Chapter (70) _ အလှလေးကို ကယ်တင်ပြီးနောက်
ပြင်းထန်သောလေသည် တဖြည်းဖြည်း ငြိမ်သက်လာပြီး ကျန်းရီ ၏ သွေးဆာမှုက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သတ္တုအလုံအလောက်လိုချင်ရင် သူ့အိမ်မှာရှိတဲ့ သတ္တုတွေကနေ ယူနိုင်တယ်။ တကယ်လို့ ကျန်းရီ က ဒါကို ချိုးဖျက်ချင်ရင် သူ ဘယ်လောက် စွမ်းအင်သုံးမယ်ဆိုတာ မသိနိုင်ဘူး။
ကျန်းရီအပြောကို မစောင့်ဘဲ ယန်ဖေး က ပြောလိုက်သည်။
"အသက် မသတ်ပါနဲ့၊ မဟုတ်ရင် စစ်တပ်က ပြဿနာရှာလိမ့်မယ်။"
သူက သွေးစွန်းနေသော အပေါ်ပိုင်း ကိုယ်လုံးတီးနဲ့ အမျိုးသားများကို တစ်ချက်ကြည့်လိုက်သည်။
" မင်းတို့ ဒီအဆောက်အဦးကနေ ထွက်ခွာဖို့ ငါ အချိန် နေ့တစ်ဝက်ပေးမယ်။ မဟုတ်ရင် မင်းတို့ကို ပြတင်းပေါက်ကနေ လွှင့်ပစ်မယ်"
အရင်က သူနဲ့ လော်ရွှင့် တို့ဟာ အောက်ထပ်က ဆူညံသံတွေ ကြားခဲ့ရပေမယ့် တခြားသူတွေရဲ့ အလုပ်ကို ဝင်ရောက် စွက်ဖက်ချင်စိတ် မရှိလို့ ဒီအတိုင်း နေခဲ့တာဖြစ်သည်။ အောက် လူအုပ်စုက အိမ်ကို ဖောက်ခံရလို့ ဒေါသအလျောက် လုပ်ပါတယ်လို့ ဘယ်လောက်ပြောပြော ဒါက တမင်သက်သက် ကလဲ့စားချေဖို့ အကြောင်းပြချက်တွေ ပေးနေတာပဲဖြစ်သည်။ သူတို့က တံခါးဖွင့်လိုက်မှ ဒီအမျိုးသမီးတွေ အနှောင့်ယှက်ပေးခံရတာကို သိသွားပြီး အခြေအနေကို စစ်ဆေးဖို့ အောက်ထပ်ကို ဆင်းလာခဲ့ပါတယ်။
ယန်ဖေး ပဲဖြစ်ဖြစ် လော်ရွှင့် ပဲဖြစ်ဖြစ်၊ အမျိုးသမီးက တစ်စုံတစ်ယောက်ရဲ့ အိမ်ကနေ ခိုးယူတဲ့ ဂိုဏ်းဝင်ဖြစ်နေရင်တောင်မှ သူမ ချစ်သူက ဝင်ရောက် ခိုးတာတွေကို သူမက ဆန့်ကျင်နေခဲ့မယ်ဆိုရင် သေချာပေါက် ခိုးမှုမှာ သူမ ပါဝင်မည် မဟုတ်ပေ။ ပြီးတော့ ထိုလူစုက သူတို့ သွေးသား ဆန္ဒ ကို ဖြေဖြောက်ချင်ရင် လမ်းဘေးမှာ ကိုယ့်သဘောနဲ့ကိုယ် ရောင်းစားနေတဲ့ အမျိုးသမီးတွေဆီကို သွားလို့ရတယ်။အခုတော့ သူတို့က အမျိုးသမီးတွေကို လိင်ကျွန်ပြုပြီး စီးပွားရှာမယ်လို့ ကြားသိလိုက်ရချိန်မှာ ယန်ဖေးတို့က သူတို့ရဲ့ ဆူပူညှဉ်းပန်းမှုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို သည်းမခံနိုင်တော့ဘူး။ အထူးသဖြင့် တစ်ဖက်က ယောက်ျားတစ်ဖွဲ့လုံးက မိန်းမတစ်ယောက်ကို ဝိုင်းပြီး အနိုင်ကျင့်နေမယ့် အပြုမူက ဘယ်လိုမှ ရပ်ကြည့်နေလို့ မရတော့ပေ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies