Chapter (133) _ နောက်ထပ် နူတ်ထွက်သူ

664 99 0
                                    

Chapter (133) _ နောက်ထပ် နူတ်ထွက်သူ  

လော်ရွှင့် နဲ့ ယန်ဖေး တို့က သေသေချာချာ တွက်ချက်ပြီးနောက် သူတို့ရဲ့ လက်ရှိ ဝင်ငွေက  နေ့တိုင်း သူတို့ နှစ်ယောက် တစ်နေ့ကို အစားအစာ သုံးနပ်ဝယ်ဖို့ အမှတ် အလုံအလောက် ရခဲ့တယ်။ အခြေစိုက်စခန်းမှာ အလုပ်လုပ်သည့် တစ်ခုတည်းသောကောင်းကွက်ကတော့ သူတို့ အသင်း ကပ္ပတိန်က  သတု္တ အမြူတေများကို ရက်ရက်ရောရော ပေးခဲ့ခြင်း ဖြစ်သည်။  

အခုအချိန်မှာ... အကျိုးအမြတ်နည်းပေမယ့် အနည်းဆုံး လူနှစ်ယောက်ကတော့ အတော်လေးကို ပျော်ရွှင်နေကြပြီ။ တစ်ခုတည်းသောပြဿနာမှာ  သတု္တ အမြူတေရရှိရန် နည်းလမ်းများကို တွေးဖို့ပဲဖြစ်တယ်။ မဟုတ်ရင်   ယန်ဖေးရဲ့ စွမ်းရည်များကို နေ့စဉ်အသုံးပြုရန် လုံလောက်မည်မဟုတ်ပေ။

သူ့ရဲ့  စွမ်းအားကို ထပ်ဆင့်အဆင့်မြှင့်ခြင်း၏ အကျိုးကျေးဇူးများကို လက်ရှိ မသိရသေးပေမယ့် ဒီ စခန်းမှာ၊ အခြေချနေထိုင်ပြီး မိမိတို့၏အိမ်ကို ကာကွယ်လိုလျှင် သူတို့၏စွမ်းရည်အဆင့်က မြင့်မားနေမှ ဖြစ်မည်။ မဟုတ်ရင် သူတို့က အမြောက်စာလေးတွေလို သူတပါးသတ်လို့ သေသွားနိုင်တယ်။

ဖြည့်စွက်စာ စားသောက်ပြီးနောက် လော်ရွှင့် နှင့် ယန်ဖေး တို့က အိမ်တွင် ကောက်ပဲသီးနှံများကို ပြုစုစိုက်ပျိုး ကြသည်။ ပဲပိစပ်၊ နှမ်းစေ့အချို့ကို ဆီ သို့မဟုတ် ငံပြာရည်အတွက် ဖိသိပ်ထားရန် လိုအပ်ပြီး မြေပဲအချို့ကိုလည်း ထည့်ရမည်...

ဟင်းသီး ဟင်းရွက်တွေ နဲ့ အပြင် က စင်္ကြံ တွေ မှာ အပင် တွေ နဲ့ ပြည့် နေတယ် ။

သူတို့နှစ်ဦးသည် မျိုးစေ့များကို စုဆောင်းပြီး ပျိုးပင်များ စိုက်ပျိုးကြပြီး ငုံးများကို စစ်ဆေးကြသည်။ ငုံးများကို အုပ်စုနှစ်စုခွဲထားပြီး အချို့မှာ လော်ရွှင့် ၏အိမ်တွင်  ဥအရေအတွက်တိုးစေရန်အတွက် ဥဝပ် နေကြသည်။ ကျန်ငုံးများကို ရွှီမိန်၏အိမ်တွင် ထားရှိကာ အသင်းပိုင် အဖြစ် ပေးအပ်ခဲ့သည်။

ယခုတွင် လော်ရွှင့် ၏ ငုံးအုပ်စုက အတော်ကြီးကို တိုးလာကာ လူနှစ်ယောက်စားရန် ငုံးဥများ လုံလောက်စွာ ဥပေးနေသည်။

သူက  ငုံး၏အညစ်အကြေးများကို သန့်စင်ပေးသည် - ဒါကို   သန်ကောင်များနေထိုင်ရာ သူတို့၏မြေဆွေးအတွက် သိမ်းဆည်းထားနိုင်သည်။

ဆောင်းဦးရာသီတွင် သီးနှံအမြောက်အမြားရိတ်သိမ်းခြင်းအပြင် အရွက်နှင့် ရိုးတံကဲ့သို့သော မစားနိုင်သော အစိတ်အပိုင်းများကိုလည်း ရိတ်သိမ်းကြသည်။ အင်းဆက်များနှင့် ငုံးများက ထိုရိုးတံများကို စားနိုင်ပြီး အကြွင်းအကျန်များကို မြေဆွေးပြုလုပ်ရန် ဆလင်ဒါပုံးတစ်ခုထဲတွင် ထည့်ထားသည်- ထိုအရွက်ဆွေးက အနံ့မပြင်းပေ။

အသင်းမှ နုတ်ထွက်ပြီးနောက် ပထမဆုံးနေ့တွင် ယန်ဖေးသည် သူ့ချစ်သူက အားလပ်ရက်တွင်ပင် ပျင်းရိ မနေချင်ကြောင်း တွေ့ရှိခဲ့သည်။ ဥပမာ- ဒီနေ့ သူ အိပ်ယာထနောက်ကျပေမယ့် မနက်ခင်းမှာ တိုဟူးချက်ပြီး နေ့လည်စာအတွက် ထမင်းဟင်း ချက်တယ်။ မွန်းလွဲပိုင်းတွင် ပျိုးပင်များကို စိုက်ပျိုးပြီး ဓာတ်မြေသြဇာအချို့နှင့် သိုလှောင်ချိန်တိုးစေရန် ငုံးဥအဟောင်းအချို့ကို ချက်ပြုတ်သည်။

အခု သူ ညစာ ချက်ပြုတ်နေပြီး မနက်ဖြန် မှိုစိုက်မယ့် တိုင်ရဲ့ ဒီဇိုင်းကို မြှင့်တင်ဖို့ အစီအစဉ်တွေ လုပ်နေပြီ။

တကယ်တော့ လော်ရွှင့် ဟာ အလုပ်သွားဖို့ကလွဲရင် အပြင်ကို လုံးဝမထွက်ပဲနေရမယ်ဆိုရင်တောင် သူ့ကိုယ်သူ အလုပ်ရှုပ်ဖို့ အိမ်မှာ လုံလောက်တဲ့ အရာတွေကို ရှာတွေ့နိုင်တယ်လေ။

ယန်ဖေး သည် လော်ရွှင့် တစ်ယောက် အိမ်တွင် နေရတာ ငြီးငွေ့နေမည်ကို စိုးရိမ်နေသော်လည်း သူ အတွေးလွန်နေပုံရသည်။ အိမ်မှာ လုပ်စရာတွေ အများကြီးရှိတော့ သူ့ချစ်သူရဲ့ စိတ်ကျန်းမာရေးအတွက် စိတ်ပူစရာ မလိုတော့ဘူး။

  အလုပ်မရှိရင် လော်ရွှင့် ရဲ့ဘဝက ပိုသာယာပေမယ့် ပျင်းစရာမရှိပေ။  သူ့မှာ အင်တာနက်၊ တီဗီစီးရီးနဲ့ ဝတ္ထုတွေ ရှိနေလို့ အချိန်ကုန်သွားအောင် လုပ်ဖို့က  ရိုးရှင်းတဲ့ကိစ္စပဲလေ။

အဲဒီညနေခင်းမှာ လီထယ် နဲ့ သူငယ်ချင်းတွေက တို့ဟူးစားဖို့ အလုပ်ပြီးတာနဲ့ အိမ်ပြန်လာကြတယ်... ဟုတ်တယ် 'တကယ့်' တို့ဟူးအစစ်ကို စားရတော့မယ်..... ဒီကိစ္စအတွက် သူတို့ဟာ ဝမ်သော်  နဲ့ ကျန်းရီ ကို စောင့်မယ့်အစား အိမ်ပြန်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တယ်။

သူတို့က ရွှီမိန် နဲ့ စုန့်လင်းလင်း တို့ဟူးကို ဘယ်လို ပိုအရသာရှိအောင် လုပ်မလဲလို့ မေးနေကြတယ်။ အဖွဲ့သားတွေက ဌက်သားတစ်ပိုင်း၊ အာလူးအချို့၊ မုန်လာဥများ၊ ပဲများနှင့် အခြားအရာများကို စွပ်ပြုတ်ပြုလုပ်ရန်  ထုတ်ယူခဲ့သည်။

အခြားလူနှစ်ယောက် အိမ်ပြန်ရောက်သောအခါ ညစာစားပွဲဆီသို့ တန်းတန်းမတ်မတ်သွားကာ ထမင်းသွားစားရုံဖြစ်သည်။

ညစာသုံးဆောင်ပြီးနောက် အဖွဲ့သားများသည် ပုံမှန်ညနေပိုင်းတွင် အစည်းအဝေးကျင်းပကြသည်။

ထမင်းစား စားပွဲမှာ ရေသောက်ရင်း ထိုင်ရင်း ကျန်းရီ က ဗုံးခွံတစ်ခုကို ပစ်ချလိုက်ပြီး ပြောခဲ့သည်။
"ဒီနေ့ လူနာရဲ့ အတင်းပြောသံကို ကြားလိုက်ရတယ်"

 ကမ္ဘာပျက်ကပ် အကြပ်အတည်း  ဆက်လက်ဖြစ်ပေါ်နေသဖြင့် သာမန်လူအနည်းငယ်သာ ဆေးရုံတွင် ကုသမှုခံယူနိုင်ခဲ့သည်။ လူနာအများစုသည် အမှတ်များ သို့မဟုတ်  အမြူတေလုံလောက်အောင် မရှိကြပေ။  ဒါကြောင့် ကျန်းရီ စုဆောင်းရရှိသော သတင်း အချက်အလက်အရည်အသွေးသည် ပုံမှန်လူများရသည့် သတင်းထက် များစွာ တိကျကာ အဆင့်မြင့်မားသည်။

"ဘာသတင်းလဲ?"   ဝူရှင်း  က စပ်စုစွာ မေးလိုက်သည်။

"အခြေစိုက်စခန်းစည်းမျဉ်းတွေကို ပြန်လည်ဖွဲ့စည်းမယ်လို့ ကောလဟာလတွေ ထွက်နေတယ်။  အသင်းအားလုံး ပြန်လည်မှတ်ပုံတင်ရမှာ ဖြစ်ပြီး၊ အထူးသဖြင့် အဆင့် D နှင့်အထက်မှာ ရှိတဲ့  အသင်းတွေက သတ်မှတ်ထားတဲ့ ခက်ခဲတဲ့ မစ်ရှင်အလုပ်တွေကို လတိုင်း ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်တယ်။ ဒါ့အပြင် တချို့ မြို့ပြစည်းမျဉ်းများကိုလည်း ပြောင်းလဲမှာ ဖြစ်လို့ လုပ်ငန်း၏အခက်အခဲပေါ် မူတည်၍ လူငါးဦးလောက်က စပြီး  မြို့ထဲကနေ  ထွက်ခွာနိုင်တယ်တဲ့....."

သူက လော်ရွှင့် နဲ့ ယန်ဖေး ဘက်ကို လှည့်ပြီး "အပြောင်းအလဲတွေပြီးရင် ငါတို့အဖွဲက ခဏခဏ  အပြင်ထွက်ရမှာလား။ သူတို့က အလုပ်အခက်အခဲတွေကိုလည်း ညှိပေးမယ်လို့ ကြားတယ်။"

လော်ရွှင့် နှင့် ယန်ဖေး က အနည်းငယ် အံ့အားသင့်သွားပြီး "တကယ်လို့ အဲ့လို စည်းကမ်းတွေ ပြောင်းလဲပြီး အခက်အခဲတွေ လျော့သွားမယ်ဆိုရင်၊ ငါတို့ မကြာခဏ သွားလို့ရပေမယ့်... မင်းမှာ အလုပ်မရှိဘူးလား။"

လူငါးယောက်သာ လိုအပ်ရင် မိန်းမသုံးယောက်နဲ့ သူတို့ နှစ်ယောက် သွားလို့ရတယ်၊ ကျန်းရီ က ဆေးရုံမှာ အလုပ်လုပ်ရမှာ မဟုတ်လား။

ကျန်းရီ က ချစ်စရာကောင်းသည့် ပါးချိုင့်လေးတွေပေါ်အောင်  ပြုံးပြလိုက်ပေမယ့် တစ်ဖွဲ့လုံးက သူ့ရဲ့ ညှို့ငင်နိုင်တဲ့ အပြုံးကို ခံနိုင်ရည်ရှိသွားပါပြီ။

 "ငါလား...?  အခု ငါ အလုပ်ကနေ  နုတ်ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။"

"အိုး...?"

"ဘာကြောင့်လဲ?"

"ဘာဖြစ်တာလဲ? ဆေးရုံမှာ တစ်ယောက်ယောက်က မင်းကို ထပ်ပြီး အနှောက်အယှက်ပေးနေတာလား။"

အသင်း၏ တုံ့ပြန်စကားတေါက  ရောထွေးထွက်လာပေမယ့် အားလုံးက  တုန်လှုပ်သွားခဲ့သည်။ ကျန်းရီ ဟာ သူ့ရဲ့ ဒေါသကြီးတဲ့ ပင်ကိုယ်စရိုက်ရှိပေမယ့် သူက ဆေးကုသရာမှာ အတော်ဆုံး ဆရာဝန် တစ်ယောက်ဖြစ်သည်။   ကမ္ဘာပျက်ခါနီးမှာ သူ့ကို ဆေးရုံဘယ်နှစ်ရုံက အလုပ် ထုတ်ပစ်ခဲ့ပေမယ့် အခုလို ကမ္ဘာပျက်ကပ်အချိန်မှာ  ဆေးရုံက ကျန်းရီလို အရည်ချင်းရှိသူကို  အလုပ်ထွက်ခွင့်ပြုမှာလား။ သူက အမဲလိုက်ဖို့ အရမ်းစိတ်အားထက်သန်ပြီး အလုပ်ထွက်ခဲ့တာလား...

ကျန်းရီ က ရေတစ်လုတ်သောက်ပြီး ရှင်းပြခဲ့သည်။

"အလုပ်မှာက စိတ်အနှောက်အယှက်ဖြစ်ရတယ်၊ အထူးသဖြင့် ငါတို့က ဖုတ်ကောင်တွေကို အချိန်မရွေး အမဲလိုက်ဖို့ အခြေစိုက်စခန်းကနေ ထွက်သွားနိုင်လို့ အိမ်မှာနေရတာ ကောင်းတယ်လို့ ငါထင်တယ်"

နှစ်အတန်ကြာ ပြုပြင်ပြောင်းလဲပြီးနောက်တွင် သူ၏ စိတ်ဓာတ်သည် ဆတ်ဆတ်ထိမခံ ရန်လိုတတ်သည့် အနေထားမှ အတော်ကြီးကို ကောင်းမွန်လာခဲ့လေပြီ။      အထူးသဖြင့် သူ့အတွက် ဘာမဆိုလုပ်ပေးမယ့် ဂရုစိုက်တတ်တဲ့ ဝမ်သော်  နဲ့ အတူနေပြီးနောက်ပိုင်း ကျန်းရီရဲ့ စိတ်က အတော့်ကို ပျော့ပြောင်းလာခဲ့သည်။

အထူးသဖြင့် သူသည် ယန်ဖေး နှင့် လော်ရွှင့် တို့နှင့် အလားတူအခြေအနေမျိုးတွင် ရှိနေသည်။ သူသည် ဆေးရုံတွင် အလုပ်လုပ်ပြီး သူသည် လေစွမ်းအား အဆင့် မြင့်မားသူတစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြပြီး၊ သူ့ကို တွေ့ဆုံဖို့ လူပေါင်းဘယ်လောက်တောင် ကြိုးစားခဲ့တယ် ထင်သလဲ....

ဒါပေမယ့် စစ်တပ်နှင့် အခြားအာဏာရှိသည့် အဖွဲ့များ၏ လှုပ်ရှားမှုများသည် ပို၍ ပို၍ စိတ်အနှောက် အယှက်ဖြစ် စရာကောင်းလာခဲ့သည်။ ဒီအတိုင်းဆက်သွားရင် သူ ပေါက်ကွဲပြီး ဆေးရုံမှာ သူ့ကြောင့် ထိခိုက်မိသည့် လူနာအရေအတွက် တိုးလာလိမ့်မယ်။

အလုပ်မှာ ပြဿနာရှာသူ လာခဲ့ရင် ကျန်းရီ ဘယ်တော့မှ သည်းခံနိုင်ရည် မရှိခဲ့ဘူး။ ဒါ့အပြင် သူက ရန်ဖြစ်ဖို့ ပျင်းလို့သာ သည်းခံချင်သည်းခံမည်။ အခုတော့ သူက ဆေးရုံက  အလုပ်မရှိလျှင်ပင် ကောင်းကောင်းနေနိုင်သေးသည်။

Otaku အဖွဲ့သည် ဖန်လုံအိမ်ထဲတွင် ဟင်းသီးဟင်းရွက်များ အကြီးကျယ် စိုက်ပျိုးထားနိုင်သည့် တစ်ခုတည်းသော အဖွဲဆိုတာ အားလုံးသိကြသည်။  လီထယ် နဲ့ တခြားသူတွေကတောင် ဒီအချက်ကြောင့် ဂုဏ်ယူခဲ့ရပြီး   တစ်ခါတစ်လေ အိမ်မှာနေပြီး လယ်လုပ်ချင်နေကြသည်။

အဖွဲ့တစ်ခုလုံးအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုမရှိပါက ကျန်းရီ ၏ အလုပ်ထွက်မည့် ဆုံးဖြတ်ချက်ကို မည်သူမျှ ကန့်ကွက်မည်မဟုတ်ပေ။ ကျန်းရီပျော်နေသရွေ့ ကျန်လူများက သူ့ကို    အနှောက်အယှက်ပေးမှာ မဟုတ်ဘူး။

ဒါပေမယ့် သူနုတ်ထွက်သည်က တရားဝင်ဖြစ်ဖို့ လိုအပ်သည်။    လော်ရွှင့် က ကျန်းရီကို ကြင်နာစွာ သတိပေးခဲ့သည်။
"ဆေးရုံက အထက်လူကြီးက သဘောတူမှာလား။"

ကျန်းရီ က ပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ကျေနပ်မှုအပြည့်နဲ့ ပြောလိုက်သည်။
 " ငါ့ရဲ့ အလုပ်စာချုပ်သက်တမ်းကုန်သွားပြီ။"

လူတိုင်း အေးခဲသွားပြီး "ဘာ စာချုပ်လဲ"

"ငါ အခြေစိုက်စခန်းကို စရောက်တုန်းကတော့ ဆေးရုံမှာ မလုပ်ခင် အလုပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်။ စာချုပ်က  ကမ္ဘာပျက်ကပ် မတိုင်မှီက စာချုပ်တစ်ခုနှင့် ဆင်တူပြီး တစ်နှစ်တာ အလုပ်စာချုပ်ဖြစ်တယ်။ "

 ကျန်းရီ သည် အထင်အမြင်သေးသော အမူအရာဖြင့် ဆက်ပြောခဲ့သည်။
 "မင်း သာ နောက်စာချုပ်ကို လက်မှတ်မထိုးရသေးဘူးဆိုရင် အဲ့လူတွေက မင်း အလုပ်ထွက်ချင်တဲ့အခါ  ကန့်ကွက်စရာ အကြောင်းမရှိဘူး"

အဖွဲ့သားတွေက တစ်ယောက်ကို တစ်ယောက်ကြည့်လိုကိသည်။  သူတို့က ထိုကဲ့သို့သောကိစ္စများကို လက်မှတ်မထိုးခဲ့ရတဲ့ပုံပဲ.... ကမ္ဘာပျက်ကပ် ဆိုက်ရောက်တာ ကြာမြင့်နေပြီ ဖြစ်လို့ စာချုပ်တရားဝင်မှုကို ဘယ်သူက ဂရုစိုက်နေဦးမှာလဲ....

ယန်ဖေးသည် လီထယ်တို့အဖွဲ့ကိုကြည့်ရင်း မေးစေ့ကိုကိုင်ကာ အစည်းအဝေးအပြီးတွင် တစ်စုံတစ်ခုမေးရန် အဆင်သင့်ဖြစ်နေသည်။

လော်ရွှင့် ရဲ့ ဦးနှောက်က ရပ်တန့်သွားပြီး မယုံနိုင်စွာဖြင့် မေးခဲ့သည်။
"အဲဒါ...မင်း ဆိုလိုတာက စာချုပ်သက်တမ်းကုန်ရင် မင်း အလုပ်ကနေ တိုက်ရိုက်ထွက်နိုင်တာလား"

ကျန်းရီ က ပြုံးပြီး "ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် ငါက သူတို့မျက်လုံးထဲမှာ တန်ဖိုးနည်းနေပြီ"

လော်ရွှင့် က "ဒါပေမယ့် စာချုပ်က အချိန်ကျန်သေးတယ်ဆိုရင်တောင် မင်းက သူတို့ကို ထားခဲ့မှာလား"    

လူဦးရေ လျင်မြန်စွာ ကျဆင်းလာသည်ကို လူတိုင်း သိသည်။ အသက်တစ်ခုရှင်သန်ဖို့အတွက် ပေးဆပ်ခဲ့သည့် အသက်တွေက ပိုများသည်။ ဆေးရုံမှာ လူအင်အားထပ်ဖြည့်ဖို့ နည်းလမ်းမရှိတော့ဘူး၊ သူတို့က ကျန်းရီကို ထွက်သွားခွင့်ပေးမှာလား။

ကျန်းရီ က ရယ်ပြီး ပြတ်သားစွာပြောခဲ့သည်။

"ငါ ထွက်မှာပဲ...  စာချုပ်လေးတစ်ခုက ငါ့ကို တားနိုင်မယ် ထင်လို့လား"

ကျန်းရီက  သူ့ထိုင်ခုံမှာ လှည့်ပတ်နေပြီး ဆက်ပြောခဲ့သည်။
"မနက်ဖြန်သူတို့ကိုပြောပြီး င ါ အိမ်ကို ပြန်လာလိုက်မယ်"

ဖုန်းကတ်ပြောင်းပြီးတာနဲ့ ဆေးရုံက သူ့ကို ဆက်သွယ်လို့ မရတော့ဘူး။ ကောင်းပြီ၊ စစ်တပ်က သူ့နေထိုင်ရာနေရာကို ပြင်ဆင်ပြီးကတည်းက သူ့အခြေအနေက လော်ရွှင့် နဲ့ အနည်းငယ် ကွာခြားသွားတယ်၊ နောက်ဆက်တွဲ ပြဿနာရှိ မှာမဟုတ်ပေ။
 

ဒါကို ကြားတော့ လီထယ်တို့ လူစုက  အားကျနေသည်။ ကျန်းရီက ဆေးရုံကနေ ရမယ့် လစာဆုံးရှုံးရင်တောင် အိမ်မှာ စားနပ်ရိက္ခာ လုံလုံလောက်လောက်ရှိတယ်။

ပုံမှန်ညနေအစည်းအဝေးအပြီးတွင် အမျိုးသမီးသုံးဦးသာ အောက်ထပ်သို့ဆင်းသွားသည်။

ယန်ဖေး သည် ကျန်းရီ ဘက်သို့ လှည့်လိုက်သည်။ "မင်း  ပုံမှန် အလုပ်မလုပ်ချင်ဘူးလား"

ကျန်းရီ သည် ပေါ့ပေါ့ပါးပါး နေတတ်သည့် လူဖြစ်ပြီး သူ့သဘောထားက မာနကြီးသော်လည်း  လူတွေနဲ့ ဆက်ဆံရာတွင် အထိုက်လျောက် သည်းခံနိုင်ခဲ့သည်။ သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘာကြောင့်ရယ်လို့ မပြောခဲ့ပေမယ့် အလုပ်မှာ တစ်ခုခုတော့ ရှိပုံရတယ်။

  မျက်ခုံးပင့်လိုက်ပြီး  ပခုံးတွန့်ပြကာ ကျန်းရီက အမှုမထားဟန်ဖြင့် ပြောလိုက်သည်။
 "အင်း၊ ငါ့ကို စိတ်အနှောက်အယှက် ပေးတဲ့လူတွေ ရှိနေတယ်၊ ငါ ဒုက္ခမရောက်ခင် ဆေးရုံကနေ ထွက်သွားသင့်တယ်။ တပ်မတော်က ဆေးဘက်ဆိုင်ရာ စခန်းတွေမှာ တခြားတပ်တွေနဲ့ ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ တစ်ယောက်ယောက်က ငါ့ကို တမင် စောင့်ကြည့် နေသလိုပဲ။  "

 
ဒါက ပိုအဓိပ္ပာယ်ရှိပေမယ့် ကျန်းရီ က မိသားစုကို ထောက်ပံ့ဖို့ အလုပ်မလုပ်လည်း ရတယ်၊  

လီထယ် က အဆင်မပြေသလို ချောင်းဆိုးလိုက်ပြီး ယန်ဖေးကို မေးလိုက်သည်။

"အစ်ကိုယန်၊ ဘာကိစ္စရှိလို့လဲ" သူ့ကို ဘာကြောင့် ဆက်နေခိုင်းတာလဲ။

"မင်း အခြေစိုက်စခန်းရဲ့ ဒေတာဘေ့စ်ထဲကို ဝင်ရောက်နိုင်သလား" ယန်ဖေး ခေတ္တရပ်ကာ မေးလိုက်သည်။

"ကျွန်တော် တတ်နိုင်တယ်... ဒါပေမယ့် အရေးကြီးတဲ့ဒေတာတွေကို ဝင်ကြည့်ဖို့ ကျွန်တော့်မှာ  ခွင့်ပြုချက်မရှိဘူး"
လီထယ် က ဒါကိုစဉ်းစားပြီး ဟော်ချန်ခွန်း ကိုခေါ်ပြီး ဆက်ပြောလိုက်သည်။
"သူက ဒီအပိုင်းကို တာဝန်ယူပြီး ပိုရင်းနှီးတယ်"

ယန်ဖေး က ခေါင်းညိတ်လိုက်ပြီး

"မင်းရဲ့အလုပ်ကို မထိခိုက်စေရဘူး။    ငါတို့ရဲ့ အချက်အလက်တွေကို သတ္တုစွမ်းရည်အဖွဲ့ကနေ အပြီးဖျက်နိုင်ပေးနိုင်မလား။ အဓိကကတော့ လိပ်စာကို ဖျက်ပေးပါ။  ဖုန်းနံပါတ်တွေ ချန်ထားရတာ ပြဿနာမရှိဘူး။"

သူတို့နှစ်ဦးသည် သူတို့၏ ဆဲလ်ဖုန်းကတ်များကို ပြောင်းပစ်နိုင်သည် - အခြေစိုက်စခန်းရှိလူများသည် မစ်ရှင်ထွက်လုပ်နေစဉ်တွင် သူတို့၏ ဖုန်းများကို မတော်တဆ ဆုံးရှုံးသွားခြင်း သို့မဟုတ် ကွဲသွားတတ်သည်။ ဖုန်းဝယ်ရန်အချက်များ မလိုအပ်ပေ။  ဖုန်းနံပါတ်ပြောင်းခြင်းက ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။

ဒေတာဘေ့စ်ထဲက  သူတို့၏ အိမ်လိပ်စာအတွက် စိတ်ပူနေခြင်းဖြစ်သည်။

ကျန်းရီ က သူ့လက်ကို မြှောက်လိုက်ပြီး ပါးစပ်ထောင့်ကို မြှောက်လိုက်ပြီး "ငါ့လည်း ငါ့လိပ်စာကို ဖျက်ချင်တယ်"

သူသည် အစပိုင်းတွင် ဆေးရုံမှာ ရာထူးကြီးပေးကာ စစ်တပ်မှ ခေါ်ဆောင်ကာ အလုပ်ခန့်ထားသော်လည်း မကြာသေးမီကပင် သူတို့က အဆက်အသွယ်မလုပ်ခဲ့ပေ။ အခြေစိုက်စခန်း၏ ဒေတာဘေ့စ်တွင် မည်သည့်အချက်အလက်များရှိသည်ကို ဘယ်သူ သိနိုင်မလဲ....

အဲဒီအချက်အလက်တွေကို ဖျက်ပြီးရင် စစ်တပ်က သူတို့နေထိုင်တဲ့ နေရာတွေကို စီစဉ်ပေးတဲ့လူတွေကလွဲရင်  တခြားအင်အားစုတွေက သူတို့ကို အလွယ်တကူ ရှာမတွေ့အောင် တားဆီးနိုင်လိမ့်မယ်။

ယန်ဖေး နှင့် ကျန်းရီ နှစ်ဦးစလုံးသည် ထိုအချက်ကို တွေးခဲ့ကြသည်။

ဟော်ချန်ခွန်း က သူ့ဗိုက်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။

"ဒါလုပ်ရတာက ရိုးရှင်းပါတယ်၊ အခြေစိုက်စခန်းရဲ့ လက်ရှိကွန်ရက်က LAN ဖြစ်ပြီး စစ်တပ်ကပဲ ကွန်ရက်တစ်ခုလုံးအတွက် လုံလောက်တဲ့ စွမ်းအင်ရှိပါတယ်။ Firewall ဒါမှမဟုတ် အကာအကွယ်အစီအမံ နည်းနည်းတော့ ရှိပေမယ့် အတွေ့အကြုံမရှိသေးသောဟက်ကာတောင် အခုလို ခေတ်ပျက်ကြီးထဲ ဒါကို     အလွယ်တကူ hack နိုင်တယ်၊ အချက်အလက်ပြောင်းလဲတာက အရမ်း ရိုးရှင်းပါတယ်။"

သူသည် တောက်ပသော မျက်လုံးများကို လော်ရွှင့် ဆီသို့ လှည့်ကြည့်လိုက်သည်။

"အစ်ကိုလော်... အကို အရင်လုပ်ထားတဲ့ သခွားသီးအမြှောင်းချဉ်ကို စားချင်တယ်..."

လော်ရွှင့် သည် မျက်နှာကျက်ကို စကားလုံးမဲ့စွာ မော့ကြည့်လိုက်သည်။

"ကောင်းပြီ မနက်ဖြန် ငါလုပ်မယ်။  အလုပ်ပြီးရင် မင်းစားလို့ရတယ်။"

အဲဒီအစားအစာက လုပ်ရလွယ်တယ်။ တိုဟူးလုပ်ရာတွင် ရှာလကာရည်အမြောက်အမြားကို အသုံးပြုခဲ့ပြီး အချဉ်ဖောက်ပြီးနောက် ဘာမှ မကျန်တော့ဟု ခန့်မှန်းခဲ့သည်။ ရှာလကာရည် ဒါကမဟုတ် တစ်ခုခုလုပ်ဖို့ စဉ်းစားဖို့ အချိန်ရောက်ပြီလား။

 မုယောအစေ့ကို မပြင်ဆင်ထားရဘူး၊ ဆန် ဒါကမဟုတ် ဂျုံရှာလကာရည်လိုမျိုး တစ်ခုခုကို အချဉ်ဖောက်ပြီး ရှာလကာရည် လုပ်လို့ရတယ်... ကုန်ကြမ်းတွေ အရမ်းကုန်သွားပြီုရင် သူတို့ ပြန်စိုက်ဖို့၊ စိုက်ခင်းတွေကို ပြင်ဆင်ဖို့ လိုလိမ့်မယ်။ မနက်ဖြန်ဆိုရင်တော့ အဆင်သင့်ဖြစ်မှာပါ!

နောက်နေ့မနက်မှာတော့ လော်ရွှင့် နဲ့ ယန်ဖေး အိပ်ရာကထပြီး ကျန်းရီ က ဆေးရုံကပြန်လာပြီး ရွှီမိန် နဲ့ စုန့်လင်းလင်း ရဲ့နောက်ကို အေးအေးဆေးဆေး လိုက်နေကြောင်း တွေ့လိုက်ရတယ်။ သူတို့က ကောက်ပဲသီးနှံများကို လေ့လာကြပြီး ရံဖန်ရံခါ နေ့စဉ် အလုပ်ကို ကူညီကြသည်။

လော်ရွှင့် ရောက်လာတာကိုမြင်တော့ ကျန်းရီ က မျက်ခုံးပင့်ပြီး ကဲ့ရဲ့ဟန်ဖြင့် ပြောလိုက်သည်။

 "မင်း ထပြီလား? မနေ့ညက ဗိုလ်ကြီး အရမ်း အလုပ်ကြိုးစားနေခဲ့တယ် ထင်ပါရဲ့~"

လော်ရွှင့် သည် သူ့ကို လျစ်လျူရှုရန် ဆုံးဖြတ်ပြီး စင်္ကြံရှိ သီးနှံအခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ကောင်းစွာ မကြီးထွားသေးသော ပျိုးပင်များနှင့် ဆက်ဆံပြီး ကျန်အပင်များကို  ပေါင်းသင် လိုက်သည်။

ယန်ဖေး -"မင်း အလုပ် ထွက်ပြီးပြီလား"

ကျန်းရီ သည် ယန်ဖေး ကို လျစ်လျူရှုရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
 "ခေါင်းဆောင်က အစည်းအဝေးလုပ်ဖို့ စခန်းကိုသွားနေလို့ ငါ လက်ထောက်နဲ့ စကားပြောပြီး တစ်ခါတည်း အလုပ်ထွက်ပြီး အိမ်ပြန်လာခဲ့တယ်"

ဒီလို ကံဆိုးတဲ့ လက်အောက်ငယ်သားလေး လော်ရွှင့် က ဆေးရုံဒါရိုက်တာကို ဆုတောင်းမေတ္တာ ပို့လိုက်မိတယ်။  

ကျန်းရီ က သူ့မျက်နှာမှာ ထက်မြက်တဲ့ အပြုံးနဲ့ "အင်း၊ အလုပ်မသွားပဲနေရတာက အရမ်း အဆင်ပြေတယ်..."

ရွှီမိန် အခန်းထဲက ထွက်လာပြီး သူ့စကားကြားလိုက်သည် ။

"မှိုသေတ္တာတွေကို စစ်ဆေးရတာ အဆင်ပြေရင် အဆိပ်ရှိတဲ့ မှိုတွေကို ရွေးရမယ်။ ပုံမှန်မှိုတွေဘေးမှာ ဖျော်ရည်တွေကို သိပ်နီးနီးကပ်ကပ် မထားနဲ့။ မဟုတ် ပုပ်သွားတတ်တာမျိုး မဖြစ်ခင် သတိထားပါ။"

မှိုကိုင်တွယ်နည်းကိုလေ့လာရန် စုန့်လင်းလင်း အိမ်သို့မလိုက်မီ ကျန်းရီ ၏အပြုံးသည် အေးခဲသွားပြီး မျက်နှာက တွန့်လိမ်သွားသည်။

နံနက်ပိုင်းတွင် သူတို့အဖွဲ့သည် သီးနှံအားလုံးကို စစ်ဆေးခဲ့ကြသည်။ လော်ရွှင့် သည် သူ့နံရံပေါ်ရှိ စိုက်ခင်းများအတွက် ရိတ်သိမ်းရမယ့်အချိန်ကို တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ သူက နောက်ထပ်  ဟင်းခတ်သီးနှံအချို့ကို ပေါင်းထည့်နိုင်သည်၊ လော်ရွှင့် သည် သူတို့၏မျိုးစေ့များသိုလှောင်ရာကတဆင့် အော်ဟစ်ပြောဆိုပြီးနောက် ယန်ဖေး အား မေးလိုက်သည်။

 "ဘာလို့ ဒီနေ့လည်ခင်းက လဲလှယ်တဲ့ ကောင်တာကို သွားပြီး သီးနှံမျိုးစေ့တွေ ရှိမရှိ မကြည့်တာလဲ။ ဥပမာ မုယောစပါးလို  oats ဂျုံလို မျိုးစေ့ လိုတယ်၊ အဲ့ဒါတွေ အများကြီးစိုက်စရာ မလိုပေမယ့် နေရာလွတ်ရှိနေရင် အဲ့ဒါတွေက  စိုက်တာက အတော်လေး ကောင်းတယ်။"

ယန်ဖေး သည် ပြဿနာမရှိသဖြင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ငါတို့ ဒီနေ့လည် ထွက်ပြီး သွားကြည့်ကြတာပေါ့"

လူနှစ်ယောက် နေ့လည်စာစားပြီး အင်္ကျီတွေ မလဲခင်   သခွားသီးအချဉ်သိပ်နေရသည်။  ကျန်းရီ သည် လက်ရှိတွင်  တစ်ရေး မအိပ်ရပဲ သူ့ဘေးပတ်လည်တွင်  ရှောင်ရန် နှင့် ပါပီ က ဝိုင်းကြီးပတ်ပတ် ကစားနေသဖြင့်   တုန်လှုပ်သွားသည့်အမူအရာဖြစ်နေသည်။

 ရွှီမိန် နှင့် စုန့်လင်းလင်း က  ဘေးကနေ ရွှင်မြူးစွာ ကြည့်နေသည် ၊ ယွီရှောင်ရန် က အရမ်းကို သိတတ်သည့် ကလေးဖြစ်သည်။    ဥပမာ - ယန်ဖေး နှင့် ကျန်းရီ တို့ကို တွေ့ရန် သူတို့က သူမ အနှစ်သက်ဆုံး ဦးလေးများ ဖြစ်တယ်လို့ ချစ်စဖွယ်ပြောတတ်သည်။

လော်ရွှင့် က ရွှီမိန် ထံ သွားကာ မေးလိုက်သည်။

 "မျိုးစေ့တွေရှာဖို့ လဲလှယ်ရေး ကောင်တာကို သွားမလို့.... မင်းဝယ်ချင်တာ တစ်ခုခုရှိလား"

အမျိုးသမီး နှစ်ယောက် ဆွေးနွေးပြီး ခေါင်းယမ်းကာ "မလိုအပ်သေးဘူး။ ၊ လိုအပ်ရင် နှစ်ရက်အတွင်း သွားလိုက်မယ်"

စခန်းတွင် နှင်းတွေဖုံးနေချိန်မှာ ထူးထူးခြားခြား အေးခဲနေတယ်။ လမ်းများပေါ်တွင် ကားမရှိသလောက် နည်းပါးပြီး ပုံမှန်လမ်းသွားလမ်းလာ နည်းပါးနေသည်။ လမ်းဘေးတွင် နေထိုင်သူ အများစုမှာ ကားဖြင့် ထွက်ခွာသွားကြသည်။ ယာယီ အဆောက်အဦး အရေအတွက်က စခန်းထဲမှာ တိုးလာခဲ့သည်။

အေးစက်သောလေနှင့် နှင်းများကို တွန်းလှန်ရန်အတွက် လူများစွာသည် သူတို့၏ အိမ်နံရံများတွင် အလွှာများ ထပ်ထည့်ကြသည်။ ဖော့တွေက အခြေစိုက်စခန်းအားဖြင့် အလွန်ရေပန်းစားလာခဲ့သည်။ ထိုပစ္စည်းသည် ပေါ့ပါးပြီး ထူးခြားမှုမရှိသော်လည်း အလွန်ကောင်းမွန်သော လျှပ်ကာ အကျိုးသက်ရောက်မှုရှိပြီး အိမ်တစ်အိမ်၏နွေးထွေးမှုကို  တိုးမြှင့်နိုင်သည်။

အပြင်ထွက်သည့်အခါ ပုံးများ၊ သစ်သားသေတ္တာများနှင့် အလားတူပစ္စည်းများကိုသာ ကောက်ယူ လေ့ရှိသော လူအများအပြားသည် စွန့်ပစ်ထားသော ရေမြှုပ်များ ဖော့များကို ရှာဖွေရန် မြို့အပျက်အစီးများဆီသို့ အမြန် ပြေးသွားကြသည်။

***************-*************

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Donde viven las historias. Descúbrelo ahora