည် အိမ်အပြင်ဘက်တွင် အမြဲလိုလို ထွက်ကာ သူမနှင့် ဆော့ကစားရန် အချိန်ပေးခဲသည်။

လော်ရွှင့် သည် ကူကယ်ရာမဲ့ဖြစ်သွားကာ  အရွယ်ရောက်နေပြီးသော သူ့ ခွေးကလေး၏ဦးခေါင်းကို ပုတ်လိုက်သည်။

"အိမ်ခန်းတွင်း အပူပေးစနစ်ကို တပ်ဖို့လုပ်တဲ့အချိန် ရွှီမိန်တို့ အလွှာက အိမ်ကို ရေတွက်ဖို့ မေ့သွားခဲ့တယ်။ အခု အဲ့ဒါကို ထပ်လုပ်ရဦးမယ်။ အိမ် အပြင်က နံရံမှာတပ်ထားတဲ့ ဆိုလာပြားတွေနဲ့ ပတ်သက်ရင်..."

သူရဲ့ အရင်ဘဝက စိတ်ကူးအိပ်မက်က တိုက်ခန်းရဲ့ အပေါ်ဆုံးနေရာင်ကောင်းကောင်းရသည့် အလွှာတွင် နေထိုင်ရန်၊ အိမ်နံရံအားလုံးကို ဆိုလာပြားဖြင့် ဖုံးအုပ်ကာ လျှပ်စစ်မီးလုံလောက်စွာ ရအောင်လုပ်ရန် ဖြစ်သည်။ အခုဘဝတွင် သူက ဒီလို စီစဉ်ဆောင်ရွက်ကာ   ဆိုလာပြားတွေ အများကြီးရှိလာတော့မယ်၊ ဒါပေမယ့် ဆိုလာအပြည့်တပ်ပြီးသွားရင် ပြဿနာက ဘာလဲ? လျှပ်စစ်မီးက သူတို့အိမ်မှာ စိုက်ဖို့ လုံလောက်ပေမယ့် ရောင်းလို့ မရဘူး။

လျှပ်စစ်ဓာတ်အားသည် လူတစ်ဦးကို ချမ်းသာစေနိုင်သော်လည်း အစားအစာနှင့် အသီးအရွက်မျိုးစုံကို ရိတ်သိမ်းခြင်းသည်လည်း ချမ်းသာစေတာပဲလေ။

ယန်ဖေးက ပြုံးပြီး အကြံပေးလိုက်သည်။
 "ဒီအရာတွေက အချိန်ကြာလာတာနဲ့အမျှ ဖြည်းဖြည်းချင်း စုဆောင်းနိုင်တယ်။ ကျန်နေတဲ့ ဆိုလာပြား တွေကိုလည်း ငါတို့ အမှတ်ကို စုစည်းပြီး များများဝယ်လိုက်မယ်။  ဒီစွမ်းအင်တွေကို စခန်းက လူတွေအားလုံးက အသုံးပြုမှာဖြစ်လို့ ငါတို့ တပ်ထားလည်း ပြဿနာရှိမှာ မဟုတ်ပါဘူး။"

"မှန်တယ်၊ အခု ကျန်းရီ ပြန်လာပြီး အခန်းပိုင်ဆိုင်မှုကိစ္စကို သူကိုင်တွယ်နိုင်သလားဆိုတာ စောင့်ကြည့်ရမှာပဲ..."

လော်ရွှင့် သည် အနည်းငယ် မသေချာသေးပေ။ ကျန်းရီ သည် အိမ်သုံးလုံးကို သူတို့ အုပ်စုအောက်ကို သွင်းဖို့ မလုပ်နိုင်ရင် အခြားအဖွဲ့တွေက ထိုအခန်းတွေကို လာသိမ်းနိုင်သည်။ ထိုအချိန် ဘယ်သူ့အဖွဲ့က ပိုစွမ်းသလဲဆိုတာပေါ် မူတည်ကာ ပိုင်ဆိုင်သွားလိမ့်မည်။

အရင်တုန်းကတော့ လော်ရွှင့် က အိမ်ရှင် ပြန်လာမည်ကို စိတ်ပူနေပေမယ့် ထိုစဉ်က သူက သာမန်လူဖြစ်နေသေးသည်။ အခုတော့ ယန်ဖေးနှင့်အတူ အိုတာ့ခု အဖွဲ့ငယ်လေးများနှင့်အတူ ရှိနေသဖြင့် ဤကိစ္စကို သူစိတ်မပူတော့ပေ။  တစ်နေ့မှာ အိမ်ရှင်ပေါ်လာခဲ့ရင် လော်ရွှင့် က ဒီကိစ္စကို ဖြေရှင်းဖို့ လွယ်ကူသွားလိမ့်မည်။   

အချို့သောနည်းလမ်းများတွင် ကျန်းရီ သည် အမှန်တကယ်ပင် စွမ်းဆောင်နိုင်သော သန်မာသော အသင်းဖော်တစ်ဦးဖြစ်သည်။ အထူးသဖြင့်၊ သူသည်  အရာများစွာကို လုပ်ဆောင်ရန် တာဝန်မယူပေမယ့် သူ လုပ်လိုက်သည့်အရာတိုင်းက အေးဆေးစွာပြီးစီးဖို့ကို  အာမခံနိုင်သည်။

ကျန်းရီ သည် လူတိုင်းအတွက် သတင်းကောင်းဖြင့် အိမ်သို့ ပြန်လာခဲ့သည်။
 "အိမ်က Otaku လက်အောက်ခံဖြစ်သွားပြီ။"

 ပေါက်ကရ  အဖွဲ့အမည်ပေးထားသော လီထယ်အား ကျန်းရီက  စိုက်ကြည့်ကာ ပြောလိုက်သည်။

ဝူရှင်းသည် ယာဂုတစ်လုတ်ကိုအမြန်မြိုချလိုက်စဉ် လီထယ်၏ မျက်ဝန်းထဲ အထင်ကြီးမှု အပြည့်ဖြင့် ကျန်းရီကို ကြည့်ကာ မေးလိုက်သည်။

  "ကျန်းရီ.... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

ကျန်းရီ - "တချို့အိမ်တွေကို အသင်းနာမည်အောက်မှာ ထားနိုင်တယ်လေ။ တာဝန်ရှိသူက အဲ့နာမည်နဲ့ အသင်း တကယ်ရှိမရှိ ဆိုတာ လိုက် စစ်ဆေးဖို့ အရမ်းပျင်းတယ်၊ အသင်းနာမည်ကို ရေးမှတ်ထားဖို့ လည်း  အရမ်းပျင်းကြတယ်လေ"

လော်ရွှင့် ဘက်လှည့်လိုက်ကာ ကျန်းရီက ထပ်ပြောလိုက်သည်။

 "ဒါပေမယ့် လစဉ် အမှတ်ပေးချေဖို့တော့လိုတယ်။ အိမ်အတွက် ပေးချေမှုက ငါတို့ အိမ်တွေလို  တူညီတဲ့ ပမာဏပဲ လိုတယ်။ ကပ္ပတိန်က ဒါကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မယ်။"

လော်ရွှင့် ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ၊ ဒါက ပြဿနာမဟုတ်ပါဘူး"

အိမ်ငှားခက  မမြင့်ဘူး။ သူနှင့် ယန်ဖေး၏ အမှတ်များက အိမ်ဌားခ ပေးဖို့ လုံလောက်သည်။ အိမ်များတွင် ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးသည်နှင့် ငှားရမ်းခအတွက် အနည်းငယ်သာ လိုအပ်လိမ့်မည်။

 အခြေစိုက်စခန်းကို ထူထောင်ပြီးသည်နှင့် အချို့အရာများကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ ဥပမာအားဖြင့်၊ အဖွဲ့တွေက  ဖုတ်ကောင် အမြူတေနှင့် ဘောနပ်စ်အမှတ်များရယူရန် ထွက်သွားတိုင်း အိမ်ငှားခအတွက် အချို့ကို ဖယ်ထားသင့်သည်။  မစ်ရှင်က ပြန်လာတဲ့အခါ အဖွဲ့အားလုံးကို အမှတ်တွေ နဲ့ အမြူတေတွေ ခွဲပေးခဲ့သည်။  သို့သော် သူတို့သည် ယခင်က အိမ်ဌားခအတွက် ဖယ်ထားသည့် စနစ်မရှိသောကြောင့် လော်ရွှင့် သည် အခု ထိုစနစ်တစ်ခုကို အကောင်အထည်ဖော်ရတော့သည်။

ကံကောင်းစွာပဲ သူ့မှာ စွမ်းအားပြည့်သည့် ချစ်သူတစ်ယောက်ရှိတယ်။ ယန်ဖေးသည် အဖွဲ့အောက်က အိမ်ခန်းတွေရဲ့ဌားရမ်းခအတွက် အမြူတေတွေကို ကောက်ခံသည့်အခါ  ဘယ်သူကမှ မကန့်ကွက်ပဲ လွယ်လွယ်ကူကူ လက်ခံလိုက်တဲ့အတွက် လော်ရွှင့် တိတ်တဆိတ် စိတ်သက်သာရာရသွားတယ်။

သူသည်  အလုပ်တွေကို စီမံခန့်ခွဲရန် မကြောက်ပါ၊ အထူးသဖြင့် သူတို့သည် သူငယ်ချင်းများ ဖြစ်သောကြောင့် သာမန်လူဖြစ်သည့် လီထယ်တို့ကို အခက်တွေ့စေမည်ကို စိုးရိမ်နေသည်။   ကံကောင်းထောက်မစွာ သူက ရိုးသားပြီး ဂရုစိုက်တတ်သူများနှင့် တွေ့ဆုံခဲ့သောကြောင့် ယခုအချိန်တွင်  စိတ်မပူရတော့ပေ။
 
အောက်ထပ်ရှိ အိမ်သုံးအိမ်အား သူတို့၏အဖွဲ့အောက်တွင် သွင်းလိုက်ပြီဖြစ်သောကြောင့် စနစ်တကျစီစဉ်ပြီးမှ သုံးသင့်သည်။  လော်ရွှင့် သည် အမျိုးသမီးများ၏အိမ်အပါအဝင် 15 ထပ်က အခန်းအားလုံးအတွက် စိုက်ပျိုးရမည့်  ဒီဇိုင်းဆွဲကာ တစ်ညနေ အချိန်ကုန်ခဲ့သည်။

အခန်းနံပါတ် 1502 မှလွဲ၍ ကျန်အိမ်များကို အပြည့်အဝအသုံးချခဲ့သည်။ အပေါ်ထပ်တွင် အမျိုးသားများ အသုံးပြုရန် အပိုင်းကို ဖယ်ထားပြီး ကျန်နေရာတိုင်းအတွက် လုံလောက်သော စိုက်ပျိုးခင်း အတွက်  အစီအစဉ်ဆွဲရန် လိုအပ်သည်။

အမှန်တော့၊ အမျိုးသမီးသုံးယောက်က ကျန်းရီ ရဲ့ အိမ်ခန်း 1602 မှာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အခန်းလွတ်သုံးခန်းကို ပြဿနာမရှိပဲ သုံးနိုင်ရင် ပိုထိရောက်မည်ဖြစ်ပေမယ့်  လူတိုင်းဟာ အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး သီးသန့် နေရာလိုအပ်သည်။  လော်ရွှင့် သည် ကိုယ်ချင်းစာတတ်သူဖြစ်သည့်အပြင် တဖက်က သုံးယောက်က အမျိုးသမီးတွေဖြစ်သည်။ ဒါ့အပြင်  ကျန်းရီ ရဲ့ ဒေါသက...
 လော်ရွှင့် နဲ့တောင် သူနဲ့ အတူမနေချင်ဘူး ။

၁၅ ထပ်နှင့် ၁၆ ထပ်တို့ကို အပြည့်အဝအသုံးချရန်၊ သတ္တုနှင့် မြေဆီလွှာများ ပိုမိုလိုအပ်လာသည်။ အပင်ကြီးထွားမှုနှင့် မျိုးပြောင်းနိုင်မှုကို လျှော့ချဖို့ လေထဲတွင် အဆိပ်ရှိသော အရာများကို စုပ်ယူနိုင်ရန် မှိုစိုက်ပျိုးမှုကို ထည့်ရန်လည်း လိုအပ်သည်။

သို့သော် ယခုအချိန်တွင် ပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိသဖြင့် ထိုအရာတွေ လုပ်ဖို့ အချိန်ယူရုံသာ ရှိတော့သည်။

လော်ရွှင့် နှင့် ယန်ဖေးတို့သည် သူတို့၏နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို ဆက်လက်လုပ်ဆောင်ကြပြီး ပထမဦးစွာ ဆိုလာပြားအားလုံးကို နံရံတွင်ဆွဲထားသည်။ ယန်ဖေး၏သတ္တုစွမ်းအားများဖြင့် ထို အလုပ်သည် ရိုးရှင်းပြီး အခက်အခဲမရှိပေ။

ထို့အပြင် အခြားအိမ်နှစ်အိမ်တွင် စိုက်ခင်းအတွက် ဟာလာဟင်းလင်း ဖွင့်ထားခဲ့သည်။ ရွှီမိန်က  လော်ရွှင့် နှင့် အခြားသူများ၏အိမ်က စိုက်ပျိုးခင်းတွေကို ရေလောင်းရန် စီစဉ်ထားလို့ သူတို့ရဲ့ သီးသန့် အိပ်ခန်း   များကိုသာ သော့ခတ်ထားသည်။

ယန်ဖေးဟာ သတ္တုသဲအိတ်တွေကို  ကျန်းရီ လေ့ကျင့်နိုင်ဖို့ အတွက် နေရာလွတ်ချန်ထားခဲ့တယ်။ လီထယ်နှင့် အခြားကျောင်းသားများအတွက် နေရာအချို့ကိုလည်း ထားရှိပေးသည်။

******-**********

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ