Chapter (50) - အလုပ်သစ်

4.5K 762 10
                                    

Chapter (50) - အလုပ်သစ်

ခွန်အားနှင့် အမြန်နှုန်း တိုးမြင့်လာသော ဖုတ်ကောင်များ၏ ဦးခေါင်းများထဲတွင် ခဲလုံးကဲ့သို့ ရတနာများကို တွေ့ရှိခဲ့သည်။ လူအချို့က ဤအရာကို အမြူတေ ဟု ခေါ်ကြပြီး စွမ်းရည်အဆင့်ကို မြှင့်တင်ရန် အသုံးပြုလို့ရတယ်လို့ ကောလဟာလများ ထွက်နေသည်။ ဒီသတင်းထွက်လာပြီးနောက် စစ်တပ်သည် ကောလာဟလကို အတည်ပြုရန် စေတနာ့ဝန်ထမ်းများကို ရှာဖွေကာ အမြူတေတွေနဲ့ စမ်းသပ်ခဲ့သည် ။ စွမ်းအားရှင်များက ထိုအမြူတေကို စုပ်ယူနိုင်ပြီး သူတို့၏ စွမ်းအားကို တိုးမြှင့်ပေးနိုင်ကြောင်း သိရသည်။

ဒါပေမယ့် ဒီအရာက ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလား။ အခြားအကျိုးသက်ရောက်မှုများ ရှိနိုင်သလား။ လူတစ်ယောက် ကို နောက်ပိုင်း စိတ်ဖောက်ပြီး ဖုတ်ကောင်ဖြစ်သွားစေမှာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးသောကြောင့် သိပ္ပံပညာရှင်များသည် ထိုအကြောင်းကို လေ့လာရန် အပြင်းအထန် စမ်းသပ်နေကြသည်။

သူတို့သည် အပြင်ဘက်တွင် ဖုတ်ကောင် ခေါင်းကို ထိုးခွဲကာ အမြူတေ ကို ပြန်ယူဆောင်ရန် လုပ်နေစဉ် အမြူတေပါသည့် ဖုတ်ကောင်တွေ ပိုများလာသည်ကို သတိပြုလိုက်မိသည်။

"ရှေ့မှာ ကိုယ်ပိုင်ကား နှစ်စီး ပျက်နေတာ ရှိတယ်။"

အမိန့်ပေးသူက ရပ်ပြီး အမိန့်ပေးလိုက်သည်။

"ပြုပြင်ထိန်းသိမ်းရေး ကားတစ်စီးကို ထားခဲ့ပါ၊ ကျန်ကားတွေ ဆက်လက်မောင်းမယ် "

ယာဉ်တန်းသည် အလွန်ကြီးမားသောကြောင့် ဖုတ်ကောင်များသည် သူတို့ကို အလွယ်တကူ အနံ့ခံနိုင်သောကြောင့် အနောက်တောင်အခြေစိုက်စခန်းသို့ အပြေးအလွှား ပြန်လာခဲ့ရသည်။ ကယ်ဆယ်ခံရသူအများစုသည် အရေးကြီးသော ရာထူးကြီး ဝန်ထမ်းများဖြစ်ကြပြီး အရေးကြီးသောသတင်းများကိုလည်း ပြန်လည်တင်ပြရဦးမည်။ ပျက်စီးသွားသောခြေကုပ် စခန်းသုံးခုသည် ရေထဲတွင် ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးတွေ ပြန့်ပွားမှုကြောင့် ထိုစခန်းတွေ ကျဆင်းသွားတာ ပြဿနာပေါ်တာ ဖြစ်ရမည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now