Chapter (138) နှင်းနှင့် ရေခဲကြား အမဲလိုက်ထွက်ခြင်း

796 120 1
                                    


Chapter (138) နှင်းနှင့် ရေခဲကြား အမဲလိုက်ထွက်ခြင်း


ဂိတ်ဖွင့်ရန် တာဝန်ရှိသော ဝန်ထမ်းများက အခြားကားများမရှိတော့သည်ကို သိရှိသောကြောင့် လော်ရွှင့် ၏ကားနှစ်စီးရောက်လာသည်နှင့် အဖွဲ့အားလုံးကို အသာတကြည် လွှတ်ပေးလိုက်ကြသည်။

လော်ရွှင့် ၏ကားသည် အခြေစိုက်စခန်းက လာသူများ သတိမပြုမိသည့် သူတို့၏ပုံမှန်နေရာသို့ ဦးစွာ သွားခဲ့သည်။ ကားနှစ်စီးသည် စုတ်ပြတ်နေသောပုံစံများအဖြစ် ပြောင်းလဲကာ နှင်းများဖြင့် ဖုံးလွှမ်းထားလိုက်သည်။ အိုတာ့ခုအဖွဲ့သည် ပေါ့ပါးသွက်လက်စွာဖြင့် လျှပ်စစ်စွတ်ဖားကားများပေါ်သို့ တဖန် ပြောင်းတက်သွားသည်။ ထိုတစ်ကြိမ်တွင် ထောက်ပံ့ရေးပစ္စည်းများ ပိုမိုယူဆောင်လာနိုင်ဖို့အတွက်၊ အခြား  ပစ္စည်းမျိုးစုံနှင့်  မှိုဖျော်ရည်နှင့် ဓာတ်ဆီထည့်ရန် အထူး ဒီဇိုင်းထုတ်ထားသော သတ္တုကား တစ်စီးကို စွတ်ဖားများ နောက်တွင်တွဲထားခဲ့သည်။

ယောက်ျားသုံးယောက်က စွပ်ဖားကားတစ်စီး နှင့်  နောက်တစ်စီးတွင် မိန်းကလေး သုံးယောက် လိုက်ပါလာသည်။  ကားအတွင်းရှိရေကို အလိုအလျောက်အပူပေးရန်အတွက် လျှပ်စစ်ကို အသုံးပြု ထားသောကြောင့် ရွှီမိန်က အားလုံးကို  အပူရှိန်ပေးဖို့အတွက် ခဏခဏ ရပ်တန့်နေ စရာမလိုတော့ပေ။ လူတိုင်းသည် ဖြည်းဖြည်းချင်း ရွေ့လျားနေကြသော်လည်း ယခင်အချိန်ကထက် များစွာ မြန်သည်။

လမ်းဆုံတစ်ခုပြီးနောက်၊ လော်ရွှင့် သည် ခါတိုင်းသွားသောလမ်းကို မကွေ့ပဲ အရှေ့ကိုဆက်သွားခဲ့သည်။ ယန်ဖေး သည် အနီးနားရှိ သတ္တုအတုံးကြီးများကို စတင်စုဆောင်းပြီး သံဘောလုံးများအဖြစ် ထိန်းချုပ်ကာ စွပ်ဖားကားများနှင့်အပြိုင် လှိမ့်ကာ ယူဆောင်လာသည် ။

ဆီးနှင်းများဖုံးနေသော အပျက်အစီးနှင့်လမ်းများသည် အန္တရာယ်ရှိသည့် ပုံမပေါ်ပေ။   တချက်ကြည့် လိုက်ရုံနဲ့ လမ်းပေါ်ရှိ အဖုအထစ်များသည် ထောင်ချောက်များ သို့မဟုတ် တွင်းပေါက်များ ဖြစ်သမလားဆိုတာ မသိနိုင်ပေ။ ဒါ့အပြင်  သူတို့ ပတ်ဝန်းကျင်  နှင်းထုများကြား လဲလျောင်းနေသော ဖုတ်ကောင်များလည်း ဖြစ်နိုင်သည်။

ကံကောင်းထောက်မစွာ   ယန်ဖေးက ပတ်ဝန်းကျင်ကို စုံစမ်းထောက်လှမ်းပေးနိုင်သူဖြစ်သည်။

ယန်ဖေး သည် လမ်းမျက်နှာပြင် သို့မဟုတ် အပျက်အစီးများကို မတွေ့နိုင်သော်လည်း လိုဏ်ခေါင်းအောက်ရှိ သတ္တုတွေကို အာရုံခံနိုင်သည်။ ယေဘုယျအားဖြင့်ပြောရလျှင် သတ္တု အပိုင်းအစများစွာရှိသော်လည်း သိသာထင်ရှားသော နေရာတွင်မရှိပေ။ ပတ်ပတ်လည်မှာ ကားတွေရှိပေမယ့် ယန်ဖေး၏ စိတ်အာရုံထဲတွင် ထိုအရာတွေကို မြင်နေရသည်။

ယန်ဖေး သည် လမ်းကို ထောက်လှမ်းစုံစမ်းနေစဉ် ကျန်းရီ သည် သိုးမွှေးဦးထုပ်၊ အနွေးထည် ထူထူ၊ လည်စည်း ပဝါ၊ မျက်နှာဖုံးနှင့် မျက်မှန်များ ဝတ်ထားကာ   ယန်ဖေးကို မှီလျက် ပျင်းရိစွာဖြင့်  အသားညှပ် ပေါင်မုန့်စားပြီးနောက် မှိန်းနေတော့သည်။

ယန်ဖေး သည် တစ်ဖက်သား၏ ရိုင်းစိုင်းသော အပြုအမူကို မုန်းတီးသော်လည်း သူ့ပခုံးကို မလှုပ်နိုင်သလို ကားပေါ်ကနေ ကန်မချနိုင်ပေ။ တကယ်တော့ ယန်ဖေး နူးညံ့စွာ ဆက်ဆံသော တစ်ခုတည်းသော အချိန်က လော်ရွှင့် နဲ့ ကြည်နူးစရာကောင်းတဲ့ အချိန်တွေပါပဲ။ တခြားလူကို လျစ်လျူရှုထားတတ်ပြီး အခုလို ကျန်းရီကို မကန်ထုတ်ဘဲ ထားတာက ယန်ဖေးအတွက် အတော်ကြီးကို ယဉ်ကျေးရာကျနေပြီ။

လော်ရွှင့် သည် ယခင်ကနှင့် သိပ်မကွာခြားလှသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက  အစုအဝေးအနီးတွင် ရပ်လိုက်သည်။
 "ဒီနေရာက ထင်တယ်"

သူ့စကားအပြီးမှာ နှင်းတွေအောက်မှာ ပုန်းနေသည့် ဖုတ်ကောင်တွေဟာ မြေပြင်ကနေ ထိုးထွက်လာတယ်။

ယန်ဖေး သည် အချင်းခြောက်မီတာခန်းရှိသည့် သံဘောလုံးများကို အကာအကွယ်နံရံတစ်ခုအဖြစ် ချက်ချင်း ဖန်တီးခဲ့သည်။

သူတို့က ပထမအကြိမ် ယာယီ အခြေစိုက်စခန်းအဖြစ် ဖန်တီးလိုက်သည်။ ထိုနေရာတွင်၊ ထောင်ချောက်များ တူးကာ နှင်းများကို ရှင်းလင်းလိုက်ပြီး ခါတိုင်းလို ပြင်ဆင်ကြသည်။ သူတို့က အနီးဆုံး ဖုတ်ကောင်တွေကို ရှင်းလိုက်ပြီး ကျန်းရီ က နှင်းတွေကို လေနဲ့ မှုတ်ပစ်လိုက်တယ်။ ရွှီမိန် သည် ချက်ချင်းပင် လွင့်ထွက်သွားသော နှင်းများ အရည်ဖျော်ပစ်ကာ  စုန့်လင်းလင်း သည် အရည်ကို အခြားနေရာကို လမ်းလွှဲပေးသည်။

နှင်းများ ရှင်းသွားသောအခါ လော်ရွှင့် သည် အခြေစိုက်စခန်းအခြေနေကို အကဲခတ်လိုက်တော့ သူတို့နေရာက ဈေးလမ်းတစ်ခုရှိ အပျက်အစီးအချို့၏ထိပ်တွင် ရှိနေသည်ကို တွေ့ရှိခဲ့သည်။ ရှောင်ရန် သည် သတ္တုပြားများပေါ်တွင် ထောင်ချောက်များ တူးရန် ပတ်ပတ်လည်ကို လှည့်ပတ်ကာ လမ်းလျှောက်ခဲ့သည်။

ထောင်ချောက်များ တူးကာ သူတို့၏ ယာယီအခြေစိုက်စခန်းအတွက် သတ္တုနံရံများ ဖန်တီးကာ  ခဏကြာတော့ အတွင်းထဲသို့ ပြန်ဝင်လာသည်။ ယန်ဖေး နှင့် ရှောင်ရန် တို့က ထောင်ချောက်များကို ကိုင်တွင်ဖြေရှင်းရင်း လော်ရွှင့် သည် ကျန်းရီ နှင့်အတူ သေတ္တာများကို သယ်ဆောင်သွားခဲ့သည်။ မှိုဖျော်ရည်ကို ဖျော်ရန် ပြင်ဆင်ကြပြီး ဓာတ်ဆီ အဆင်သင့်ဖြစ်ဖို့ ကြိုတင်ပြင်ဆင်ကြသည်။

ရွှီမိန် နှင့် စုန့်လင်းလင်း တို့က မီးလောင်ကျွမ်းမှုနှင့် ယာယီမီးဖိုများကို တပ်ဆင်ရန် တာဝန်ရှိသည်...

တကယ်တော့ ယာယီအခြေစိုက်စခန်းကို ထူထောင်တဲ့အခါမှာ ယန်ဖေးဟာ သူ့ရဲ့အစွမ်းကို  အများဆုံး အသုံးပြုခဲ့သူပါ။ ကံမကောင်းစွာနဲ့ပဲ သူတို့မှာ သတ္တုစွမ်းအားရှင်  တစ်ဦးတည်းရှိလို့ ကျန်လူအားလုံးက   သူ ပြီးအောင်စောင့်နေရသည်။

"ဖုတ်ကောင်တွေ အများကြီးရှိတယ်။" ယန်ဖေး ရုတ်တရက် ထပ်ပြောလိုက်သည်။

လော်ရွှင့် သည် လုပ်လက်စ အလုပ်ကို အမြန်ချပြီး ရွှီမိန် ကို ရှေ့တက်ရန် လှုံ့ဆော်လိုက်သည်။ အဖွဲ့သားများက သူတို့၏ လေးထောင့်ဒူးလေးများကို အသင့်ပြင်ထားကြသည်။
 

အနီးနားရှိ ဖုတ်ကောင်အရေအတွက်သည် သူတို့အမဲလိုက်သည့် ပုံမှန်နေရာများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်မားနေပြီး အများစုမှာ အဆင့်သုံးဖြစ်သည်။ ဖုတ်ကောင်တစ်ကောင်က  မြေပြင် နှင်းပုံထဲမှ  တွားသွားကာ ပြေးမတက်လာမီ ရေခဲနှင့် နှင်းများ လှုပ်ယမ်းလာသည်။

"ထောင်ချောက်ထဲက သတ္တုသေတ္တာကို နောက်ပိုင်းမှ တပ်ဆင်နိုင်တယ်၊ ရှောင်ရန် က ဒီဧရိယာကို သဲတွေအဖြစ် ဆက်ပြောင်းနေလိုက်။"
 လော်ရွှင့် သည် စခန်းအနေကို ခွဲခြမ်းစိတ်ဖြာပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

ယန်ဖေး သည် သတ္တုဘောလုံးကို မျက်နှာကျက်ကိုပိတ်ဖို့အတွက် အမိုးခုံးထဲသို့ လှိမ့်လိုက်သည်။ ထို့နောက် နံရံကို အားဖြည့်ရန် သတ္တုကို တတ်နိုင်သမျှ စုဆောင်းခဲ့သည်။ ကျန်းရီ သည် ရှောင်ရန် ၏သဲကို ရွှီမိန် ၏မီးနှင့်အတူ အသုံးပြုကာ အနီးနားရှိ ဖုတ်ကောင်များကို သတ်ဖြတ်ရာတွင် အားဖြည့်ပေးသည်။

"ဘုရား၊ နှင်းတွေအောက်မှာ ဘယ်လောက်များတဲ့ ဖုတ်ကောင်တွေပုန်းနေတာလဲ။ အများကြီးရှိသေးတယ်..."

စုန့်လင်းလင်း က မထိန်းနိုင်ဘဲ အော်လိုက်မိသည်။  ဖုတ်ကောင်များ ထူထပ်သည်ဟု ထင်ရသည့် မြို့ပြများတွင်ပင် အခုလောက် အဆင့် မြင့်မားသော ဖုတ်ကောင်များကို အများအပြားကို မတွေ့ခဲ့ကြပေ။ နှင်းတွေဖုံးနေတဲ့ အပျက်အစီးတွေ  အောက်မှာ အဆင့်မြင့် ဖုတ်ကောင် တော်တော်များများက မထင်မှတ်ပဲ ပုန်းအောင်းနေခဲ့သည်။

"သူတို့တွေ ဒီလောက် ပုန်းနေနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ၊ "
 လော်ရွှင့် က သက်ပြင်းချလိုက်ပြီး ဒူးလေးကို အသုံးပြုပြီး ပစ်သတ်လိုက်သည်။

အနီးနားရှိ ဖုတ်ကောင်အားလုံးကို မသုတ်သင်မီ နှစ်နာရီခန့်ကြာခဲ့သည်။ တိုက်ခိုက်နေစဉ် အားဖြည့်ဖို့ သူတို့က သိမ်းဆည်းထားတဲ့  အမြူတေအချို့ကို  အသုံးပြုခဲ့ရသည်။

ရှောင်ရန် ရဲ့ သဲကတုတ်ကျင်းက လူတိုင်းရဲ့ အခြေကုပ်စခန်းအရွယ်အစားနှင့် တူညီသည်။ ဒါပေမယ့် ခံတပ်တွေက ဒီလောက် မကျယ်တော့ ထောင်ချောက်က အတော်လေး ပိုကြီးပုံရတယ်။

"သတ္တုအလုံအလောက် မရှိတော့ဘူး" ယန်ဖေး က လော်ရွှင့် ကို ပြောသည် ။

"ငါ အပြင်ထွက်ပြီး ပြန်လာခဲ့မယ်"

"ကျွန်တော် ခင်ဗျားနဲ့လိုက်ခဲ့မယ်။" လော်ရွှင့် ချက်ခြင်းထပေမယ့် တွန်းချခံရတယ်။

"ကိုယ့်ဖာသာ  လုပ်နိုင်ပါတယ်။"
 လော်ရွှင့် က ဆက်ပြောမယ့် အချိန်မှာ ယန်ဖေး က ပြုံးလိုက်ပြီး " သတ္တုကို ရှာဖို့ အနီးအနားကိုပဲ ငါသွားမှာပါ။ စိတ်ချပါ ငါလမ်းမှာ နွေးနွေးထွေးထွေးနေဖို့ မီးသွေး မီးဖိုကို ယူသွားလိုက်မယ်"

မီးသွေးမီးဖိုဟု အမည်တွင်သော အဆိုပါ မီးဖိုကို ယန်ဖေးက အိမ်မှ ကြေးနီဖြင့် ပြုလုပ်ထားကာ ရှေးမီးဖိုတစ်ခုနှင့် ဆင်တူသော်လည်း လက်ရာက ခပ်ကြမ်းကြမ်းဖြစ်သည်။ လော်ရွှင့် က ဒီမီးဖိုတွေကို ယူလာသူဖြစ်ပြီး သူတို့ လူခွဲပြီး တာဝန်ထမ်းဆောင်ချိန် အပူဓါတ်ရဖို့ ကြံဖန်ထားခြင်းဖြစ်သည်။  

"  မင်း အရမ်းစိုးရိမ်နေရင် သူ့ကို ခါးပတ်နဲ့ ချည်ထားလို့ရတယ်။"
ကျန်းရီ သည် လော်ရွှင့် ရဲ့ ချစ်ချစ်နဲ့ ခွဲရမှာကို  တုံ့ဆိုင်းနေသော မျက်လုံးများကို ကြည့်ကာ မနေနိုင်ပဲ ပြောလိုက်သည်။

 "ခင်ဗျား သတိထားပြီးသွားနော်။" လော်ရွှင့်က ကျန်းရီကို လျစ်လျူရှုကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။" ယန်ဖေး ပြုံးပြီး လော်ရွှင့် ၏ ခေါင်းကို ထိလိုက်သည်။

ယန်ဖေးသည် နံရံအပေါက်ကိုဖွင့်ကာ ထွက်လာခဲ့သည်။ လော်ရွှင့် က ပြတင်းပေါက်မှာ ရပ်လိုက်ပြီး သူ့နောက်ကျောကို ကြောက်လန့်တကြား ကြည့်နေခဲ့သည်။

ကျန်းရီ က သူ့အနားကို သွားပြီး လှောင်ပြောင်ပြုံးပြလိုက်သည်။
 "မင်း သူ့ကို မစိုးရိမ်ပါနဲ့။   သူ တစ်ခုခုဖြစ်သွားရင် ဘယ်သူက  ထွက်မကယ်ပဲ နေမှာလဲ"
သူသည် လော်ရွှင့် ၏ပခုံးပေါ် သိုင်းဖက်ကာ တကိုယ်လုံးကို မှီရင်းပြောလိုက်သည်။
 

လော်ရွှင့် သည် ကျန်းရီကို အာရုံစိုက်ရန် အလွန်ပျင်းနေပေမယ့် သူ့ကို လာမှီနေသဖြင့်  ကျန်းရီ ကို ခါချရန်  သုံးကြိမ်ကြိုးစားပေမယ့် အရေထူတဲ့ ကျန်းရီက ဖယ်မသွားပေ။
 "မင်းမှာ အရိုးမရှိဘူးလား?"

"အင်း၊ ငါတို့က လိင်တူချစ်သူ ဘဝတူတွေ မဟုတ်ဘူးလား? မင်း ဒီမှာ မင်းရဲ့ရည်းစားနဲ့ ချစ်ကြည်နူးနေနိုင်ပြီး ငါကတော့ တစ်ယောက်တည်းရှိနေတယ်။ မင်း စာနာစိတ်မရှိဘူးလား။" ကျန်းရီ က တိုးတိုးလေးပြောသည်။

လော်ရွှင့် က သူ့ကို စိတ်ဆိုးတဲ့အကြည့် တစ်ချက်ပို့လိုက်တယ်။ "မင်းနဲ့ငါက 'ဘဝတူ' မဟုတ်ဘူး!"

ရွှီမိန် နှင့် စုန့်လင်းလင်း တို့က ပါးစပ်ကို အုပ်ကာ တခစ်ခစ်ရယ်ကာ အရည်ပျော်နေသော မှုအိရည်ကို ဘေးဖယ်ထားလိုက်သည်။ ရှောင်ရန် သည် သူတို့နှစ်ယောက်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်။ သူမ၏ ခေါင်းကို ကြီးမားသော ပဝါနှင့် ဦးထုပ်ဖြင့် စပ်စုသော မျက်လုံးတစ်စုံကိုသာ မြင်နိုင်သည်။

ယန်ဖေး သည် လူ့အသား၏ အရသာရှိသော ရနံ့ကြောင့် အဝေးက ဖုတ်ကောင်များ စွဲဆောင်လာသောအခါ ယာယီ အခြေစိုက်စခန်းကို လျှောက်လာကြသည်။  အရင်က နှင်းတွေ ပိတ်ဆို့နေပေမယ့် အခုတော့ ဖုတ်ကောင်တွေက အစာစားဖို့  ထွက်လာကြပြီ။

ယန်ဖေးတစ်ယောက် လိုအပ်တဲ့ သတ္တုသွားကောက်ရင်း ဖုတ်ကောင်တစ်ကောင်က နှင်းထဲက ထွက်လာ ခဲ့သည်။  ဖုတ်ကောင်များ သူ့နောက်သို့လိုက်လာသည်နှင့်အမျှ သူ ထိန်းချုပ်ကာ လှိမ့်နေသော ဘောလုံးလည်း ပို၍ကြီးမားလာသည်။ ကြီးမားပြီး ဝိုင်းစက်သော သံဘောလုံးကြီးတစ်ခုသည် ယန်ဖေး ၏နောက်သို့ လိုက်သွားသလို ထိုသံဘောလုံးနောက်တွင် နှေးကွေးသော ဖုတ်ကောင်များ အမြောက်အများ လိုက်ပါလာသည်။ မြင်ကွင်းက အတော်လေးကို ရယ်စရာကောင်းသည်။

သို့သော်လည်း သူ့ကို အဝေးမှ တိုက်ခိုက်နိုင်သော   ဖုတ်ကောင်များ သို့မဟုတ် အမြန်နှုန်း စွမ်းအင်ပိုင်ဆိုင်သည့် ဖုတ်ကောင် အချို့ ရှိနေသေးသည်။ သတင်းကောင်းကတော့ ယန်ဖေးဆီမှာ ကာကွယ်ရေးအတွက် အသုံးပြုနိုင်သည့် သတ္တုများစွာကို စုဆောင်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ကြီးမားသော သတ္တုဒိုင်းတစ်ခုကို ဖန်တီးပြီး ယန်ဖေးက ယာယီအခြေစိုက်စခန်းသို့ ပြန်သွားရန် အရှိန်မြှင့်လိုက်သည်။

"မြန်မြန်! ဝင်ခဲ့လေ!" ယန်ဖေး ပြန်ရောက်လာတာကို မြင်တော့ တစ်ယောက်ယောက်က အော်လိုက်တယ်။

လူတစ်ဦးတည်းဝင်သာသည့် အပေါက်ပေါ်လာပြီး ထိုလူ ဝင်ပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်ရောက် သွားခဲ့သည်။

"မီးဘေးမှာ မြန်မြန်လာထိုင်!" လော်ရွှင့် သည် ယန်ဖေး ကို နွေးထွေးစေရန် မီးပုံဘေးသို့ ဆွဲခေါ် လိုက်သည်။

အပြင်ဘက်မှာတော့... သံဘောလုံးကြီးဟာ  ရှိနေဆဲဖြစ်ပြီး ဖုတ်ကောင်တွေအားလုံးက ထို အတားအဆီးကို လှည့်ပတ်သွားခဲ့တယ်။

ယန်ဖေးသည် သတ္တုဆိုဖာပေါ်ထိုင် မီးပုံဘေးမှာ မီးလှုံလိုက်သည်။ စုန့်လင်းလင်း သည် ရွှီမိန် သတ္တုကုလားထိုင်ကို အပူပေးနေစဉ်အတွင်း အတွင်းပိုင်းကို ရေအပြည့်ဖြည့်လိုက်သည်။

ကျန်းရီ သည် ဖုတ်ကောင်များကို လှည့်ပတ်တိုက်ခိုက်ရန်အတွက် မရွေ့ရသေးသောသဲကိုအသုံးပြုရန် ပြတင်းပေါက်နားတွင်ရပ်နေလေသည်။ ရွှီမိန် သည် ရေဆိုဖာကို ထိန်းချုပ်ပြီးနောက် သူမက အမြန် အကူအညီတောင်းခဲ့သည်။

လော်ရွှင့် သည် ချစ်သူနှင့် မပူးကပ်ချင် တိုက်ခိုက်နေသူတွေရဲ့ ဘေးတွင် အမြူတေ သလင်းကျောက်အိတ်ကို ချပေးလိုက်သည်။

ကံကောင်းစွာနဲ့ပဲ ယန်ဖေး အမြန်သက်သာလာခဲ့တယ်။ ဖုတ်ကောင်များသည် ရှေ့သို့ တဟုန်ထိုး ပြေးလာသည့်အချိန် သူ့စွမ်းအားတွေက ခြေလက်များဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ သတ္တုဘောလုံးသည် သဲများ မရှိသည့်နေရာသို့ ပြောင်းလဲသွားပြီး တွင်းအောက်ခြေတွင် စူးရှသော ဆူးများပေါ်လာသည်။

ပြီးသွားတဲ့အခါမှာတော့ ဘောလုံးထဲမှာ သတ္တုတွေကျန်ခဲ့ပြီး ပတ်ပတ်လည်ကို ဖြန့်ကျက်သွားခဲ့သည်။  ယန်ဖေး သည် ယာယီစခန်းအောက်ခြေတွင် အလွှာတစ်ခုထပ်ထည့်ကာ သတ္တုကို ပိုနက်သည့် မြေအောက်ထဲသို့ ချက်ချင်းထည့်လိုက်သည်။

အပေါ်နှင့်အောက် စက်ဝိုင်းတစ်ခု ပိုင်းကာ ယာယီအခြေစိုက်စခန်းတစ်ခုလုံးကို ယန်ဖေး က ထိန်းချုပ် ဖွဲ့စည်းထားသည်။ သူက မီးပုံဘေးကို ပြန်လာပြီး  အမြူတေကို စုပ်ယူဖို့ ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်၊ သူ့မှာ လုပ်စရာတွေ ရှိသေးတယ်။

ကျန်းရီ နှင့် အခြားသူများက သူတို့ရဲ့ အရင် တိုက်ခိုက်မှုက စွမ်းအားအချို့ကို ပြန်လည်ရယူခဲ့ရသည်။ ဖုတ်ကောင်များ ပြန့်ကျဲသွားပြီးနောက်၊  အလောင်းကောင်များကို မီးရှို့လိုက်သည်။

  အနားယူပြီးသည့်နောက်   ယန်ဖေးအား သွေးရည်ထည့်ထားသည့် သတ္တုသေတ္တာကို  ထိန်းချုပ်စေ ခဲ့သည်။ ဆေးရုံက မထွက်ခွာလာခင် ကျန်းရီ သည် အအေးခံထားသည့်  သွေးအိတ်အချို့ ယူဆောင်လာ ခဲ့သည်။ စုန့်လင်းလင်း သည် သတ္တုသေတ္တာကို ရေနွေးနွေးဖြင့် ဖုံးအုပ်လိုက်တော့ ပျံ့လွင့်လာသည့် သွေးနံ့သည် ရူးသွပ်နေသော ဖုတ်ကောင်များကို အုံလိုက်ကျင်းလိုက် ရောက်လာအောင်  ဆွဲဆောင်လိုက်ပြန်သည်။

လော်ရွှင့် သည်  အဝေးမှ တိုက်ခိုက်နိုင်သည့် ဖုတ်ကောင်ကို ဒူးလေး တစ်ချက်ဖြင့် ထောင်ချောက်ထဲသို့  ခေါင်းပြုတ်သွားစေခဲ့သည်။ ထိုနေရာသည် လူများလွန်းသောကြောင့်  အဝေးရှိ ဖုတ်ကောင်အချို့ကို ကျင်းကြီးထဲ တွန်းတိုက်ကာ ပြုတ်ကျစေခဲ့သည်။

"မှိုဖျော်ရည်လောင်းဖို့ အဆင်သင့်ဖြစ်ပြီလား!"

လူတိုင်းက မှိုဖျော်ရည်တွေ အများကြီးကို သိမ်းဆည်းခဲ့တယ်။ နောက်ဆုံးအကြိမ် ထွက်လာစဉ်က မှိုဖျော်ရည် တစ်ထုပ်သာ ယူခဲ့သည်။ အခု အများကြီး ယူလာသည့်တိုင် သူတို့အိမ်မှာ တစ်ဝက်လောက်ရှိ နေတုန်းပဲ။

  *ဒေါင်၊ ဒေါင်၊ ဒေါင်*

 ဖုတ်ကောင်ကြီးတစ်ကောင် လော်ရွှင့်တို့ စခန်းဆီကို ဖြည်းညှင်းစွာ ချဉ်းကပ်လာသည် - တိုက်ပွဲက ပြန်စလာပြန်သည်။

လော်ရွှင့် သည် သတ္တုဆိုဖာပေါ်၌ လျောင်းနေပြီး ယန်ဖေး ၏ပေါင်နှင့် ဦးခေါင်းကို   စောင်ဖြင့် ပတ်ထား ပေးသည်။ လူနည်းတဲ့ အားသာချက်က နေရာပိုနေလို့ ချောင်ချိစွာ နေနိုင်တာပဲ။

လော်ရွှင့် သည် မျက်လုံးများကို ပွတ်သပ်ကာ အော်ဟစ်သံများကြားနိုင်သည့် နံရံဆီသို့ လှမ်းကြည့်လိုက်သည်။
"မီးလောင်နေသေးလား"

ယန်ဖေး က ခေါင်းငုံ့ပြီး လော်ရွှင့် ၏ စိတ်ရှုပ်နေသော မျက်နှာကို ခပ်ဖွဖွ ကိုက်လိုက်သည်။
"မကြာခင်   မီးတွေ အရှိန်ကျသွားလိမ့်မယ်"

လော်ရွှင့် သမ်းပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။
"ထောင်ချောက်ထဲမှာ တစ်ခုခု ဖမ်းမိသွားပြီးရင်  စစ်မြေပြင်ကို ရှင်းရမှာပေါ့..."

မနေ့ညနေက စတင်လောင်ကျွမ်းတဲ့ မီးဟာ အပြည့်အဝ မငြိမ်းသေးဘူး။  လော်ရွှင့်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်ပြသည်။
ဒီနေ့ ရလဒ်က ယခင်အကြိမ်ထက် သေချာပေါက် ပိုကောင်းလိမ့်မည်။

  " မြန်နိုင်သမျှ မြန်မြန်လုပ်ကြရအောင်.... မြန်မြန် အိမ်ပြန်နိုင်ရင် ပိုကောင်းမယ်ထင်တယ်။"

"ဘာဖြစ်တာလဲ?" ကျန်းရီ ပျင်းကျော ဆန့်လိုက်ကာ မေးလိုက်သည်။

"ရာသီဥတုမကောင်းလို့ နှင်းတွေ ကျနေလို့!"
နှင်းတွေက လမ်းတစ်ဝက်မှာ ပိတ်ဆို့နေတယ်ဆိုရင်... သူတို့ အသက်ရှင်ဖို့ ခက်ခဲလိမ့်မည်။ သူတို့မှာ အစွမ်းထက်တဲ့ စွမ်းအားရှင် တွေ အများကြီးရှိရင်တောင် သူတို့မှာ စားစရာ ဘယ်လောက်ရှိနေလို့လဲ။ မြို့အပျက်အစီးတွေကြားမှာ အစာရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။

လော်ရွှင့် သည် ဆိုဖာပေါ်က ခုန်ဆင်းပြီးနောက် မြားတံကို အမြန်ဆွဲယူပြီး ကျန်ဖုတ်ကောင်များကို ပစ်သတ်လိုက်သည်။

တိုက်ပွဲပြီးသည်နှင့် ယန်ဖေး သည် သတ္တုဆန်ကာ တစ်ခုကို ဖန်တီးပြီး ရှောင်ရန် သည် အနီးနားရှိ ပြန့်ကျဲနေသော ဖုတ်ကောင်ပြာများထဲက  အမြူတေများကို ရွေးရန် သဲများကို ထိန်းချုပ်ပြီး တွင်းကြီး အတွင်း၌ သေဆုံးနေသော ဖုတ်ကောင်ပြာများကို ဆန်ကာတိုက်ကာ အမြူတေကို စုဆောင်းရန် တာဝန်ရှိသည်။ ကျန်တဲ့သူတွေက သူတို့ရဲ့ ပစ္စည်းတွေ ထုပ်ပိုးပြီး သန့်ရှင်းရေးလုပ်နေကြသည်။

ယန်ဖေးသည် အမြူတေ နှင့်  ထောင်ချောက်များကို ကောက်ယူပြီးနောက် အရေးပေါ်လက်နက်အဖြစ် ပြောင်းလဲစဉ် လမ်းတစ်လျှောက်တွင် အစိတ်အပိုင်းတစ်ခုစီကို ချန်ထားခဲ့သည်။

စုန့်လင်းလင်း သည် ထောင်ချောက်များကို ဖုံးလွှမ်းရန် နှင်းများပြုပြီး ကျန်းရီ က နှင်းတွေကို  မှုတ်ထုတ်လိုက်သည်။ နှင်းကျဖို့ အလားအလာရှိပေမယ့် မသေချာမည်စိုးသဖြင့် ယခုလို စီစဉ်နေခြင်းပင်။

  ကျန်းရီ က နှင်းတွေ ပတ်ပတ်လည်ကို ဖြန့်ချလိုက်တော့ လော်ရွှင့် ဘက်လှည့်သွားတယ်။

"ကောင်းပြီ ငါတို့သွားဖို့ အဆင်သင့်ဖြစ်ပြီ"

အားလုံးက စွတ်ဖားပေါ်သို့ တက်ရန် ပြင်ဆင်ကြသည်။ စုန့်လင်းလင်း ရုတ်တရက်မေးလိုက်သည်။

 "ဟူး....အေးလိုက်တာ... ဘာလို့နှင်းတွေကျနေသေးတာလဲ"

"မင်း နှင်းတွေ ဖန်တီးပြီး မှုတ်နေတုန်းလား?" လူတိုင်းက သူ့အိတ်ကပ်ထဲက လက်တွေကို ထည့်ထားသည့် ကျန်းရီကိုကြည့်လိုက်တယ်။

မီးခိုးရောင် ကောင်းကင်ကြီးမှာ နှင်းပွင့်လေးတွေက လေထဲမှာ လွင့်ပျံနေတယ်။ လူတွေက နည်းနည်းစိုးရိမ်လာသည်။

"အခြေစိုက်စခန်းကို မြန်မြန်ပြန်ကြ!"

လော်ရွှင့် သည် ကောင်းကင်ပြင်ရဲ့ အခြေနေကို မြင်တော့ အဖွဲ့အား ကျယ်လောင်စွာ အမိန့်ပေးသည်။ နှင်းတွေတင်မက လေပြင်းတွေ တိုက်ခတ်နေပုံရတယ်။ တကယ်လို့ နှင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပါက သူတို့ကို လမ်းတစ်ဝက်တွင် ပြန်ပိတ်မိပါက အန္တရာယ်ရှိနိုင်သည်။

ခြောက်ယောက်အုပ်စုသည် စွတ်ဖားပေါ်သို့ လျင်မြန်စွာတက်ကာ သူတို့လာရာလမ်းအတိုင်း ပြန်မမောင်းမီ အင်ဂျင်ကို နိုးလိုက်သည်။

လော်ရွှင့် ၏ စိတ်အာရုံက ကောင်းမွန်လှသည်။ ဒီလိုမဟုတ်ရင် ဒီရေခဲတွေနဲ့ နှင်းတွေကျနေတော့ မြို့ပြန်လမ်းရှာဖို့ မလွယ်လှပေ။

အပြန်လမ်းတွင် သူတို့ ထောင်ချောက်များ ချထားရန် အခွင့်ရေးမရှိတော့ပေ။ ချထားလည်း နှင်းဖုံးနေတဲ့ ထောင်ချောက်များက ဘယ်ဖုတ်ကောင်ကို ဆွဲဆောင်နိုင်မှာလဲ။ အေးခဲနေတဲ့ သွေးအိတ်တွေ ဘယ်လောက်ကြာကြာခံမယ်ဆိုတာ ဘယ်သူ သိနိုင်မလဲ။ နှင်းမုန်တိုင်းပြီးရင် ထောင်ချောက်တွေကို နှင်းထူထပ်စွာ ပိတ်ဆို့သွားမှာကို သူတို့ စိုးရိမ်နေမိတယ်။

လေက ပိုပိုထန်လာပြီး နှင်းပွင့်တွေက ထူထပ်တဲ့ နှင်းတွေ ဖြစ်သွားစေတယ်။ လော်ရွှင့် က  အရှိန်မြှင့်လိုက်ပေမယ့်  ကံမကောင်းစွာဖြင့် စွတ်ဖားက လက်ရှိအမြန်နှုန်းသို့သာ ရောက်ရှိနိုင်ပြီး ကား၏ အမြန်နှုန်းနှင့်ပင် မမှီပေ။

"စိတ်မပူပါနဲ့ ငါတို့မှာ အချိန်ရှိသေးတယ်" ယန်ဖေး သည် လော်ရွှင့် ၏ ပခုံးကို နှစ်သိမ့်စွာ ပုတ်လိုက်သည်။

လော်ရွှင့် က ခေါင်းညိတ်လိုက်ပြီး ညွှန်ကြားချက်တွေကို ထုတ်လိုက်တယ်။

 "ကျွန်တော်တို့စွပ်ဖား ရဲ့အပေါ်မှာ သတ္တုထီးတစ်မျိုးမျိုး ရှိရင်လည်း နှင်းတွေက အရမ်းကျလာရင်လည်း အရမ်းလေးနေလိမ့်မယ်။"
ယန်ဖေး ၏ သတ္တုထီးများသည် သာမာန်ထီးများကဲ့သို့ လေထဲတွင် ယိမ်းယိုင်နေမည် မဟုတ်ပေ။

ယန်ဖေး သည် နှင်းမုန်တိုင်းဒဏ်ကို ကာကွယ်ရန် စွတ်ဆွဲကားများပေါ်တွင် စက်ဝိုင်းခြမ်းပုံ းအဖုံးပြုလုပ်ရန် သူတို့ပတ်ဝန်းကျင်မှသတ္တုများကို စုဆောင်းခဲ့သည်။

ကျန်းရီ သည် စောင်ထဲက ရေရွတ်လိုက်သည်။
"နွေရာသီ အရမ်းပူတယ်၊ ဆောင်းလည်း အရမ်းအေးတယ်။ နှင်းမုန်တိုင်းတွေတောင်ကျနေတာ ဒါက ဘယ်လိုရာသီဥတုမျိုးလဲ။"

ဟုတ်တယ်? ကမ္ဘာပျက်မတိုင်ခင် ကမ္ဘာကြီးပူနွေးလာမှု ဆိုးဝါးလာလို့ တစ်နှစ်အတွင်း နှင်းတွေ မမြင်ရတဲ့ အချိန်တွေတောင် ကြုံခဲ့တယ်။ အခု ကမ္ဘာပျက်ကပ်ဆိုက်တော့  အရာအားလုံးက ဘယ်လိုများ ထူးဆန်းစွာ ပြောင်းလဲသွားခဲ့တာလဲ။

ယန်ဖေး ၏ သတ္တုအဖုံးဖြင့် ကာလိုက်တော့မှ စွပ်ဖားပေါ်က သူတို့ အားလုံး အတော်ကြီး သက်သာလာ ခဲ့သည်။ အထူးသဖြင့်  လေတိုက်တဲ့အခါ သူတို့ရဲ့ ပါးပြင်တွေက အအေးဓာတ်ကို မခံရအောင်  ပိတ်ဆို့ထားနိင်ခဲ့တယ်။

ပြင်ပလေနှင့် နှင်းများ ပိုမိုပြင်းထန်လာသဖြင့် ကလေးမလေး ရှောင်ရန် ကို စွတ်ဖားထဲတွင် ရွှီမိန် နှင့် စုန့်လင်းလင်းကြား ညှပ်ထားလိုက်သည်။  နောက်က တွဲထားတဲ့ စွပ်ဖား တစ်စီးကလည်း  ရိက္ခာအများစုလျှော့သွားသဖြင့် အလေးချိန်ပေါ့သွားပြီး လေထဲ လွင့်သွားနိုင်ပေမယ့် ကံကောင်းစွာ တွဲချည်ထားလို့သာပေါ့။
 
"ဘယ်နှစ်နာရီရှိပြီလဲ?"

"၁၀း၃၀" ယန်ဖေး သည် ထိုအချိန်ကို တစ်ချက်ကြည့်လိုက်ပြီး လော်ရွှင့် အား ကျယ်လောင်စွာ ပြောလိုက်သည်။

လော်ရွှင့် ခေါင်းညိတ်လိုက်သည်။ မွန်းတည့်ချိန် မတိုင်ခင်က ကားတွေ သိမ်းဆည်းထားတဲ့ နေရာကို ရောက်နိုင်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ နေ့ခင်းဘက်ရောက်ရင် ပိုကောင်းလိမ့်မယ်။

သို့သော် လော်ရွှင့်ရဲ့ ကျောရိုးထဲက  အေးစိမ့်စိမ့် ခံစားလိုက်ရပြီး သတ္တုပြားဆီကို  ကြာပွတ်နဲ့ လွှဲရိုက်လိုက်သလို အသံကိုကြားလိုက်ရသည်။  ယန်ဖေး လည်း တစ်ခုခုကို ခံစားလိုက်ရသော်လည်း သူတို့၏ အမြင်ကို တစ်ခုခုက ပိတ်ဆို့ထားခဲ့သည်။

 *ဘုန်း...*

ရှေ့မှာ ကာထားတဲ့ သတ္တုပြားထဲသို့ တစ်စုံတစ်ခု နစ်ဝင်သွားသောအခါ နှစ်ယောက်သား စကားတစ်ခွန်းတောင်  မပြောနိုင်တော့ပေ။

******-******

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now