Chapter (37) _ စွန့်ပစ်ခံရသည့် ကလေးများ

5.4K 919 9
                                    

Chapter (37) _ စွန့်ပစ်ခံရသည့် ကလေးများ



အခြေစိုက်စခန်း၏ အပြင်ဘက်အုတ်တံတိုင်းကို တည်ဆောက်ထားသော်လည်း အတွင်း အဝိုင်းတွင် လူသစ်များကို နေရာချထားရေးအတွက် ဆောက်လုပ်ရေးပရောဂျက်များကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ ဆက်သွယ်ရေး အများစုက ပြတ်တောက်နေပေမယ့်လည်း စစ်တပ်၏ သီးခြား ဂြိုလ်တုနှင့် ဖုန်းများသည် ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်သည်။

အစောပိုင်းတွင်၊ အခြေစိုက်စခန်းပြဿနာများ ပိုမိုဆိုးရွားလာချိန်မှာ အန္တရာယ်ရှိသော သတင်းသည် အနောက်တောင်အခြေစိုက်စခန်းသို့ ရောက်ရှိလညခဲ့သည်။ သာမန်နေထိုင်သူများအပြင် A-city ရှိ ရာထူးကြီးသော အရေးပါသော လူများက အနောက်တောင် အခြေစိုက်စခန်းများသို့ ပြောင်းရွှေ့လာတော့မည် ဖြစ်သည်။

အနောက်တောင် အခြေစိုက် စခန်းသည် အဓိက လူကယ်ဆယ်မှုကို လုပ်ပြီး ကယ်ဆယ်ခဲ့သည့် လူတွေကို အနောက်ပိုင်းနှင့် မြောက်ပိုင်း အခြေစိုက် စခန်းများသို့ ပေးပို့ခဲ့သည်။ ဒါကြောင့် အရှေ့ ဘက်ပိုင်းမှာ ဖိအား အနည်းငယ်ပေါ့ခဲ့သည်။ အရှေ့ မြောက် အခြေစိုက် စခန်း က ကယ်ဆယ်ခံရသည့်လူတွေကို နေရာထိုင်ရေးစီစဉ်ပေးရန် အတွက် တာဝန်ရှိပေမယ့် အမှန်တော့၊ A-city တွင် မြောက်နှင့် အရှေ့မြောက်ရှိ ခြေကုပ်စခန်းနှစ်ခုသည် ယခုအခါ ဒုက္ခရောက်နေပြီး အချိန်မရွေး ဖုတ်ကောင်တွေ သိမ်းပိုက်တာ ခံရနိုင်သည်။ ဒါကြောင့် အနောက် အခြေစိုက် စခန်း သည် ရှေးရိုး အတိုင်း ကယ်ဆယ်လာသည့် လူတွေကို အခြားစခန်းကို မပို့နိုင်ပဲ သူတို့ စခန်းမှာ ဆက်လက်ထားရှိဖို့ စခန်းကို တိုးချဲ့ရတော့သည်။

အပြင်ဘက်တံတိုင်းတည်ဆောက်ခြင်းသည် စခန်းထဲ နေထိုင်သူတွေရဲ့ အလုပ်တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး တံတိုင်းမဆောက်ရသေးသည့်ဖြစ်ရပ်နှင့် မတော်တဆမှုကြောင့် သုံးကြိမ်တိတိ ဖုတ်ကောင်လှိုင်းရဲ့ လာရောက်တိုက်ခိုက် ခံရသဖြင့် သူတို့တွေက ခံစစ်တွေ ထပ်ဆောက်ဖို့ လိုအပ်နေသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now