Chapter (161) _ မိခင်၏ဈာပနာ

649 109 0
                                    

Chapter (161) _ မိခင်၏ဈာပနာ

သူနာပြုဆရာမက အားပေးစရာပြောနေသည့်အချိန် မွေးကင်းစကလေးလေး၏ အော်ဟစ်ငိုကြွေးသံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားလိုက်ရသောအခါ ယန်ဖေး၏ မိခင်ဖြစ်သူက စိတ်လျှော့ကာ မူးမေ့သွားခဲ့သည်။ လော်ရွှင့် နှင့် ယန်ဖေး သည် လျှိုရှန်းယွီ မေ့မြောသွားသည်ကိုတွေ့တော့ အခန်းထဲသို့ဝင်လာခဲ့သည်။

ဆံပင်ဆိုးထားကာ အမြဲ လှလှပပ ရှိတတ်သည့် အဒေါ်ကြီးသည် ယခု ဖျော့တော့သည့် ပုံပန်း သဏ္ဌာန်ရှိနေပြီး လော်ရွှင့် သည် သူမကို မြင်မြင်ချင်းပင် ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရသည်။

ယန်ဖေး က ဘာမှ မပြောသလို ဘာမှ မလုပ်ဘူး။ သူမက သတိရတစ်ချက် သတိလစ်တစ်ချက် ဖြစ်နေသည့် အခြေအနေတွင်၊ လျှိုရှန်းယွီ သည် သူမဘေးတွင် အိပ်ပျော်နေသော ကလေးငယ်ကို ကြည့်ရင်း သူမ၏ သားကြီး အခန်းထဲ ရှိနေသည်ကို မသိလိုက်ပေ။ လော်ရွှင့် သည် လူအားလုံးကို တစ်ချက်ဝေ့ကြည့် ပြီးနောက် အပြင်ဘက် အသံကို နားထောင်ရင်း တစ်ခုခုကို အနံ့ခံလိုက်ရသည်။

"ဘာလို့ သွေးနံ့တွေ အရမ်းပြင်းနေတာလဲ"

"သွေးလား?" ယန်ဖေး ခေတ္တရပ်ပြီး "မိန်းမတွေက မီးဖွားနေတုန်း သွေးနည်းနည်းထွက်တတ်တယ်"

"အဲလိုမဟုတ်ဘူး.... ခဏစောင့်ဦး!"

လော်ရွှင့် သည် ရှေ့သို့ တိုးလာပြီး လျှိုရှန်းယွီ ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော စောင်ကို ဖယ်ရှားလိုက်သည်။ သူမ၏ ပါးလွှာသော ညဝတ်အင်္ကျီမှ သွေးနီများ စိမ့်ထွက်ပြီး မွေ့ယာနီရဲရဲ သေလုမတတ်။

"ဆရာဝန်၊ ဆရာဝန်! လူနာက သွေးဆင်းနေတယ်!" လော်ရွှင့် က အပြင်ကို လှမ်းခေါ်လိုက်စဉ် အပြင်မှလူများ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။

"မင်း ဘယ်သွားမလို့လဲ?!" လျှိုရှန်းယွီ ၏ ချစ်သူ က အော်ဟစ်လိုက်သည်။

မေးစရာလိုသေးလို့လား.. ကလေးမွေးပြီးရင် သွေးဆင်းတတ်တဲ့ မိခင်အကြောင်း သူတို့သိကြပေမယ့် ဒါကို ဆရာဝန်တွေက အစကတည်းက မပြောခဲ့ကြဘူး။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now